စိတ်ညစ်နေတဲ့ မိမိဂီ

ムラカミJune 8, 20151min23910

စိတ်ညစ်နေတာဗျ

ကျုပ်ရှောင်မိလေး ပျက်သွားလို့….

တျောက်သောသူက ပန်းသီးပြန်သုံးတဲ့…. သူ့ဆီကယူတဲ့…

မယူချင်ပါဘူးဆို…

ဇွတ်….

အမေက ငသားလေး…. ဆိုနီပဲသုံး တဲ့… အတင်း ဆိုနီသွားဝယ်မယ်လုပ်နေတာ….

အဖေက သူ့ ဆမ်ဆောင်း ပေးလိုက်တယ်.. ရော့ … ဒါပဲသုံးတဲ့…ကျုပ် စိတ်တွေမကောင်းနွန်းနွန့်ပါ…

ရှောင်မိလေး ပြန်ကောင်းသွားရင် အေးမယ်…

မဟုတ်ရင် တဖက်ဖက်ကို မျက်နှာလိုက်ရာကျတော့မယ်လေ….

သိတယ်မလား….

ကျုပ်ကလည်း အသည်းမမာတော့…. အဲ… အယ်လ်ဂျီလေးတော့ ကိုင်ချင်သားဗျာ…

ထားပါလေ ဖုန်းကိစ္စ ……

ကျုပ်ကလည်း သိပ်ရိုးသားချင်သားကလားဗျာ…..

ကျုပ်ယီးဇား အယ်စတုံကြီး နေပြန်ကောင်းတာတောင်

ငယ်ချစ်ဦး ဒက်စတွတ်လေး မေ့သလောက်ရှိတခါတခါ ပြန်ပြန်ကိုင်နေသေးတာရယ်….

အသည်းမမာတာတော့ဗျာ…. ကျုပ်က အားနာတတ်တာကိုး….

မနက်က ပေါက်ဆီလေး သွားစားတယ်….

အိမ်ရောက်တော့ ဆြာဂီကို ကြည်ညိုလွန်းလို့တဲ့… မျက်စောင်းထိုးအိမ်က နို့ခေါက်ဆွဲတွေ လာဂါသွားတယ်…

အော်… ဓါနလေးမြောက်အောင် ၂ဇွန်းလောက်ပဲ စားနိုင်တော့ ရင်ဘက်ထဲသိပ်မကောင်း..

နေ့လည်ကျ အမေက ဝက်သားမျှစ်ချဉ် ချက်ပါလေရော… ငသားလေးကြိုက်ရှာတယ်လေ ဆိုပြီး…

ဒါပေမယ့် နို့ခေါက်ဆွဲလေးပဲ ဘုန်းလိုက်ပါတယ်.. ခညာတွေ ကျော်မစားတာသိရင် စိတ်မကောင်းဖြစ်ကြရှာမယ်မလား….

ဒါတောင် ထမင်းမစားပေမယ့် ကိုကိုဂီ ကြိုက်တတ်လို့ဆိုပြီး ဟိုတယောက်လာပို့ထားတဲ့ မချစ်စုလေး ၂စိတ်လောက် စားလိုက်ရသေး….

အဲ့ဒါ ခံတွင်းချဉ်နေရှာမယ် ဆိုပြီး အမေက ညနေကျ အပြင်ထွက် ထမင်းစားဖို့ လုပ်ပါလေရော…

မစားပါဘူးဗျာလို့… အမေတို့ ပြန်ရင်လိုတာလေးပဲ သွားဝယ်ရအောင်ပါ…

သားသားက မနက်ကမစားဖြစ်တဲ့ မျှစ်ချဉ်နဲ့ပဲ စားပါ့မယ်ပြောလိုက်ရတယ်…။။

အဲ့ဒါနဲ့ စိတ်မကောင်းလွန်းလို့ ဆိုပြီး အမေက ငသားလေး ငါမရှိရင် ထမင်းစားမကောင်းရှိရှာတော့မယ်ဆိုပြီး ဝက်သားပြားတွေဝယ်ပါလေရော…

အဖေကလည်း… အားကျမခံ…မုန်ညင်းချဉ်တွေ မင်းကြိုက်သယ်မို့လား ဆိုပြီး ခြင်းထဲထိုးတည့်ရော….

မိုးလင်းရင် အလုပ်စားပွဲပေါ် ကျော်ကြိုက်တတ်တဲ့ ဟိုစိကလက်လေး တင်တင်ပေးရတာအမော….

ခက်စ်တယ်ဗျာ… ကျုပ်ဘွကြီးက ပင်ပန်းလွန်းပါတယ်….

အင်းလေ… ဒါတောင် ဖုန်းပျက်သွားလို့…

ဖုန်းပျက်နေတာလည်းအေးပါတယ်လေ…..

မဟုတ်ရင်လည်း ဖုန်းက ညတိုင်ဆို ပိတ်ပိတ်ထားရတယ်…

ဆြာ့ကို ကြည်ညိုလို့ဆိုပြီး ညီငယ်လေးတွေ ဂါပရဇီ ဆိုပြီး ဘီဘီသောက်ဖို့ ခေါ်ကြလွန်းလို့………

တော်သေးပြီဗျာ…..

ဈေးလေးခနသွားတုန်း… ဘယ်ကမှန်းမသိလာပေးတဲ့ ကတ်ကြေးကိုက်လေး မစားဖြစ်မယ့်အတူတူ ပူတုန်းနွေးတုန်း….

ဟိုဘက်အိမ် သွားပေးလိုက်အုံးမယ်….

ဘဝက ကြမ်းပါတယ်ဗျာ…..

တော်ကြာ …. မတော်လိုက်ရတဲ့ ယောက္ခမကြီး …. မိုးဖွဲဖွဲလေးရွာနေတယ် သားရဲ့ ဆိုပြီး ထီးထွက်ထွက်ဆောင်းပေးလွန်းလို့ သူ့အလစ် ချောင်းရအုံးမယ်….

အော်.. ပင်ပန်းထှာ…

နောက်တာ …

အတည်…။

10 comments

  • ခင်ဇော်

    June 8, 2015 at 8:44 pm

    Wake up, Ghi…
    WAKE UP…!!!!!

  • Mike

    June 9, 2015 at 10:39 am

    .နီ့စာဖတ်လိုက်မှ နာပါစိတ်ညစ်တွားဘီ

  • ကြည်ဆောင်း

    June 9, 2015 at 11:01 am

    တော ်တော ်ကောင်းတဲ့ အိပ်မက် းးးးးးး

  • Alinsett @ Maung Thura

    June 9, 2015 at 11:06 am

    .အော်. . . .
    .အင်းးးးးးးးး
    .အော်အင်း အော်အင်းးးးး
    .သူ့ခမျာ စိတ်ညစ်စရာတွေ ပုံ နေတဲ့ ဘဝကြီးပါလားနော်. . .
    .ပလို့ဂျိဘဝလို့ ခေါ်ရမယ်ထင်ပါ့
    .လက်လန်တယ်ဗျာာာာာာ

  • Ma Ei

    June 9, 2015 at 11:39 am

    အေးပေါ မိမိဂီရယ်…
    စိတ်ညစ်မယ်ဆိုလဲ စိတ်ညစ်စရာပါဘဲ…
    အတော်ကို ဆိုးကြတယ်နော်…
    သနားလိုက်တာအေ…
    🙂

  • မွသဲ ( 17082011 )

    June 9, 2015 at 1:47 pm

    နွေရာသီလဲကုန်ပါဘီအေ ဇီးယိုလေးကောကုန်ပလားအေ့

  • မြစပဲရိုး

    June 10, 2015 at 4:31 am

    သူများ က အစားအသောက် လာပေးတာ ကို ပီတိ ဖြစ်နေတယ်။
    ကိုယ့် မာတာမားမား နဲ့ ပါတာပါးပါး ကို စော်ကားနေကြတာ မသိဘူး။ အံ့ရော။
    မင်း ရုပ်က အဟာရချို့ နေရှာတဲ့ အီသီယိုပီယန် ရုပ်ထွက် နေတယ် ထင်ကြလို့ မိဘများ က အငတ်ထား နေသလား တွေးနေကြတာ နေမှာ။

    ဘာလဲ ရှောင်မိ ဆိုတာ????

    • ဝင့်ပြုံးမြင့်

      June 11, 2015 at 1:35 pm

      .အရီးလတ်ကို အစိမ်း ပေးထားတယ် ဒါဗြဲ။ အစိမ်း ၁ဝမှတ်လောက်ပေးချင်တာ။ ခိခိ။ အီသီယိုပီယန်ရုပ်ဆိုလို့။ 🙂

Leave a Reply