“ကျနော်ဓါတ်ဖမ်းသမား” (၉) (ဓါတ်ဖမ်းသမားရဲ့ခံစားချက်များ)

“ကျနော်ဓါတ်ဖမ်းသမား” (၉)
(ဓါတ်ဖမ်းသမားရဲ့ခံစားချက်များ)

ကြာပန်းနဲ့ပျား
1ကြာပန်းနဲ့ပျား

ကျနော် ကင်မရာပေါက်စနနဲ့လက်ဆော့တဲ့အချိန်တုံးက ကင်မရာအကြီးသာကိုင်ရရင်
ဓါတ်ပုံပြိုင်ပွဲတွေဝင်မယ်လို့စိတ်ကူးယဉ်ခဲ့ဘူးပါတယ်။
ဒီအကြောင်းကို ဓါတ်ဆရာမိတ်ဆွေတစ်ယောက်ကိုပြောပြတော့
“ ဓါတ်ပုံပြိုင်ပွဲ ဆုရချင်ရင်
အချိန်ပေးနိုင်ရမယ်
ငွေသုံးနိုင်ရမယ်
ခရီးထွက်နိုင်ရမယ်
အတတ်ပညာရှိရမယ်” လို့ပြောပါတယ်။
အချိန်ပေးနိုင်ရမယ်ဆိုတာက အချိန်မရွေး ဓါတ်ဖမ်းဘို့ဆိုအဆင်သင့်ဖြစ်နေရမယ်။
ငွေသုံးနိုင်ရမယ်ဆို တာ က ကင်မရာနဲ့ဆက်စပ် ပါတ်သက်တဲ့ပစ္စည်းမှန်သမျှ
ဝယ်နိုင်ရမယ်။
ခရီးထွက်နိုင်ရမယ်ဆို တာ မြန်မာပြည်အနှံ့ သွားပြီးရိုက်နိုင်ရမယ်။
နိုင်ငံခြားအထိသွားနိုင်တယ်ဆိုရင်ပိုကောင်းပါသတဲ့။
အတတ်ပညာရှိရမယ်ဆိုတာကတော့ ကင်မရာကိုကောင်းစွာအသုံးချနိုင်ရမယ်ဆိုတာပါ။
တစ်ယောက်ကတော့ “အနုပညာမြောက်စွာမြင်တတ်ဘို့ လိုတယ်” လို့ဆိုပြန်ပါတယ်။
တစ်ယောက်ကတော့ အနုပညာဆိုတာ ပုံသေနည်းမရှိဘူး။
ကို်ယ်နှစ်သက်သလိုဖန်တီးလို့ရတယ်။

ရှက်ပြုံး
2ရှက်ပြုံး

ဒိုင်လူကြီးတွေဆိုတာလဲ လူအမျိုးမျိုး အကြိုက်အမျိုးမျိုး
အဲတော့ ကိုယ်နဲ့ အကြိုက်ချင်းတူတဲ့ ဒိုင်ပါလာရင် ဆုဆိုတာရမှာဘဲလို့ဆိုပါတယ်။
တစ်ယောက်ကတော့ ပြိုင်ပွဲဝင်ချင်တယ်ဆိုရင် ဆုရတဲ့ဓါတ်ပုံတွေကိုများများကြည့်။
လေ့လာ။
နောက်ဓါတ်ပုံဆုရွေးပွဲတွေဆိုရင်အချိန်ပေးပြီးသွားကြည့်။
ဒီပုံက ဘာလို့ ဆုချိတ်သွားတာလဲ။
ဘာလို့ ဘယ်အဆင့်ထိတက်သွားတာလဲ၊
ဘာလို့ IN OUT နဲ့တင်ပြုတ်သွားတာလဲဆိုတာကို လေ့လာရမယ်။
တစ်ယောက်ကတော့ ကံတရားပါကွာ။
အတူတူ တစ်ချိန်တည်း တစ်ပြိုင်တည်းရိုက်လာတာတောင် ကံကောင်းသူက ရတာဘဲ၊
လို့ အမျိုးမျိုးသောမှတ်ချက်တွေကို သိရတော့
ကိုယ့် လက်လောက်နဲ့ ပြိုင်ပွဲဝင်လို့ မရသေးဘူးလို့ဘဲ သတ်မှတ်လိုက်ပါတယ်။

1 ကျောင်းကြီးပေါါ်မှာမောင်မဆော့ပါ
3ကျောင်းကြီးပေါါ်မှာမောင်မဆော့ပါ

ကျနော်တို့လိုဓါတ်ဖမ်းသမားတွေက ဓါတ်ပုံရိုက်တာခြင်းအတူတူပေမယ့်
ခံစားချက်ခြင်းကတော့ ကွာကြပါတယ်။
အချို့ကတော့ကိုယ့် ရိုက်ထားတဲ့ပုံလေးထဲက စိတ်တိုင်းကျတာလေးတွေကို
ပုံကြီးချဲ့ ဘောင်ကွပ်ပြီးအိ်မ်မှာချိတ်ထားတတ်ပါတယ်။
အချို့ကတော့ သူရိုက်သမျှ ပုံထဲက ကောင်းနိုးရာရာလေးတွေကို ဥ ထားပြီး
ပြိုင်ပွဲဝင်ဘို့ဘဲစဉ်းစားနေပါတယ်။
အချို့ကတော့ ဖေစ်ဘုတ်က ဝေါပေါ်မှာတင်ပြီး သူများပေးတဲ့ like တွေ
ကွန်မင့်တွေကို ကြည့်ပြီးသဘောကျပါတယ်။
အချို့ကတော့ သူပုံကိုသူ့ဝေါပေါ်တင်ရုံမကဘဲ သူများဝေါပေါ်မှာလိုက်ပြီး tag လုပ်တတ်ပါတယ်။
ကိုယ့်ဝေါပေါ်သူများပုံလာတင်တာမကြိုက်တဲ့သူနဲ့တွေ့တော့စကားတွေ များကြပါတယ်။
ဒါကတော့ ကိုယ်ရိုက်ထားတဲ့ပုံလေးပေါ်မှာခံစားချက်အမျိုးမျိုး နဲ့ပြုမူကြတာလေးတွေပါ။
ဓါတ်ဖမ်းသမားတွေမှာကိုယ်ကြိုက်တဲ့ပုံစံရှိသလို ကိုယ်ကြိုက်တဲ့ကင်မရာအမျိုးအစားလဲရှိကြပါတယ်။
ရိုက်ကြတာကတော့ ငှက်ကြိုက်တဲ့သူက ငှက်ရိုက်
ပန်းကြိုက်တဲ့သူက ပန်းရိုက်
သဘာဝကြိုက်သူက သဘာဝရိုက်
လူကြိုက်သူက လူရိုက်အမျိုးမျိုးပေါ့။
ဆက်ဆီကြိုက်သူ ဆက်ဆီရိုက်ပေါ့။

3 မေမေ့ရဲ့သား
34 မေမေ့ရဲ့သား

ကင်မရာကတော့ မြန်မာပြည်အနေအထားနဲ့ဆိုရင်အုပ်စု နှစ်စုဘဲအင်အားကြီးပါတယ်။
ကင်နွန်အုပ်စုနဲ့ နီကွန်အုပ်စုပါဘဲ။
ဒါပေမယ့်လဲ ကင်နွန်ကိုင်ကိုင် နီကွန်ကိုင်ကိုင်
ဓါတ်ပုံတစ်ပုံကို ဖန်တီးတဲ့ပုံစံရွေးချယ်မူ့ မှာစိတ်သဘောထားခြင်း မတူ တဲ့ အုပ်စု က နှစ်စုကွဲသွားပြန်ပါတယ်။
ပထမအုပ်စုကတော့ ကိုယ်ရိုက်ထားတဲ့ ပုံကို
ဖိုတိုရှော့ဖြစ်ဖြစ် လိုက်ရွမ်းဖြစ်ဖြစ် အခြားသော ဓါတ်ပုံပြုပြင်လို့ရတဲ့ ဆောဖ့်ဝဲတွေနဲ့
ပြုပြင်တာကို လက်မခံ သူ နဲ့ လက်ခံသူကတော့ ကြီးမားတဲ့ ကွဲပြားခြားနားမူ့ပါဘဲ။
ကြားနေသူတစ်ချို့ကတော့ အထိုက်အလျောက်ပြင်တာကိုလက်သင့်ခံတယ်။
ဒါပေမယ့် သဘာဝလွန်တဲ့အရောင်တွေကိုခံစားလို့မရသူလဲရှိပါတယ်။
အချို့ကတော့ ဒီလိုပြင်တာကိုလုံးဝလက်မခံတာ။
အချို့ကတော့ ပြင်ကို ပြင်ရမှ လှတယ်ထင်တာ။
အဲတော့သူတို့ ရဲ့ မတူကွဲပြားချက်ကအခြားနေရာမှာမသိသာပေမယ့်
မပြင်ရဘူးလို့ သတ်မှတ်ထားတဲ့ပြိုင်ပွဲဝင်ဓါတ်ပုံများမှာတော့ ပြဿနာတက်လေ့ရှိပါတယ်။

4 ပုန်းကွယ်
5ပုန်းကွယ်

(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

10 comments

  • lu lu

    June 6, 2015 at 9:36 pm

    တကယ်ကောင်းတဲ့အနုပညာတွေပါ
    အပိုမပြောပါဘူးးး
    လုလုတောင်အဲ့လို ဓာတ်ဖမ်းသမား ဖြစ်ချင်တာ
    ဆန္ဒနဲ ့ဘဝက အလွဲလွဲအချော်ချော်ပါပဲ
    🙁

  • လုလုရေ

    ကျနော်ကို်ယ်တိုင်လဲ စာရေးသူ ဓါတ်ဖမ်းသူ မဖြစ်တော့ဘူးထင်ခဲ့တာ

    ငယ်အိပ်မက်တွေက အသက်ငါးဆယ်ရောက်မှ အကောင်အထည်ပေါ်ပါတယ်

  • ဂျက်စပဲရိုး

    June 8, 2015 at 8:11 am

    “ ဓါတ်ပုံပြိုင်ပွဲ ဆုရချင်ရင်
    အချိန်ပေးနိုင်ရမယ်
    ငွေသုံးနိုင်ရမယ်
    ခရီးထွက်နိုင်ရမယ်
    အတတ်ပညာရှိရမယ်”

    ခုများတော့
    အချိန်လဲ မပေးနိုင်တော့
    ဘတ်ဂျက်တွေလဲ ပေါက်
    အချိန်မပေးနိုင်မှတော့ ခရီးလဲ မသွားနိုင်
    အတတ်ပညာ ဆိုတာမှာလဲ technique သိပြီး art မရှိတော့ ဘွတွေက ခါး နဲ့…. အဟင့် အဟင့်…

    ပုံတွေက ကင်မရာကနေ ဒီတိုင်း ထုတ်လိုက်တာထက်
    photo editing software တစ်ခုခုနဲ့
    အရောင်လေး စိုလာအောင်
    အလင်းအမှောင်လေး သမမျှတ သွားအောင်
    ကိုယ်ပေးချင်တဲ့ အတွေးလေး ပေါ်လာအောင်
    အဲ့လို အဲ့လို ပြင်လိုက်တာက ပိုပြီးတော့ ထင်းထင်းလင်းလင်း ရှိသွားသလားလို့..

    ဟို ရွာလူမိုက်ကြီးလို HDR ကြမ်းကြမ်းကြီးတွေတောင် သူ့နေရာနဲ့ သူ ကြည့်ကောင်းသေးသကိုး 😛

  • ကိုဂျက်ရေ

    အလင်းအမှောင်မျှ အောင် အရောင်အသွေးစိုအောင်လောက်

    ပြင်တာလက်ခံပါတယ်

    မရှိတာတွေ့ဖြည့်တာတွေကတော့ ကျနော်ခံစားလို့မရ

    HDR တော့ ကျနော်သိပ်မရိုက်ဖြစ်

    တိမ်တွေ အထပ်ထပ် နဲ့လှနေရင်တော့ HDR ရိုက်ဖြစ်ပါတယ်

  • aye.kk

    June 8, 2015 at 9:25 am

    ဓါတ်ပုံတွေကအားလုံးလှ၊
    ကျာင်းကြီးပေါ်မှာမောင်မဆော့ပါဆိုတဲ့ပုံ……ပိုနှစ်သက်မိတယ်။

  • တောင်ပေါ်သား

    June 8, 2015 at 10:07 am

    ကိုပေါက်
    ဒီတစ်ခေါက် မန္တလေးရောက်ရင်
    ပုန်းကွယ်သူနဲ့ တွေ့ပါရစေ ၊

    ဟဲ ဟဲ နောက်တာ 🙂

  • Mike

    June 8, 2015 at 10:54 am

    .ကျောင်းကြီးပေါါ်မှာမောင်မဆော့ပါ ပုံလေးကြိုက်တယ်ဗျာ

  • ကျောင်းကြီးပေါ်မှာ မောင်မဆော့ပါ

    က စစ်ကိုင်းရုပ်စုံကျောင်းမှာ ကျနော်တက်တဲ့ဓါတ်ပုံသင်တန်းအဖွဲနဲ့ လေ့ကျင်ရေးဆင်းတဲ့နေ့ကရိုက်ထားတာပါ

    ပုန်းကွယ်သူကလဲ မော်ဒယ်ရိုက်လေ့ကျင့်တဲ့နေ့ကရိုက်ထားတာပါ

Leave a Reply