“ကျနော်ဓါတ်ဖမ်းသမား” (၁၀) (ကွိစိ ကွစ ဓါတ်လောက)

“ကျနော်ဓါတ်ဖမ်းသမား” (၁၀)

(ကွိစိ ကွစ ဓါတ်လောက)

 

1 စစ်ကိုင်းနေဝင်ချိန်
1 စစ်ကိုင်းနေဝင်ချိန်

ပြိုင်ပွဲတွေမှာ ဒစ်ဂျစ်တယ်စိတ်ကြိုက်ဖန်တီးမှူ့ကဏ္ဍကလွဲရင်

ဓါတ်ပုံဆောဖ့်ဝဲသုံးပြီးပြုပြင်တာကိုလက်မခံပါဘူး။

ဒါပေမယ့် ပြိုင်ပွဲဝင်သူတွေကတော့ မသိ မသာရော သိသိသာသာပါပြင်ကြသူတွေရှိပါတယ်။

အဲဒီပြင်ထားတဲ့ပုံတွေဆုရသွားရင် ပွစိပွစိနဲ့ ဖေစ်ဘုတ်မှာ ရင်ဖွင့်ကြပါတော့တယ်။

(ပြိုင်ပွဲတစ်ခုပြီးရင်  ကျနော့်ရဲ့လိုအပ်ချက်များစွာ ဘာညာကွိကွ စာသားလေးတွေနဲ့

ဥ ထားတဲ့ ပုံကောင်းလေးတွေ တက်လာတတ်ပါတယ်။

ကျနော့် အမြင်ကတော့ ဆုမရ တိုင်း ပုံကောင်း မဟုတ်ဘူးလို့သတ်မှတ်လို့မရသလို

ဆု ရတိုင်းလဲ ပုံကောင်းမဟုတ်ဘူးလို့ခံယူထားပါတယ်။)

ဖိုတိုရှော့နဲ့ပြင်တာ မပြင်တာကတော့

ကိုယ့်စိတ်ကြိုက် ကိုယ်ဖန်တီးမူ့ပါ။

ဒါပေမယ့် မပြင်ရဘူးလို့ သတ်မှတ်ထားတဲ့ ပြိုင်ပွဲအတွက်ကတော့

ပြင်ပြီးတင်သူရော ဆုပေးသူရော မှားတယ်လို့ဘဲကျနော်ကတော့ ပြောချင်ပါတယ်။

ဖိုတိုဆော့ဖ်ဝဲသုံးပြီး မပြင်ရလို့သတ်မှတ်ထားပြီး ပြင်ထားတဲ့ပုံကိုဆုပေးတာကတော့

လွန်တာပေါ့ လို့ဘဲဆိုချင်ပါတယ်။

2 လှေသမား
2 လှေသမား

ဒီလို စည်းမရှိလို့လဲ

ပြိုင်ပွဲတစ်ခုပြီးသွားရင် မကျေမနပ်နဲ့ပူညံပူညံအသံလေးတွေထွက်လာရတာပါ။

မန်းလေးအသင်းတစ်ခုကဓါတ်ပုံပြိုင်ပွဲမတိုင်ခင်က

တောင်သမန်အင်းလို ဦးပိန်လိုနေရာမျုးိ မြင်နေကျ နေရာမျုးိတွေကို ရိုက်ပြီးပြိုင်ပွဲမဝင်ပါနဲ့

နေရာအသစ်တွေရှာရိုက်ပါ  အသင်းဂုဏ်သိက္ခာအတွက် ပါလို့ပြောထားပြီး

ဆုပေးတော့ တောင်သမန်မှာရိုက်ထားတဲပုံ ကိုဆုပေးတာမျိုးကြပြန်တော့လဲ

ပြိုင်ပွဲကျင်းပသူတွေဘက်ကလိုအပ်ချက်သက်သက်လိုု့ဆိုချင်ပါတယ်။

စ ကတည်းက ဘာမှပြောမထားရင် ကိုယ်ကြိုက်သလိုကိုယ်ရွေးပေါ့။

 

(မန္တလေးလိုနေရာမျိုးမှာ တောင်သမန် ဦးပိန် မန်လေးကျုံးနဲ့နန်းတော် ဓါတ်တော်တိုက်

ဒါကို မှ မရိုက် ရင် ဘာသွားရိုက်ရမလဲ မေးစရာရှိလာပါမယ်)

ကြေးစားမဟုတ်သောဝါသနာရှင်များအတွက်ဆိုပြီး နိုင်ငံတစ်နိုင်ငံကဓါတ်ပုံပြပွဲတစ်ခုအတွက်

ဖိတ်ခေါ်တဲ့စာလေးမြန်မာပြည်ကို ရောက်လာပါတယ်။

အဲ့အတွက် ရွေးချယ်ခံရတဲ့ လူစာရင်းထွက်လာတော့

နာမယ်အရင်းတွေနဲ့ဝင်ပြိုင်ကြတဲ့

ကြေးစားအဆင့်ဝင်ဓါတ်ဆရာတွေ ရသွားတာမြင်ရတော့

“ဒါဒို့ဗမာကွ” လို့ဘဲ ရေရွတ်မိပါတယ်။

၁၈နှစ်အာက်၊ ၁၉နှစ်အောက်လို့အသက်ကန့်သတ်ထားတဲ့

ဘောလုံးပွဲမှာအသက်လိမ်ပြိးဝင်ကန်ကြသလိုပေါ့။

3နှင်းဝေဝေ
3နှင်းဝေဝေ

ဓါတ်ဖမ်းကြတဲ့သူတွေထဲမှာလဲတစ်ယောက်နဲ့တစ်ယောက်ပုံစံမတူကြပါဘူး။

တစ်ချို့ကတော့ ဆရာကြီးတွေရိုက်ထားတဲ့ အကောင်းဆုံးပုံမျုးိတွေကိုလိုက်ပြီး

ကော်ပီရိုက်ပါတယ်။

လေ့ကျင့်ရင်းရိုက်တာပါ။

အချို့ကတော့သူ့အမြင်သူ့အတွေးနဲ့ရိုက်ပါတယ်။

အချို့ကတော့ဓါတ်ပုံရိုက်သွားတယ်ဆိုရင်တတ်ကျွမ်းတဲ့ ဆရာနဲ့အတူသွားပြီးရိုက်ပါတယ်။

ဆရာပြောတဲ့အတိုင်း ဆရာပြတဲ့ အတိုင်းဘဲရိုက်ပါတယ်။

အချို့ကတော့ ဝါသနာတူတွေစုပြီးသွားလေ့ရှိပါတယ်။

အဲလိုအဖွဲ့လိုက်သွားတာက ပျော်စရာကောင်းပေမယ့်

သူရောကိုယ်ပါ ပုံတွေက တူနေတတ်တော့

ပြိုင်ပွဲဝင်ကြတဲ့အခါ

ဖေစ်ဘုတ်ပေါ်တင်တဲ့အခါတွေမှာ ပုံထပ်တဲ့ပြဿနာတော့ရှိပါတယ်။

တစ်ခါတစ်ရံကိုယ်ရိုက်နေမယ့် ရှေ့မှာလာကွယ်နေလို့

စိတ်ညစ်ရတာမျိုးတော့ရှိပါတယ်။

တစ်ချို့ကတော့ တစ်ကိုယ်တော်သမား။

တစ်ယောက်ထည်းရောက်ရာပေါက်ရာ သွားချင်ရင်သွားပြီးရိုက်တတ်ပါတယ်။

ဘယ်လိုပုံစံနဲ့သွားရိုက်တာ ကောင်းတယ်လို့ ယတိပြတ်မပြောနိုင်ပေမယ့်

သူ့ဟာနဲ့သူတော့ကောင်းနေကြတာပါဘဲ။

4 မဟာပုဂံ
4 မဟာပုဂံ

နောက်ဓါတ်ဖမ်းထွက်တဲ့နေရာမှာ တစ်ချို့က ဘယ်နေရာကိုသွားပြီး

ဘာရိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်အတိအကျနဲ့သွားတတ်ပါတယ်။

သူလိုချင်တဲ့ အနေအထားမရ ရင် မရိုက်ဘဲ နေပါတယ်။

အချို့ကတော့ ရောက်တဲ့နေရာမှာ ရတာကိုအကောင်းဆုံးဖြစ်အောင်ရိုက်ယူပါတယ်။

ဓါတ်ဖမ်းသူကြားမှာ အယူအဆနဲ့ပါတ်သက်တဲ့အထဲမှာ

“ဓါတ်ပုံဖန်တီးခြင်း”ဆိုတဲ့နေရာမှာတော့ အတော်လေးကွဲလွဲကြပါတယ်။

ဓါတ်ပုံတစ်ပုံ ကို သဘာဝ အတိုင်း မပြုမပြင်ဘဲ ရိုက်ချင်တဲ့သူတွေလဲရှိပါတယ်။

ဥပမာ ကိုရင်လေး ဘုရားပေါ်လမ်းလျောက်နေတာကို

ကိုရင်လေးမသိဘဲ ဖျပ်ကနဲ့အမိအရ ရိုက်လိုက်တာမျိုး။

5ဈေးသည်
5ဈေးသည် ဈေးဝယ် စုံလို့ရယ်

တစ်ချို့ကတော့ ပြင်ဆင်ပြီးမှရိုက်ချင်ပါတယ်။

ကို်ရင်လေးတွေခေါ် ဘုရားပေါ်မှာ ဟိုလိုလျောက်ဒီလိုလျောက်

နဲ့ စိတ်တိုင်းမကျမခြင်းလျောက်ခိုင်းပြီးရိုက်တာမျိုး။

ဒါကြောင့်လဲအချို့သောသူတွေဓါတ်ဖမ်းထွက်မယ်ဆိုရင်

ဘုန်းကြီးဆောင်းထီး ဘိနပ် ယပ်တောင်

အမွှေးတိုင် ဖယောင်းတိုင် မီးခြစ်

ပုသိမ်ထီး အစုံဆောင်ပြီးမှ သွားလေ့ရှိပါတယ်။

ဒီနေရာမှာ သဘောထားကွဲလွဲမူ့ကတော့

ဓါတ်ပုံကိုဆောဖ်ဝဲသုံးပြီး ပြင်တယ် မပြင်ဘူးဆိုတာလိုပါဘဲ

ပြင်းထန်တယ်လို့ဆိုရပါမယ်။

 

(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

7-6-2015

6 comments

  • Alinsett @ Maung Thura

    June 7, 2015 at 1:45 pm

    ဒီလို မြင်ကွင်းတွေကို ဒီလို အရောင် အတွဲအစပ်လေးနဲ ့ မြင်ရတော့လည်း တမျိုး ဆန်းတာပါပဲလား…

  • မြစပဲရိုး

    June 8, 2015 at 3:46 am

    နှင်းဝေဝေ က B&W နဲ့ မပေါ်လွင်ဘူးလို့ ထင်မိပါတယ် ကပေါက်ကြီး။

  • ဟုတ် ကိုလတ်ကြီး

    ကျနော်က ဖြတ်သွားတဲ့လိုင်းလေး ကို ယူထားလိုက်လို့ နှင်းဝေဝေ လို့ ပေးဖြစ်သွားတာပါ

    ပုံနဲ့နာမယ် သိပ်မလိုက်ဘူးဖြစ်သွားတယ်

  • တောင်ပေါ်သား

    June 8, 2015 at 10:13 am

    ဈေးက ဘယ်ဈေးလဲဗျ

    ရွှေမန်းဆိုတဲ့စာလုံးတော့ပါနေတယ်

Leave a Reply