လွမ်းမပြေတဲ့မွေးရပ်မြေ

aye.kkJune 8, 20152min1746
IMG_0017
လွမ်းမပြေတဲ့၊မွေးရပ်မြေမှာရှိတဲ့၊ကျိုက်ပေါလောမှဲ ့ရှင်တော်ဘုရားကျာက်လှည်းဘီး။
IMG_0016
ကျိုက်ထိုမြို့ရှိ၊ကျိုက်ပေါလောမှဲ ့ရှင်တော်မြတ်ဘုရား။
IMG_0045
ကျိုက်ထိုမြို့ ၊ရေတံခါးပိုင်းရက်ကွက်ရှိ၊ကဒတ်ချောင်းနှင့်အလှ။
IMG_0044
ချောင်းရေကျချိန်မှာ၊အမှိုက်တွေနှင့်မလှနိုင်။
IMG_0011
ကျိုက်ထိုမြို့ရှိ၊ကျိုက်ပေါလောမှဲ ့ရှင်တော်ဘုရား။
IMG_0023
ကျိုက်ထိုမြို့ရှိ၊သံသရာအေးမဟာဗောဓိစေတီတော်မြတ်။
IMG_0010
ကျိုက်ထိုမြို့ရှိ၊ကဒတ်ချောင်းအလှနှင့်ညီနောင်ဘုရားစေတီ။
IMG_0034
သံသရာအေးရအောင် သံသရာအေးစေတီဖူးရအောင်။
IMG_0253
အလှကဲသည်၊စိန်ပန်းနီ။

6 comments

  • ခင်ဇော်

    June 8, 2015 at 3:27 pm

    ဘုရားဖူးသွားပါတယ် တီအေး

  • kai

    June 8, 2015 at 3:33 pm

    လိပ်ဥလေးတူးရအောင်.. အဲဒီကျောက်လှည်းဘီးအကြောင်း… နည်းနည်းရှင်းပြပါလား..။
    ဝိုင်းပြီးညီနေတာပဲ.. ။ နည်းနည်းနောနော.. ဗိသုကာပညာမဟုတ်..။.

  • aye.kk

    June 8, 2015 at 6:11 pm

    Kai
    ကျောက်လှည်းဘီးအကြောင်းပြောပြရလျှင်-
    ဗုဒ္ဓသာသနာထွန်းကါးရာ သီဟိုဠ်(သီရိလင်္ကါ)နိုင်ငံမှ၊သာသနာတော်သက္ကရာဇ်(၂၃၆)ခုနှစ်၊
    အလွန်၊ဘီစီ(၃)ရာစုလောက်အချိန်က သီဟိုဠ်၌ ဒေဝါနံပိယတိဿ မင်းကြီးမှ၊ ပန်းပုဆရာ၊ဗိသုကါဆရာ
    အကျော်အမော်တို့ပါဝင်သည့်အပြင် အရှင်မဟေန္ဒထေရ်မြတ်၏ အစီအမံဖြင့် ရုပ်ပွားဆင်းတုတော်လေးဆူ
    ထုလုပ်ပူဇော်ပြီး၊သင်္ကန်းတုံး၊ကျွန်းတုံး၊ပိန္နဲတုံး၊ကျောက်လှည်းဘီးတို့ပေါ်မှာ၊ဗုဒ္ဓရုပ်ပွားတော်တစ်ဆူစီကို
    အသီးသီးတင်ပြီးသမုဒ္ဒရာပြင်ကနေမျှောလွှတ်လိုက်တယ်လို့၊မှဲ ့ရှင်တော်ဘုရားသမိုင်းအရ၊ဖတ်သိမှတ်သားရပါတယ်။
    အခုမြင်တွေ့နေရတဲ့ကျောက်လှည်းဘီးက ဘုရားဂန္ဓကုဋီတိုက် ကျောဘက်
    ကုန်းကမူကိုဖြိုရာမှ တူးဖော်တွေ့ရှိရတဲ့ မှတ်တမ်းမှတ်ရာများ ရှိနေတာသိရှိဖတ်သားရပါတယ်။
    ကျောက်လှည်းဘီးပျောက်ဆုံးသွားတဲ့အကြောင်းကိုသိထားကြသူတွေရဲ ့အဆို(ပါးစပ်ရာဇဝင်)အရ၊
    ကျောက်လှည်းဘီးအစစ်မဟုတ်ဟု ဆိုကြကြောင်း မှတ်သားရပါတယ်။
    ကျမတို့ငယ်ငယ်ကလည်း အခုတွေ့ရတဲ့ကျောက်လှည်းဘီးဟာ အစစ်မဟုတ်ဘူးဆိုတာပဲ သိရပါတယ်။
    ကျောက်လှည်းဘီးနဲ ့ပတ်သက်ပြီး ၊ ဘယ်ဟာကအမှန်၊ ဘယ်ဟာကအမှား ဆိုတာကို သသေချာချာ
    ကွဲကွဲပြားပြား၊နားမလည်တာ အခုချိန်ထိပါပဲ။။

  • Mike

    June 9, 2015 at 10:48 am

    .ကဒတ်ချောင်းကတော်တော် ကောချင်နေပြီ…သောင်တူးထိန်းသိမ်းဖို့ကောင်းတယ်

  • Ma Ei

    June 9, 2015 at 11:03 am

    ကျိုက်ထီးရိုးဘုရားဖူးသွားရင် ကျိုက်ထို ကိုဖြတ်သွားဖြတ်လာ ဆိုတော့
    က ျိုက်ပေါလော မှဲ့ရှင်ဘုရားလောက်ဘဲ ရောက်ဖူးတာ…
    ခုတော့ အမအေးတင်ပေးတဲ့ သံသရာအေးစေတီကိုလဲဖူးချင်မိတယ်…

  • aye.kk

    June 9, 2015 at 4:33 pm

    Mike
    ဟုတ်တယ်နော်။

    Ma Ei
    သံသရာအေးစေတီက ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားနဲ့ကပ်လျှက်မှာတည်ထားကိုးကွယ်ထားတာပါ။
    သတိမထားမိလို့ဖြစ်ပါလိမ့်မယ်။

Leave a Reply