ပြယုဂ် Sign

Ma MaJune 12, 20151min21644

စည်းကမ်းသည် လူ၏တန်ဖိုး။

စည်းကမ်းရှိမှ တိုးတက်မယ် ဆိုတဲ့ စကားတွေကို ကြားဖူးသင်ဖူးခဲ့ပါတယ်။

 

နိုင်ငံကြီးသားပီပီ စည်းကမ်းရှိဖို့လိုတယ်လု့ိလည်း သိနားလည်ခဲ့ပါတယ်။

queue.child

 

သို့သော်….

စနစ်တကျ တန်းစီတဲ့အလေ့အကျင့် မြန်မာတွေမှာ အားနည်းတာ လူတိုင်းအသိဖြစ်ပါတယ်။

(ကိုယ်မပါဘူးလို့ မဆိုလိုပါ။)

 

နိုင်ငံခြားသားတစ်ယောက် မြန်မာပြည်ကို အလည်ရောက်ခဲ့စဉ်က

ကြုံတွေ့ခဲ့ရတဲ့ ထူးခြားဆန်းကြယ်မှုတစ်ခုအနေနဲ့ ဗိုလ်ချုပ်ဈေးရှေ့ လူကူးတံတားပေါ်ကနေ ရိုက်ထားတဲ့ ဗွီဒီယိုဖိုင်တစ်ခု တင်ထားတာ  ဖဘမှာ တွေ့ခဲ့ဖူးပါတယ်။

 

အပေါ်စီးမြင်ကွင်းကနေ ကားလမ်းပေါ်က ကားတွေကို ရိုက်ပြထားတာမှာ….

ကားတွေက လမ်းကြောအတိုင်း မမောင်းပဲ တိုးလိုက်ဝှေ့လိုက် ကျော်တက်လိုက် လုပ်နေကြတဲ့ပြကွက်ဖြစ်ပါတယ်။ :cryy:

Yangon_traffic_middle_280

ရွှေပြည်သူားများအနေနဲ့ မထူးဆန်းတဲ့ပြကွက်ဟာ အများသူငါအလယ်မှာ အင်မတန်ရှက်စရာပါပဲ။

 

အဲဒါကို ကြည့်ပြီး နို်င်ငံတကာအလယ်မှာ ကိုယ့်လူမျိုးတွေ မသိမ်ငယ်ရလေအောင် စနစ်တကျတန်းစီပြီး အလှည့်ကျအောင်စောင့်တဲ့ အလေ့အထဖြစ်စေချင်မိပါတယ်။

 

ဒါပေမယ့် ထပ်ပွားလာတဲ့အတွေးက…..

တန်းစီစောင့်လို့ အချိန်တန်ရင် ကိုယ့်အလှည့်ရောက်လာမယ်။

အလုံအလောက်ရှိမယ်။

အများနည်းတူရမယ်…. ဆိုတဲ့ အာမခံချက်တွေပေးနိုင်ဖို့လိုပါတယ်။

 

ဒီလိုမှမဟုတ်ပဲ ………..

တိုးဝှေ့နိုင်မှရမယ်။

အလုံအလောက်မရှိဘူး။

နောက်ကျရင် မရတော့ဘူးဆိုတဲ့ ပြဿ     နာတွေနေရှိမယ်ဆိုရင်

 

ဆင်းရဲမွဲတေမှုရဲ့ ပြယုဂ်တစ်ခုအနေနဲ့ စည်းမရှိကမ်းမရှိ သူ့ထက်ငါအပြိုင် တိုးဝှေ့ရယူတာတွေ ဖြစ်နေမှာပဲ။

 

ဒီနေရာမှာ စဉ်းစားမိတာတစ်ခုက…..

စည်းကမ်းရှိပါတယ်လို့ဆိုတဲ့ နိုင်ငံတွေက နိုင်ငံကြီးသားတွေအနေနဲ့ သေရေးရှင်ရေး

(ဥပမာ- လေယာဉ်ပျက်ကျရင်၊ သင်္ဘောနစ်ပြီဆိုရင်) စနစ်တကျ တန်းစီနိုင်ပါ့အုံးမလားလို့။ 🙄

 

ပြောရမယ်ဆိုရင်…………..

-  ရေးတဲ့ ကိုယ်ချင်းစာတတ်ကြလျှင်…… ဆိုတဲ့ပိုစ့်မှာ ဦးပါလေရာ မန့်ထားတဲ့

“ ဘာသာရေးဆိုတာ ဇိမ်ခံပစ္စည်းပါဆရာရယ်။ ဆင်းရဲသူတွေနဲ့ မဖြစ်ပါဘူး..” …

 

လို့ ဆိုသလို  “ စည်းကမ်းဆိုတာ ဇိမ်ခံပစ္စည်းပါဆရာရယ်။ ဆင်းရဲသူတွေနဲ့ မဖြစ်ပါဘူး..” … လို့ပဲ ဆိုရလေမလားးးးးး   :p:

 

 

44 comments

    • မြစပဲရိုး

      June 12, 2015 at 11:14 pm

      Hello My dear
      Nice to meet you again.
      It’s bed time now. :-)))
      Good Night! Sleep tight!
      Sweet Dream!!!!

    • Ma Ma

      June 13, 2015 at 8:52 am

      ဂျပန်တွေ စည်းကမ်းရှိတာ စံပြုစရာပါပဲ။

      ဆူနာမီတုန်းက သေရေးရှင်ရေးနဲ့ တွေ့တာတောင် ဂျပန်လူမျိုးတွေရဲ့ အတ္တမကြီးတဲ့ စည်းကမ်းရှိတဲ့ လုပ်ရပ်တွေကို ကြားဖူးပေမယ့် ……..

      ဘယ်လိုကြောင့် အဲဒီလိုစည်းကမ်းရှိလာတာလဲ ဆိုတဲ့ အဖြေလိုချင်လို့။
      🙄

      • kai

        June 13, 2015 at 9:00 am

        ဆာမူရိုင်းစိတ်ဓာတ်အခြေခံ.. ရှင်တို.. နဲ့.. ဇင်ဗုဒ္ဓဘာသာ.. ကြောင့်…။

        • Ma Ma

          June 13, 2015 at 9:47 am

          စည်းကမ်းဘာကြောင့်ရှိလဲကို အဖြေရှာကြည့်တဲ့အခါ ငယ်ငယ်လေးကတည်းက ခေါင်းထဲကို ရိုက်သွင်းပေးခဲ့လို့ Brain wash အလုပ်ခံထားရလို့လို့ ဆိုချင်တယ်။

          ဘယ်လိုအခြေအနေဆိုးနဲ့ပဲကြုံကြုံ ခေါင်းထဲစွဲနေတဲ့အတိုင်း တုန့်ပြန်တတ်သွားတယ်။

          ကောင်းတဲ့အလေ့အထတွေ ခေါင်းထဲစွဲမနေတဲ့ လူထုကြီးအတွက် စနစ်ကြီးတစ်ခုလုံး ကောင်းသောပြောင်းလဲခြင်းနဲ့ ပြောင်းလဲသွားအောင် ၅နှစ်အထက်တွေ အကုန်သတ်ပစ်လို့ ဆိုရမလို။ :k:

        • kai

          June 13, 2015 at 10:23 am

          ဘာသာရေးပါလို့ဆို…
          စာမတတ်သူက အုပ်ချုပ်မင်းလုပ်တဲ့.. ဘကပညာရေးအရင်ဖျက်သိမ်းရမယ်……..။
          မသိသူက.. အဝါခြုံပြီး.. ရှေ့ထိုင် ဩဝါဒပေးတဲ့ ဘာသာရေးစနစ်ကို ဖျက်ပစ်ရမယ်..။
          ဟိန္ဒူ-ထေရာဟိုက်ဘရစ်ဘာသာရေးကို.. သန့်ရှင်းရေးလုပ်ရမယ်..။
          မဟာယာနဗုဒ္ဓဘာသာကို.. ပြန်လည်ထွန်းကားစေရမယ်..။

          အဲဒီလိုအခုထလုပ်မယ်ဆို.. .. လက်ငါးခောျင်းနဲ့.. ၂ခါ.. ၄ခါလောက်ဆို မျှော်လင့်ချက်ရေးရေး…။

        • ဝင့်ပြုံးမြင့်

          June 14, 2015 at 3:20 am

          .သဂျီး says: ၁.စာမတတ်သူက အုပ်ချုပ်မင်းလုပ်တဲ့.. ဘကပညာရေးအရင်ဖျက်သိမ်းရမယ်……..။
          . ၂. မသိသူက.. အဝါခြုံပြီး.. ရှေ့ထိုင် ဩဝါဒပေးတဲ့ ဘာသာရေးစနစ်ကို ဖျက်ပစ်ရမယ်..။
          .၃. ဟိန္ဒူ-ထေရာဟိုက်ဘရစ်ဘာသာရေးကို.. သန့်ရှင်းရေးလုပ်ရမယ်..။
          .၄. မဟာယာနဗုဒ္ဓဘာသာကို.. ပြန်လည်ထွန်းကားစေရမယ်..။
          ——
          .၁ ၂ ၃ ကိုလက်ခံပါတယ် သဂျီးရာ။ အိုဝဲ သီဝရီအရ လူတွေကို ဘရိန်းမဝပ်ဘဲ အာဏာရှင်စနစ်နဲ့ အုပ်ချ ုပ်လို့ မရဘူး ဆိုတော့ မြန်မာပြည်မှာ အာဏာရှင်စနစ် တည်မြဲတာဟာ လူတွေ ဘရိန်းအဝပ်ခံထားရလို့ပဲ။ ဘာတွေက ဘရိန်းဝပ်ထားသလဲဆိုတော့ သဂျီးပြောတဲ့ ဘာသာရေး ဆိုတာ လက်ခံပါတယ်။ အခုလည်း စိတ်ပျက်လောက်အောင်ကို တွေ့နေရတာ။ ပိုတောင် ဆိုးလာနေတယ်။
          .ဒါပေမယ့် မဟာယာန ဆိုတာ ဘာလဲ သေချာ မသိပေမယ့် လက်သင့်မခံချင်ပါဘူး။ ဘာသာရေးဆို ဘာမှကို မလုပ်စေချင်တော့တာ။ ဟိုဘက် ပါရမီ ပို့စ်မှာရေးထားသလိုပါပဲ။ အတုအယောင်မှာ ငယ်ကတည်းက ဘရိန်းဝပ်ရတယ်။ အစစ်ဆိုရင် အာကာသသိပ်ပံပညာတွေလိုပဲ အချိန်တန်ရင် လူ့ဦးနှောက်ဟာ လက်ခံသွားမှာပဲ။ ဒါကြောင့် ဘာမှ တွေးကြောက်စရာ မလိုပါဘူး။

        • kai

          June 14, 2015 at 4:49 am

          Escape plan လေ..
          ဒီခေတ်ကမ္ဘာမှာ အတွေးအခေါ်အရ(ဘာသာရေးအရ)အအောင်မြင်ဆုံးက.. ဂျူး..ခရစ်ယန်..။
          ၂ဝအကုန်.. ၂၁ရာစုထဲ.. ရုတ်တရက်ခုန်ထလာတာက.. ဗုဒ္ဓဘာသာ..။
          ကမ္ဘာ့အချမ်းသာဆုံး.. နိုင်ငံတွေစာရင်းထဲ.. စိန့်ပြည်..၊ ဂျပန်ပြည်..။ ကိုရီးယား၊ ထိုင်ဝမ်..။ စသဖြင့်မြင်လာရသမို့..
          တရားဂုဏ်တော်အရကောက်ပြောရင်လည်း.. လက်တွေ့လက်ငင်းအကျိုးပေးပုံရသမို့..
          မြန်မာပြည်အတွက်.. မဟာယာနဗုဒ္ဓဘာသာကို.. ပရိုပိုဆယ်လုပ်ရတာပါ…။

          အထင်မမှားရင်.. ပထမမြန်မာနိုင်ငံ..အနော်ရထာထောင်နိုင်ခဲ့တာလည်း.. မဟာယာန အရည်းကြီးတွေအင်အားနဲ့ပဲလို့ပြောချင်..

          ဆိုတော့…
          လူမျိုး အိုင်ဒတတီလေးလည်းကျန်အောင်…။
          တိုင်းပြည်လည်း ကိုယ်စိတ်၂ဖြာချမ်းသာအောင်…

          “ဟိန”လမ်းကို.. ပစ်ပယ်စမ်း
          “မဟာ”မျိုးဟေ့.. ဒို့ဘားမန်င်း..။

      • Ma Ma

        June 13, 2015 at 1:35 pm

        (ဆာမူရိုင်းစိတ်ဓာတ်အခြေခံ.. ရှင်တို.. နဲ့.. ဇင်ဗုဒ္ဓဘာသာ.. ကြောင့်…။)
        အဲဒါလည်း ဘာသာရေး မဟုတ်ဘူးလား။ 🙄 :e:

        • kai

          June 13, 2015 at 2:18 pm

          ဟုတ်ပါ့..။ အတွေးအခေါ်တို့ အချုပ်..အမြုတေသည် ဘာသာရေး..။
          လူတယောက်..တိုင်းပြည်တပြည်.. ကောင်း-ဆိုး…မြင့်-နိမ့်… အကုန်အဲဒီကလာ…။

          ဆိုတော့…
          မြန်မာ၂ဂိုး-ဗီယက်နမ်၁ဂိုး…။

  • မြစပဲရိုး

    June 13, 2015 at 3:34 am

    ချစ်မမ ရေ
    . အခုပြထားတဲ့ ဗီဒီယိုလေးကို ကြည့်ကြည့်ပါ။
    usa and india traffic rules ဆိုပြီး လမ်းပေါ် မှာ ယာဉ် တွေ မောင်းနှင်ပုံ ကို နှိုင်းပြထားတာ။
    တကယ်တော့ မြန်မာပြည် က သိပ် မဆိုးသေးပါဘူး။
    ဆိုးလာဖို့ တော့ တာစူနေပြီပေါ့။

    . မြန်မာပြည်မှာက စည်းကမ်း မလိုက်နာတာ လမ်းဘေးက ဆင်းရဲသားတင်မဟုတ် ကားကောင်းကြီးစီးပြီး စည်းကမ်းဖောက်နေသူ တွေ လဲ အများကြီးပါ။

    တကယ်တော့ စည်းကမ်းဆိုတာ ပြစ်ဒါဏ် မပါဘဲ တည်ဆောက်လို့ ရမယ်မထင်ဘူး။
    စည်းကမ်းဖောက်ရင် ရှက်စရာ ဆိုတဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဆင်ခြင်အားမရှိနိုင်သေးရင်တော့ ဒါဏ်ပေးခြင်း ဆိုတာ နဲ့ ဘဲ စရပါမယ်။
    အဲဒါ ဘယ်သူ က တာဝန်ယူရမှာလဲ ဆိုတော့ အုပ်ချုပ်သူအစိုးရမင်းများ ပါဘဲ။
    . လောလောဆယ်တော့ ဘယ်လို တာဝန်ယူပြီး ဘာတွေ လုပ်ပေးရမယ် ဆိုတာကို မသိ တဲ့ သူတွေ ထိပ်ရောက်နေတာ မို့ သူတို့ ကို အရင်ရှင်းဖို့ သာ လုပ်ကြပါတော့။
    သူတို့ ကိုယ်တိုင် စည်းကမ်းဖောက်နေတော့ အောက်လူ ကို ပြင်းဖို့ ရီစရာ ဖြစ်တော့မှာပေါ့။

    https://www.youtube.com/watch?v=tPLk9rDl_Wk

    • Ma Ma

      June 13, 2015 at 9:40 am

      ခက်တာက ဒီမှာက ပြစ်ဒါဏ်ပေးဖို့အတွက် သမာသမတ်ကျတဲ့ လူတွေ နည်းစနစ်တွေ မရှိသေးတော့….
      ပြစ်ဒါဏ်ချတဲ့နေရမှာ ခြစားမှုနဲ့ နောက်ထပ်အမှုတွဲတွေ ထပ်တက်လာမှာ မြင်ယောင်မိသေးးးး :k:

  • kai

    June 13, 2015 at 6:53 am

    တန်းစီစနစ်ကို ဖျက်တာ.. အရင်က..အစိမ်းတွေလို့ထင်ခဲ့တာ…
    ဌာနဆိုင်ရာတွေမယ်.. တန်းစီတက်နေကြရတဲ့.. ရာထူးတွေကြား..
    ဗြုံးဆို မိုးပေါ်ကကျ..
    ကောင်းတဲ့ရာထူးမှန်သဗျ.. ဖြတ်ယူ
    ရှေ့နောက်အစီအစဉ်.. တန်းမှမစီတာ…။

    အခုတော့…
    အဝါတွေလို့ထင်…
    အဝတ်ရုံတခုကောက်ပါတ်..။
    ဝုန်းကနဲ့.. လူတွေရှေ့ခုံပေါ်ရောက်..
    အသက်.. ပညာ… သဘာ.. ဘာမှမကြည့်.. သိရန်မလို..။
    ကန်တော့ခံဖြစ်…။ ဘုရားထူးရ..။

    အဲဒီလူနေမှုစနစ်နဲ့.. ဆက်သွားနေကြပေါ့…။
    =
    အမေရိကားက..အမေရိကန်တွေရဲ့ဗုဒ္ဓဘာသာနဲ့..”ခုံ”နေရာ..။

    • Ma Ma

      June 13, 2015 at 9:15 am

      တန်းစီစနစ်ကို ဖျက်သိမ်းခဲ့တဲ့အကြောင်းကို မပြောလိုပါ။ :kwi:

      လူရယ်လို့ ဖြစ်လာရင် ……………
      လူကောင်းဆိုတဲ့ အရည်အချင်းရယ်
      လူတော်ဆိုတဲ့ အရည်အချင်းရယ်
      အဲဒီအရည်အချင်း ၂ခုနဲ့ ပြည့်စုံရမယ်တဲ့။

      လူတော်ဖြစ်အောင် အတတ်ပညာသင်ကြားဖို့ ကျောင်းတွေ လက်တွေ့လုပ်ငန်းခွင်တွေကနေ သင်ယူနိုင်ကြတယ်။

      ကျောင်းတွေမှာ ပြည်သူ့နီတိသင်တာ စာရိတ္တကောင်းအောင်၊ လူ့ကျင့်ဝတ်သိအောင် လူကောင်းဖြစ်အောင် သင်ကြားပေးတာပါပဲ။

      ခုခေတ်မှာ ကျောင်းတွေမှာ လိမ္မာယဉ်ကျျျေးဖို့ လူ့ကျင့်ဝတ်တွေ နားလည်ဖို့အတွက်
      (တပည့်က ဆရာကို မလေးစား၊ ဆရာကလည်း ကျင့်ဝတ်နဲ့မညီလို့) ပဲ့ပြင်ဆုံးမမှုတွေ အားနည်းနေတဲ့အချိန်မှာ သံဃာတော်များရဲ့ သင်ကြားဆုံးမမှုတွေသာမရှိရင် ဒိထက်ပိုမိုဆိုးဝါးပျက်စီးတဲ့ လူမှုပတ်ဝန်းကျင်နဲ့ ဆက်ဆံရမှာမို့ ကြောက်စရာ စိတ်ပျက်စရာတွေချည်းပဲ ဖြစ်မှာပဲလို့ တွေးမိတယ်။ 😥

      • kai

        June 13, 2015 at 10:27 am

        ပဲ့ပြင်ဆုံးမမှုတွေ အားနည်းနေတဲ့အချိန်မှာ သံဃာတော်များရဲ့ သင်ကြားဆုံးမမှုတွေသာမရှိရင် ဒိထက်ပိုမိုဆိုးဝါးပျက်စီးတဲ့ လူမှုပတ်ဝန်းကျင်နဲ့ ဆက်ဆံရမှာမို့ ကြောက်စရာ

        သံဃာတော်ဦးရေငါးသိန်းနဲ့.. မြန်မာ့သမိုင်းမှာမရှိဖူးတဲ့.. သာသနာခေတ်ကြီးလေအမတော်ရယ်..
        ဘယ်လောက်ထိထပ်တိုးပေးရဦးမှာလည်း..
        အဖြေကထွက်နေပြီပဲ..။
        ၁ဝနှစ်.. အနှစ်၅၀.. အနှစ်၁၀၀၊ အနှစ်၅၀၀၊ အနှစ်၁၀၀ဝ .. စပ်းသပ်ခဲ့ပြီးပြီ…။
        ထပ်စမ်းသပ်ခံနေရဦးမယ့်သဘော… လား..။

        အနိစ္စ…။

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    June 13, 2015 at 7:58 am

    ဆိုရှယ်လစ် စနစ် နဲ့ အာဏာရှင် စနစ် စပ်ကျထားတဲ့ အကျင့်ဆိုးအမွေအနှစ်ခည…

    ဆိုရှယ်လစ်စနစ်မှာ ဘာမဆို … တန်းစီခိုင်းတယ်…လူတကာတန်းစီကြတယ်
    တန်းစီရပါများတော့ လူတွေက တန်းစီရတာငြီးငွေ့ပြီး… ငါက ညီးထက်ဆင်းရဲတယ်
    ငါ့အရင်ဝင်ခွင့်ပေးအေ… ဖြစ်လာတယ်… ။ တန်းစီနေရာဦးစားတဲ့ကိစ္စတွေပေါ်လာတယ်…။
    မရှိလို့လုပ်စားတာအေ ဘာဖြစ်လဲ ဆိုပြီး လမ်းပေါ်ဈေးဗန်းခင်းတာတွေ ဖြစ်လာတယ်..။
    အဲ့သည်မှာပဲ ဆင်းရဲရင်… စည်းကမ်းချိုးဖောက်ဖွင့် လိုင်စင်ရသလို ဖြစ်လာတယ်…။
    လိုင်းကားတွေ လုပ်ချင်သလိုလုပ်တဲ့ စတိုင်ပေါ့…

    တဖက် အာဏာရှင်စနစ်က ရတဲ့ အမွေဆိုးကျတော့လည်း… ငါက ဘာကောင်ကွ…။
    ဘယ်သူ့သားကွ… ဘယ်သူ့အမျိုးကွ… တေဝါးမယ် ဆိုတာမျိုးနဲ့.. အခွင့်ထူးခံချင်စိတ်တွေ
    ဖျောက်လို့မနိုင်တာ နေရာအအနှံ့မယ်ပါ…။
    ဒါကတော့ မှန်မည်းတပ်ကားတွေ လူပါးဝတဲ့ကိစ္စပေါ့…။

    ပြောချင်တာက ဆင်းရဲတာနဲ့ အာဏာပိုင်အသိုင်းအဝိုင်း နဲ့ သက်သက်ကို မဟုတ်…
    သူတို့နဲ့ နီးစပ်ရာ… အားကျရာ… နောက်ပြီး နဂိုစိတ်ဓါတ်မကောင်းသူတွေပါ သည်အကျင့်တွေပါပြီး

    အယုတ်အလတ်အမြတ်မရွေး ဖောက်တဲ့လူကဖောက်တဲ့ခေတ်ကိုရောက်ပြီး
    ဖောက်တဲ့သူများသထက်များလာတော့တာပါပဲဗျာ…..

    တော်သေးဘီ

    မြို့မေတ္တာခံယူမယ့် မိမိဂီ..

    • Ma Ma

      June 13, 2015 at 9:35 am

      ဟိုးတုန်းက သမဝါယမဆိုင်မှာ တန်းစီတိုးစားရတယ်။
      အဲဒီတုန်းကတော့ တန်းစီတယ်ဆိုတာ မရှိလို့ ဆင်းရဲလို့ တန်းစီရတာဆိုပြီး ရှက်စရာလို့မြင်ခဲ့တယ်။

      ခုပြန်စဉ်းစားလိုက်တော့ အဲဒီတုန်းကမှ တန်းစီပြီး အလှည့်ကျရင် ရမယ်ဆိုတာ သေချာနေသေးတယ်။ :a:

      အယုတ်အလတ်အမြတ်မရွေး ဖောက်တဲ့လူကဖောက်တဲ့ခေတ်ကိုရောက်လာပြီဆိုတော့….
      အများမိုးခါးရေသောက်ကြတဲ့ခေတ်မှာ ကိုယ်လည်း လိုက်သောက်ရမလား။
      အရူးတွေက အရူးလို့ပြောတာကိုပဲ ခံရမလား။ 🙄

      • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

        June 15, 2015 at 11:10 am

        ဖုန်းကင်မရာတွေတိုးတက်လာပြီး
        စီဂျေတွေလည်း ပေါလာပြီမို့…
        တတ်စွမ်းသမျှ ဝိုင်းဝန်းကြမယ်ဆို…. အဆင်ပြေကြရမှာပါ…
        ..
        ကိုယ်လည်းစည်းမဖောက်ဘူး…
        ဖောက်သူမြင်ရင်လည်း .. ဓါတ်ပုံရိုက်တင်မယ်..
        ဒါက အားလုံးအတွက်လုပ်တယ်ဆိုတာမျိုး
        စိတ်ထားကြရင်ပေါ့…

        အဲ့သည့်ကတဆင့် စည်းဖောက်တာကို ရှက်တတ်
        စိတ်မကောင်းဖြစ်တတ်တဲ့စိတ်တွေ ရလာကြမယ်ဆိုရင်……

        အောင်ဆန်းမျိုးဟေ့… ဒို့ ဘာမန်…။

        • Ma Ma

          June 15, 2015 at 1:57 pm

          တခါက လမ်းပြောင်းပြန်ပိတ်ပြီး ရပ်ထားတဲ့ကားကြောင့် လမ်းကြောပိတ်နေတာကို ဟွန်းတီးလည်း မဖယ်၊ ဆင်းပြောလည်း မဖယ်ဘူး။

          အဲဒါနဲ့ ဓာတ်ပုံရိုက်မယ်ဆိုပြီး ဖုံးထုတ်လိုက်တော့မှပဲ မောင်းပြေးတော့တယ်။

          အရင်ကဆိုရင် ဘယ်တိုင်ရမှန်း ဘာလုပ်ရမှန်း မသိပေမယ့်…
          အခုတော့ ဆိုရှယ်မီဒီယာကို နည်းနည်းတော့ ကြောက်ရကောင်းမှန်းသိလာကြသားးး

          မိသားစုတွေကတော့ ပြောပါတယ် ဘယ်တော့ဝိုင်းရိုက်တာ ခံရမလဲ မသိဘူး တဲ့။ :k:

  • Alinsett @ Maung Thura

    June 13, 2015 at 9:16 am

    အခု လမ်းအလယ်မှာ တုံးတွေ ချထားတာတောင် မတော်တရော်တွေ လုပ်နေကြသေး..

    • Ma Ma

      June 13, 2015 at 9:53 am

      လမ်းလယ်မှာ တုံးချထားတာကလည်း မတော်တရော်။

      လမ်းလယ်တုံးတွေရဲ့ တန်ဖိုးက တံတားတစ်စင်းတည်ဆောက်လို့ ရနိုင်သတဲ့။
      :b:

      လမ်းလယ်တုံးတွေက ပိတ်နေတဲ့လမ်းကို ကြပ်သွားစေလားလို့။ 🙄

      အဲဒီတုံးတွေအစား မီးပွိုင့်တွေတပ်တာတို့ ယာဉ်ထိန်းရဲနဲ့ ရှင်းပေးတာတို့ လုပ်ရင် အကုန်အကျလည်း သက်သာလို့ ပိုပြီးအဆင်ပြေနိုင်မယ်ထင်တာပဲ။

      • Alinsett @ Maung Thura

        June 13, 2015 at 10:37 am

        ယာဉ်ထိန်းရဲ ရဲ့ လာဘ်ထိုးငွေ လိုချင်လို့ ဖြန့်တတ်တဲ့ လက်တွေကို ထိန်းသိမ်းနိုင်မလား…
        မီးပွိုင့်တွေ ပျက်ပြီး ဖြစ်ကတတ်စမ်း ဖြစ်သွားတာမျိုး မဖြစ်အောင် အမြဲ လုပ်ပေးနိုင်မလား..
        တံတားတစ်စင်း တည်ဆောက်ဖို့ ခရိုနီတွေ..ပြည်ပချေးငွေတွေဆီက အကြွေး သံသရာ နစ်မွန်းမှုကို
        နှစ်ပေါင်း ဆယ်စုနှစ် လေး ငါးစု ကြာအောင်…(ဘယ်တော့ တက်လာမယ်မသိတဲ့ ဘယ်အစိုးရ တာဝန်ယူမှန်းမသိတဲ့ ချေးငွေ စာချုပ်တွေနဲ့) ရင်းနှီးရဦးမလား…

        .လောလောဆယ်တော့… ကိုယ်နဲ့ တန်တဲ့ လမ်းပဲ ကိုယ်ရမယ်လို့ ပြောချင်ရဲ့…
        စည်းကမ်းတကျ တန်းစီ စောင့်ဆိုင်းရမှာကို ပေါ့လျော့ပြီး စည်းပျက် ကမ်းပျက် ဟိုကွေ့ ဒီထွက် လုပ်ချင်တဲ့ ကားမောင်းသူတွေကြောင့် လမ်းတွေ ပိုပိတ်.. ပိုကြန့်ကြာ..
        အဲ့ဒါကို တားဆီဖို့… အင်အား လုံလောက်မှု မရှိတဲ့ အုပ်ချုပ်သူတွေက အလွယ်နည်းလမ်းသုံးပြီး.. တုံးတွေ ချလိုက်တော့…
        တုံး ခြားထားတဲ့ လမ်းနဲ့ပဲ တန်တဲ့ လမ်းကြော အသုံးပြုသူတွေ ဖြစ်သွားရော…
        မည်သူမပြု မိမိမှု

        ပလို့ဂျိ…

        • Ma Ma

          June 13, 2015 at 4:55 pm

          ကားကြပ်တတ်တဲ့လမ်းဆုံလမ်းခွတွေမှာရှိတဲ့ ယာဉ်ထိန်းရဲတွေက လက်မဖြန့်ပါဘူး။
          လက်ဖြန့်တဲ့ယာဉ်ထိန်းရဲတွေစောင့်တတ်တဲ့ ပွိုင့်တွေက သီးသန့်ရှိပါတယ်။

          ခုလောလောဆယ် ကိုယ်သွားလာနေတာတော့ မီးပွိုင့်တွေ ၉၀% လောက် ကောင်းနေတာ မြင်ရတာပဲ။

          လမ်းလယ်တုံးတွေက တံတားတစ်စင်းဆောက်တဲ့တန်ဖိုးလောက်ရှိရင် လမ်းလယ်တုံး လုပ်မလား၊ တံတားဆောက်မလား စဉ်းစားကြည့်ပါအုံး။

        • Alinsett @ Maung Thura

          June 15, 2015 at 8:36 am

          တံတားပေါ်မှာလည်း
          အိမ်ထောင် တခါကျစာလောက်
          အခါခါ ပိတ်မိတတ်ပါသည် MT မမ

          :k:

  • manawphyulay

    June 13, 2015 at 10:08 am

    တစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်တွေက နှစ် ၂ဝ ၃ဝ လောက် ယိုယွင်းနေခဲ့တော့ ခုမှ တစ်ယောက်ချင်းစီ ပြန်ပြင်ဖို့ အတော် ကြိုးစားရဦးမယ်။ ဒါ့အပြင် ဆင်းရဲတွင်း အတော်နက်ခဲ့တော့ သည်းခံခြင်းဆိုတဲ့ တရားလည်း လက်ကိုင်ပြုတ်နေခဲ့တာ အတော်ကြာခဲ့ပါပြီလေ…
    ဪ စည်းကမ်း…. စည်းကမ်း….

    • Ma Ma

      June 13, 2015 at 10:27 am

      ပျက်အစဉ် ပြင်ခဏ အစားးးးးး
      ပျက်အစဉ် ပြင်မရ လားးးးး
      ပျက်အစဉ် ပြင်ရင်ခဏ လားးးး :e:

  • ​ဒေါ် လေး

    June 13, 2015 at 1:54 pm

    လမ်းပေါ်မယ် အဲဒီတုံးတွေ ကိုချဘို့ အဘယ်ဉာဏ်ကြီးရှင်က
    အကြံအဉာဏ် ပေးခဲ့သလဲမသ်ဘူး
    အဲဒီတုံးတွေကြောင့် မီးပွိုင့်ကို စိမ်းနေရက်နဲ့ ဖြတ်မရတာ
    အကြိမ်ကြိမ် လိုင်းကားတွေက အဲဒီတုံးကာထားတဲ့
    အထဲကဖြတ်ရမှာ ဆိုတော့ ရှေ့က ကားမထွက်သရွေ့
    စောင့်ပေဦး

    • Ma Ma

      June 13, 2015 at 5:00 pm

      မလေးကို ထပ်စိမ်းပေးချင်တာ ထပ်စိမ်းပေးလို့ မရတော့လို့။

      -လမ်းလယ်တုံးတွေချထားတဲ့အပြင် ရောင်ပြန်ပြားတွေ ကပ်မထားတာကြောင့်ရော၊
      -လမ်းမီးတိုင်တွေ မလုံလောက်တာ၊ မလင်းတာတွေကြောင့်ရော၊
      -သွားနေကျမဟုတ်လို့ လမ်းမကျွမ်းတာကြောင့်ရော၊
      -မူးမူးရူးရူးနဲ့ မောင်းတာတွေကြောင့်ရော၊ ….
      ကားနဲ့ဝင်တိုက်မိလို့ ဖရိုဖရဲဖြစ်နေတဲ့တုံးတွေကို မနက်အစောကြီးသွားရင် မြင်နေရတယ်။

      တိုက်တဲ့ကားလည်း ပျက်စီးသွားမှာပဲလို့ တွေးမိတယ်။

      ပျက်စီးသွားတာအတွက် အလျှော်တောင်းရမလား၊
      တိုက်မိတဲ့အတွက် အလျှော်ပေးရမလား မသိဘူး။ 🙄 :k:

  • သူ့ထက်ငါ အလုအယက်
    သူ့ထက်ငါ အနိုင့်အထက်

    စိတ်ဓါတ်တွေက
    အားလုံးကိုဖျက်ဆီးခဲ့တာပါ။

    အဲ့စိတ်ဓါတ်ကို ကျနော်တို့အားလုံးကို
    စစ်အစိုးရ အဆက်ဆက်က ရိုက်သွင်းပေးခဲ့တာလေ။
    ကျနော်တို့ကလည်း ခေတ်အဆက်ဆက်
    ကျေကျေနပ်နပ်ကြီးကျင့်သုံးခဲ့ကြလို့
    အခုထိအမြစ်တွယ်နေဆဲပါဘဲ မမရေ

    • Ma Ma

      June 13, 2015 at 5:01 pm

      မောင်ဂီပြောသလိုပဲ…
      ဆိုရှယ်လစ် စနစ် နဲ့ အာဏာရှင် စနစ် စပ်ကျထားတဲ့ အကျင့်ဆိုးအမွေအနှစ်ခည… 🙁

      • မြစပဲရိုး

        June 13, 2015 at 5:06 pm

        အာ့ကြောင့်ပြောတာ။ အရင်းရှင်စနစ် ကို အားပေးပါလို့။
        ဂလို ပြော တော့ သများ တံဆိပ် ပိုထင်း သွားပြီ။ lol:-))))

  • aye.kk

    June 13, 2015 at 3:33 pm

    စိတ်ဓါတ်စည်းကမ်းရဲ့ ့
    အစက၊မိဘနဲ ့လက်ဦးဆရာတွေရဲ ့သွန်သင်ဆုံးမမှုကနေ
    ဖြစ်ပေါ်လာတာလို့ပဲ ကျမအနေနဲ့ကအဲဒီလိုယုံကြည်မိပါတယ်။
    အစကေါင်းမှအနှောင်းသေချာဆိုသလိုပါပဲ။
    စိတ်ဓါတ်စည်းကမ်းကေါင်းမွန်မှုဟာ၊ကျမတို့ကြီးပျင်းနေထိုင်ရတဲ့ပတ်ဝန်းကျင်ကေါင်းဖို့ကလည်းအဓိကကျသလို
    ကျမတို့ရဲ ့မိဘတွေနဲ ့ကျမတို့ပညာရည်နို ့သောက်စို့မှီတည်ခဲ့ရတဲ့ကျောင်းနဲ ့သင်ဆရာ,မြင်ဆရာ,ကြားဆရာ
    သမားတွေအပေါ်မှာလည်းအမှီပြုနေတယ်လို့ကျမအနေနဲ့တော့အဲလိုမြင်မိပါတယ်။။

    • Ma Ma

      June 13, 2015 at 5:02 pm

      စာသင်ကျောင်းတွေမှာတော့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ လို့ ရေးထားတာပဲ မအေးရေ။

  • padonmar

    June 13, 2015 at 8:53 pm

    အေးကေ နဲ့ သဘူတောပါတယ်။
    အဓိက မိဘဆီက စည်းစနစ်ရှိမှုမရှိမှုကို အမွေရပါတယ်။
    ဒါပေမယ့် မိဘတွေကို ပညာပေးပြုပြင်ဖို့ ဆိုတာ ပြန့်ကျဲနေတဲ့အတွက် မလွယ်ပါဘူး။
    ဒါ့ကြောင့် ဆရာတွေကနေပဲ ကလေးတွေကို သင်ပေးရပါမယ်။

    • Ma Ma

      June 13, 2015 at 11:40 pm

      လက်ဦးဆရာ မြည်ထိုက်စွာ
      ပုဗ္ဗစရိယ မိနှင့်ဖ ဆိုသလိုပဲ …. မိဘက အရေးကြီးပါတယ်။

      ဒါပေမယ့် ခေတ်အဆက်ဆက်ပြောင်းလဲလာတဲ့ ခေတ်သစ်မိဘတွေကပဲ သားသမီးကို မဆုံးမနိုင်လေသလား၊
      ခေတ်သစ်သားသမီးတွေကပဲ ပြောင်းလဲလာလေသလား မသိတော့ဘူး။

      လူထုတစ်ရပ်လုံးရဲ့ စိတ်ဓာတ်တွေ စည်းကမ်းတွေကို ပြုပြင်ပြောင်းလဲဖို့ ဘဲဥအစရှာမရသလို ဘယ်ကစရမှန်းမသိ။ 🙄

      ဒါပေမယ့် ဒီနေ့ အာဆီယံဘောလုံးပွဲကို မဟာဗန္ဓုလပန်းခြံမှာ ကြည့်ရှု့အားပေးကြတဲ့ ပရိတ်သတ်ထဲက ပွဲအပြီးမှာ အမှိုက်ကောက်သွားတယ်ဆိုတော့…..

      လူတိုင်းကိုယ်စီပြုပြင်ချင်စိတ်ကလေးကို တစ်ယောက်နဲ့တစ်ယောက် လက်ဆင့်ကမ်းနှိုးဆော်တဲ့နည်းနဲ့ တိုးတက်ပြောင်းလဲမှုကို ရယူနိုင်လောက်တယ်။ :hee:

      • kai

        June 14, 2015 at 4:38 am

        ယူအက်စ်မှာအနေကြာလာတာနဲ့အမျှ.. သိလာတာက.. အဲဒီလက်ဦးဆရာဆိုတာမှာ.. မိဘကအရေးမကြီးတော့ဘူး..။
        အဲဒီစကား..စာသားက.. ဗုဒ္ဓပွင့်တဲ့လွန်ခဲ့တဲ့အနှစ်၂၆၀ဝ ကနေ.. ၁၉.. May be ၂ဝရာစုအထိ ဟုတ်ကောင်းဟုတ်မယ်..
        အခု ၂၁ရာစုမှာ.. မှားသွားပြီလို့…။

        ယူအက်စ်ကို ပြောင်းခိုသူမိဘတွေကို.. သားသမီးတွေက ပြန်သင်ပေးနေတာအများကြီး..။
        ကျောင်းကသင်လွှတ်လိုက်သဗျ..။
        ကျောင်းဆိုတာမှာ.. ထားချင်ရင်.. အသက် ၃နှစ်.. သာမန်အားဖြင့် ပရီကေဂျီ ၄နှစ်ကစထားလို့ရတာမို့.. ကလေးက.. အိ်မ်ပြန်လာတိုင်း..
        ဤသူတို့လို့မဟုတ်.. တရက်ပြီးတရက်.. “အသိဖွံ့ဖြိုး”လာတာတွေ့ရတယ်..။
        ဒီလိုနဲ့ အတိဇာတ ကလေးတွေထွက်လာ.. သူတို့လက်ထက်မှာ ပိုတိုးတက်အောင်မြင်တဲ့နိုင်ငံဖြစ်.. လူ့ယဉ်ကျေးမှုဖွံ့ဖြိုးလာသပေါ့…။

        ကျောင်းက”သေလောက်အောင်” အရေးကြီး…။
        “ပုဗ္ဗစရိယ ပညာရေးစနစ်”ခင်ဗျ..။ :k:

  • ဦးကြောင်ကြီး

    June 14, 2015 at 11:49 am

    ဟိုတယ်ပိုင်ရှင် လေမားမားလို မခ ျမ်းသာဂ ျဒေါ့လည်း တန်းဆီယ အခက်သားလားဂ ျာ…။

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    June 15, 2015 at 9:09 am

    အမှတ်မမှားရင်တော့ ဂျပန်တွေတိုးတက်သွားတာ 改善 (KaiZen)
    Kai ဆိုတာ ပြောင်းလဲခြင်း၊ Zen က အကောင်း…
    ဆိုတဲ့ အဲ့စာအုပ်လေးတစ်အုပ်ကြောင့် ဂျပန်ပြည်ကြီး တိုးတက်လာတယ်ပဲမှတ်တယ်။ ဖတ်ချင်ရင်တော့ ဒီလင့်ခ်မှာ ကြည့်လို့ရဒယ်။
    http://www.michailolidis.gr/pdf/KAIZEN08.pdf
    ဘာသာရေးမှာဆိုလဲ.. ဇင်ဘုန်းကြီးတွေက အလုပ်ချိန်အလုပ်… အရက်သောက်ချင် ယူနီဖောင်းလဲပြီး အရပ်ဝတ်နဲ့ စားသောက်ဆိုင်ထိုင်ဆိုတော့ ယူနီဖောင်းကြောင့် ဘာသာရေးနံမည်ပျက်ရတာမရှိ။
    သူများတွေချမ်းသာတာ မြင်ရင် ဘာလို့ ချမ်းသာတာလဲ အကြောင်းတရားကို အရင်ကြည့်…
    အကြောင်းတရားနဲ့ လွတ်ကင်းတဲ့ အကျိုးတရားရယ်လို့ မရှိ.. 😳

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      June 15, 2015 at 11:01 am

      သည်လိုဗျ… kaizen က methodology တခုသက်သက်ပဲ…
      တကယ်အရေးပါတာက … နောက်ကွယ်က စိတ်ဓါတ်
      ဘာ့ကြောင့် kaizen ကိုလုပ်ကြစို့ (ပိုကောင်းအောင် ပြောင်းလဲကြစို့) ဆိုတာမျိုး တွန်းပို့တဲ့ စိတ်…

      အဲ့၂ခု ဘာကွာသတုံး … ဥပမာပြောရရင်
      နိုက်ကီဗျာ… လူတိုင်း အမှန်ခြစ်ခြစ်ပြရင် နိုက်ကီမှန်းသိတယ်…
      တဆက်တည်း အောက်က … ဂျက်စ့်ဒူးအစ် တို့ ခုနောက်ပို်င်း အသစ်လုပ်တဲ့…ရစ်ခ် အဲဗဲရီးသင်းတို့လောက်
      အားလုံး သတိတရဖြစ်မယ်… ဒါက နိုက်ကီရဲ့ အပြင်ထုတ်တဲ့အပိုင်း (တနည်း) ကတ်စတမ်မာဘက်လှစ်ပြတဲ့အပိုင်းပါ…
      နိုက်ကီရဲ့ ဝန်ထမ်းတွေကိုတော့…ခြားနားတဲ့ စာသားတခု ပေးထားလေရဲ့…
      အဲ့ဒါ… အော့သန်းတစ်ခ် အက်သလက်တစ် ဂွတ်စ့် တဲ့ ….
      လိုင်စင်ရ အားကစားပစ္စည်းထုတ်လုပ်ရေး ဆိုတဲ့ အဓိပ္ပါယ် မျိုးပေါ့…
      သည်နေရာမှာ mgmt ပိုင်းအရ… ဟ ..နိုက်ကီမှာ … မစ်ရှင်စတိတ်မန့်မျိုးမရှိဘူးလား
      ဗစ်ရှင်မျိုး မရှိဘူးလား မေးစရာရှိတယ်… ရှိပါတယ်.. လိုနေတာက.. ဒက်ဖနေးရှင်းဆန်ဆန် အဲ့လို စာစုတွေအစား
      စကားတိုတိုပြတ်ပြတ် ၃-၄လုံးနဲ့ ဝန်ထမ်းတိုင်းစိတ်ထဲ စွဲနေမယ့် စာသားမျိုးပဲ… စာချိုးပြီးထည့်ပေးထားတာ အလုပ်ဖြစ်သဗျ…

      သဂျီးတို့အမေရိကန် လေတပ်မှာလည်း အဲ့လိုစာလုံးရှိတယ်.. (မစ်ရှင် ဗစ်ရှင်အနေနဲ့ ဘယ်လိုပဲ ဒက်ဖနေးရှင်းထုတ်ထားထုတ်ထား)
      ရော်ဘဲတွေကြားမှာတော့…. လေထဲနဲ့ အာကာသမှာ လူပါးလာဝရင် ဖင်ပိတ်ကန်မယ် ဆိုတဲ့စကားပဲ..တွင်ကျယ်လေရဲ့…

      ဂငယ်တွေရဲ့ kaizen ဆိုတာလည်း… သည်သဘောပါ..
      kaizen က အောင်မြင်စေခဲ့တာမဟုတ်… kaizen ကိုကျင့်သုံးမယ့်စိတ် ဖြစ်အောင် လှုံ့ဆော်တဲ့ စိတ်ကသာ အောင်မြင်တာရဲ့ အရင်းခံ…။

      အဲ့ဒါကိုရချင်တာ…
      အနုပညာတခုလိုပဲ …အဲ့ဒါက သင်လို့မရဘူး…

  • Mike

    June 15, 2015 at 1:15 pm

    .စည်းကမ်းအစ စာသင်ကေ ျာင်းကပါဗျာ

    • Ma Ma

      June 16, 2015 at 6:50 pm

      အားကစားပြိုင်ပွဲတွေကနေ အမှိုက်ကောက်ပြီး ပြန်ရှင်းတဲ့စနစ်တစ်ခုတော့ အမြတ်ရလိုက်တယ်။ 🙂

  • အတွေးလေး

    September 12, 2015 at 10:12 pm

    စနစ်တကျတန်းစီနေရင် ကိုယ့်အလှည့်ရောက်ဖို့မသေချာဘူးဆိုတဲ့အခြေနေတစ်ခုကလည်းကျတော်တို့နိုင်ငံမှာရှိနေ သေးတာပဲကိုးဗျ။

  • Ma Ma

    September 13, 2015 at 12:05 am

    စနစ်တကျတန်းစီနေရင် ကိုယ့်အလှည့်ရောက်ဖို့မသေချာဘူးဆိုတဲ့အခြေအနေကလည်း အကြောင်းတစ်ချက်အနေနဲ့ပါဝင်ပေမယ့်…………..
    စည်းကမ်းရှိရမယ်ဆိုတဲ့ စိတ်ဓာတ်အရင်းခံ မရကြတာက အဓိကအကြောင်းရင်းလို့ ထင်မိတယ်။

Leave a Reply