အပျင်းပြေ

ムラカミJune 9, 20151min41521

ရွာကား ခြောက်ကပ်နေသည်..။

အရေးအကြောင်းဆို သဂျီးက ပျောက်နေ၏။

လူ့ဘောင်ညီး၍ ဘုန်းကြီးဝတ်သွားပြီလား မဆိုနိုင်။

တိတ်တိတ်ပြန်လာကာ တောထွက်၍ တရားအားထုတ်နေပြီလားမသိ။

အဲ.. ဟိုတလောကပဲ ကျုပ်နယ်ဘက်ကပြန်လာတာဆိုတော့ … ဘားမန်းပြည်ဝယ် ထွက်စရာတော မကျန်သလောက်ဆိုတာ မျက်မြင်။

အညာဘက်တွင်မတော့ ကျိုးတိုးကျဲတဲ ထန်းတောလောက်သာကျန်ရှိသည်။

သင်္ကန်းဝတ်ပီး ထန်းတေတာထွက်တယ်ဆိုတော့လည်း မသင့်တော်။

ထားတော့ သူ့အကြောင်း။

 

 
ဟိုသင်္ဘောကတ်ပီတန်ကတော် နှခမ်းတလန် ပန်းတလန် မွသဲလည်း ပျောက်နေ၏။

သူကတော့ ဒီမိုးတွင်းဝယ် သူ့ ကွန်ဒိုလေး အင်းယားကန်တိုးချဲ့သည့်အထဲပါသွားလို့

မြစ်တဖက်ကမ်း ပြောင်းနေသည်ဟုကြားရသည်။ အိမ်ပြောင်းကန်ပနီများ ဘားမန်းပြည်တွင်ပေါ်လာပြီဖြစ်သည်။

နှပ်ချေး ငါးပိလုပ်စားနေသော ကတ်ပီတန်ကတော်ကတော့ အကုန်အကျမခံလိုသဖြင့် ဝန်ဆောင်မှုကန်ပနီများ မသုံးပါ။

သူ့လေးဘီးကားလေးနှင့် အထပ်ထပ်အခါခါ ပစ္စည်းရွှေ့နေသည်ဟူသတတ်။

 

 

ကြောင်နှာကြီးလည်း အခုတလော ငြိမ်နေသည်။ ရွာထဲသာမလာတာ ဖေ့စဘုတ်ပေါ် တွေ့သမျှ ဆားချဉ်တယ် လုပ်နေသေး၏။

သူကတော့ ရွာထဲ အချိန်မရွေးပေါက်ချလာနိုင်သည်။ ပြောလို့မရ…. ဟိုတလောလေးက နာမည်ကြီးတဲ့ စာရေးဆြာမကဗျာဆြာမလေးအားကျပြီး

သူ့ကိုသူ ရွှေပန်းရွှင်ရွှင် ကလောင်နာမည်ပြောင်းကာ ကဗျာပိုစ့်တွေ တင်လေမလား မသိပါ…။

သူကလည်း ကဗျောင်တွေ နဘေထပ်တွေ နဂိုကတည်းက ဝါသနာကြီးသည်မဟုတ်ပါလား။

 

 

ပျောက်တဲ့အကြောင်းတွေပြောရရင် ကလေးကငို သေးကစို သေးဆိုလျက်ပဲ ဟင်းချက်ဆဲ ကြီးမှ မည်းတဲ့ ..ငယ်ဖြူဆြာတော်

ဦးသုမင်္ဂကျောက် အကြောင်းလည်း ချန်ထားလို့မရပါ။ အော်… အပူတွေ အပူတွေ။

 

 

ခုတလော ဒေါ်ဆွိလည်း ထုံ့ပိုင်းထုံ့ပိုင်း ကောမန့်ရေးပြီး (သူ့ စံချိန်အရဆို အတော်ငြိမ်နေသည်)

အစားအသောက်ဘက်ကနေ အားကစားဘက် လှည့်ပြီဟု ယူဆရသည်။

ဟိုဝူရှူးမယ်ကလေး အားကျပြီး သိုင်းကစားမယ်ချည်း စိတ်ကူးနေဟန်ရှိ၏။

သို့သော် ဆိုက်တော်သော ဝတ်စုံ အလွန်အင်မတန်ရှားသဖြင့် ဆူမိုဖက်ရှင်နှင့် ဝူရှူးက-မှာ မြင်ယောင်သေးတော့သည်။

ဖော်လိုဝါ သောင်းဂဏန်းနှင့်။ ဖေ့စဘုတ် ဆယ်လစ်ဗရစ်တီ ဖြစ်လာမလား မဆိုနိုင်ချေ။

 

 

ဒါမျိုးလာကျောလို့ကတော့ သူ့အချစ်ဆုံး ဒေါ်ဝေါင်းတို့က ဘယ်ခံလိမ့်မတုန်း….။

ဟိုခေး လို လေယာဉ်မောင်းမယ် ဆဲလ်ဖီဆွဲမယ် ထလုပ်ဖို့ လိုက်စုံစမ်းနေသည်။

သို့သော် ယခု မိုးတွင်းမို့ ဘုရားပွဲဈေးရှာမတွေ့သေးသဖြင့် သတင်းကျွတ်သည်အထိ ဆိုင်းငံ့ထားရသည်။

 

 
ကိုယ့်ကိုကိုယ် မင်းသားထင်နေသော ဇာတ်ခေါင်းကွဲ ပန်တျာဒညင်းဝက်လည်း ခုတလော ဘာတွေကျိတ်ရေးနေသည်မသိ။

အနုပညာကိုတော့ အသေခံ ဗုံးခွဲအံ့ မထင်။ ပြောလို့တော့မရ…. အောင်သယဲလင်း လို နာမည်မကြီးမှတော့ …

မင်းအုပ်ဆိုး လို ရိုတလို နာမည်ကြီးအောင် ထလုပ်နေမှ အခက်။

 

 
တလောကတော့ ဖက်တီးကတ်ကြီးတယောက် ဓါတ်ရောဂါ အတော်တက်နေသည်။

ပန်းပုံတွေ ရိုက်မယ် ဆိုတာချည်း။ ပန်းခြံတွေသွားသွားပြီး အတွဲချောင်းတယ် အထင်ခံရသဖြင့် သူပဲ ပြန်အရိုက်ခံရပြီး ကွဲနေသလားမသိ။

 

 

ဦးမိုက်တယောက်လည်း အလုပ်များနေဟန်ရှိသည်။ သူကတော့ သူ့အပြစ်နဲ့သူကိုးဗျ…။

ဟိုနှစ်က ဘိရုမာ ဆီးဂိမ်းမှာ အားကစားရွာ ခြင်ဆေးဖြန်းချင်လို့ ဆက်သွယ်လာတဲ့ တာဝန်ရှိသူကို မချေမငံလုပ်သတဲ့လေ…။

အဲ့ဒါ ဗလချိုက်တွေ ပြသနာရှာလို့ ဟိုးလေးတကျော်ဖြစ်သွားသေး..။ သည်နှစ် စင်္ကပူရအိမ်ရှင်ဖြစ်တဲ့ ဆီးဂိမ်းမှာ ခြင်အကိုက်မခံရဘူးဆိုလျင်…

တာဝန်ရှိသူတွေ သူ့ကိုထောင်းတော့မည်။ တန်ခိုးကြီးဘုရားပေါင်းစုံလှည့် အဓိဌာန်ဝင်နေသလား..။ စင်္ကားပူကို ခြင်ကျားပူအောင် မော်စကွီတို

အိပ်စပို့လုပ်နေသလား မဆိုနိုင်ပေ။

 
ဗေတားတယောက်ကတော့ မိဘပြုစုရင်း သားလိမ္မာလုပ်နေသည် ကြားသည်။

လူတွေ့ရင်တော့ အိမ်ဘက်လာခဲ့ ဘီယာတိုက်မယ် ဆိုတာချည်းပဲ..။

တပည့်မလေးတွေနဲ့ မိတ်ဆက်ပေးမယ်တော့မပြော။…. သိပ်အသည်းနာသည်။

 

 
အပျိုကြီး မွဝေကတော့ မကြီးမငယ် နှင့် ခါချဉ်လိုက်ဖမ်းနေ၏။

တော်ကြာ အဲ့ထက်ကြီးတအဲ့ အကောင်ဖမ်းမဟဲ့ဆိုပြီး ပင့်ကူတို့ ကင်းလိပ်ရှောတို့ ဖမ်းကြည့်နေရင်

အန်တရာယ်ရှိနိုင်သမို့ … သူသိချင်တာလေး ရေးတင်ပေးရသေးသည်။

 

 

အရီးဂွ အဲလေ အရီးမြစာကလေးကတော့ … ဘုရားဘက်တရားဘက် လှည့်သွားပြီမို့ အေးချမ်းနေဟန်ရှိသည်။

တချိန်လုံး ခနခနပြောနေသည့် ဒီမိုခွေစီ အကြောင်း ဘာသံမှမဟတော့..။

ပြောမရဘူး.. မဘသ ထောက်ခံသူများဖြစ်နေရော့သလားပဲ…။

(မြန်မာဘောလုံးအသင်း ပြောပါတယ်-အားဟိ)

 

 

ရွှေပေါက်တူး သမိန်ဗလက်ချောလည်း အရင်လောက် ဆယ်လစ်ဗရစ်တီတွေအကြောင်း စပ်စပ်စုစုမလုပ်တော့။

ဘောလုံးအကြောင်းလည်း ပြောတာသိပ်မတွေ့..။ ခေါင်းပေါ်ရေဖျန်းပေးသည့် ဘီယာဆိုင်ပဲ ရောက်နေသလားမသိ။

မိုးအတုတော့ ကြိုက်သည် အိုးအတုတော့ ကြိုက်မယ်မထင်။ (ပန်းထည့်စိုက်ဖို့ပြောပါတယ်)

 

အဲ.. ရှင်းကာမှ ရှုပ်ကုန်ပြန်ပြီ…။

ကဲပါလေ.. ထားလိုက်ပါတော့ …။

 

 
ကိုင်း ရေးရတာလည်း ညောင်းပြီ။ အုံးနှောက်လည်း ခြောက်ပြီ။ ဗိုက်လည်း ဆာပြီ ။

တော်သေးပြီ။

21 comments

  • မွသဲ ( 17082011 )

    June 9, 2015 at 1:58 pm

    မတမလေး တေဘာလား
    ရီလိုက်ရဒါအေ ညီးအိုက်လိုညိမ်းညိမ်းချမ်းချမ်းနေဇမ်းဘာအေ

  • ခင်ဇော်

    June 9, 2015 at 2:12 pm

    မတာလေးးး
    အလစ်အလစ်ဆို ဝင်ဝင်ကစ်ပြီ။
    နာ နား နေတဲ့ အကြောင်းက အဲ…. အဲ…… ပြောလို့ မဖြစ်လို့ ပြောဘူးအေ။
    ရေးချင်တာတွေ ရေးနေတုန်းးး
    အားကစားဆို ဖဲပဲ ရိုက်တော့မယ်။ (စိတ်နာလို့)
    ဝူရှူးတော့ ကစားချင်သားးး
    ဓားလေးနဲ့ က ရင်း ကွကို ပြန်လှီးမိမစိုးလို့။

    :k:

  • weiwei

    June 9, 2015 at 2:33 pm

    ခါချဉ်​လိုက်​ဖမ်​ူ​နေတာပဲ အန္တရာယ်​ကင်​းပါတယ်​။

    • ခင်ဇော်

      June 9, 2015 at 2:34 pm

      မာန်ကြီးနေတဲ့ ခါချဉ်တွေတော့ မဖမ်းခဲ့နဲ့နော်။
      တောင်ကြီး ပြိုမှာ ကြောက်ကြောက်!!

      :k:

    • Ma Ei

      June 9, 2015 at 2:51 pm

      ဝေ ဖမ်းထားတဲ့ ခါချဉ်လှတယ်ရယ်…

  • Mike

    June 9, 2015 at 2:47 pm

    .က ျုပ်က အလုပ်ရှုပ်တာနည်းနည်းပါ..စာကိုရေးဖို့အိုင်ဒီယာမထွက်လို့ငြိမ်နေတာဟေ့

  • aye.kk

    June 9, 2015 at 4:22 pm

    အပျင်းပြေဆိုတဲ့အတိုင်း
    အပျင်းပြေသွားပါကြောင်း။

  • kai

    June 10, 2015 at 2:10 am

    ပြီးတဲ့တနင်းဂ… ဇမ်ဂငယ်ဘုန်းကြီးနဲ့ လမ်းမှာတွေ့တာ…
    ရပ်စကားပြောရင်း.. အသိတိုးခဲ့တာမို့.. တောမထွက်ပဲ..မြို့ထွက်ဖို့.. အကြံထုတ်နေ….။

    ဗမာလိုပြောရင်.. ငယ်ဖြူခေါ်မလားပဲ…
    ကမ္ဘာပါတ်နေတာ.. ၄၄နှစ်လောက်တဲ့..။
    ထွက်တော့.. ဘာကလေးတက္ကသိုလ်ထွက်..။
    စတိ့ဂျော့ရဲ့.. ဘုန်းကြီး ရဟန္တာနဲ့တောင်တူနေသေး..။

    ဆိုတော့…
    ကျုပ်လည်း.. ရဟန္တာပေါ်တော်မူလာပြီး.. မပြီထင်လို့…
    အိုကွယ်..
    မမ,မ မမ,မ…။

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      June 10, 2015 at 11:42 am

      ဘယ်လို ဘယ်လို …
      စတိဂျော့ဘ် ဘုန်းကြီးက ရဟန္တာ … ..
      မကြားဖူးပါဝူးဗျာ….

      ကြံကြီးရယ်စီရာ…..
      ခုတလော အဖွကြမ်းနေတဲ့ ဘိရုမာပြည်က အဝါရောင်မီဒီယာတွေ နေမလားဗျ..
      အဲ့ဘုန်းကြီး ရဟန္တာဆိုတာမျိုး သတင်းအနံ့ရရင်…
      ကွကိုယ်ပေးတဲ့ စံနှုန်းနဲ့ ရဟန္တာ သတ်မှတ်ရင်တော့ မပြောတတ်….

      ထားပါတော့ ကိုယ်မနှံ့စပ်တဲ့ ကိစ္စမို့ မဝေဖန် မလေကန်တော့ဘူး
      စကားမစပ်
      ခီညားကို ကိုကိုဝီနဲ့ တိုင်မယ်…
      ဒချိ ဒချိပဲ သဂျီးရာ…..

      • kai

        June 10, 2015 at 1:26 pm

        ဗမာအဝါဂိုဏ်းရဲ့..အဓိပ္ပါယ်ဖွင့်တာနဲ့တော့.. ဘယ်တူပါ့မလည်း…။
        လူတွေ.. ယဉ်ကျေးမှုတွေ.. ရုပ်နာမ်စိတ်တွေ.. ဘယ်လောက်.. မြင့်မား.. အကျိုးရှိသွားသလည်း.. ဆိုတာနဲ့တိုင်းသင့်..။

        ဆိုတော့…
        ခရစ်ယန်မှာတော့.. စိန့်ဘွဲ့ရတွေပေါ့….။
        ဗယ်လင်န်တိုင်းဒေး..အချစ်နေ့ဖြစ်စေတဲ့.. Saint Valentine ဆို.. သူ့ကြောင့်လူတွေ မေတ္တာတွေထုံမွှန်းလှပတဲ့..လောကသစ်ကြီးဖြစ်လာစေတာမို့.. ရဟန္တာတပါးရယ်လို့.. :k:

        မှတ်ချက်။ ဗုဒ္ဓ။ ပစ္စေကဗုဒ္ဓ၊ ရဟန္တာ၊ ..သောတာပန်တို့မည်သည်.. မြန်မာထေရဝါဒမူပိုင်မာျးကားမဟုတ်..။
        မည်သူမဆို.. လူသားတိုင်း..ဖြစ်နိုင်သည် ဟူသတတ်..။

  • မြစပဲရိုး

    June 10, 2015 at 4:11 am

    (၁) ဟို ရွာ ထဲ က အဟောင်းတွေ ပြန်ဖွ နေလို့ အားသေးဘူး။
    (၂) ဟို ဘောပွဲ ရှိတဲ့ ရှင်ကြားပူး နေရာ မှာ တာဝန်ရှိသူ မဘသ တစ်ဦး အနေနဲ့ ၉၆၉ စတစ်ကာ နံပါတ်တပ် ဘတ်စ်ကားကြီး တွေ နဲ့ ဘော်ပွဲကြည့် မြန်မာပြည်သူ/သား တွေ အသွားအလာ လွယ်အောင် စောင့်ရှောက်ပေးနေလို့ အားသေးဘူး။

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      June 10, 2015 at 11:49 am

      ဟိုအာလဖွားယီးလည်း လက်ရှိ ဘိရုမာ၃သင်းလုံးကို လစ်လျူရှုတာ များပြီဗျာ…
      ခညာလည်းမအားရှာဘူးထင်ပါတယ်….
      တလောကရထားတဲ့ ဘွဲ့ကြီးနဲ့လျော်ညီစွာ ဘုန်းဘုန်းတွေကို မနက်မနက် ဆွမ်းချက် ကပ်နေတယ်ထင့်….
      ဘပြောင်ကမှ ပွဲစောင့်ကြည့်ပြီး လက်ခုပ်တီးဖော်ရသေး…။

      ပြောပါတယ်.. ဘိရုမာဘောလုံးအသင်းရှုံးရင် အဓိကမကောင်းတာ … အတိုက်အခံပါဆို…

      (ငိငိ တိုက်စစ်ရယ် ခံစစ်ရယ်ဖြစ်မယ်ပြောတာပါ)

      • kai

        June 10, 2015 at 1:29 pm

        ဒေါ်စုအပါအဝင်.. ၈၈ မျိုးဆက်တွေ.. ဘာလုပ်နေသလည်း.. အကြိမ်ကြိမ်တွေးနေမိ…။
        လေဆိပ်ဆင်းကြိုရမယ့်.. ဇတ်လမ်းဖြစ်သင့်…။

        • မြစပဲရိုး

          June 11, 2015 at 4:11 am

          အခု ဘဲ FB ထဲ မှာ မြန်မာဘော်လုံး အသင်း ကို ဒိုင် က ညစ် ပြီး မတရားလုပ်တယ် ဆိုလား။
          အဲဒါ ကို မှတ်ချက် တစ်ခု က “ဦးဇော်ဇော်” ဘာလုပ် နေလဲ တဲ့။
          အသုံး ကို မကျဘူး တဲ့။
          ချက်ချင်း ထချဲ ရမယ် တဲ့။
          တကဲ့ ကို ဘာမှ နားမလည်တဲ့ ကလေး တစ်ယောက် ပြောသလိုဘဲ။
          အခု မှတ်ချက် က ပိုဆိုးသေး။

      • ခင်ဇော်

        June 10, 2015 at 1:43 pm

        တမဒဂျီး ကို ခိုင်းလေ။
        အားလွန်းလို့ အိမ်မှာ ဘောပွဲ တစ်ယောက်တည်း ထိုင်ကျိနေတယ်ကော။
        သရက်သီးတွေ ကျိ နေမဲ့ အစားးး
        နိုင်ငံ ရတနာလေးတွေ အတွက် ဘာ ဆု ပေးရမလဲ စဉ်းစားညော်။
        ကိုယ့်ရဲ့ ခိုနီးဂျီး စပွန်စာပေးရကျိုးနပ်အောင်။

        • kai

          June 10, 2015 at 1:49 pm

          တော်ကြာနေ.. ဟိုက..တကယ်.. သီရိသုဓမ္မ.. ဘာညာ တယောက်စီထပေးလိုက်မှ…
          taxpayer money တွေပလုံကုန်ဦးမယ်..။

        • ခင်ဇော်

          June 10, 2015 at 2:01 pm

          ခု လိုက်ဝယ်နေတဲ့ ဒေါ်လှတွေက အာ့ပေးမို့လား မသိဘူးနော်။

          :k:

        • Ma Ma

          June 11, 2015 at 6:04 am

          (တကယ်.. သီရိသုဓမ္မ.. ဘာညာ တယောက်စီထပေးလိုက်မှ…)
          အဲဒါကမှ ထင်သာမြင်သာရှိလု့ိ တော်အုံးမယ်။ :kwi:

        • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

          June 11, 2015 at 2:14 pm

          ဘပြောင်က အားလို့ ဘောပွဲကျိနေတာမဟုတ်
          သမ္မတတယောက်အနေနဲ့ နိုင်ငံ့ကိုယ်စားပြုအသင်း တသင်း ကစားတာကို ထိုင်ကျိအားပေးနေတာ
          တနည်း တာဝန်ထမ်းဆောင်နေတာ….
          ခညာ နှလုံးရောဂါရှိတာတောင် ရစ်ခ့် ယူပီး ကျိရရှာတာ….
          သရက်သီးစိုက်တာက အိပ်စပို့လုပ်ဖို့ပါ…..
          (ကြာတော့ ကြာပြီ ကျုပ် တခါက သဂျန်မှာ သရက်သီးအင်ပို့လုပ်ဖို့ မြို့တော်ဝန်နဲ့ လာတွေ့တဲ့ ကနေဒီယန် တယောက်နဲ့ လည်ဖူးတယ်…)

          ငိငိ

          ဆဲစေသဒီးးးး

  • Ma Ma

    June 10, 2015 at 10:06 am

    ရွာထဲမှာ ပျင်းခြောက်ခြောက်ဖြစ်နေတာ မောင်ဂီကတော့ ပျော်တော်ဆက်ပဲ။
    တကယ်ပဲ အပျင်းပြေသွားတယ်။

    ကိုင်း….. ရေးတဲ့သူလည်း ညောင်းပြီ ဖတ်တဲ့သူလည်း မောပြီ။
    တော်သေးပြီ။ :k:

  • Wow

    June 10, 2015 at 4:07 pm

    လိမ်ဗျံမရသေးလဲ ဆိုက်ကားစီးပြီး ဆဲလဖီရိုက်မအေ.. ဒါမိုးတော့ အလေ ျာ ့ပေးလို့ဖြစ်ဖူးရယ် :mrgreen:

Leave a Reply