ရှုလော့အနာဂတ်

ခင္ခJune 11, 20151min15410

ဝန်းရံမှုတွေက ပြည့်လျှံတက်

စွန့်စားခဲ့ရ ဒို့တိုင်းပြည်အတွက်

အာဏာရှင်ကို ဖြုတ်ချမဟဲ့

ခွပ်ဒေါင်းသွေးတို့ နီမြန်းခဲ့

ပြုတ်ကျသွားတယ် အာဏာရှင်

ပြန်တက်လာတာ အာဏာရှင်

အနားယူတာလဲ အာဏာရှင်

ပြန်ဖွဲ့တာလဲ အာဏာရှင်

နောက်တန်းစီတာလဲ အာဏာရှင်

ထပ်တိုးမှာလဲ အာဏာရှင်

ဒါတွေစိတ်သုန်း အမြစ်ဖုံးဖို့

မနေနိုင်ခွပ်ဒေါင်း သံစုံပေးတော့

တစ်ချို့ကဆို လုပ်သင့်ပြီတဲ့

တစ်ချို့ကတော့ ရှုပ်လှချီဟဲ့

စည်းလုံးညီညာ တူညီမရတော့

အိုးဝေသံများ လွင့်ပျံဝေစီ

ခုတော့ခဏ တိတ်လေပြီ

ရှုလော့အနာဂတ် မြန်မာပြည်။

 

 

ခင်ခ

10 comments

    • ခင်ခ

      June 11, 2015 at 8:50 am

      ခွပ်ဒေါင်းစိတ်ဓာတ်က မာကျောပြီးသားပါကိုပေါက်ရေ
      ဒါပေသည့် ခွပ်တဲ့အချိန် အားပေးသူတော့ များစွာရှိလေ အားရှိလေပေါ့ဗျာ
      လက်ခုတ်သံတွေ တိုးတိတ်မှာဘဲ စိုးတာပါ

  • Ma Ma

    June 11, 2015 at 8:28 am

    ဒီတခါရထား မမှီရင် နောက်ရထားကို အကြာကြီး စောင့်ရမယ် လို့ ပြောထားတယ်။

    လူတိုင်းကိုယ်စီ တစ်မဲစီရမှာမို့ အနာဂတ်နိုင်ငံတော်အတွက် နောက်မျိုးဆက်အတွက် တာဝန်ရှိပါတယ်။

    ဆရာအော်ပီကျယ်ရဲ့ ကာတွန်းပြက္ခဒိန်မှာ…………
    ဘယ်ရေတစ်စက်ကမှ ရေကြီးတာ သူ့မှာတာဝန်ရှိတယ်လို့ မထင်ဘူး တဲ့။

    • ခင်ခ

      June 11, 2015 at 8:47 am

      အဲရထား မှီအောင်စီးချင်လွန်းလို့ တိုးဝှေ့ကာစောင့်နေသူတွေ ဒုနဲ့ဒေး ပါ အမ မမရေ။
      ခက်တာက အဲတိုးဝှေ့ စောင့်ဆိုင်းနေတဲ့သူတွေကို အာဏာရှင်တွေက သံစူးကြိုးတွေ အကာအရံ တွေနဲ့ ညစ်ပတ်နည်းမျိုးစုံသုံးပြီး လိုက်မရအောင်လုပ်နေတာစိုးတာပါ

  • Ma Ei

    June 11, 2015 at 9:57 am

    အနာဂါတ် အရေးအတွက် လူတိုင်းကိုယ်စီ
    တာဝန်သိကြဘို့ လိုနေပါပြီ…
    နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပါဘူးဆိုရင်ဖြင့်…
    ရေတစ်ခွက်နဲ့ နို့မပျက်လောက်ပါဘူးဆိုရင်ဖြင့်…
    ရွှေပြည်တော် မေ ျှာ ်မရအောင် ဝေးပါလိမ့်မည်…

    • ခင်ခ

      June 11, 2015 at 10:26 am

      အရေးကြီးပြီး သွေးစည်းကြလော့
      ထလော့မြန်မာ အို မြန်မာ တို့ …………ဟိုးတုန်းက လှုံဆော်သံကိုဘဲ ပြန်ပြောရမယ် မအိရေ။

  • ခင်ဇော်

    June 11, 2015 at 11:46 am

    ဒီ အမေ တစ်ယောက်တည်းပဲ အကုန်လုံးစုံ လှုပ်ရှားနေရသလိုပဲ။
    လက်ခုပ်တီးလျက်ပါ။
    အားပေးထောက်ခံ ဖြန့်ဝေဖို့ပဲ တတ်နိုင်သေးတာဆိုတော့လေ။

  • Mike

    June 11, 2015 at 11:47 am

    .ကိုခတစ်ယောက်ပေ ျာက်ခ ျက်သားကောင်းနေတာ….ခုမှပေးလာပေတော့တယ်…
    .၂၀၁၅ ကတော့အရေးကြီးတဲ့နှစ်ပဲဗ ျို့….
    .အင်တာနက်မှာကြည့်တော့လည်း …ဘယ်သူ့ကိုယုံရမယ်မသိ
    .နောက်ပိုင်းရွေးကောက်ပွဲနီးလာလေ ပိုဆိုးလာမှာမို့ သတိဝိရိယထားကြဖို့လိုသဗ ျို့

  • မြစပဲရိုး

    June 12, 2015 at 5:15 am

    ကိုခ ရော အလုပ်ရှုပ်နေတယ်လား။
    ရွာအဝိုင်းလည်တာ စိတ်မရှည်တာလား။
    ဒီတစ်ခါတော့ ကိုယ်နဲ့တန်မဲ့ စေတနာစစ်မှန်တဲ့ အစိုးရ ရကောင်းပါရဲ့။
    မရလဲ ရှိပြီးသူနဲ့ နှစ်ပါးဆက်သွားရုံပါဘဲ။
    ဒါထက်ပိုပြီး နစ်လဲ ပြည်သူတွေ ကတော့ ဒူပေဒါပေခံ သိပ်မထူးဖြစ်နေပြီ။
    အဲဒီလို ကပိုပြီး ကြောက်ရတာပါ။
    ချမ်းသာခြင်း၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း အရသာကို မခံစားဖူးလေတော့ ရသင့်ကောင်းမှန်း မသိဘူး။
    ဒီတော့ ဒီအတိုင်း လွယ်ရာရှာရင်း လွတ်လမ်းကို မကြိုးစားကြတော့ဘူး။

  • lu lu

    June 17, 2015 at 1:05 pm

    ဘယ်ကလာမှန်းမသိတဲ့ စွမ်းအားရှင်ဆိုတာတွေ
    နောက်တခါ မလာဖို ့ပဲ
    ခွပ်ဒေါင်းတွေ ပွဲထွက်တော့မယ်
    မဲလိမ် မခံ ရဖို ့အရေးကြီး တယ်

Leave a Reply