ညှော ်ကြမယ်ဗျိုး…..

Ma EiJune 9, 20151min24717

ညှော်ကြမယ်ဗျိုး…..

ရုံးသမားမို့ တစ်ပါတ်စာ စားလို့ရအောင် စနေ တနင်္ဂနွေ တစ်ရက်ရက်မှာ အကြော်လှော်လေးတွေ ချက်ပြုတ်ကြော်လှော်ရပါတယ်…

ဒီတစ်ပါတ်တော့ ငံပြာရည်ချက် ချက်ပါမယ်… ငံပြာရည်ချက်အတွက် လိုအပ်တာတွေကတော့

1.. ပုဇွန်ခြောက်             ၁ဝ ကျပ်သား

2.. ငရုတ်သီးခွဲကြမ်းခြောက် ၅ ကျပ်သား

3.. ကြက်သွန်နီ             ၁၅ ကျပ်သား

4.. ဆီ                         ၁ဝ ကျပ်သား

5.. ငံပြာရည်                   ၅ ကျပ်သား

6.. ကြက်သွန်ဖြူ             ၅ မွှာ လောက်ဆိုရပါပြီ…

လိုအပ်တာတွေ
လိုအပ်တာတွေ

သူတို့ကို ချက်ဖို့ပြင်ဆင်တာလေးလဲပြောမယ်နော်…

အရင်ဆုံး ငရုတ်ခွဲကြမ်းကိုထောင်းရပါမယ်…အိမ်မှာတော့ အမေ့လက်ဆောင် ကျောက်ငရုတ်ဆုံကိုဘဲသုံးပါတယ်..

ငရုတ်ခွဲကြမ်းထောင်းပီးရင်ခပ်ထားကာ၊ ကြက်သွန်နီ အခွံခွာ ထူထူလှီးထားတာကို ဆက်ထောင်း မညက်တညက်မှာ ခပ်ထားပါ၊ ပြီးမှ ပုဇွန်ခြောက်ကို ထောင်းပါ…အိမ်မှာတော့ အဲ့ဒီ အစီစဉ်အတိုင်း ထောင်းရပါတယ်…ဒါမှ ငရုတ်ဆုံဆေးရတာသက်သာမှာကိုး…

ထုထောင်းပြီးပုံ
ထုထောင်းပြီးပုံ

ကဲ ပြင်ဆင်ပြီးရင် ကြော်ရအောင်…

ဒယ်အိုးပူရင် ဆီထည့် ဆီပူလာရင် အရင်ဆုံး ကြက်သွန်နီထောင်းကို ထည့်ပါ မွှေပါ နွမ်းလို့မွှေးလာရင် ငရုတ်ခွဲကြမ်းထောင်းကိုထည့်ပါ၊

သူလဲ မွှေးလာရင် ပုဇွန်ခြောက်ထည့်ပါ.. မပြတ်မွှေပေးရပါမယ်.. ငရုတ်သီးတွေတူးမသွားအောင်ပါ…နောက်တော့ ငံပြာရည်ထည့်ပါ…မွှေပေးပါ..ငံပြာရည် အနံ့ပျောက်လို့ မွှေးလာရင် ကြက်သွန်ဖြူစိတ်လေးတွေထည့်လို့ မီးဖိုပေါ်ကချနိုင်ပါပြီ…

ငံပြာရည်ချက်
ငံပြာရည်ချက်

အရံဟင်းတစ်ခွက်အနေနဲ့ သူ့ချည်းစားစား အတို့မြှုတ်စုံလေးနဲ့စားစား

စားကောင်းသလောက်လဲ ချက်နေချိန် ညှော်တာမို့ ရွာသူားတို့ရေ ညှော်ကြမယ်ဗျိုး…..

17 comments

  • ကြည်ဆောင်း

    June 9, 2015 at 1:38 pm

    ငံပြာရည်ချက်ကလေးကတော့ သခွားသီးတို့စရာလေးနဲ့ ဆိုကောင်းမှကောင်း းးးးးးး

    • Ma Ei

      June 9, 2015 at 1:45 pm

      သရက်သီးစိတ်လေးတွေနဲ့လဲလိုက်မှလိုက်နော်…

  • ခင်ဇော်

    June 9, 2015 at 1:42 pm

    ဟမ်မငေးးးး
    စားချင်စရာ။
    ဒါနဲ့ပဲ မေ့ မျက်နှာ လ ကဘာ ဖြစ်နေတာ ကြာပေါ့.

    • Ma Ei

      June 9, 2015 at 1:49 pm

      အာ့ဆို သနပ်ခါးထဲ သံပုရာရည် ညှစ်လို့ ညအိပ်ရာဝင်လူးအိပ်လိုက်ပါ
      သက်သာတဲ့ပြင် လှသွားမှာနော ်…

  • aye.kk

    June 9, 2015 at 4:28 pm

    နှစ်သက်တယ်။

    • Ma Ei

      June 10, 2015 at 3:23 pm

      ကေ ျးဇူးပါ ကိုမိုက်…

      ကေ ျးဇူးပါ အမအေး…

  • မြစပဲရိုး

    June 10, 2015 at 4:36 am

    ချက်ပြီး ပုံနဲ့ ကို ပြန်ပြမယ်။ စာကျေမှန်းသိအောင်။ lol:-)))

    • Ma Ei

      June 10, 2015 at 3:19 pm

      ချစ်တဲ့ မလတ်..
      ချက်ပြီးပုံလေးတွေကြည့်ပြီးရင် ဂုဏ်ထူးမှတ် ပေးပါမယ်…
      🙂

  • Wow

    June 10, 2015 at 3:07 pm

    ငံပြာရည်ချက်က ချက်မလောက် အဖုတော့ မပေါက်တတ်ဘူး သွေးတက်၊ အကြောတက်လို့ အမြဲမစားရဲဝူး

    • Ma Ei

      June 10, 2015 at 3:16 pm

      တီအိလဲ သွေးတိုးတတ်တယ်၊ အစပ်ကြောက်တယ်…
      ဒါ့ကြောင့် နံမည်သာငံပြာရည်ချက် ပါလေရုံ ငံပြာရည် ပုဇွန်ခြောက်များများနဲ့ ကြော ်တော့တာ…
      🙂

  • Ma Ma

    June 10, 2015 at 5:32 pm

    ပေါင်မုန့်နဲ့ ညှပ်စားလည်း ကောင်းမှကောင်း။
    🙂

    • Ma Ei

      June 11, 2015 at 9:18 am

      ငံပြာရည်ချက်ကြတော့ ဆီပါလို့ ပေါင်မုန့်သားပေါ်မှာ ငရုတ်ဆီရောင်နဲ့ မလှဘူးလေ…
      လှလှလေးစားဖို့ရာ ပေါင်မုန့် နဲ့က ဘာလချောင်ကြော ်မှပိုကောင်း…
      🙂

  • တောင်ပေါ်သား

    June 11, 2015 at 12:50 pm

    ဘူးသီးပြုတ် ခဝဲသီးပြုတ်လေးတွေနဲ့လည်း လိုက်သဗျ 🙂

    • Ma Ei

      June 11, 2015 at 1:12 pm

      ဘူးသီးပြုတ် ခဝဲသီးပြုတ်ဆိုလို့ ပြူတ်တို့စားကောင်းတဲ့သပွတ်သီးလေးတွေ
      သပွတ်ညွန့်လေးတွေ ခြံစည်းရိုးမှာ ငယ်ငယ်က လိုက်ခူးတာ အမှတ်ရမိ…

  • အောင် မိုးသူ

    June 16, 2015 at 1:33 pm

    တစ်လောကလည်း လွဲသေးတယ် အခုလိုကြော်တာကို ကျနော်တို့က ငံပြာရည်ကြော်လို့ခေါ်တာ။ ငံပြာရည်ချက်ဆိုတာ အရည်တည်လေးချက်တာကိုခေါ်တာ။ ခိခိ

  • Alinsett @ Maung Thura

    June 17, 2015 at 9:48 am

    မစားရ ညှော်ခံ မဖြစ်ရလေအောင်..
    အိမ် လာလည် စားပါရစေ..

    :mrgreenn:

Leave a Reply