“ကျနော်ဓါတ်ဖမ်းသမား” (ရ) (ကိုပေါက်ဆိုတဲ့ လက်ဆော့သူတစ်ယောက်…..)

 

“ကျနော်ဓါတ်ဖမ်းသမား” (ရ)

(ကိုပေါက်ဆိုတဲ့ လက်ဆော့သူတစ်ယောက်…..)

 

ကျနော်မိတ်ဆွေတွေက ကျနော့်ရဲ့Tag နာမယ်ကိုပြောင်းစေချင်ပါတယ်။

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ ဆိုတဲ့နာမယ်ကိုမသုံးသင့်တော့ဘူးပြောင်းသင့်တယ်။

အခုရိုက်နေတဲ့ပုံတွေက မြန်မာ့ပြည်ရဲ့လှပတဲ့ပုံရိပ်တွေ။

အဲတာနဲ့ဘဲ “ကိုပေါက်လက်ဆောင်မြန်မာပြည်က အလှတရား “ဆိုတဲ့

နာမယ်လေးကိုပြောင်းပြီးသုံးကြည့်ပါတယ်။

ဒါပေမယ့်လဲအဲဒီနာမယ်က ခန့်လွန်းသန့်လွန်းနေတော့ ကျနော်သုံးရမှာစိတ်မရဲပါဘူး။

ကျနော်နဲ့မတန်ဘူးလို့လဲထင်မိပါတယ်။

ဒီတော့ စနက်ရှော့မဟုတ်တဲ့လက်ဆော့နဲ့ဘဲပြန်စခန်းသွားတာပေါ့။

လူတစ်ယောက်နဲ့တစ်ယောက်ဓါတ်ပုံရိုက်တဲ့အခါမှာခံစားချက်ခြင်းမတူသလို

အကြိုက်ချင်းလဲမတူကြပါဘူး။

မှတ်တမ်းဓါတ်ပုံ

သတင်းဓါတ်ပုံ

သဘာဝအလှဓါတ်ပုံ

လူပုံ

ငှက်ပုံ

ပန်းပွင့်ပုံ

အမြင်ဆန်းဆန်းပုံ နဲ့ လိုင်းစုံရှိကြပါတယ်။

1 ရန်ကုန်မှာ ဆုံခဲ့ရတဲ့ သစ်ရွက်
1 ရန်ကုန်မှာ ဆုံခဲ့ရတဲ့ သစ်ရွက်

ကျနော်ဓါတ်ပုံစရိုက်တော့ မှတ်တမ်းပုံလို စရိုက်ခဲ့တာပါ။

ကျနော်ရောက်တဲ့နေရာက လှတယ်ထင်တယ် ထူးဆန်းတယ်ထင်တာတွေကို

ကျနော်ရိုက်ခဲ့ပါတယ်။

နောက်ပြီးသတင်းဓါတ်ပုံလို ယာဉ်တွေ ကားတွေလမ်းပြောင်းပြန်မောင်းတာ

စည်းကမ်းမဲ့တာ

လမ်းဘေးမှာသူတောင်းစားတွေ တောင်းနေတာတွေ

အမြင်မတော်တာတွေမှန်သမျျှ ရိုက်တင်တာပါဘဲ၊

ကျနော်ရိုက်သမျှ ပုံထဲမှာ ကျနော့် ဘဝ အတွက် ထူးခြားတယ်လို့ဆိုနိုင်လောက်တာ

နှစ်ကြိမ်ကြုံဘူးပါတယ်။

ပထမတစ်ကြိမ်ကတော့ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှာကျဆုံးခဲ့တဲ့ မန္တလေးမြို့ကအာဇာနည်

(၁၇)ဦး လဲလျောင်းရာအာဇာနည်ကုန်းဆိုတာ က မန်းလေးစစ်ကိုင်းကားလမ်းနံဘေးမှာရှိပါလျက်နဲ့

တိမ်မြုတ်ပျောက်ကွယ်နေတာကိုဖော်ထုတ်ခဲ့တာပါ။

 

ပိတ်ထ

2 ကျနော်ကြိုက်တဲ့တိမ်
2 ကျနော်ကြိုက်တဲ့တိမ်

ားတဲ့သံတံခါးကြားထဲကနေဓါတ်ပုံရိုက်ပြီး မန်းလေးဂေဇက်မှာ တင်လိုက်တော့

မသိသေးတဲ့လူတွေသိပြီး သိပြီးသားလူတွေပြန်အမှတ်ရသွားပါတယ်။

တိုက်ဆိုင်တယ်ဘဲဆိုရပါမယ် ကျနော်ဆောင်းပါးတင်ပြီး တစ်နှစ်ခန့်အကြာမှာ

ခြုံနွယ်ပိတ်ပေါင်းတွေအောက်မှာပျောက်နေတဲ့ ဒီအာဇာနည်ကုန်းကို

တရားဝင် သန့်ရှင်းခွင့်ရတာပါဘဲ။.

နောက်တစ်ခုကတော့ မြန်မာ့လူုထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်

မန်းလေးကို နှစ်အကြာကြီး လာခွင့်မရှိရာကနေ ပထမဆုံးအကြိမ် ပြန်လာတဲ့အချိန်ကပါ။

ရန်ကုန်မန်းလေးလမ်းပေါ်က ဗာကင်စည်သွတ်စက်ရုံရှေ့က အုတ်ခုံပေါ်တက်ပြီး

ကျနော်ဓါတ်ပုံ ရိုက်မှတ်တမ်းတင်တဲ့အထဲကနေ အချို့ကိုဖေစ်ဘုတ်မှာတင်လိုက်ပါတယ်။

အဲဒီပုံတွေကို DVB သတင်းဌာနကနေယူပြီး လွှင့်ပေးပါတယ်။

မိတ်ဆွေတွေက ကိုပေါက် ခင်ဗျားရိုက်တဲ့ဓါတ်ပုံ တွေ DVB ကလွှင့်ပေးနေတယ်ဆိုမှ

ကျနော်သိပြီးစောင့်ကြည့် ခဲ့ပါတယ်။

အဲ့ပုံတွေအားလုံးကင်မရာအသေးနဲ့ရိုက်ခဲ့တဲ့ပုံတွေချည်းပါဘဲ။

နောက်ပိုင်းမှာတော့ အဲတုံးကသုံးခဲ့တဲ့

“ကိုပေါက်လက်ဆောင်အမြင်ဒေါင့်စောင်းစောင်းလေး” ဆိုတဲ့ tag ကိုမသုံးတော့သလို

အမြင်မတော်တဲ့ပုံတွေကိုလည်းရိုက်မတင်တော့ပါဘူး။

ဘာလို့လဲဆိုတော့ ကိုယ်က ပြုပြင်စေချင်လို့တင်ပေးပေမယ့်

တလွဲအသုံးချလိုသူတွေရဲ့အတွက် ရိုက်စရာတုတ်ပေးသလိုဖြစ်သွားတတ်လို့ပါ။

ကျနော်က အနိဌာရုံပုံတွေလဲ မတင်ချင်ပါဘူး။

တကယ်ဖြစ်တာမှန်ပေမယ့် ကြည့်မြင်သူအတွက်စိတ်မကောင်းစရာဖြစ်တာကလွဲလို့

ဘာအမှအကျိုးမရှိဘူးလို့ စိတ်ထဲမှာခံစားရလို့ပါ။

ဒါကြောင့်လဲ သဘာဝရူ့ခင်းပုံတွေကိုသာအရိုက်များပါတော့တယ်။

ကျနော်က ကောင်းကင်မှာတိမ်တွေပုံသဏ္ဍန်အမျိုးမျိုးနဲ့ဖွဲ့တည်နေတာကိုစိတ်ဝင်စားပါတယ်။

3 အညွန့်နွယ်
3 အညွန့်နွယ်

နံနက်ခင်း ညနေခင်း တို့ရဲ့ နေအဝင်အထွက်ကို နှစ်သက်ပါတယ်။

ရေထဲမှာကျနေတဲ့အရိပ်တွေကို စိတ်ဝင်စားပါတယ်။

ထုူူ့းခြားတဲ့အမြင်ဒေါင့်တွေကိုနှစ်သက်ပါတယ်။

ဒါပေမယ့်လဲလင့်စကိတ်မသိ၊ပစ်တိုရီယယ်မသိ၊ပေါ့ထရိတ်မသိ နဲ့

ကျနော်စိတ်ထဲ ကျနော်ကြိုက်တဲ့ပုံစံနဲ့ရိုက်ပါတယ်။

ဒါနဲ့ဘဲ ကျနော်ကြိုက်တဲ့ စနက်ရှော့မဟုတ်တဲ့လက်ဆော့ ကိုဘဲဆက်သုံးဖြစ်ပါတယ်။

ကျနော်ဓါတ်ပုံရိုက်တာ နှစ်ကြာလာတော့ ကျနော်ပုံတွေက ထပ်လာရိုးလာပါတယ်။

ဖေစ်ဘုတ်မှာလဲ တကယ်တတ်ကျွမ်းနားလည်တဲ့ ဓါတ်ဆရာကြီးတွေက

သူတို့ပုံအကောင်းစားတွေကိုတင်လာကြပါတယ်။

အဲတော့ကျနော်တို့လို ဘာမှ မတတ်ဘဲရိုက်တဲ့ပုံတွေက ပွဲမတိုးတော့ပါဘူး။

ခင်မင်ရင်းနှီးသူတွေက

“အရင်က ကိုပေါက်ပုံတွေကြိုက်တယ် အခုမကြိုက်တော့ဘူး”

လို့ ဖွင့်ပြောလာတဲ့အထိပါဘဲ။

အဲတော့ ကျနော်ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာကို စဉ်းစားလာရပါတော့တယ်။

ကျနော့်မိတ်ဆွေတွေကလဲ ကျနော်ကို သင်တန်းတက်ဘို့တိုက်တွန်းပါတယ်။

အပွင့်လင်းဆုံးပြောရရင်ကျနော်ကိုယ်တိုင်ကလဲ ကိုယ့် ကိုကိုယ်အားမရတော့ပါဘူး။

သင်တန်းမတက်ရင် မဖြစ်တော့ဘူးလို့ ထင်လာသလို

ပုံလေးတစ်ပုံ ဘယ်လောက်ကောင်းကောင်း သင်တန်းတက်မထားဘူးဆိုရင်

အထင်အမြင်သေးတတ်သူတွေလဲ ရှိနေတာအမှန်ဘဲ။

 

၂၀၁၄ သင်္ကြန်မှာတော့ ကိုစိန်သော့နဲ့ကျနော်တွဲရိုက်ဖြစ်ပါတယ်။

သင်္ကြန်အကြိုနေ့ညနေကတည်းက မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲကိုသွားရိုက်ဖြစ်ပါတယ်။

မဏ္ဍပ်ရှေ့ အပေါ်စီးကရိုက်မယ်ဆို နေရာအကျအနယူပြီးမှ စင်ကျုးိကျလို့ ဆင်းပြေး

ခဲ့ရတာအမှတ်တရပါဘဲ။

သင်္ကြန်ရက်တွေမှာ တော့ကိုစိန်သော့နဲ့အတူ မဏ္ဍပ်တွေသွားရိုက်ဖြစ်ပါတယ်။

ကင်မရာလေးရေစိုမှာစိုးတော့ ကျွတ်ကျွတ်အိတ်နဲ့အထပ်ထပ်ထုတ်ပြီး

သွားကြရတာလဲအမှတ်တရ။

ရေစိုခံအိတ်ကလဲ ခဏလေးဘဲသုံးမှာဆိုတော့ ပိုက်ဆံအကုန်မခံချင်ဘူးလေ။

ပိုအမှတ်ရစရာကောင်းတာကတော့ကန်တော်ကြီးပါတ်လမ်းက ကာရာအိုကေမဏ္ဍပ်တစ်ခုပါဘဲ။

ကျွန်တော်တို့ဓါတ်ပုံရိုက်နေတာကို ခင်ဗျားတို့ ဘယ်ကလဲ လို့ ခပ်တည်တည်လာမေးတော့

ခင်ဗျားက ဘာတုန်းလို့ ပြန်မေးတာပေါ့။

အဲဒီမှာသူက ကျနော်က ဒီမဏ္ဍပ်က တာဝန်ခံလို့ပြောပါတယ်။

ငါတို့ကအပျော်တမ်းဓါတ်ပုံရိုက်တာ

ဗဟိုဏ္ဍပ်တောင်ရိုက်လို့ရတာနေတာကွာ မင်းတို့ မဏ္ဍပ်ကို ဒီလိုရိုက်ဘို့ ခွင့်ပြုချက်လိုလားလို့

ခပ်မာမာနဲ့မေးတော့ပြန်ထွက်သွားပါတယ်။

ခဏနေတော့ တစ်ပွင့် တပ်ထားတဲ့ ရဲ တစ်ယောက်ရောက်လာပါတယ်။

ဆရာကြီးတို့က ဘာအတွက်ရိုက်တာတုံးလို့ မေးတော့

အစောကလဲ တစ်ယောက်လာမေးတယ် သင်္ကြန် ဓါတ်ပုံရိုက်တာ ခွင့် ပြုမိန့်လိုလား

လို့မေးတော့ အဲလိုမဟုတ်ပါဘူးလို့ဖြေပါတယ်။

အဲဒီမယ် ကြည့်ဆိုပြီး ကိုစိန်သော့က ကဒ်ပြားတစ်ပြား ထုတ်ပြလိုက်ပါတယ်။

အဲတော့မှာ ရိုက်ပါ ရိုက်ပါ ရပါတယ် ဆရာကြီး ကျနော်ကို လာပြောလို့ တာဝန်အရ

မေးရတာပါဆိုပြန်ထွက်သွားပါတယ်။

4 ခွေးကလေး အို့
4 ခွေးကလေး အို့

 

ကိုစိန်သော့ထုတ်ပြတဲ့ ကဒ်ပြားတော့ ဘာကဒ်ပြားလဲလို့ မပြောတော့ ဘူးနော်။

သင်္ကြန်မှာတော့ကျနော့်စိတ်ကြိုက်ပုံလေးတွေရလိုက်ပါတယ်။

၂၀၁၄ ခုနှစ်သင်္ကြန်အပြီးမှာတော့ ကိုစိန်သော့ကလဲရန်ကုန်ကိုအပြီးပြောင်းသွားပါတယ်။

ကျနော်နဲ့ ဓါတ်ပုံရိုက်ဖက် ကျုံးပိုင်ကြီး ဘွဲ့ခံ ကျနော်ချစ်သောမြို့ ကလဲ ဓါတ်ပုံသင်တန်းတက်ပြီးပါပြီ။

သင်တန်းတက်ပြီးမှ သူ့လက်ရာတွေက ကောင်းသထက်ကောင်းလာပါတယ်။

သူကလဲ ကျနော်ကို သင်တန်းတက်ဘို့တိုက်တွန်းပါတယ်။

ကျနော်ကိုယ်တိုင်ကလဲ သင်တန်းတက်ဖြစ်တော့မယ်လို့ စိတ်ထဲမှာတွေးနေမိချိန်ပေါ့။

 

5 ပျော်တယ်ကွယ်
5 ပျော်တယ်ကွယ်

(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

4-6-2015

 

10 comments

  • အောင် မိုးသူ

    June 4, 2015 at 10:25 am

    ခုတလော ဓာတ်ပုံပို့စ်တွေပဲ မြင်နေရတော့ ရောဂါတိုးပါတယ်။ ခိခိ။

  • ကျနော်ဓါတ်ဖမ်းသမား က ရေး ထားတာ ကြာပြီ

    အခုမှ တင်ဖြစ်တာပါ

    ကျနော်က နောက်ပိုင်းစာရေးတာထက် ဓါတ်ပုံရိုက်တာ ပိုများတယ် လေ

    • ဝင့်ပြုံးမြင့်

      June 4, 2015 at 2:00 pm

      .စာတွေ များများ ရေးသင့်တာ။ ပါရမီက အဲဘက်မှာလို့ ထင်တာပဲ။

      • ဟုတ် ကဲ့ပါ မပြုံးရေ

        အရင်က စာ ကို နေ့တိုင်းရေး ရက်ခြားတင် အဲလို နေခဲ့တာလေ။

        အခုတော့ အရှိန်နည်းနည်း ကျသွားသလိုပါဘဲ

        ဒါပေမယ့်ပြန်ရေးနေပါတယ်

  • တောင်ပေါ်သား

    June 4, 2015 at 1:43 pm

    ခွေးကလေးပုံက စိတ်ဝင်စားစရာ

  • မြစပဲရိုး

    June 5, 2015 at 1:03 am

    အတော် အိုင်တင်ပေးတတ်တဲ့ ခွေးလေး နဲ့ တွေ့တော့ ပုံကောင်းရရောပေါ့ ကပေါက်ကြီး။ :-))

  • Mike

    June 5, 2015 at 3:18 pm

    .ကိုပေါက်ပုံတွေကြည့်ပြီး ကိုယ်ပါတင်ခ ျင်လာတယ်..တင်အုံးမယ်

  • တင်ပါ ကိုမိုက်ရေ
    အမှတ်(၈)မှာ ကိုမိုက်က အေးအေးဆေးဆေး ဆုံချင်တယ်ဆိုလို့
    ဒီဇင်ဘာလ မနက်ငါးနာရီလောက်ချိန်းပြီးလက်ဖက်ရည်ဆိုင်ထိုင်ပြီးအပြန်
    တောင်သမန်အင်းမှာရိုက်ခဲ့တဲ့ပုံလေး တင်ပေးလိုက်ပါတယ်

Leave a Reply