ပုထုဇဉ်နော ဥမ္မာတကော – KZ’s ကြည့်မိသမျှ

ဇီဇီJuly 22, 20151min41323

လူတိုင်း တစ်နည်းမဟုတ်တစ်နည်း ရူးကြတယ် ဆိုပဲ။

.
နည်းနည်းရူးနေတာလေး များများရူးအောင် အရူးကားလေးတွေကြည့်ကြတာပေါ့။

:mrgreenn:

 

 

 

 

Shutter Island (2010)
Shutter Island (2010)

 

 

ပထမ ပြောမဲ့ ကားက လီယိုနာဒို ဒီကာပရီယို ရဲ့ ရုပ်ရှင် ပါ။

.
Shutter Island (2010) တဲ့။
Rating 8.1/10·IMDb မို့ ကောင်းတယ် ပြောနိုင်ပေမဲ့ အစပိုင်းတော့ ပျင်းစရာ ကောင်းမှာပါပဲ။

.

ဇာတ်လမ်း က စုံထောက် လီယိုနာဒို နဲ့ သူ့ လက်ထောက် က လူသတ်မှု ကိစ္စ စုံစမ်းရင်းနဲ့ ကျွန်းသတ်သတ်မှာ တည်ဆောက်ထားတဲ့ အရူးဆေးရုံ/ထောင် ကို ရောက်လာရာက စပါတယ်။

.
တစ်ကားလုံးကို လီယိုနာဒို ရဲ့ နေရာကနေ အများဆုံး ရိုက်ပြသွားတာမို့၊ ဇာတ်လမ်းတစ်လျှောက်

အမှု စုံစမ်းပုံ၊

သဲလွန်စ ရပုံ တွေမှ တဆင့် နောက် ဆုံး ဇာတ်လမ်းရဲ့ လျှို့ဝှက်ချက်ကြီး ပေါ်လာတာပါပဲ။

.
ကြည့်ပြီး ကိုယ်တိုင် မွန်းကြပ်လာပြီး ဘေးနားက လူတွေကို မယုံသင်္ကာဖြစ်လာတဲ့ အထိပါ။

လီယိုနာဒို အမူအရာ သိပ်ကောင်းပါတယ်။

~~~~~~~~~~~~~~~~~~~~~~

 

 

 

Stone Hearst Asylum or Eliza Graves (2014)
Stone Hearst Asylum or Eliza Graves (2014)

 

နောက်တစ်ကားကတော့ ခုလေး တင် ကြည့်ပြီးတဲ့ Stone Hearst Asylum or Eliza Graves (2014) ပါ။
IMDb rating 6.8/10 ပေမဲ့ ကြည့်လို့ ကောင်းတဲ့ ကားပါ။

.
အသံ ဆု ရထားတယ် ပြောပါတယ်။

.

ဇာတ်လမ်းက စိတ်ရောဂါကု ဆရာဝန်လေးက သူတို့ လက်ချာချိန်မှာ သရုပ်ပြ ရတဲ့ အရူးမလေးကို တွေ့ချင်လို့
လူမနီး သူမနီး သူမ ထားရာ ထောင်ကို လိုက်လာတာက စပါတယ်။

.
အဲဒီ ဆေးရုံမှာ အုပ်ချုပ်နေတဲ့ ဆရာဝန်ကြီးက လူနာကို ပျောက်ကင်းအောင် ကုသဖို့ထက် အရူးကို အရူးလို ထားလိုက်ဖို့ ပိုအားသန်တာကို သူ စ တွေ့ပါတယ်။

.
နောက်တော့ သူတွေ့ချင်တဲ့ အမျိုးသမီးကိုလည်းတွေ့ရချိန်မှာ အမျိုးသမီးက သူ့ အမြင်မှာ အရူးနဲ့ မတူသလိုဖြစ်လာ…
ဘေးက ဆရာဝန်တွေ နပ်(စ) တွေရဲ့ မူမမှန်မှုကို တွေ့ရှိမှုမှာ က အစ ဇာတ်ရှိန်မြင့်လာတာပါပဲ။

ကြည့်ပျော်ပါတယ်။

23 comments

  • မြစပဲရိုး

    July 22, 2015 at 9:19 pm

    ပထမ ကား ကိုတော့ လူသတ်ကားမို့ စိတ်မဝင်စားချင်ဘူး။
    ဒုတိယကား ကတော့ အတော်လေးစိတ်ဝင်စားဖို့ကောင်း သား။
    . ကြည့်နိုင်မယ်မဟုတ်တော့ ဇာတ်လမ်းဘဲ ရှာဖတ်ရတော့မှာဘဲ။
    . ကျေးဇူးဘဲ ဇီကလေး ရေ။ :-))

    ပုထုဇဉ်နော ဥမ္မာတကော ကားတွေထဲ အရီး မှတ်မိနေတာက ဂျူလီယာရောဘတ် ပါတဲ့ “Sleeping with the Enemy”. (၁၉၉၁ ဆိုတော့ အတော်တော့ ကြာပြီပေါ့)
    အဲဒီထဲ သူ့ယောကျာင်္း ကအရမ်းသဝန်တိုပြီး သန့်ရှင်းသပ်ရပ်တာထက် ပိုတဲ့ ပစ္စည်းတွေ ကို အထားအသို (တဘက်လှမ်းတာတို့၊ ထဲ ဗူးတွေ ထားတာတို့) တွေကအစ အနုစိတ်ပြီး ဇီဇာကြောင်တဲ့ စိတ် ရှိတဲ့သူ။
    .နောက်ဆုံး မခံနိုင်လွန်းလို့ ရေနစ် ပြီး အလောင်းပျောက်သလို သေချင်ဟန် ဆောင်ပြီး ထွက်ပြေးတာ။
    အဲဒါကို နောက်တော့ အဲဒီလူက သိသွားပြီး လိုက်ရှာ တဲ့ ဇာတ်လမ်း။
    အရမ်းကြည့်လို့ကောင်းတယ် လို့ တော့ မပြောနိုင်ပေမဲ့မပျင်းရဘဲ ကြည့်ပျော်ပါတယ်။

    https://en.wikipedia.org/wiki/Sleeping_with_the_Enemy

    • ဇီဇီခင်ဇော်

      July 27, 2015 at 9:33 am

      အဲလို ကားမျိုးဆန်ဆန် ဂျေလို ကား ရှိတယ် အရီးရေ။
      မင်းသမီး တွေ တော်မှ ကြည့်ကောင်းတဲ့ ကားတွေ..

      🙂

  • @QUIL@

    July 22, 2015 at 9:59 pm

    …live as a monster or die as a good man..

    • ဇီဇီခင်ဇော်

      July 27, 2015 at 9:34 am

      both or neither

      :mrgreenn:

      • @QUIL@

        July 27, 2015 at 10:16 am

        ဒီဘဲကို အတော်ကြွေတဲ့ကားဗျ…
        အဲ့စကား နောက်ဆုံးခန်းမှာ သူပြောသွားတာ…
        အင်မတန် သရုပ်ဆောင်ကောင်းတဲ့ဘဲ…..
        ကျုပ် ခုတလော…ကားဟောင်းတွေပြန်ကြည့်မိတယ်….
        what’s eating gilbert grape ရှာကြည့်ကြည့်…
        ရှားရှားပါးပါး ဂျော်နီးဒက်ပ်နဲ့ လီယိုနာဒို ဒီကာပရီယို ပါတဲ့ကား…
        ၂ယောက်လုံး ပီပြင်ချက်က သေလို့ရတယ်….
        ကျုပ်ပါဆင်နယ် ပရီဖရန်စ့်အရ ဂျော်နီဒက်ပ်ကိုပိုနှစ်သက်ပေမယ့်
        ဒီကားမှာတော့… ဟိုဘဲကိုမဲပေးရလိမ့်မယ်… သိပ်ပြောင်မြောက်တဲ့ အနုပညာရှင်ဗျ…
        ရုပ်ရှင် ဟာ ဘာသာရေးဆိုရင်… သက်ရှိ ဘုရားတဆူဖူးရသလိုပဲ….
        အဲ့ထက်ကျုပ်မပြောတတ်တော့…

        • ဦးကျောက်ခဲ

          July 27, 2015 at 10:39 am

          အဲသည့်ကားကို သိပ်ကြိုက်…
          သူတို့ ၂-ယောက်လုံး ငယ်ငယ်လေးတွေပဲရှိသေးတာ…
          ဒီနေရာမှာ ကိုရင်ဂီနဲ့ သဘူတောတယ်…
          ဟိုငတိက ပိုသရုပ်ဆောင်ကောင်း…
          ဆိုင်ဆိုင် မဆိုင်ဆိုင် River Phoenix ကိုလည်း လွမ်းပါကြောင်း…

        • @QUIL@

          July 27, 2015 at 10:47 am

          ကျုပ်က အဲသည်အကြောင်း ဆောင်းပါးတချို့ ရှာဖတ်ဖူးသဗျ…
          အရူးလေးတွေ အိမ်ခေါ်ပြီး ငတိက လေ့လာပြီး အတုယူသတဲ့လေ…
          သိပ်စိတ်ဝင်စားဖို့ကောင်းတယ်…
          ကျနော်စာသင်သားဘဝမှာ ကျပ်မပြည့်တဲ့ ကလေးတယောက်နဲ့ နီးနီးကပ်ကပ် ဆက်ဆံဖူးတယ်…
          သူတို့က စိတ်ဝင်စားဖို့ကောင်းပါတယ်… ထားပါဗျာ….. အဲ့အကြောင်းတွေ..
          လီယိုနာဒိုအကြော်ငးပြန်ပြောရရင်…
          အဲ့ဘဲ … အိုင်းယွန်းမက်ခ်စ် တုန်းကလည်း အကန်းလို ခြောက်လလောက်နေဖူးတာ ဖတ်ရတယ်….
          တိုက်တိုက်ဆိုင်ဆိုင် … …အိပ်ဇမ်ဘယ် ထွန်းထွန်း သံချောင်း သရုပ်ဆောင်တာ သွားသတိရသေး…
          အားဟိ…..
          ဆိုင်းဆိုင်းခမ်းလိုင်ဆို … ဆိုဖွယ်ရာမရှိ…။
          အနုပညာဟာ ဘာသာရေးဆို…. အဲ့ကောင်က… ဒေဝဒတ်ဗျ….။
          (ဆဲစေသဒီး)

        • ဇီဇီခင်ဇော်

          July 27, 2015 at 10:58 am

          နာ လေ အရင်က လီယိုနာဒို ကို တောက်ထင်ကို မကြီးတာ။
          ရုပ်ကလေး ပြစားမဲ့ကောင်လေး ဆိုပြီးးးး
          နောက်ပိုင်း (အဲ) ခုပြီးခဲ့တဲ့ ရ ရက်တာမှာ အမူအရာတွေ အပိုင်နိုင်ဆုံး ဖြစ်တဲ့ ကားတွေချည်းထိုင်ကြည့်ပြီးသာကာလ အတော် သဘောကျသအေ။
          သူ့ ကို ပြန်တူးတာ သတ်သတ်လာပါအူးမယ်။

          🙂

        • @QUIL@

          July 27, 2015 at 11:04 am

          သူက ပရို ပီပါတယ်ဗျ….
          အမြဲတမ်း အကောင်းဆုံးဆိုမှ လက်ကလွှတ်ချင်သူ…

        • ဇီဇီခင်ဇော်

          July 27, 2015 at 11:11 am

          စိတ်လေးတွေကို သဘောကျတာ။
          ဂျော်နီဒတ် ပြီးတော့ သူပဲ။
          သူတို့ရဲ့ချောမောလှစွာသော ရုပ်တွေကို ဖုံးးပြီး အမူအရာ ကျန်အောင် ရိုက်သွားတယ်။

          ခုတလော သူ့ကားတွေ ကြည့်တာ..

          Shutter Island
          The Departed
          Catch me if you can

        • ဦးကျောက်ခဲ

          July 27, 2015 at 11:44 am

          လီယိုနာဒိုက Biography တွေ သရုပ်ဆောင်တာ အတော်ပီပြင်တယ်…
          The Aviator က Howard Hughes…
          Catch Me If You Can က Frank Abagnale, Jr….
          J. Edgar က J. Edgar Hoover …
          The Wolf of Wall Street က Jordan Belfort …
          အနုပညာ မှော်အောင်တယ်ဗျာ…
          မြန်မာဓာတ်ရှင်မင်းသား ဒေဝဒတ်တွေနဲ့ ကွာပါ့…

  • Swal Taw Ywet

    July 27, 2015 at 1:12 am

    ကျောက်တတ်တယ့်စ်။
    သများပြောတဲ့ အားကစားကားလေးတော့ ဖြင့် မန့်တောင်မမန့်ဘဲနဲ့။
    ဒေါ်လေးနဲ့ကို တိုင်ပြောမယ်။
    ဦးရီးတော်
    With respect,
    Swal taw Ywet.

    • ဇီဇီခင်ဇော်

      July 27, 2015 at 9:35 am

      ဘာကားလဲ/
      အားကစားကားဆို လုံးဝမကြည့်လို့ဘာ။

      :mrgreenn:

  • Mike

    July 27, 2015 at 3:35 pm

    .ပထမကားတော့ကြည့်ဖူးတယ်..မဆိုးပါဘူး…
    .ဟိုနေ့ကပဲ The man in the iron mask ဆိုတဲ့ကားလေးကြည့်လိုက်တယ်.လီယိုနာဒို နှစ်ကိုယ်ခွဲ .သရုပ်ဆောင် .ကောင်းသား

  • kai

    July 27, 2015 at 3:58 pm

    အခု အယ်လ်အေမှာ..စပယ်ရှယ်ကမ္ဘာ့အိုလန်ပစ် ပြိုင်ပွဲဆိုပြီးလုပ်နေတာ… အားကစားသမားပေါင်း ၆၅၀ဝကျော်လာတယ်တဲ့..
    မနေ့ကတင်..မစ်ရှဲအိုဘားမား ဖွင့်ပွဲလုပ်သွားတယ်…။
    အဲဒီထဲ.. မြန်မာပြည်က.. ၁၄ယောက်လာပြိုင်တယ်ဗျ..။
    အဲ… အုပ်ချုပ်သူ၊ ဆရာဝန်၊နည်းပြတွေဖယ်လိုက်ရင်.. ၉ယောက်. ပဲ..။
    စိတ်ဓာတ်ရေးရာအရ.. ချို့ယွင်းမှုတချို့ရှိပေမယ့်.. အားကစားလိုအပြိုင်အဆိုင်မှာ.. နိုင်အောင်ပြိုင်လိုချင်စိတ်ရှိတာကိုတော့ ချီးကျူးမိတယ်..။
    ရွှေရရင်တော့.. ရတဲ့သူ.. လက်ဆောင်တွေဝယ်ပေးလိုက်မယ်တွေးတာပဲ..။ :k:

    • ဇီဇီခင်ဇော်

      July 27, 2015 at 4:10 pm

      ကောင်းပါ့ဗျာ။
      အဘက်ဘက်က မပံ့ပိုးတဲ့ အားကစားကို နိုင်အောင် ပြိုင်ချင်စိတ်ရှိတာကိုက ချီးကျူးစရာပဲ။

      :k:

  • ဝင့်ပြုံးမြင့်

    July 27, 2015 at 4:36 pm

    .ရှပ်တားအိုင်လန် ကြိုက်တယ်။ အဲဒါ လူသတ်ကား ဟုတ်ဘူး။ ဒေါ်မြစာကလေး ဖြီးတယ်။

    • မြစပဲရိုး

      July 27, 2015 at 10:21 pm

      အဲ့ဂလို သဘော ဖြစ်သွားရင် စောဒီးပါ ပြုံးညီမ ရေ။
      သများ ဆိုလိုချင်တာက လူသတ်ကားဆို မကြည့်ချင်ဘူး လို့ ဆိုတာပါ။
      မကြည့်နိုင်လို့ အင်တာနက်ထဲ က ဇာတ်လမ်းဘဲ ရှာဖတ်မယ်လို့ တော့ ပြောပါတယ်။ :-))

      အခုနောက်ပိုင်း ပို့စ်တွေမှာ ပေးထားတဲ့ မှတ်ချက် တွေ ကို ကိုယ့်ဟာကို အားမရပါဘူး။
      မနက် မနက် လို အလုပ်မသွားခင် အပြေးအလွှား ဝင်ပေးသွားတာ မျိုး တို့၊ ညနေ ညစာ မချက်ခင် ခဏဝင်ပြီး အမြန်ပေးတာ မျိုး တို့၊ ည အိပ်ခါနီး အိပ်ချင်မူးတူး ပေးတာ မျိုး တို့ များလာပြီ။

      အရင်က ပို့စ် ရေးဖို့ထက် သူများ တွေ ကို မှတ်ချက်ပေးရတာ ပိုကြိုက်တာ။
      အခု တော့ ပွိုင့် ရဖို့ ကို အာရုံထားနေတော့ အရည်အသွေး ပျက်လာပြီ။
      သို့ပေမဲ့ စိတ် က မရတော့။
      အရေအတွက် ပြည့်အောင် သာ အမြန် လုပ်တော့မည်။
      နောက်မှ အရည်အသွေး ဘက် ပြန်တော့မည်။ lol:-))))

  • manawphyulay

    July 29, 2015 at 10:09 am

    ဒါနဲ့ ကားကောင်းလေးတွေ ဒေါင်းလို့ရမယ့် လင့်တွေပါ တင်ပေးပါလားဟင်… ဒေါင်းပြီး အိမ်မှာပဲ ကြည့်ချင်လို့…. :mrgreen:

  • ဂျီးတော်က ညွှန်းလိုက်.. သများက သဂျားကို အပူကပ်လိုက်နဲ့ ဟုတ်နေတာပဲ…
    Movie Mart သွားရင်လည်း ဂျီးတော် ညွှန်းတာတွေကိုပဲ ဝယ်လာတာ..
    နှစ်ကားလုံးကြည့်ချင်တယ်.. 😀

  • အောင် မိုးသူ

    July 5, 2016 at 10:56 am

    လီယိုနာဒိုကားကတော့ ဝေဝေဝါးဝါးပဲ ပြန်ကြည့်ရမယ် ကြည့်ဖူးလား မကြည့်ဖူးလား မမှတ်မိဘူး

  • Thint Aye Yeik

    July 5, 2016 at 11:39 am

    မမဂျွီးတို့ ညွှန်းပြီဆိုရင်တော့ လျှာ ကြည့်မှဖြစ်မယ်

Leave a Reply