“ကျနော်ဓါတ်ဖမ်းသမား” (၁၁) (ဓါတ်ပုံတစ်ပုံအတွက်အရင်းအနှီး)

 

“ကျနော်ဓါတ်ဖမ်းသမား” (၁၁)

(ဓါတ်ပုံတစ်ပုံအတွက်အရင်းအနှီး)

1 ညဉ့် ဦး ယံ
1 ညဉ့် ဦး ယံ

တကယ်တော့ အခုခေတ်မှာဓါတ်ဖမ်းတယ်ဆိုတာက လဲ ငွေနဲ့စက်ပြီး

လုပ်ရတဲ့အလုပ်တစ်ခုဖြစ်လာပါပြီ။

အရင်က ဟာသတစ်ခုရှိပါတယ်

“ကို်ယ်အမြင်ကပ်တဲ့ကောင်ကို ပါတ်ကားဘောပင်တစ်ချောင်းသာလက်ဆောင်ဝယ်ပေးလိုက်”

လို့ ဆိုပါတယ်။

အခုခေတ်ကတော့ အမြင်ကပ်တဲ့ပုဂ္ဂိုလ်ရှိရင် ဖူးဖရိန်ဘော်ဒီတစ်လုံးလောက်သာဝယ်ပေးလိုက်ပါ။

အဲဒါရတာနဲ့ မှန်ဘီလူးပြောင်းတို ပြောင်းရှည်ပြောင်းလတ် မြင်ကွင်းကျယ်တွေ ငါးမျက်လုံးတွေ အဏုစိတ်တွေ

ထရိုင်ပေါ့တွေ ဖစ်လတာတွေ ဝယ်ရင်း ဝယ်ရင်းနဲ့သိန်းရာချီကုန်မှာသေချာပေါက်ပါဘဲ။

ရိုးရိုး ခရော့ဖရိမ်တွေရဲ့မှန်ဘီလူး ဈေးထက်စာရင်  ဖူးဖရိန်ရဲ့ဈေးက ထက်ဝက်မကကွာပါတယ်။

သိပ်မကြာခင်ကာလကတော့ သိန်းတစ်ရာ ဆိုတဲ့

စတေးတပ်လေးကြောင့်  ဓါတ်ဖမ်းသမားများအကြား ဖေစ်ဘုတ်စာမျက်ပေါ်မှာတိုက်ပွဲပြင်းထန်သွားပါတယ်။

ဓါတ်ပုံကောင်းတစ်ပုံရဘို့ အတွက် ငွေအဲလောက်သုံးနိုင်မှ ပုံကောင်းတစ်ပုံရမရလို့မေးရင်

အဖြေရခက်တဲ့မေးခွန်းလို့ထင်ရပေမယ့် တကယ်တော့ အတတ်ပညာမပါဘဲ ပုံကောင်းတစ်ပုံ

ဘယ်လိုမှ မရနိုင်တာအသေအချာပါဘဲ။

 

အတတ်ပညာလဲရှိမယ်

ငွေသုံးနိုင်လို့ လိုအပ်တဲ့ဆက်စပ်ပစ္စည်းကောင်းကောင်းဝယ်သုံးနိုင်မယ်ဆိုရင်

မပင်ပန်းဘဲ ပုံကောင်းကောင်းရမှာအမှန်ပါဘဲ။

အဲဒါတွေမရှိရင်တော့ လူအပင်ပန်းခံနိုင်မှ ပုံကောင်းတစ်ပုံ ရမှာအမှန်ပါဘဲ။

ဘယ်ဟာက ပိုကောင်းတယ်လို့ မဆိုနိုင်ပေမယ့်

အထောက်အကူပစ္စည်းသုံးပြီးဖန်တီးထားတဲ့ ပုံ နဲ့

ကင်မရာက ပေးတဲ့ အနေအထားအတိုင်း ရိုက်တဲ့ပုံ ထပ်တူမညီနိုင်တာကတော့ အမှန်ပါဘဲ။

ဥပမာပေးရ ရင် ပင်လယ်ပြင်မှာ ညနေခင်းလို့အရောင်မျိုးကို လိုချင်ရင်

ဖစ်လတာမရှိသူကတော့ ညနေခင်းထိ ထိုင်စောင့်ရိုက်ရမှာမှန်ပေမယ့်

ဖစ်လတာရှိသူကတော့ နေ့ခင်းကြောင်တောင်မှာ သူလိုချင်တဲ့အနေအထားရအောင် ရိုက်နိုင်ပါတယ်။

ကြယ်လေးတွေပွင့်သလိုအလင်းဖြာချင်ရင် စတားဖစ်လတာ တပ်ရိုက်ရင်အလွယ်နဲ့ရသလိုပေါ့။

အချို့သောအနေအထားများမှာတော့ အထောာက်အကူ ပစ္စည်းမပါရင်

မရနိုင်တာတွေလဲအများကြီးရှိပါတယ်။

2 မြစ်မင်းနံဘေးမှာ
2 မြစ်မင်းနံဘေးမှာ

တကယ်တော့ ပုံကောင်းတစ်ပုံရဘို့ဆိုတာက

ကံကောင်းဘို့လဲလိုပါတယ်။

ကိုယ်ရောက်သွားတဲ့အချိန်မှာ ပုံကောင်းတစ်ပုံရဘို့ အတွက်

လိုအပ်တဲ့အလင်း အရောင်

ကောင်းကင်မှာတိမ်ရှိတာမရှိတာ

ပါတ်ဝန်းကျင်အနေအထား သဟဇာတ ဖြစ်မူ့ အများကြီးလိုအပ်ပါတယ်။

ဒီတော့ပုံကောင်းတစ်ပုံရဘို့ဆိုတာ ငွေသုံးနိုင်သူ ပစ္စည်းကောင်းသုံးနိုင်သူသာ

ရနိုင်တယ်လို့ ယတိပြတ်မဆိုနိုင်ပေမယ်လည်း့ ကိုယ်တတ်နိုင်လို့

ဝယ်သုံးနိုင်ရင်တော့လဲ ကို်ယ့်အတွက်ကောင်းတယ်လို့ ဆိုချင်ပါတယ်။

နောက်တစ်ချက်က ဓါတ်ပုံတစ်ပုံကိုဖန်တီးပြီးရိုက်မယ်ဆိုရင်လဲ

ခရီးသွားလာတဲ့စားရိတ်

ဓါတ်ပုံရိုက်တဲ့အခါ မှထည့်သွင်းအသုံးပြုမယ့်ပစ္စည်း

မော်ဒယ်(သံဃာတော်၊ကိုရင်၊ဈေးသည်၊ကိုယ်ဟန်ပြမယ်)

ဆိုတာတွေကလည်း ကိုယ်ဖြစ်ချင်တာတစ်ခုထည်းကြည့်ပြီး ရိုက်လို့မရပါဘူး။

သူတို့စိတ်ကျေနပ်အောင် ကူညီချင်အောင် ထိုက်သင့်သလို့ တော့

ကိုယ့်ဘက်က သိတတ်ရပါတယ်။

3အေးငြိမ်းခြင်း
3အေးငြိမ်းခြင်း

ကျနော်သင်တန်း တက်ပြီးတဲ့အချိန်တွေမှာတော့ ပုံတွေကိုကြည့်တဲ့အခါ

ကျနော်သိပ်ကြိုက်တဲ့ အားလုံးကလဲ ကောင်းတယ်ဆိုတဲ့ ပုံအတော်များများက

ဖိုတိုရှော့သုံးထားတာ

အထောက်အကူပစ္စည်းရဲ့အကူအညီနဲ့ ရိုက်ထားတာ ကိုသိလာတဲ့အခါ

ငါရိုက်တဲ့ပုံက သူတို့ ကို ဘယ်တော့ မှ မမှီနိုင်

သူတို့လောက်မကောင်းနိုင်ဆိုတဲ့ စိတ်တွေဝင်လာခဲ့ပါတယ်။

အဲတော့ဓါတ်ပုံရိုက်ရမှာကို လက်တွန့်ခဲ့မိပါတယ်။

ကျနော်ကိုယ်တိုင်ကလဲ ဓါတ်ပုံတစ်ပုံကို နည်းပညာသုံးပြီး လွန်ကဲစွာ

ပြင်ထားတာမျိုးကို သဘောမကျပါ။

ဒါပေမယ်လဲနောက်တော့

ဆင်လဲ ဆင့်အထွာ

ဆိတ်လဲ ဆိတ်အထွာ

ကိုယ်တတ်နိုင်သလောက် ကိုယ်လုပ်နိုင်သလောက်ကနေ

အကောင်းဆုံးဖြစ်အောင်ဖန်တီးယူမယ်ဆိုတဲ့ စိတ်ကို ပြန်မွေးပြီး

ဓါတ်ပုံတွေပြန်ရိုက်ဖြစ်ပါတယ်။

3 ဖြာ ဆင်း
3 ဖြာ ဆင်း

ဒါပေမယ့် ပြိုင်ပွဲဝင်မယ်ဆိုတဲ့ စိတ်ကတော့

မရှိသလောက်ဖြစ်သွားတာအမှန်ပါဘဲ။

ဓါတ်ပုံ ဆိုတာလဲ အနုပညာပစ္စည်းတစ်ခုပါဘဲ။

ခံစားတတ်တဲ့စိတ်မရှိဘဲ ဓါတ်ပုံကောင်းတစ်ပုံမရနိုင်တာတော့သေချာပါတယ်။

နောက်ဓါတ်ဖမ်းနေတဲ့အချိန်မှာ ပုံကောင်းလေးတစ်ပုံရဘို့အတွက်ဘဲ

အာရုံရှိနေတဲ့အတွက် စိတ်က တည်ငြိမ်လို့နေတာအမှန်ပါဘဲ။

ဖုန်းနဲ့ရိုက်တာ လဲ ဓါတ်ပုံပါဘဲ။

ကင်မရာပေါက်စနနဲ့ရိုက်တာလဲ ဓါတ်ပုံပါဘဲ။

ခရော့ဖရိမ်နဲ့ ရိုက်တာလဲဓါတ်ပုံပါဘဲ။

ဖူးဖရိမ်နဲ့ ရိုက်တာလဲ ဓါတ်ပုံပါဘဲ။

ဘာနဲ့ရိုက်ရိုက် အနုပညာဆိုတဲ့ခံစားမူ့ နဲ့ ရိုက်နေသမျှ ဓါတ်ပုံလို့ သတ်မှတ်ချင်ပါတယ်။

 

အဲတော့ ဓါတ်ဖမ်းဝါသနာပါသူများက ဖမ်းသာ ဖမ်းကြပါ။

ကိုယ်လက်ထဲရှိတာလေးနဲ့အနုပညာမြောက်အောင်ဖန်တီးဘို့ဘဲလိုပါတယ်။

ဖုန်းနဲ့ဘဲရိုက်ရိုက် အိမ်သုံးကင်မရာနဲ့ဘဲရိုက်ရိုက်

ကင်မရာအကောင်းနဲ့ဘဲရိုက်ရိုက်

ကိုယ်သုံးတဲ့ပစ္စည်းနဲ့ထိုက်တန်တဲ့ ပုံကောင်းတစ်ပုံရအောင်

ကြိုးစားပြီးဖန်တီးယူဘို့ဘဲလိုအပ်တယ်လို့ထင်မိပါတယ်။

ကျနော်ကိုယ်တိုင်လဲဓါတ်ပုံရိုက်ချင်လို့ ဟိုသွားဒီသွား

လမ်းသလားပြီးဓါတ်ပုံရိုက်ခဲ့ဘူးပါတယ်။

အဲလို လမ်းသလားရင်းဓါတ်ဖမ်းထွက်စဉ်ကအမှတ်တရတွေရှိခဲ့ဘူးတာလေးတွေကို

ပြန်စဉ်းစားမိတော့…………………………………………………..

5 နေဝင်ချိန်
5 နေဝင်ချိန်
6 အနီးအဝေး
6 အနီးအဝေး

ဆက်လက်ဖော်ပြပါမည်

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

7-6-2015

 

11 comments

  • Alinsett @ Maung Thura

    June 7, 2015 at 1:51 pm

    နံပါတ် ၁ ပုံလေးက လေးပေါက် ဟိုအရင်တစ်ခါက တင်ဖူးသလားလို့…

    ဘာပဲ ဖြစ်ဖြစ် တပါးသူ တင်ပြတဲ့ ဓါတ်ပုံ ပိုစ့်တေ ွ ဝင် ကြည့်ပြီးတိုင်း…
    အဲ့လို ရိုက်တတ်ချင်လိုက်တာ…ဆိုပြီး ပိုးက ဝင်လာတတ်တယ်…

    :k:

  • မြစပဲရိုး

    June 8, 2015 at 3:43 am

    3. ဖြာ ဆင်း ကို အရမ်းအရမ်း ကို သဘောကျပါတယ်ဗျို့။ :-))

  • ဂျက်စပဲရိုး

    June 8, 2015 at 8:21 am

    ကျနော့် ကို အမြင်ကတ်ကြပါလားဟင်….
    nikon D810 လေး လိုချင်လို့ဘာာာာ 😛

    • ဂျက်စပဲရိုး

      June 8, 2015 at 9:17 am

      ရတယ်ဗျ
      မှန်ဘီလူးတွေ ရှိတယ်။
      အဲ့ ၈၁ဝ လေးပဲ လိုချင်တာ 😛 😛 😛

  • aye.kk

    June 8, 2015 at 9:19 am

    အားလုံးလှတယ်၊
    အပေါ်ဆုံးကဘုရားနဲ့ပုံအနှစ်သက်ဆုံး။

  • တောင်ပေါ်သား

    June 8, 2015 at 10:17 am

    ဝါးပင်လေးတွေ သဘောကျသဗျာ

  • Mike

    June 8, 2015 at 11:14 am

    .ညဉ့် ဦး ယံ ပုံလေးသဘောက ျတယ်

    • ဘုရားပုံကတော့ မန်းလေးက ကျောက်တော်ကြီးဘုရားပါ

      ဝါးပင်လေးတွေက တော့ ရွှေလီမြစ်ကမ်းနံဘေးမှာပါ

      လှတယ်ပြောတော့ သဘောကျတာပေါ့

      ကိုဂျက်

      ပေး အုံးးးးးးးးးးးးးးမှာ

Leave a Reply