အရည်ပျော်သွားသော ပုံဆောင်ခဲ

AlinchoJune 5, 20151min1589

အတွေးတစ်စ မင်းဆွဲထုတ်ခဲ့တယ်။

သူ့နေရာနဲ့သူ အံဝင်ခွင်ကျနေတာကို

မကြည့်ရက်ခဲ့လေသလား။

ခုတော့ နှစ်ပေါင်းများစွာ

ခိုင်မာခဲ့တဲ့ ယုံကြည်မှုတွေ၊                                                                                                                                                                    လက်ခံထားတဲ့ အမှန်တရားတွေ၊

ကျင့်သုံးခဲ့တဲ့ စည်းကမ်းကလနားတွေ၊

စိုက်ထူနိုင်ခဲ့တဲ့ ဘဝမှတ်တိုင်တွေ၊

ချမှတ်ခဲ့တဲ့ အနာဂတ်အတွက် ပန်းတိုင်တွေ…..

အရာတွေအားလုံး သူ့နေရာနဲ့သူ

အံဝင်ခွင်ကျဖြစ်နေတာကို မရှုစိမ့်လေရော့သလား။

ရက်ရက်စက်စက်

အတွေးတစ်စ မင်းဆွဲထုတ်ရက်လေတယ်။

5/6/2015

Fri – 1:46pm

9 comments

  • Alincho

    June 5, 2015 at 2:28 pm

    .အချိန်မရလို့ ရွာထဲကိုအပြေးအလွှား ဝင်ပြီး Post အပြေးအလွှားတင်သွားတာ ဘယ်လိုတွေပေါ်နေတာလဲ .သိဘူး။ အလုပ်တွေများနေလို့ ရွာထဲသိပ်မရောက်ဖြစ်တာ ခွင့်လွှတ်ကြပါနော်။ .ဖုန်းနဲ့ကလည်းလိုင်းကမကောင်းတော့ အဆင်မပြေပြန်ဘူး။ အားလုံးကို အရမ်းလွမ်းပါတယ်နော်။ 🙂 🙂

    • ခင်ဇော်

      June 5, 2015 at 2:39 pm

      ဖြေးဖြေးသွားးး
      ချော်လဲအူးမယ်။ မမြင်တာကြာလို့ ဟိုနေ့ကတောင် သတိရမိသေးး

      🙂

  • တောင်ပေါ်သား

    June 5, 2015 at 3:03 pm

    ဪ အလင်းချိုရယ်

    ပုံဆောင်ခဲကို ကျောက်သားနဲ့ ထုထားပေါ့ကွယ်

  • Alinsett @ Maung Thura

    June 5, 2015 at 7:48 pm

    .ဖွေးဖွေးအကြောင်းလေးများ ပါမလာလို့… အပြေးအလွှား ဝင်ကြည့်တာ..

    :k:

    အခုတလော… ခံစားချက် ပြင်းပြင်းတွေ ရင်ထဲ အဝင်မခံဘူးလို့ ဆုံးဖြတ်ထားတယ်ကွယ်။။။။

  • Mike

    June 6, 2015 at 1:34 pm

    .အားပေးသွားတယ်နော်..ကဗျာတွေတော့ သိပ်နားလည်ဝူး :))

    • မြစပဲရိုး

      June 8, 2015 at 4:52 am

      အဲလာ ရှင့်ကြောင့် ပေါ့ မိုက်။ 😉 :-))

  • lu lu

    June 7, 2015 at 12:26 pm

    အလဲ့ တယ်ဆိုတဲ့ စာ ပါလား
    လိုရာ ဆွဲ တွေးပြီး ဖတ်သွားပါတယ်
    🙂

Leave a Reply