တိရိစာ္ဆန်လေးတွေ ကို ကြင်နာမှု ပေးပါ ။

Foreign ResidentJune 10, 20153min36120

တိရိစာ္ဆန်လေးတွေ ကို ကြင်နာမှု ပေးပါ ။

 

Australia ( ဩဇီ ) ကို သဘောကျရတဲ့ အကြောင်းရင်းတွေထဲမှာ ၊

လူ တွေကို မပြောနှင့် ၊ တိရိစာ္ဆန်လေးတွေ ကိုပါ ၊

အလေးထား ဂရုစိုက် တကယ့် နွေးထွေးတဲ့ ကြင်နာမှု ပေးတာပါ ။

တကယ် မေတ္တာတရား ထွန်းကားတဲ့ တိုင်းပြည်ပါဘဲ ။

 

Koala သားလေးက အမေ့နားက မခွာဘဲ အားပေးနေတာ
Koala သားလေးက အမေ့နားက မခွာဘဲ အားပေးနေတာ

ဒါက Koala သားအမိ ကားတိုက်ခံရလို့ ၊

Koala အမေလေး အဆုတ်ကို ထိသွားလို့ ခွဲစိတ် Operation လုပ်တာမှာ ၊

သူ့ Koala သားလေးက အမေ့နားက မခွာဘဲ အားပေးနေတာ ။

” Wake up Mum. Are you feeling better? ” တဲ့ ။

 

http://www.dailymail.co.uk/news/article-3114684/Wake-Mum-feeling-better-Adorable-moment-baby-koala-hugs-mother-undergoes-emergency-surgery-hit-car.html

 

Koala လေးရဲ့ လက် / ခြေ ဖဝါးတွေ မီးလောင်ကုန်လို့
Koala လေးရဲ့ လက် / ခြေ ဖဝါးတွေ မီးလောင်ကုန်လို့

ဒါက Adelaide Hills bushfires တောမီးလောင်တော့ ၊

မီးထဲက အသက်လု ဖြတ်ပြေးလာရတော့ ၊

Koala လေးရဲ့ လက် / ခြေ ဖဝါးတွေ မီးလောင်ကုန်လို့ ၊

Koala လေး ကို ဆေးရုံမှာ ဆေးကုပေးထားတာ ။

 

http://www.abc.net.au/news/2015-01-29/koala-injured-in-adelaide-hills-bushfires-rehabilitated/6054140

 

ပါးစပ်ချင်းတေ့ လေမှုတ်ပေးပြီး အသက်ကယ်နေတာ ။
ပါးစပ်ချင်းတေ့ လေမှုတ်ပေးပြီး အသက်ကယ်နေတာ ။

ဒါက ကားတိုက်ခံရပြီး ကြောက်အားလန့်အားနှင့် ၊

သစ်ပင် အမြင့်ကြီးပေါ် တက်ပြေးသွားပြီး သတိမေ့နေတဲ့ Koala လေးကို ၊

ကယ်ဆယ်ရေး အဖွဲ့က အဲ့ဒီ သစ်ပင် အမြင့်ကြီးပေါ် အထိတက်ပြီး ပြန်ဖမ်းပြီး ၊

Mouth to Mouth Respiration ပါးစပ်ချင်းတေ့ လေမှုတ်ပေးပြီး အသက်ကယ်နေတာ ။

 

http://www.theguardian.com/world/2014/aug/22/koala-survives-after-rescuers-give-it-cpr-heart-massage-and-oxygen

 

မိဘမဲ့ လင်းနို့လေးတွေကိုလည်း ပြုစု စောက်ရှောက်တယ် ။
မိဘမဲ့ လင်းနို့လေးတွေကိုလည်း ပြုစု စောက်ရှောက်တယ် ။

Koala မှရယ် မဟုတ်ပါဘူး ။

ရုပ်ဆိုးတဲ့ မိဘမဲ့ လင်းနို့လေးတွေကိုလည်း ပြုစု စောက်ရှောက်တယ် ။

 

http://laughingsquid.com/australian-bat-rescue-clinic-demonstrates-how-to-swaddle-baby-bats-so-that-they-look-like-burritos/

 

အဲဒီတော့ ကာ မေတ္တာ ရောင်ပြန်ဟပ်တယ်ဘဲ ဆိုရမလား ။

တိရိစာ္ဆန်လေးတွေကလည်း အလိုလို သိနေတယ် ။

ဒီက လူတွေဟာ သူတို့ကို ရန်မပြုဘူး ။ သူတို့ရဲ့ မိတ်ဆွေ ဆိုတာ ။

သူတို့လေးတွေရဲ့ ပုံတွေကို ကြည့်ပါလား ။4

 

5

 

6

 

7

 

8

 


 

ဟဲ ဟဲ ၊ ဒါကတော့ အပို လက်ဆောင် ။

ကျနော့် ရဲ့ ဩဇီ အိမ်က ခွေးလေး / သားလေး Maxi ။

ကစားရင်း ခြေခေါက်ပြီး ခြေထောက် ကြွက်သား အရွတ် Calf ပြတ်သွားတာ ။

့ခွေး ဆေးရုံတက်ပြီး ခွဲစိတ် Operation လုပ် ပြန်ဆက်ထားရတာ ။

သနားပါတယ် Drip Set လေး တန်းလန်းနှင့် ။9

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

20 comments

  • ခင်ဇော်

    June 10, 2015 at 8:10 am

    ချစ်စရာ/သနားစရာလေးးးကွယ်။
    သူတို့က ကံကောင်းနေပါသေးတယ်။

    သများတို့ မှာ တကယ် သနားစရာ ကောင်းတဲ့ ကူကယ်ရာမဲ့ ကိုယ့်နိုင်ငံသားတွေ ကျန်သေးတာမို့။

    😥

  • Ma Ma

    June 10, 2015 at 9:10 am

    ဒီမှာလည်း (လှည်းကူးမှာ ထင်တယ်) ခွေးတွေကို ပိုင်ရှင်မရှိရင် သွားပို့လို့ရတယ်။
    လမ်းပေါ်က ခွေးတွေကို အဲဒီမှာ လက်ခံပြီး ကျွေးမွေးစောင့်ရှောက်ထားတယ်။
    ဖဘမှာ အဲဒီအဖွဲ့အကြောင်း သတင်းတခါတလေ တက်လာတတ်တယ်။

    ခိုင်ဇာမန့်တာဖတ်ပြီး လှေစီးဒုက္ခသည်တွေကို စာနာထောက်ထားမှုအထောက်အပံ့ပေးတာကို သရော်ထားတဲ့ ကာတွန်းကိုတောင် သတိရမိတယ်။
    ဘယ်လိုပြန်ရှာရမှန်း မသိလို့။
    ပြန်ရှာပြီးရရင် ရှဲလိုက်အုံးမယ်။ :a:

  • Wow

    June 10, 2015 at 3:30 pm

    တောက်ပိုဒွေအေ… သူများနိုင်ငံက တိုးတက်တော့ တောက်ပိုဒွေလုပ်ရဒယ်လေ :mrgreen:
    ဒမာ လူတောင်ငတ်သေ သနားစယာဒွေပုံလို့ သတ္တဝါဒွေ ဘယ်သောက်ဖက်လုပ်နိုင်မလဲ…
    ပြောရင်နာကပဲ အကြင်နာမဲ့မဂျီးကျလို့.. ကာလံဒေသံ ကျိပြောပေါ့…

  • မြစပဲရိုး

    June 11, 2015 at 4:05 am

    ဒီ တစ်ခါ ဘာလို့ စဉ်းစား ဖို့ မခိုင်းတာလဲ အဘဖော။
    ကိုအားလား လေး တွေ က သူတို့ နိုင်ငံပြယုက် မဟုတ်လား။
    ပိုပြီး ဂရုစိုက်ရမှာလို့ ထင်တာဘဲ။
    . နိုင်ငံ က ပိုက်ဆံပေါတော့လဲ ဒါမျိုး တွေ လုပ်လို့ ရမှာပါ။
    ကိုယ့်ဆီမှာတော့ ကလေးလေး တွေ ၊ ခွေးတွေ နဲ့ ပလက်ဖောင်းပေါ်အိပ် နေကြတာ တွေ ပိုများတောင်လာသလား မသိ။
    အဘဖော သားလေး ကတော့ ဒီ ကလေး တွေ ထက် အများကြီး ကံကောင်း တယ်ပြောရမှာ။
    အခု နေပြန်ကောင်းသွားပြီလား။

    • Foreign Resident

      June 11, 2015 at 5:45 am

      ့မြစပဲရိုး says:
      ” ကိုအားလား လေး တွေ က သူတို့ နိုင်ငံပြယုက် မဟုတ်လား။
      ပိုပြီး ဂရုစိုက်ရမှာလို့ ထင်တာဘဲ။ ”

      Koala လေးတွေက သူတို့နိုင်ငံ ပြယုက် မဟုတ်ပါဘူး ။
      ဒီနိုင်ငံမှာကတော့ သတ္တဝါ အားလုံးကို ကြင်နာတာပါဘဲ ။

      ” အဘဖော သားလေး – – – အခု နေပြန်ကောင်းသွားပြီလား။ ”

      ကျနော့်သားလေး Maxi ပြန်ကောင်းသွားပြီ ။
      ကျနော့်ညီ ( ခွဲစိတ် Surgeon ) ကတောင်ပြောတယ် ။
      လူ ရဲ့ ကြွက်သားရဲ့ အရွတ်ဆိုတာတောင် သေးသေးလေးတဲ့ ။
      ခွေး ရဲ့ ကြွက်သားရဲ့ အရွတ် ကို ဘယ်လို ပြန်ဆက်ကြလဲ မသိ တဲ့ ။

  • Foreign Resident

    June 11, 2015 at 6:20 am

    အင်းးးးး ၊ ပြောရမယ် ဆိုရင်တော့ ၊
    ရွာသူားများကို ကိုယ့်ရဲ့ အတွေ့အကြုံ့လေးကို ဝေငှ ပါရစေ ။
    ကျနော် ကတော့ ဗုဒ္ဓ ဘာသာဝင် တစ်ဦးဆိုတော့ ၊

    ၁ ။
    ” စိတ်ထား ကောင်းရင် ၊ ကံ ကောင်းမယ် ” ဆိုတာကို ယုံမိတယ် ။
    ကိုယ့်ဘက်က အမြဲတမ်း စိတ်ထား ကောင်းကောင်း ထားလိုက်တာပါဘဲ ။
    ့ကောင်းတဲ့ ကုသိုလ်ကံ အကျိုးပေးက သူ့ဘာသူ လိုက်လာလိမ့်မပေါ့ ။
    ( ကုသိုလ်ကံ အကျိုးပေး လိုက်မလာလဲ ၊ ဂရုမထားတော့ပါဘူးကွယ် )

    ၂ ။
    ့မေတ္တာ တရား ကို လူ နတ် ဗြဟ္မာ သတ္တဝါ အားလုံး အပေါ်ထားလိုက်တယ် ။
    ( အဲ့ဒီ့ အထဲမှာ ရိုဟင်ဂျာတွေရော ၊ တိရိစာ္ဆန်တွေရော ပါပါတယ် )
    အဲ့ဒီ့ အခါကျရင် စိတ်ထဲမှာ ရှင်းပြီး လင်းပြီး ပေါ့သွားသပေါ့ ။
    တကယ့်ကို ရှင်းပြီး လင်းပြီး ပေါ့သွားတာပါ ။

    ကျနော့်မှာ အခုအချိန်မှာ ရန်သူ ဆိုတာ မရှိတော့ဘူး ။
    လူသား အားလုံးဟာ ကျနော့် မိတ်ဆွေ ဘဲ ။
    ( မေတ္တာ နဲတာ နှင့် များတာဘဲ ကွာတော့မယ် )

    ၃ ။
    ့ငွေနောက်ကို လိုက်နေရတဲ့ လောဘ ကို သတ်လိုက်ပြီ ။
    အခု စီးခဲ့တဲ့ သင်္ဘောက နောက်ဆုံး သင်္ဘော ဖြစ်ဖို့ များတယ် ။
    Even ပျင်းလွန်လွန်းလို့ မနေနိုင်လို့ သင်္ဘော ပြန်လိုက်ဖြစ်ရင်တောင်မှ ၊
    ့သေချာတာကတော့ ပိုက်ဆံ / ငွေ အတွက် လိုက်တာ မဟုတ်တော့ဘူး ။
    အဲ့ဒီ့ အခါ ငွေနောက်လိုက်ရင်းဖြစ်ရမယ့် အပူ မရှိတော့ဘူး ။

    ၄ ။
    အကောင်းဆုံးကတော့ လက်ရှိ ရောက်နေတဲ့ ဘဝမှာ ကျေနပ်လိုက်တယ် ။
    ဆိုလိုတာက လက်ရှိ ဘဝထက် ပိုမြင့်အောင် မကြိုးစားတော့ဘူး ။

    ကိုယ် ကိုယ်တိုင် ရဲ့ ဆုံးဖြတ်ချက် နှင့် ရပ်ပစ်လိုက်တာဖြစ်တဲ့ အတွက် ၊
    ကိုယ့်ထက် ပိုချမ်းသာ ပိုအောင်မြင်တဲ့ သူတွေကို တွေ့လည်း ၊
    အမှီလိုက်စရာ ၊ ကျော်တက်စရာ ၊ မနာလိုစရာ မရှိတော့ဘူး ။
    ဟုတ်တယ်လေ ငါ့ ဆုံးဖြတ်ချက် နှင့် ငါ ကျေကျေနပ်နပ်ကြီး ရပ်လိုက်တာဘဲ ။

    အဲ့ဒီ့ အခါ ကမာ္ဘလောကကြီးဟာ ၊ မြင်မြင်သမျှ စိမ်းစို လှပ လာပြီး ၊
    ့တွေ့တွေ့သမျှ သတ္တဝါ အားလုံးဟာ ချစ်စရာ မေတ္တာထားစရာ ဖြစ်လာမယ် ။
    ကျနော့်အမြင်မှာတော့ အဲ့ဒီ့ အခြေအနေလေးဟာ ၊
    အသက်ရှင်လျက် နှင့် ရနိုင်နေတဲ့ လောကနိဗ္ဗာန် တစ်မျိုးပါဘဲ ။

    ” မြင်မြင်သမျှ စိမ်းစို လှပ ၊ သတ္တဝါ အားလုံးကို ချစ် / မေတ္တာထား “

    • Wow

      June 11, 2015 at 9:31 am

      ပြောရရင်တော့ Nothing Personal ပါ။
      ဒါပေသိကိုယ်ကလဲ ကိုယ့်ရှေ့ ယပ်တောင်ခါးကြားထိုး သွားနေတာမြင်ရင် အမုန်းခံပြီးပြောချင်တာရယ်… :mrgreen:
      ရွာထိန်းကတော့ ရင်းနှီးတာကြာတော့ ပေါ့ပေါ့ပါးပါးပဲဝေဖန်သွားကြတာ…

      ဆိုတော့ တစ်ကန့်ပဲလွတ်သလား၊ မချူးဝါးပဲ မဖြစ်တာလား.. တစ်ချို့ဆို သေသည်အထိပြောင်းတာဟုတ်ဖူးရယ်.. နာတို့ဘကြီးတြောက်က အာ့မိုး… ကိုယ်တွေ့.. ပုံစံခြင်းတော့ နဲနဲကွာတာပေါ့လေ..

      အပေါ်မှာ ချွိ၊ မမ၊ အရီးတို့ပြောသွားတာ တရိစာန်တွေကို မကြင်နာဘူး သတ်စားမယ် တစ်ခွန်းမှမပါ..
      အဓိကနဲ့ သာမည ခွဲမသိလောက်အောင် တစ်ခန်းလွတ်နေရင်တော့ မပြောတတ်ဘူး..

      ကိုယ့်လူမျိူး လူသားအချင်းချင်း ဒုက္ခရောက်နေတာတွေ အများကြီးမို့ လူကိုဦးစားပေး ကူညီရမယ်ပြောသွားတာ…

      ဆိုတော့ လူတွေဒမြတိုက်လို့ သေသူသေ၊ ကျိုးပဲ့သူပဲ့၊ အိမ်မီးလောင်သူလောင် ဖြစ်နေတဲ့ အချိန်မှာ “ဟယ် ငါ့ကြောင်လေး ဘယ်နာသွားလဲ မသိဘူး၊ ငါ့ကြောင်လေးသနားကြပါ၊ သတ္တဝါတွေကို ညှာတာကြပါ” ဆိုတာမျိုးက ဓာတ်ရှင်ထဲက အရူးမတွေပဲ လုပ်တဲ့ အပေါက်မျိုး..

      အာ့မိုး မြန်မာပြီမှာလုပ်လို့ကတော့ မြန်မာလူမျိုးတွေက အားနာတတ်တော့ ရတယ်… လွတ်ထားချင်ထားမယ်.. အာဖရိက အငတ်ဘေးဆိုဒ်နေတဲ့နေရာမျိုးသွားလုပ်ကျိ…
      နာလေယဉ်လက်မှတ် အသွားအပြန်စပွန်စာပေးပါ့မယ်.. ဗိုလ်စောရိုးတို့ ဆီက အကြွေးယူပြီးတော့ :mrgreen:

      ပြောရတာ အားတော့နာတယ်ရယ်.. ဟီးးးး

      ဒါပေသိ ဒါမိုးဆိုတာ တည့်တည့်ပြောမှ နားဝင်တတ်တာမလား.. အောက်စလွတ်နေတာကို ယဉ်ယဉ်ကျေးကျေး မျက်စပစ်ပြနေရင်မပြီးတော့ဘူး… ဟေးးး နိအောက်စလွတ်နေတယ် ပေါ်တင်ပြောမှ..ပြီးသွားတတ်တာမျိုးကိုးးး :mrgreen:

      ဆိုတော့ ကာလံဒေသံ ဆိုတာ ရှိတယ်ရယ်…

  • ဝင့်ပြုံးမြင့်

    June 11, 2015 at 1:27 pm

    .(၁) စိတ်ထားကောင်းရင် ကံကောင်းမယ် ဆိုတာ လက်ခံပါတယ် ဘဖောရေ။ ဒါပေမယ့် ကံကောင်းနေတဲ့ လူတိုင်း စိတ်ထားကောင်းတယ်လို့တော့ ထင်ဘူးရှင့်။
    .(၂) ဘယ်သူ့ကိုမှ မရှုံးရင် ဘယ်သူ့ကိုမှ မမုန်းဘူးနော်။ ဒါလက်ခံပါတယ်
    .(၃)+(၄) လောဘသတ်တာ မေတ္တာထားတာ ကောင်းပါတယ်နော်။ ဒါပေမယ့် ဘဖောက ဘယ်မှာနေမှာလဲ။ မြန်မာပြည်မှာလား။ ဩဇီမှာလား။ ဩဇီမှာဆိုရင်တော့ ကိစ္စမရှိ။ မြန်မာပြည်မှာဆိုရင် ဝိဝါဒတွေ အများကြီးကွဲလွဲလာမယ်။ လူ့ဘဝဟာ သဘောတရား တစ်ခု နှစ်ခုလောက်နဲ့ မလုံလောက်တော့ဘူး။

  • Alinsett @ Maung Thura

    June 11, 2015 at 3:20 pm

    ဝင် ကြည့်မိတဲ့ ကိုယ့် ကိုယ်ကို ကိုယ် သနားမိပါတယ်

  • Foreign Resident

    June 11, 2015 at 3:24 pm

    ဝင့်ပြုံးမြင့် says:
    ” (၃)+(၄) လောဘသတ်တာ မေတ္တာထားတာ ကောင်းပါတယ်နော်။
    ဒါပေမယ့် ဘဖောက ဘယ်မှာနေမှာလဲ။ မြန်မာပြည်မှာလား။ ဩဇီမှာလား။
    ့ဩဇီမှာဆိုရင်တော့ ကိစ္စမရှိ။ မြန်မာပြည်မှာဆိုရင် ဝိဝါဒတွေ အများကြီးကွဲလွဲလာမယ်။
    လူ့ဘဝဟာ သဘောတရား တစ်ခု နှစ်ခုလောက်နဲ့ မလုံလောက်တော့ဘူး။ ”

    အွန် ၊ မပြုံးလို တွေးခေါ်ဆင်ခြင်နိုင်စွမ်း မြင့်မားတဲ့သူ တစ်ယောက်က ၊
    ့ပြောတဲ့ စကား မို့လို့ ( မှန်တာပြောရရင် ) Shock ဖြစ်ရ အံ့ဩရပါပြီကော ။

    ပထမ ဦးဆုံး ပြောချင်တာကတော့ ကျနော်ဟာ ၊
    ့ဩဇီ နှင့် မြန်မာနိုင်ငံ ၂ ခုမှာ ၊ မြန်မာနိုင်ငံမှာဘဲ အနေများနေတဲ့အတွက် ၊
    ကျနော့်ကို မြန်မာနိုင်ငံမှာ နေသူ လို့ဘဲ ယူဆလို့ရပါတယ် ။

    အခုကျနော်ပြောသွားခဲ့တာတွေမှာ ၊ အဓိက ချုပ်ရရင် ၃ ချက်ထဲ ပါဘဲ ။

    ၁ ။ လူ နတ် ဗြဟ္မာ သတ္တဝါ အားလုံး အပေါ် မေတ္တာထားဖို့ ကြိုးစားတယ် ။
    ၂ ။ ( အဓိက က ငွေ နောက်ကို လိုက်တဲ့ ) လောဘတရား ကိုသတ်နေပြီ ။
    ၃ ။ မနာလို ဝန်တိုစိတ် ကင်းရင် လောကကြီးက လှလာလိမ့်မယ် ။
    ၄ ။ စိတ်ထား ကောင်းကောင်းထားရင် ၊ ကံကောင်းလာမယ် ။

    ဗုဒ္ဓဘာသာ ထွန်းကားပါတယ် ( ဆိုတဲ့ ) မြန်မာနိုင်ငံတော်ကြီးမှာ ၊
    ဗုဒ္ဓ ဘုရားရှင် ရဲ့ ညွှန်ကြားချက် တရားတော်တွေနှင့် အညီ နေထိုင်တာဟာ ၊
    ဝိဝါဒတွေ အများကြီးကွဲလွဲ နိုင်တယ် ဆိုတော့ ၊ ရှင်းပြပါဦးဗျာ ။

    ဗုဒ္ဓဘာသာ မထွန်းကားတဲ့ ဩဇီ မှာတောင် အခု ကျနော်ပြောခဲ့သလိုသာ ၊
    လူ နတ် ဗြဟ္မာ သတ္တဝါ အားလုံး အပေါ် မေတ္တာထားပြီး နေထိုင်လို့ကတော့ ၊
    တကယ့် နိုင်ငံသားကောင်း / သူတော်ကောင်း တစ်ယောက်လို့ ယူဆမှာဗျ ။

    • ဝင့်ပြုံးမြင့်

      June 11, 2015 at 6:31 pm

      .တည့်တည့်ကြီးကို လွဲနေတာချင့်။ နောက်မှ သတ်သတ်ရှင်းတော့မယ်။

      • ဝင့်ပြုံးမြင့်

        June 11, 2015 at 6:57 pm

        . ကိုဘဖော says: ဗုဒ္ဓ ဘုရားရှင် ရဲ့ ညွှန်ကြားချက် တရားတော်တွေနှင့် အညီ နေထိုင်တာဟာ ၊
        ဝိဝါဒတွေ အများကြီးကွဲလွဲ နိုင်တယ် ဆိုတော့ ၊ ရှင်းပြပါဦးဗျာ ။
        —–
        .ဒီလိုပါ ဘဖောရေ။ အဲဒီ ဘာသာရေးကိစ္စကို ပြောတာ မဟုတ်ပါဘူး။ ဩဇီမှာဆိုရင် ဟိုတစ်ခါက ငှက်ကလေးတစ်ကောင်အတွက်တောင် ကျောက်စာလေးထွင်းပြီး တခုတ်တရ တန်ဖိုးထားကြတာ မှတ်မိပါသေးတယ်။ အခုလို သတ္တဝါလေးတွေကို အချစ်ပိုပြီး ကြင်နာတတ်ကြတာ ဟိုနိုင်ငံမှာတော့ ကောင်းတာပေါ့နော်။ ကောင်းမွန်တဲ့ စရိုက်ကောင်းလေးတွေ။ အတုယူသင့်တဲ့ စရိုက်ကောင်းလေးတွေ။ ဒါပေမယ့် ဒီမှာကျတော့ သတ္တဝါလေးတွေကို အဲလိုမျိုး ဂရုစိုက်ပြမယ် ဆိုရင် ပတ်ပတ်လည်က ဆင်းရဲမွဲတေနေတဲ့ လူသားစစ်စစ် တွေကို စော်ကားသလိုလို ဘာလိုလို ဖြစ်ကုန်ရော။ တိရစာ္ဆန် ချစ်တယ် ဆိုတဲ့ သဘောသွားတစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး။ အားလုံးရှုပ်ကုန်လိမ့်မယ် လို့ ပြောတာပါ။ ဟို ဗုဒ္ဓတရားတော်ကို ပြောတာ မှုတ်ဘူး။

  • aye.kk

    June 11, 2015 at 3:59 pm

    ဤကမ္ဘာမှာသက်ရှိသတ္တဝါမှန်သမျှဟာ”မေတ္တာပေမ”ဆိုတာကို
    မနှစ်သက်ဘူးလို့,ကျမအနေနဲ့ကမယုံကြည်ပါဘူး။ပြောပြရပါလျှင်,
    မေတ္တာပေမစစ်စစ်မှာလောဘ,ဒေါသ,မောဟတရားတွေကင်းစင်နေလို့ပါပဲ။
    မေတ္တာတရားထားရှိမှုကိုဖော်ပြထားတဲ့၊ဒီpostလေးကို
    နှစ်သက်ကြည်နှုူး၊အပြုးများစွာနဲ ့ဖတ်သွားပါကြောင်း ပြောပြလိုက်ပါရစေ။။
    မေတ္တာဆိုတာပေးလို့မဝတဲ့သဘာဝတရားဓမ္မစစ်စစ်ဖြစ်နေလို့ပါ။

    • Foreign Resident

      June 11, 2015 at 7:10 pm

      aye.kk says:
      ” မေတ္တာတရားထားရှိမှုကိုဖော်ပြထားတဲ့၊ဒီpostလေးကို
      နှစ်သက်ကြည်နှုူး၊အပြုးံများစွာနဲ ့ဖတ်သွားပါကြောင်း ပြောပြလိုက်ပါရစေ။ ”

      အစ်မ အေး ရေ ။ ဖတ်သွားတဲ့အတွက် ကျေးဇူးပါ ။

      ” မေတ္တာဆိုတာပေးလို့မဝတဲ့ သဘာဝတရား ဓမ္မစစ်စစ် ဖြစ်နေလို့ပါ။ ”

      အစ်မ အေး ရဲ့ ” မေတ္တာဆိုတာ ပေးလို့မဝ ” ဆိုတဲ့ စကား အတွက် ၊
      Best Comment စိမ်းပေးလိုက်ပါတယ် ။

      ကျနော် က တွေ့သမျှ လူတိုင်းကို အပြုံးနှင့် ဆက်ဆံနိုင်တဲ့ အထိတော့ ၊
      လူတွေ အပေါ် မေတ္တာ ထားနိုင်လာပါပြီ ။
      အစ်မ အေး ပြောတဲ့ ” ပေးလို့မဝ ” ဆိုတဲ့ အဆင့်အထိ ရောက်အောင် ၊
      လူတွေ အပေါ် မေတ္တာ ထားနိုင်ဖို့ ပို ကြိုးစားပါ့မယ် ။

      ” မေတ္တာဆိုတာ ပေးလို့မဝ ” ဆိုတဲ့ ၊
      ဒီ စကားလေး တစ်ခွန်းအတွက် ကျေးဇူးပါ အစ်မ အေး ။
      အစ်မ အေး ကို ကလျာဏ မိတ္တ လို့ ယူဆမိပါတယ် ။

      အစ တုန်းကတော့ ၊ ကမ္မဋ္ဌာန်း တရား ( ၄ဝ ) ထဲမှာ ၊
      ကျနော်က ဒေါသ နှင့် ရာဂ အားကြီးသူ မို့လို့ ၊
      အသုဘ ကမ္မဋ္ဌာန်း ကို ဦးစားပေး အားထုတ်သင့်တယ် ထင်မိတာ ၊
      အခုတော့ ၊ မေတ္တာ ကမ္မဋ္ဌာန်း ဘက် ကို ပိုပြီး ဦးညွတ်လာမိပြီ ။

  • မြစပဲရိုး

    June 12, 2015 at 4:59 am

    အဘဖော ပြောတာ ကို နားလည်ပါတယ်။
    လူဆိုတာ ကတော့ အများစုစိတ်ထဲ သနားဖို့ကောင်း ရင် သနားစိတ်ပေါ်ကြတတ်ပါတယ်။
    မုဒိတာထားဖို့ သာခက်တာ သနားဖို့တော့ လွယ်သား။
    အဓိက ကတော့ ကိုယ့်ထက် နိမ့်နေကြရင်ပေါ့။
    ဒါကြောင့် လူတစ်ယောက်ချင်းက ကိုယ့်ထက် နိမ့်တဲ့ တိရိစ္ဆာန်လေးတွေ ကို သနားတတ် မေတ္တာထားတတ် ကြမှာပါ။
    ဒါပေမဲ့ နိုင်ငံ လို အနေ နဲ့ ကတော့ ဘတ်ဂျက် တွေ ဘာတွေ လိုတာမို့ ဦးစားပေး စနစ် သုံးချိန် ဒီလို တိရိစ္ဆာန်လေး တွေ က လူတွေ ရဲ့ နောက်တော့ ရောက်သွားမှာပါဘဲ။
    ချမ်းသာတဲ့ နိုင်ငံ တွေတောင် ဒီလို အကောင်ပလောင် ကယ်ဆယ်ရေးတွေ ကို ချာရတီ တွေက လုပ်ပါတယ် မဟုတ်လား။
    တတ်နိုင်သူများ ရဲ့ ပံ့ပိုးမှု နဲ့ပေါ့။
    ဒီသဘောပါဘဲ။
    လူကယ်ဆယ် ရေး တွေမှာလဲ တကယ်တော့ ဘယ်လောက်ချမ်းသာတဲ့ နိုင်ငံ ဖြစ်စေ၊ ဘယ်လောက် လူ့အခွင့်အရေး ရှေ့တန်းထားတဲ့ နိုင်ငံ ဖြစ်စေ ဒုက္ခသည်တိုင်း ကို လာသမျှ လက်မခံနိုင်ပါဘူး။
    ဒါနဲ့ဘဲတရားမဝင်ခိုးဝင်နေကြတာပေါ့။

    နိုင်ငံ အဆင့်မှာ emotion ဝင်ပြီး လုပ်နေလို့ မရတာ အဘဖော သိမှာပါလေ။
    သနားတာ၊ မေတ္တာထားတာ က သပ်သပ်၊ ကိုယ့်နိုင်ငံ ရဲ့ လူဝင်မှုကြီးကြပ်ရေး policy ကသပ်သပ်ဘဲ။
    အဓိက ကတော့ နိုင်ငံထဲ မှာ တောင် ကိုယ့်လူ တွေ ကို ဝမ်းဝအောင် မထားနိုင်သေးဘဲ ၊ ကိုယ့် နိုင်ငံတွင်း ပြသနာ တွေ ကို မရှင်းနိုင်သေးဘဲ တစ်ခြား ကို ကူဖို့ ကလဲ မဖြစ်နိုင်ပါဘူး။
    ဒါဟာ စည်း တစ်ခုပါ။

    နောက် လူတွေ က ပုံမှန် အားဖြင့် ကိုယ့်မထိသ၍ မေတ္တာရှင် လုပ်ပြ နေနိုင်ပါတယ်။
    ကိုယ့်ကို ထိပါး စော်ကားလာရင်တော့ သာမာန်လူပုဂ္ဂိုလ်များ တော်ရုံ ထက် ပို သည်းမခံနိုင်ပါဘူး။
    အဘဖောလဲ မရင့်ကျက်ခင် တစ်ချိန်တုန်းက တော်ရုံသည်းခံခဲ့မယ် မထင်မိဘူး။
    အခုချိန်တော့ တစ်မျိုးဖြစ်ချင်ဖြစ်မှာပါ။

    . ကျွန်မတို့ ရွှေပြည်မှာက ထမင်းမဝ လို့ စိတ်တို နေတဲ့ လူတွေ များနေတာမို့ တော်ရုံ သည်းခံတတ်ဖို့ မလွယ်တဲ့ အခြေအနေပါ။
    ဒါကို ဂရုမစိုက်ဘဲ ရွှေပြည်အေးတရား ဟောလို့ မရဘူး။
    တရားမဟောခင် သူတို့ ကို ထမင်းဝဝ ကျွေး လိုက်မှ ကိုယ့်စကားက သူတို့နားထဲ ရောက်မယ်။
    လူတွေ သာ လူတန်းစေ့နေနိုင်ခဲ့ ရင် ကျွန်မတို့ လူမျိုး တွေ က သူများထက်ပိုပြီး emotion များတတ်တာ မို့ သနားဖို့ မေတ္တာထားဖို့ လွယ်ကြမယ်လို့ ကျွန်မ ယုံပါတယ်။
    အခုတော့ သူတို့ ဗိုက်ဆာနေတုန်းပါဘဲ အဘဖောရေ။

  • ဝင့်ပြုံးမြင့်

    June 12, 2015 at 8:19 am

    .အရီးလတ်ကြီးကို အစိမ်းတွေ ပေးချင်တာ ဟိ၊ ရပ်ကွက်ထဲမှာ သူဌေးတစ်ယောက်ရှိတယ်။ သူ့အိမ်က အယ်ဇေးရှင်းကြီး ဝဖီးလို့ ။ သူ့အိမ်ရှေ့မှာ သရက်သီးလာကောက်တဲ့ ခလေးတွေကို အဲလူကြီးက အော်ထုတ်တတ်တယ်။

    • ကထူးဆန်း

      June 14, 2015 at 4:09 pm

      ဩစီ ကနေ ပြန် တွန်းထုတ် တဲ့ လှေစီး သမား တွေ အကြောင်း ခေါင်းထဲ ရောက် လာမိပါရဲ ့ ..

  • ​ဒေါ် လေး

    June 13, 2015 at 1:26 pm

    ” ကျွန်မတို့ ရွှေပြည်မှာက ထမင်းမဝ လို့ စိတ်တို နေတဲ့ လူတွေ များနေတာမို့ တော်ရုံ သည်းခံတတ်ဖို့ မလွယ်တဲ့ အခြေအနေပါ။
    ဒါကို ဂရုမစိုက်ဘဲ ရွှေပြည်အေးတရား ဟောလို့ မရဘူး။
    တရားမဟောခင် သူတို့ ကို ထမင်းဝဝ ကျွေး လိုက်မှ ကိုယ့်စကားက သူတို့နားထဲ ရောက်မယ်။”
    အရီးရေ အဲဒီစကား ကို အရမ်းကြိုက်

Leave a Reply