လမ်းပေါ်က ဟိုရိုက် ဒီရိုက်

 

 

၂၀၁၄ ဒီဇင်ဘာ တုန်းက ရွာပြန်တုန်းလေး ရိုက်လာတာလေးတွေ။

ဒါတွေက ရှမ်းပြည် အောင်ဘန်း က ဆည် တစ်ခု မှာ (ဆည်နာမည် နဲ့ အဲ့ရွာနာမည် မေ့သွားပြီ း) )

DSC_7952
၁၊ ဘဝ အားမာန် (၁)
DSC_7968
၂၊ ဟျောင့် ဘာကြည့်တာလဲကွ
DSC_7943
၃၊ ရေချိုးဆိပ် ဆင်းချိန်
DSC_7937
၄၊ သိုးကျောင်းသား
DSC_8020_tonemapped
၅၊ အလုပ်တစ်ဖက် ကလေးတစ်ဖက်
DSC_8030
၆၊ အပြစ်ကင်းသော အပြုံးများ

နံပတ် ၆ ပုံက အမျိုး အဘွား အိမ်နားက ကလေးတွေ

“လာကြ လာကြ ဓာတ်ပုံ ရိုက်ပေးမယ်” လဲ ဆိုရော တန်းစီ ပြီး ပြုံးနေလိုက်ကြတာ

 

နံပတ် ရ ပုံကတော့ အောင်ပန်း မြို့ဘက် ပြန်ရောက်သွားပြီ

ဒီ ပုံ နဲ့ ပတ်သက်ပြီး နည်းနည်း ပြောစရာ ရှိ၊

ပထမတော့ အဲဒီ ကလေးလေးကို ကြည့်ပြီး ကလေး လုပ်သား ဆိုပြီး ထင်လိုက်မိတယ်။

နောက်မှ ရပ်ကွက်ထဲမှာ ရွာထဲမှာ တွေ့ရတာတွေက အဲဒီ က လူတွေက ကိုယ့် အိမ် ကိုယ် ဆောက်ကြသဗျ။ း)

အဲဒီ အုတ်လေးတွေနဲ့ အိမ်ခပ် သေးသေး တွေပေါ့ ၁ထပ် အိမ် ၂ထပ် အိမ် တွေ။

ကလေး သေးသေးလေးတွေက အစ သူတို့ မိဘ တွေကို ဝိုင်းကူနေကြတာ တွေ့တယ်။

စဉ်းစားကြည့်တော့ ကိုယ့် မိသားစု နေဖို့ အိမ် ကို

ကိုယ်တိုင် ကူညီ ပြီး ဆောက်ပေးရတယ် ဆိုတဲ့ ပီတိ ကလဲ တော်တော်လေးတော့ ကြည်နူး စရာ ကောင်းမှာပဲ။

DSC_7900
၇၊ ဘဝအားမာန် (၂)

နံပတ် ၈ ပုံလေးကို သဘောကျလို့ စလုံးတွေကို မြန်မာ ယူ၂၃ က နိုင်တော့ ဖုန်းမှာ ဝေါလ်ပေပါ တင်ထားလိုက်သေး း)

ဘုန်းကြီးကျောင်းမှာ ကိုရင်လေးတွေ ကျောင်းသားလေးတွေ အားလပ်ချိန်မှာ ကင်းပုံ ကစားနေကြတာ၊ သူတို့ အဖွဲ့ နိုင်သွားလို့

DSC_7815
၈၊ အောင်နိုင်သူ အပြုံး

ဒါက ပင်းတယ မှာ

DSC_7766
၉၊ ပင်းတယ ဈေးနေ့

နံပတ် ၁ဝ က ရှမ်းပြည်တွေ ဘာတွေ မှာ မဟုတ်ဘူး။

ရန်ကုန်မှာပဲ အိမ်ရှေ့လမ်းမှာ း)

ဒီဇင်ဘာ လကုန် ပိုင်း ကျမှ ဘယ်လို ဘယ်လို ဖြစ်သလဲ မသိ

မနက် ရနာရီ နဲ့ ၈နာရီ ကြားဆို မြူတွေ ဆိုင်းနေတာ

အဲဒီမှာမှ ပုံထဲက အဘ က ဦးစံရှား ဒီဇိုင်း နဲ့ လမ်းလျှောက်သွားတော့.. း)

DSC_8800
၁၀၊ သည်ဆောင်းဟေမာန်

ဒီ ပုံ ၁၁ ကို ကြည့်ပြီး ဘယ်နား လို့ ထင်သွားပါသလဲ။

ဒါ FMI အိမ်ယာ တွေရဲ့ နောက်က လမ်းမှာပါ။

လမ်းက ၂လမ်း ရှိတယ် အလယ်မှာ ပလက်ဖောင်း ကို ၆ပေ လောက်လား မသိဘူး ထားထားပေးတာ။

FMI နားက လမ်းဆိုတော့ စပြီး ဆောက်တုန်းက ရှယ် လုပ်ထားတာနဲ့တူပါတယ်။

ခုတော့ ထိန်းသိမ်းမှု မရှိ တော့ အဲ့ဒီ ၆ပေ လောက် ပလက်ဖောင်း မှာ ကျူးကျော်တဲ တွေ ဆိုင်တွေ နဲ့ အပြည့် ဖြစ်ပြီးတော့

အမှိုက်တွေ တောင်လို ပုံနေတော့တာပဲ။

Photo 30-12-14 5 13 35 pm_tonemapped
၁၁၊ အမှိုက်ပုံတန်း

19 comments

  • တောင်ပေါ်သား

    June 6, 2015 at 8:33 am

    1 – 7 – 9 ကြိုက်တယ်ဗျ

    • ဂျက်စပဲရိုး

      June 6, 2015 at 9:26 am

      ဘွ သရုပ်ဖော် တွေ ကြိုက်တယ်ပေါ့လေ 😛

  • ခင်ဇော်

    June 6, 2015 at 9:07 am

    တညားး က HDR ရူးးးဆိုုတော့..
    အမှိုက် ပုံ ကို အကြိုက်ဆုံးးးးး

    • ဂျက်စပဲရိုး

      June 6, 2015 at 9:27 am

      ဟင့် တညားရယ်
      နောက်မှ HDR တွေ စု တင်ဦးမယ် ငိငိငိ

  • Ma Ma

    June 6, 2015 at 11:53 am

    ၂၊ ဂ၊ ၁၁ ကြိုက်တယ်။ 🙂

  • Alinsett @ Maung Thura

    June 6, 2015 at 12:17 pm

    ၁၁၊ အမှိုက်ပုံတန်း ကို ဘယ်လို များ ရိုက်ထားလဲမသိ…
    .မြင်ရတာ..ဆန်းနေတယ်…

    • ဂျက်စပဲရိုး

      June 6, 2015 at 7:15 pm

      အဲဒီတုန်းက ရာသီဥတု ကလဲ တိမ်လေးတွေ နဲ့ နေဝင်ချိန်
      အဲဒါကြောင့် မို့လို့ ကောင်းကင် က အရောင်စုံဖြစ်နေတာ။
      ကျန်တာကိုက ဖုန်းက snapseed app မှာ HDR, Drama, tune တွေနဲ့ ကလိထားတယ် း)

  • Mike

    June 6, 2015 at 1:35 pm

    .နံပါတ်၂ ပုံက ခီများဖွဘုတ်ကပုံပဲ..ကြိုက်တယ်..သဘာဝက ျတယ်

  • ဂျက်စပဲရိုး

    June 6, 2015 at 7:18 pm

    အူးပေါက်၊ အူးမိုက်
    နံပတ် ၂ ပုံက ကလေးက သူ့ကို ကင်မရာ ကြီး နဲ့ ချိန်နေတာ မြင်တော့ ဒီလူကြီး ဘာလုပ်နေပါလိမ့် ဆိုတဲ့ ပုံနဲ့
    စူးစမ်း နေတာ
    တကယ့် မိုက်ကြည့်လေး း)
    ကိုအောင်မိုးသူ
    အဲ့ဒီ HDR ကတော့ အတော် လက်ဆော့လို့ ကောင်းသော feature ပါပဲဗျားးးး း)

  • lu lu

    June 6, 2015 at 9:42 pm

    အောင်ပန်း နားကဆိုတော့
    အင်းခေါင်းရွာက အင်းခေါင်းဆည်များလားးး
    ဓာတ်ဖမ်းပညာကတော့ အံ့မခန်းပါပဲ
    🙂

    • ဂျက်စပဲရိုး

      June 7, 2015 at 2:30 am

      ဟုတ်တယ် ဗျ
      အင်းခေါင်း
      နာမည် ကို ပြန် သတိရသွားပြီ
      ကျေးဇူးပါ ဗျ။

  • မြစပဲရိုး

    June 6, 2015 at 10:40 pm

    နံပါတ်(၁) ကို ကြည့်ပြီး လက်တွန်းလှည်း လေး ပေးလိုက်ချင်စိတ်ပေါ်သွားတယ်။
    ဒီလို အထုပ်ကြီးထမ်းထားတာ ပုဆိုးထက် ဘောင်းဘီက ပိုသင့်တော်မှာမို့ ဘောင်းဘီလဲ ပေးချင်တယ်။
    သို့ပေမဲ့ အနောက်တိုင်းဓလေ့တွေ သွင်းလာတယ် ဆိုပြီး မျိုးဖျက်ဥပဒေ ကိုလဲ ကြောက်ကြောက်။
    lol:-))))

    • တောတွင်းပျော်

      June 7, 2015 at 1:46 am

      စာရေးဆရာကြီးတစ်ယောက် (နာမည်မေ ့နေတယ်)ပြောဖူးတယ်။
      ရှေးကမြန်မာတွေ ပုဆိုးမဝတ်ခင်က ဘောင်းဘီ( ရှမ်းဘောင်းဘီလိုမျိုး)
      ဝတ်ခဲ ့ကြတယ်တဲ ့။ ရှေးမြန်မာတွေ ဘောင်းဘီဝတ်နေကြတဲ ့ ခေတ်ပြိုင်လောက်က အနောက်ဥရောပသားတွေဟာ စကတ်လိုမျိုး အထည်ကို ဝတ်နေကြသတဲ ့။
      အဲဒီစာရေးဆရာကြီး ဗီယက်နမ်သွားတုန်းက ဟိုက ကောက်စိုက်သမတွေ ဘောင်းဘီဝတ်အလုပ် လုပ်နေတာမြင်တွေ ့တာကနေ မြန်မာတွေလည်း ဘောင်းဘီဝတ်ပြီး အလုပ်လုပ်သင် ့ကြောင်းပြောခဲ ့တာ။

    • ဂျက်စပဲရိုး

      June 7, 2015 at 2:31 am

      ဘောင်းဘီ ပေးချင် အနော့် ကို ပေးပါလားဟင်..
      Levi’s လေး ဘာလေး 😛
      ဘယ်မျိုးမျက်ဥပဒေ မှ မထိစေရဘူး း)

    • kai

      June 7, 2015 at 3:17 am

      တလောက.. မြန်မာပြည်ရင်းနှီးမြုတ်နှံဖို့သွားတဲ့.. ဂငယ်တယောက်ကတော့… ပုဆိုးဆို.. ညစ်ပတ်ပေါက်ပြဲရင်လှည့်ဝတ်လု့ိရတယ်ပြောပြီး… ရင်းနှီးမြုတ်နှံမှုမလုပ်သင့်တဲ့တိုင်းပြည်လို့မှတ်ချက်ချ. ပြန်သွားသဗျ..။

  • တောတွင်းပျော်

    June 7, 2015 at 1:53 am

    တကယ်စွမ်း ကင်မရာမင်းကြောင် ့ အမှိုက်ပုံတန်းတောင်မှ
    အပုတ်နံ ့တွေပျယ်ပြီး အမွှေးနံ ့တွေများထွက်လာသလားပဲ။
    တကယ်လှတဲ ့ ပန်းချီ ဓါတ်ပုံ

    • ဂျက်စပဲရိုး

      June 7, 2015 at 2:35 am

      ကျေးဇူး အကြီးကြီး တင်ပါတယ် ခညာ း)

Leave a Reply