. ခြေလှမ်းဦး များနှင့် ကခုန်ခြင်း နှစ် – ပါဝါ (13)

မြစပဲရိုးJune 11, 20151min34214

မနေ့ထဲက တင်ဖို့ဟာ တရုတ်ပြည် ကိုလိုက်သွားနေလို့။  :-))

အခု (ဒုတိယ) နှိုက်လိုက်တဲ့ အမှတ်စဉ် က ၁၃ ပါ။
ကလောင် နာမည်က aungnng87.
. အောင် လို့ဘဲ ခေါ်ရမလားဘဲ။
ဒီတစ်ခါလဲ အောင် တစ် အောင် ဖြစ်နေခဲ့ တာမို့ ချစ်မမ ရဲ့ နမိတ် အရ ဆို ပိုပြီး အောင် မလား။

ဒီ အောင် ကတော့ လေဒီအောင်ပါ။
သူ့ နေနေတဲ့ မလေးရှားနိုင်ငံ မှာ ကြုံရတဲ့ ဘဝ ဇာတ်လမ်းလေးတွေ တစ်ချို့ ကို လှစ်ဟ ပြထားလေရဲ့။
အများကြီး တော့ မရှိခဲ့ ဘူး။ စုစုပေါင်း ရ ပုဒ် ဘဲ တင်ထားတယ်။
ဒါပေမဲ့ တစ်ရွာ တစ်ပုဒ်ဆန်း အဖြစ်လေး တွေ ကို စိတ်ဝင်စားစရာ ရေးပြထားတာပါ။

သူ့ရဲ့ ပထမဆုံး ရွာအဝင်ခြေလှမ်းလေးက “တနေ့တာတွေ့ကြုံခံစားမှု” (Aug 3, 2011 ) ပါတဲ့။
မလေးရှား က အလှူအိမ် တစ်အိမ် မှာ ဟင်းမလောက် လို့ ကြက်အရှင်တွေ ကို သူ့ မျက်စိရှေ့မှာတင် ကုသိုလ်ဖြစ်ပေးလိုက် တဲ့ အကြောင်းလေး ရင်ဖွင့်ထားခြင်းပါ။

အဲဒီ Post မှာ ဒီမှာ မှတ်ချက် ၃ ခု ရထားပါတယ်။
ဘာလာလာ ဖတ်ပြီး မန့် တဲ့ စိန်ပေါက် ရှိနေဆဲ။ အောင်လ သီချင်းတောင် ဆိုပြလိုက်သေး။
ပန်ကလေး ကလဲ အဲဒီအချိန် active ဖြစ်ဆဲ။
စုံစုံ ကလဲ မေးခွန်း တစ်ခု နဲ့ စဉ်းစားခိုင်းသွားတယ်။

ကိုယ်ကတော့ အခုချိန် မှတ်ချက်ပေးရ မယ် ဆိုရင် လူချမ်းသာများ သာ ဝင်နိုင်တဲ့ စားသောက်ဆိုင်တစ်ချို့မှာ သက်ရှိ ပုဇွန်၊ ငါး၊ ဂဏန်း တွေ ကို လက်ညိုးထိုးပြီး သေမိန့်ပေး နေကြတဲ့ လူ တွေ အကြောင်း ရေးမိမလားဘဲ။
ဟောင်ကောင် မှာ အသက်ရှင်ဆဲ မျောက်ကလေး ခေါင်းကို တစ်ဝက်ဖြတ် ဦးနှောက် ကို အရက်လောင်းပြီး စားတဲ့ အကြောင်း ကြားလိုက်တော့ ဘယ်လို လူတွေ များ စားရက်ပါလိမ့် တွေးမိသေး။
. ပြီးတော့ သော်တာဆွေ ရဲ့ စာ တစ်ပုဒ် ကို သွားသတိရတယ်။
သူ့ အဖေ က သူ့ ကို နွားသတ်တဲ့ နေရာ ကို ကြည့်ခိုင်းလိုက်တာလေး။
အမှန်တော့ အဖေက အမဲသားကြိုက်လွန်းတဲ့ သား ကို မျက်စိရှေ့ အသတ်ခံလိုက်ရတဲ့ နွား ကို မြင်ပြီး သနားစိတ် ပေါ် အသားပြတ်အောင် အကြံနဲ့။
သို့ပေမဲ့ သူကတော့ သားသတ်တဲ့ နေရာတင် ချက်တဲ့ အမဲသား စားပြီး လွှတ်လိုက် တဲ့ အဖေ ကို တောင် ကျေးဇူးတွေ တင်လို့ အဖေ့ခမျာ နဖူး ကို လက်ဝါးနဲ့ တောင်ရိုက်မိရတာ။
မထင်နဲ့ ဒီ ရွာထဲလဲ ဒီလိုမျိုး တွေ ရှိနေမှာ။
ဘယ်သူ ရှေ့ဆုံးက ရှိမယ် ဆိုတာတော့ တွေးသာကြည့်ကြတော့။
ဒီလို အကောင်တွေ ဆိုတာ လူစားဖို့ ဖြစ်လာတာမို့ တွေးမနေနဲ့ ဆိုလဲ တွေးမနေတော့ပါဘူး။
ကိုယ်လဲ အသား၊ ငါး ကို နှစ်ခြိုက်စွာ မြိုနေဆဲ ကို။

သူ နောက်ဆုံး တင်လိုက်တဲ့ Post  က Feb 17, 2012 “ မြန်မာပြည်မှာဘာတွေဖြစ်နေလဲ” ဆိုပြီး စိတ်ဝင်စားဖို့ ကောင်း တဲ့  မြန်မာပြည် သတင်း ၄ပုဒ် ကို တင်သွားတယ်။
အဲဒီ အထဲ က သတင်း တစ်ပုဒ် က ဝန်ထမ်းလစာတိုး။ အခု ၂၀၁၅ မှာ အကောင်အထည်ဖော်ခဲ့လိုက်ပြီ။
ဝမ်းသာရမလား၊ ဝမ်းနည်းရမလားမသိ။  သမိုင်း ကို ပြန်ကြည့်လိုက်ရ သလိုဘဲ။
အဲဒီမှာတော့ မှတ်ချက် ၂၆ခု နဲ့ စည်စည်ကားကား ဖြစ်လိုက်သေးတယ်။
မှတ်ချက် တွေထဲ  အင်မတန် စိတ်ဝင်စားစရာ မှတ်ချက် တစ်ခု ပါခဲ့ တယ်။
အဲဒီမှတ်ချက် ကို မဖတ်သေးခင် အဲဒီ  Post ကို ပထမ ဆုံး ဖတ်လိုက်ပါဦး။
အဲဒီမှတ်ချက်ပေးသူ ကာယကံရှင် ကို လဲ ဗျူးပါရစေ။
အခုချိန်မှာ အဲဒီ Post ကို ဖတ်ပြီးချိန် အဲဒီလို အတိုင်းဘဲ တွေးမိမယ်လားလို့။
ကိုယ့်မှာတော့ အဲဒါလဲ ဖတ်ပြီး ရော ဘာများဖြစ်ပါလိမ့်လို့ တူးလိုက်ရတာ နောက်မှ အဖြေပေါ်တယ်။
Post အကြောင်းကနေ ချော်သွားမစိုးလို့ လိုရင် နောက်မှဘဲ ဖွ တော့မယ်။
ဒါလဲ Study လုပ်နိုင်ဖို့ အချက်ထဲ ပါသွားပါ သရှင့်။
Confirmation bias ဆိုတဲ့ စကားလေး အကြောင်း ကိုပေါ့။

. အောင် ရဲ့ အဲဒီ နောက်ဆုံး Post မတိုင်ခင် Post တစ်ခု မှာ သူ့ မှတ်ချက်လေး ဖတ်လိုက်ရတယ်။
{{ aungnng87 says:
အမှန်က ကိုယ့်ဖာသာကို်ယ်ရေးရတာ နဲ့စာရင် သူများရေးထားတဲ့ပို့စ်ကိုဖတ်ရတာ ပိုကြိုက်တယ်။
ဖတ်ရတာလည်းအားရတယ်။ ကောမန့်ပေးဘို့လည်း ဦးတည်လို့ရတယ်။ ဟီဟိ…ဒါကြောင့် နောက်ထပ်ပို့စ်တွေမတင်ဖြစ်ရင်လည်း ခွင့်လွှတ်ပေးပါလို့….. }}

မှတ်ချက်တွေ ပေးရတာ ကို နှစ်သက် တဲ့ သူ ရွာထဲ ဝင်ပြီး မှတ်ချက်လေးတွေ ပြန်လာပေးနိုင်ရင် ကောင်းမှာ လို့ တွေး နေပါတယ်။
တဲ့ ခဏ အချိန်လေးတွေမှာ မကြာမကြာ ပြန်လာလှည့် ပါဦး။ အဲဒီ က အတွေ့အကြုံ လေးတွေ ထပ်မျှပါဦး။

ဒီ Post ထဲမှာ မှတ်ချက်ပေးသူ တွေထဲ ငါးယောက် လောက်ဘဲ  ရွာထဲ ပေါ်ပေါ်ပျောက်ပျောက် နဲ့ ကျန်တော့တယ်။
. ကျန်တဲ့ သူ တွေ ရော သူတို့ ချခဲ့တဲ့ စကားတွေ ရှိတဲ့ ရွာလေး ကို သတိမှ ရကြသေးရဲ့လား မသိ။

လာမဲ့ ၂၇၅ ရေး ထဲ က ကျလာမဲ့ ၁ ရေး အတွက် ကြိုတင်ခံစားရင်း
ပုံ
. မြစာကလေး
. သုဋေသဏပြဉ်ဉာသျှဉ်ဂြည်း

14 comments

    • မြစပဲရိုး

      June 12, 2015 at 5:19 am

      . ကျေးဇူး ဇီကလေး။ :-)))
      Good Morning!

      ဒီမှာတော့ သန်းကောင် ရောက်ပြီ ။
      ၆နာရီ လောက်ဘဲ အိပ်အိပ် နေရတာ အိပ်ရေးမဝ တာ နှစ်ည၊ သုံးည ရှိနေပြီ။
      အမှန်က ရှစ်နာရီ လောက် အိပ်မှ လူက နေသာတာ။ တကယ်တော့ အရီး က အအိပ်ပုတ်။ lol:-)))
      Good Night!

  • Ma Ma

    June 12, 2015 at 9:54 am

    (လက်ညိုးထိုးပြီး သေမိန့်ပေး နေကြတဲ့ လူ တွေ အကြောင်း)
    အဲဒီအိုင်ဒီယာမျိုး ရွာထဲဝင်ကာစတုန်းက
    သေမင်းတမန် ဆိုပြီးတော့ http://myanmargazette.net/38038 ရေးထားတဲ့ပိုစ့်ကို သွားသတိရမိတယ်။

    သော်တာဆွေလို လူမျိုးတွေလည်း ရှိမှာပဲပေ့ါ။

    ပါမောက္ခချုပ်ဆရာတော်ကြီးဟောတဲ့ တရားတစ်ပုဒ်မှာ တိရစာ္ဆန်ဆိုတာ လူချွတ်မှကျွတ်တာ ဆိုပြီး ပြောကြတာကို….

    သတ္တဝါမှန်သမျှဘဝတဏှာ ရှိကြတာပဲမို့ ကိုယ့်ကိုချွတ်ပေးမယ့်သူနဲ့တွေ့ရင် ဘယ်လိုနေမလဲလို့ ကိုယ်ချင်းစာကြည့်ပါတဲ့။

    ကျောင်းတုန်းက စာစီစာကုံးကြောက်သလောက် သဂျီးဆိုဒ်မှာ လက်သွေးရင် တစ်ခုခုဆို ရေးပစ်လိုက်မယ်ဆိုတာချည်း ဖြစ်နေပြီ။ :k:

    သူမတူတဲ့အတွေးနဲ့ တူးဖော်နိုင်စွမ်းရှိတဲ့ သုဋေသဏပြဉ်ဉာသျှဉ်ဂြည်း မြကလေးကိုလည်း ချီးကျူးပါတယ်။ 🙂

    • kai

      June 14, 2015 at 5:10 am

      အဲဒီတုံးက.. Jan 7, 2011
      အမတော်မမ ရွာအဝင်ပက်လက်လန်ကျသွားအောင်.. ရေးလိုက်တဲ့ကော်မန့်..။
      အမှတ်မမှားရင်.. ကျုပ်ရဲ့ အဲဒီ သည်းခံခြင်းတရားဖွင့်ပြပုံကို.. ရွာသားတယောက်ကလည်း တော်တေ်ာအစာမကြေဖြစ်သွားဖူးတယ်..။

      အမှတ်တရ..။

      kai says:

      စွန်က..အကောင်ရှင်မှ မစားရရင်သေမှာမို ့..သူ့အစာသူရှာစားတာပါပဲ..။
      ဒါက ..လောကသစ္စာတရားပဲ..။ အဲဒါကို …လူက ..ဒါကသဘာဝတရားပဲလို့တွေးရမှာပါ..။
      စွန်ကိုယ်ထဲဝင်ပြီးဖြစ်ဖြစ်..ငါးကိုယ်ထဲဝင်ပြီးဖြစ်ဖြစ်..မခံစားကြည့်ရပါဘူး..။

      အဲဒီအတိုင်းပဲ..
      အသက်ရှိတဲ့ ..သတ္တဝါတွေကြောင့် ..လူတွေသေကြပါတယ်..။ လောကမှာလူကို ဒုက္ခပေးတဲ့သတ္တဝါတွေရှိပါတယ်..။ ပိုးမွှားတွေရှိပါတယ်.။ ဗိုင်းရပ်စ်တွေရှိပါတယ်..။
      ကုန်ကုန်ပြောရရင်… (နားနဲ့မနာ ဖဝါးနဲ့နာပါ) ..
      စပန်း(သုတ်ပိုး)တောင် သက်ရှိလို့သဘောထားရနိုင်တာမို ့.. လိင်ဆက်ဆံရင်.. အလဟဿသေဆုံးကုန်တဲ့.. စပန်းတွေအများကြီးလို့.. ယူဆလည်းဖြစ်တာပါပဲ..။

      အတွေးမခေါင်ကြစေလိုပါ..။
      သတ်သင့်သတ်ရမှာပါပဲ..။ ဝမ်းကိုက်ပိုးတွေ.။ ဗက်တီးရီးယားတွေ..။ သန်ကောင်တွေ… သတ်နေကြတာပဲမဟုတ်လား..။

      အရာရာကို .. သူများအသက်မသတ်ဘူးဆိုပြီးနေရင် ..ကိုယ်သေယုံရှိတော့မပေါ့..။
      လောကကြီးထဲနေတာ… အစွန်းရောက်တွေ မတွေးကြ..မကျင့်ကြစေလိုပါဘူး..။
      အလယ်အလတ်ကျင့်ကြပါလို့ပါပဲ..။

      ဒီတော့ ..
      ရာသီဥတု မကောင်းရင်..ခြင်တွေထရင်..ကလေးတွေအသက်ခြွေတဲ့သွေးလွန်တုတ်ကွေးလာမှာမို ့… ခြင်တွေ့ရင်…ချက်ချင်းသတ်ပါ..။ မျိုးမပွားနိုင်အောင်.. လုပ်ပါ..။ ဆေးဖြန်းပါ..။
      ကြွက်တွေဟာ… ပုလိပ်ရောဂါပိုးအပါအဝင်… လူသေစေတာတွေဖြစ်နိုင်တာမို ့.. ကြွက်ဆိုရင်.. မြင်တာနဲ့သတ်ပါ..။ ထောင်ခြောက်နဲ့သတ်ပါ..။ အဆိတ်ခတ်သတ်ပါ..။
      ယင်ဆိုရင်..ဝမ်းရောဂါဖြစ်သေနိုင်တာမို ့… သတ်ပါ…။ မျိုးဖြုတ်ပါ..။
      ဗိုင်းရပ်စ်ကြောင့်… နေမကောင်းဖြစ်ရင်… အင်တိုင်ဗိုင်အိုးတစ်တွေ..စံနစ်တကျသောက်ပြီး..ကိုယ်ထဲက ပိုးမွှားတွေမျိုးဖြုတ်ပစ်ပါ..။
      ထိခို်က်လျှနာရင်… သွေးထွက်ရင်… ပိုးသတ်ဆေးဖြန်းပါ..။ ဗက်တီးရီးယားတွေမဝင်အောင်… အရက်ပျံနဲ့..သတ်ပစ်ပါ..။

      အစွန်းမရောက်ကြစေလိုပါ..။
      လူထက်မြင့်မြတ်တဲ့..ရဟန်းတွေကိုတောင်..ဘုရားရှင်က.. သတ္တဝါအသက်သတ်ရင် ..ပါစိတ်အာပါတ်ပဲသင့်တယ်ပြောထားတာမို ့.. သတ္တဝါအသက်ကို ..လူကသတ်ရင်..ဘာအပြစ်မှမရှိပါ..။
      (ဒါမှမဟုတ်)..အပြစ်မရှိသလောက်ပဲလို့ ..ပြောနိုင်ပါလိမ့်မယ်..။

      ပါဏာတိပါတကံ ..ကို..ဘာသတ္တဝါကိုမှ.. မသတ်ရလို့..အဓိပါယ်ကောက်ယူနေရင်.. မြန်မာတွေမျိုးပြုတ်ရုံသာရှိတော့မပေါ့..။
      ဒီလိုနဲ့.. အိန္ဒိယ..ဗုဒ္ဓဘာသာမူရင်းမြေကနေ.. ထေရဝါဒဗုဒ္ဓဘာသာ..မျိုးပြုတ်ခဲ့တယ်..။
      မတရားတာတွေ့ရင်..မှားယွင်းဖေါက်ပြန်နေတာမြင်ရင်… ဘယ်တော့မှ…သည်းမခံနေသင့်ပါ..။ ခေါင်းမရှောင်သင့်ပါ..။ လက်မရှောင်ရပါ..။ နောင်ဘဝက ကိုယ်ကောင်းအောင် လုပ်မနေသင့်ပါ..။
      ပြန်လည်တုံ ့ပြန်တာမှာ.. အသက်သတ်ဖြတ်ခြင်းအထိကို … ပြင်ဆင်ထားသင့်ပါတယ်..။

      ကဲ..
      ဝိုင်းဆဲကြစေသတည်း..။
      (… မှတ်တမ်းကျန်ရစ်အောင်..ရေးထားလိုက်ပါတယ်..)

  • တောင်ပေါ်သား

    June 12, 2015 at 12:44 pm

    ( သူ့ရဲ့ ပထမဆုံး ရွာအဝင်ခြေလှမ်းလေးက “တနေ့တာတွေ့ကြုံခံစားမှု” (Aug 3, 2011 ) ပါတဲ့။ )

    အဲဒီအချိန်ဆို သားသားက မြို့ပေါ်ရောက်နေတာ ၊ ရွာထဲ ရောက်သေးဘူး ၊ 🙂

    မဖတ်ခဲ့ဘူးတာတွေ ဖတ်ရလို့ အရီးအားထုတ်မှုအတွက် ဘရာဗိုပါဗျာ ၊

  • Alinsett @ Maung Thura

    June 13, 2015 at 9:32 am

    မရောက်တာကြာပြီဖြစ်တဲ့ … ရွာသူားဟောင်းတွေကို .. အသွေးထဲ အသားထဲ..အကြောထဲ ကနေ..
    လွမ်းတယ်…

  • ​ဒေါ် လေး

    June 13, 2015 at 2:02 pm

    ဆရာတော် အရှင်ဆန္ဒာဓိက ရေးတဲ့စာမှာလဲ
    ဟောင်ကောင်မှာ ကြက်ဥက ကြက်ပေါက်ခါနီး ကို
    ဟင်းပွဲတွေမှာ တွေရတယ်တဲ့
    အင်းးး ရသတဏှာတွေပေါ့

    • kai

      June 13, 2015 at 2:29 pm

      ဖိလစ်ပိုင်မှာ..ရှိသဗျ..။ သူတို့အစားအစာ… Balut တဲ့..။
      ဆိုတော့..
      ဗမာတွေ ငါးပိစိလေးတွေကို.. အပုတ်ခံထားပြီးစားကြတဲ့..ငါးပိကို..။ အဲဒီကစိမ့်ကျလာတဲ့ အပုတ်ရည်(ငံပြာရည်)ကို တချို့ကုန်းတွင်းနိုင်ငံသားတွေ ဘယ်လိုပြောမလည်း..သိချင်မိသား..။ :k:

  • ဝင့်ပြုံးမြင့်

    June 14, 2015 at 3:12 am

    .ဘာသာရေး အဆုံးအမက တစ်ဖက်စောင်းနင်းကြီးဟာကို။ သတ်တဲ့လူမှာ အပြစ်ရှိတယ်။ စားတဲ့လူမှာ အပြစ်မရှိဘူးတဲ့။ ကိုယ့်အတွက်ကိုယ် အမြဲတမ်းကာကွယ်ထားနိုင်တဲ့ လူ့ဦးနှောက်ရဲ့ ဆန်းပြားမှု သဘာဝအရ ကျမ်းကြီးကျမ်းခိုင်တွေနဲ့ အပိုင် ပြောထားမှတော့ အမှန်တရားက ဘာသွားလုပ်ရမှာလဲ။ သတ္တဝါတွေကို သတ်တာ အပြစ်ရှိတယ်လို့ တကယ်ယုံရင် ကိုယ်တိုင် မစားဘဲနေရုံပဲ။ စားတဲ့လူရှိရင် သတ်တဲ့လူရှိမယ်။ သတ်ပေးတဲ့လူတော့ အပြစ်ရှိပြီး စားတဲ့လူကျတော့ အပြစ်မရှိဘူး ဆိုတာ တခြားလုပ်ရပ်တွေနဲ့ ယှဉ်ထိုးကြည့်ကြပါဦး။

  • lady finger

    June 14, 2015 at 12:57 pm

    ခုတလော ကိုယ်နဲ့ အရမ်းအရမ်းကို ပတ်သက်နေတဲ့ ကိစတစ်ခုပေါ့ ငယ်ငယ်တုန်းကများ ပါဏာတိပါတာလို့ ဆိုလိုက်တာနဲ့ တရှဲရှဲနဲ့ ဒယ်အိုးကြီးမြင်ယောင်လာတဲ့ အထိ ၊ကိုယ်ကြောင့်များ အိမ်မြောင်ဥကလေး မတော်တဆကွဲသွားရင်တောင် တနေ့လုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲကိုဖြစ်လို့ ။
    ခုတော့ ကိုယ်နဲ့ ခပ်ဝေးဝေးနေလို့ရတော့တဲ့ အရာ မဟုတ်တော့တာ ကလေးလေးမွေးပြီး အခု ၃ နှစ်သားရှိတဲ့ အထိ ၊ ကလေးနားမှာ ခြင်၊ ပုရွက်ဆိတ်တွေ့ ရင် မိခင်စိတ်အရရော ၊ တာဝန်အရရော ရှောင်လွှဲလို့ မရ ၊ ဒီကြားထဲ နယ်ဘက်ကို ခရီးတခုသွား အပြန်မှာ ဂျပိုး ဥတွေပါလာ အကောင် တွေပေါက် ကလေးနားမှာ ဝဲလည်လည် ၊ အကောင်ပလောင်မရှိသန့်ရှင်းတဲ့ ဝန်းကျင်တခုဖြစ်ဖို့က ကိုယ့်တာဝန်ပဲလေ။ ငရဲဆိုတာလည်း မေ့ထားခဲ့ရတာတော်တော်ကြာပြီ။ ကိုယ့်ကလေး ခြင်ယင် မသန်းစေချင်တဲ့စိတ်ကပဲကြီးစိုးနေတာ။

  • ဦးကြောင်ကြီး

    June 14, 2015 at 1:44 pm

    တီမီးလေးလား အံဒီဂ ျီးလား.. အဲဒိ လေဒီအောင် ဆိုဒါဂ.. တီမီးလေးဆို ခြစ်ခြင်လိုက်တာ

  • Mike

    June 15, 2015 at 10:24 am

    .ဟီဟိ…

    “အလယ်အလတ်ကျင့်ကြပါလို့ပါပဲ..။

    ဒီတော့ ..
    ရာသီဥတု မကောင်းရင်..ခြင်တွေထရင်..ကလေးတွေအသက်ခြွေတဲ့သွေးလွန်တုတ်ကွေးလာမှာမို ့… ခြင်တွေ့ရင်…ချက်ချင်းသတ်ပါ..။ မျိုးမပွားနိုင်အောင်.. လုပ်ပါ..။ ဆေးဖြန်းပါ..။
    ကြွက်တွေဟာ… ပုလိပ်ရောဂါပိုးအပါအဝင်… လူသေစေတာတွေဖြစ်နိုင်တာမို ့.. ကြွက်ဆိုရင်.. မြင်တာနဲ့သတ်ပါ..။ ထောင်ခြောက်နဲ့သတ်ပါ..။ အဆိတ်ခတ်သတ်ပါ..။
    ယင်ဆိုရင်..ဝမ်းရောဂါဖြစ်သေနိုင်တာမို ့… သတ်ပါ…။ မျိုးဖြုတ်ပါ..။
    ဗိုင်းရပ်စ်ကြောင့်… နေမကောင်းဖြစ်ရင်… အင်တိုင်ဗိုင်အိုးတစ်တွေ..စံနစ်တကျသောက်ပြီး..ကိုယ်ထဲက ပိုးမွှားတွေမျိုးဖြုတ်ပစ်ပါ..။
    ထိခို်က်လျှနာရင်… သွေးထွက်ရင်… ပိုးသတ်ဆေးဖြန်းပါ..။ ဗက်တီးရီးယားတွေမဝင်အောင်… အရက်ပျံနဲ့..သတ်ပစ်ပါ..။”

    .က ျုပ်က ခြင်ဆေး၊ ပိုးသတ်ဆေးထုတ်တဲ့ကုမ်ပဏီမှာ လုပ်နေတာပါ..ငြဲမ ျားက ျီးမလားမသိ :))

  • surmi

    June 27, 2015 at 11:15 pm

    ဒီနံမည်တွေတွေ့တော့ ရွာစကားဝိုင်းတွေကိုသတိယစေတယ် 🙁

Leave a Reply