သီချင်းတစ်ပုဒ်… ပန်းတစ်ဆုပ်

ဒီရက်ပိုင်းတွေက မိုးကလဲရွာ…

အိမ်ထဲရိုက်စရာလဲ ပန်းကမရှိ…

ရှိတဲ့ပန်းတွေချည်းပဲ လွှတ်ရိုက်နေပြန်ရင်လဲ… မြင်သူတွေက အကောင်းသေးသေးကွေးကွေးနဲ့ စိတ်ပြောင်းသွားပြီထင်မှ…

ကိုယ်ကျိုးနဲနေပါ့မယ်ဆိုနေတုန်း… ဓာတ်ပုံလေးတစ်ပုံရိုက်ဖြစ်ဖို့ အကြောင်းတိုက်ဆိုင်လာသဗျ…

ဒါနဲ့ပဲ အဲ့ပုံလေးရိုက်ဖြစ်တယ်ဆိုရမှာပေါ့ဗျာ…

ဒီပုံလေးနဲ့လိုက်မယ့် အင်္ဂလိပ်သီချင်းလေးတစ်ပုဒ်ထဲက… အပိုင်းအစလေးတစ်ခုလဲ… ထပ်တူသတိရမိပြန်ရော…

“I’m the one who took a walk on the moon
And I made the seven wonders too
There is nothin’ that I cannot do
Cause I am human…..”

ဆိုတဲ့သူက ကျွန်တော်လွှတ်ခိုက်တဲ့အဆိုတော်ကြီး Rod Stewart ရဲ့ သီချင်း…

သီချင်းခေါင်းစဉ်က “Human” တဲ့…

ကောင်းကင်ယံမှာ အထီးကျန်
ကောင်းကင်ယံမှာ အထီးကျန်

နောက်တစ်ပုံကတော့ မနေနိုင်မထိုင်နိုင် Macro ပါပဲ…

မနက်အိပ်ယာနိုး… အလုပ်သွားဖို့ အိမ်ရှေ့အထွက်… လမ်းဘေးက စက္ကူပန်းပင်လေး ပွင့်နေတာမြင်တော့…

အိမ်ပေါ်ပြန်တက် ကင်မရာဆွဲပြီးရိုက်ထည့်လိုက်မိတဲ့ Macro ပါဗျာ… Macro…

Macro ဆေးတွေလဲ ရွာထဲ အတော်အောင်လောက်ပြီထင်ပါတယ်…ဟီးဟီး

ပေပါဖလားဝါး...
ပေပါဖလားဝါး…

ကြိုးစားပါဦးမယ်လို့….

 

ခင်မင်လျက်-

ဖက်ဖက်ကက်

10 comments

  • Ma Ei

    June 4, 2015 at 11:23 am

    ပေပါဖလားဝါး…
    စက္ကူပန်း အရောင်စုံ လှမှလှ…

  • ခင်ဇော်

    June 4, 2015 at 11:35 am

    လှတယ်။
    တတ်ချင်း နည်းသလားပဲ။
    ခိခိ မမြင်မကန်း ဆရာလုပ်သွားဒါ။

    • ကြောင်ဝတုတ်

      June 4, 2015 at 12:06 pm

      ကျွန်တော့်ဒါ့ပုံများကို Macbook များ iPhone များ iPad များပေါ်မှသာကြည့်ပါလို့ ဆိုရမလိုပဲ…
      PC မှာကြည့်ရင် အရောင်တွေ ကျသွားတယ်… အဟင့်

      • ခင်ဇော်

        June 4, 2015 at 12:08 pm

        အာ့ နာ့ ပတနာလည်း အဲတိုင်းပဲ။
        ဘာတင်ရမယ် ဆိုလားဗျဲ။
        ဆရာ ဂီ ,…
        ပြီးမှ သူ့ကို အာ့ကို မေးရမယ်

  • တောင်ပေါ်သား

    June 4, 2015 at 1:01 pm

    ဓါတ်ဖမ်းသမားတွေ တယ်များလာပါလား ကွယ် 🙂

  • မြစပဲရိုး

    June 5, 2015 at 1:31 am

    တကယ်တော့ ပန်းကြိုက်ဘု။
    သီချင်းတစ်ပုဒ် ကို ပိုကြိုက်ပါတယ်။
    ဒါပေမဲ့ စက္ကူပန်းကလဲ လှ၊ လ ကလဲ မြ ရဲ့ ဖေးဘရိတ်မို့ ငေးရင်း သီချင်း ကို အစ အဆုံး ဘဲ နားထောင်ခဲ့လိုက်ပါတယ်။
    ၂၀၀၁ က ထွက်တာမို့ မသိတော့တာလဲပါမယ်။ :-))

  • မွသဲ ( 17082011 )

    June 9, 2015 at 2:05 pm

    ငင် အညားဂျီးကျိရမယ်မှတ်တာ

    • ကြောင်ဝတုတ်

      June 10, 2015 at 9:35 am

      ခေါင်းစဉ်ကိုက သီချင်းတစ်ပုဒ်… ပန်းတစ်ဆုပ်ပါဆိုမှ…
      တစ်ပုဒ်နဲ့ တစ်ဆုပ်ပဲပါမှာပေါ့လို့

      ခင်မင်လျက်-
      ဖက်ဖက်ကက်

Leave a Reply