( ရွာနှင့်ဦးပေါ့လေ )

တစ်ချိန်က ဟောဒီမိုးတွေကြား

သမီးရည်းစားနှစ်ယောက် ရူးလောက်အောင် ပျော်ခဲ့ကြ

တစ်လက်ထဲသောထီးကလေးအောက် သောကပျောက်စုံတွဲ

တစ်သက်လုံးမြဲမယ့် အတွေးနဲ့ အချစ်တွေ နယ်ချဲ့ခဲ့သပေါ့လေ ၊

မိုးစိုမှာစိုးသူက သူ့ကိုပိုက်ထွေး အို  နွေးလိုက်တာ တဲ့ ၊

ဒီလိုနဲ့ နေ့ရက်တွေဖြတ်သန်း နောက်နှစ်ဆန်းမှာတော့

ကံပဲပေါ့ဆိုတဲ့ စကားနဲ့ ထားခဲ့တဲ့မင်း

နားမလည်နိူင်ခြင်းတွေကြား မိန်းမဆိုတဲ့လူစား

ဒီလို တစ်သားတည်းလား များခဲ့တဲ့အတွေးတွေနဲ့

အနာကြီးနာခဲ့  စာဖွဲ့မကုန်အောင်ချစ်ပေမယ့်

ညစ်လေတဲ့ မင်းလိုလူအတွက် အခန်းဆက်စရာမလို

ငါဆိုတဲ့ယောင်္ကျား လွမ်းများနေမယ်ထင်သလား

မင်းသင်သွားတဲ့ မာယာအတတ် ငါ အခါခါမှတ်ခဲ့

အတုံ့အလှည့်ကိုကွယ့်ငါမျှော် မင်းသာထပ်ပေါ်ခဲ့ရင်

ငါ ညှာလိမ့်မယ် မထင်နဲ့နော် ၊

20150610_181559

15 comments

  • ကြောင်ဝတုတ်

    June 12, 2015 at 3:01 pm

    ဟိုသီချင်းလေးသွားသတိရသဗျာ…
    ဘာတဲ့…. ကြီးမှဝက်သက်ပေါက်ရင် သတိထားဆိုလားပဲ…
    ကျုပ်တို့ရွာသားကြီး နုချက်ကတော့ဗျာ… သတိထားရမယ့်အဆင့်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • တောင်ပေါ်သား

      June 12, 2015 at 3:07 pm

      ဝက်သက်လောက်တော့ စာမဖွဲ့ပါဘူး ဖက်ဖက်ကက်ရယ် ၊ 🙂

      • ကြောင်ဝတုတ်

        June 12, 2015 at 3:41 pm

        ဝက်သက်မဟုတ်ရင်တော့ စိတ်ပိုပူရပြီဗျို့… အဲဒါ… HIV Positive…
        ခင်လို့စတာပါဗျာ…
        ကဗျာလေးကို ဖတ်ရင်းရင်ဘတ်ခြင်းထပ်တူ ခံစားသွားပါကြောင်း…

        ခင်မင်လျက်-
        ဖက်ဖက်ကက်

        • တောင်ပေါ်သား

          June 12, 2015 at 3:47 pm

          HIV တော့ လုံးဝ ရှင်းကြောင်း 🙂

          ကောမန့်အတွက် ကျေးဇူးဗျို့

    • sorrow

      June 14, 2015 at 3:42 pm

      ဘာဗျ…. ဒီမယ် ကိုကြီးဖက်ကတ်… အားမပေးချင်နေပါ… လူတဖက်သားကို အားလျော့အောင်မပြောပါနဲ့ … အဆင်းလေး ဘီးတပ်ပေးမယ်မရှိဘူး .အဟိဟိ …အစ်ကို မျိုး ..ကျွန်တော်အားပေးတယ် ..အချစ်ဆိုတာ အမြဲလတ်ဆတ်စိမ်းလန်းနေတဲ့အရာဗျ….

      • manawphyulay

        June 16, 2015 at 12:56 pm

        အေးလေဟယ်… ထူးအယ်လင်းတောင် အချစ်သစ်တွေ့ပြီဆိုပဲ… 😛

  • မြစပဲရိုး

    June 13, 2015 at 3:07 am

    ဖျား .. ဖျား ..
    ဂလောက်ဘဲ ဆိတ်ကြီးတယ်လား။
    နဲနဲ တော့ လျှော့ပါ ကိုမျိုးရာ။
    အဲလို အကြိမ်းကြမ်းရင် တကယ်လဲ တွေ့ရော။ မင်း သဘော ဖြစ်တာပါဘဲ။ 😉

    • တောင်ပေါ်သား

      June 13, 2015 at 9:31 am

      အရီးကလည်းဗျာ

      ဒါက ကဗျာပါ ၊ ဒီလိုခံခဲ့ရဘူးသူတွေကိုယ်စားပေါ့ ၊

  • Alinsett @ Maung Thura

    June 13, 2015 at 9:45 am

    ဒီမိုး…. ဒီမိုး…. ဒီမိုးသည်းတဲ့နေ့တွေ… ဒန်တန့်တမ်…

  • sorrow

    June 14, 2015 at 3:50 pm

    .. အစ်ကိုမျိုးကို တစိုက်မတ်မတ်အားပေးနေရခြင်းအကြောင်းက စိတ်ဓါတ်လေးသဘောကျလို့ခင်ဗျ …
    ..လုပ်ငန်းတခုရဲ့အောင်မြင်ခြင်းအခရာက … ရယူပိုင်ဆိုင်ချင်တဲ့စိတ်ခင်ဗျ…. ဆိုတော့ကာ … …ရချင်တဲ့စိတ်ရှိပြီး ထိုက်တန်တဲ့လုံ့လရှိခဲ့ရင် … မလွဲမသေရမှာဖြစ်ကြောင်း …အဟိဟိဟိ
    ဒီရွာသားတွေ ကိုမကြိုက်တာအဲ့တာပဲ ..အလကားလိုက်ပူပင်နေကြတယ်… အချစ်ရဲ့အသီးပွင့်တွေကို
    ..နားမလည်ကြဘူး …အဟိဟိဟိ ..ဟိုတိုင်းတပါးက အန်တီကြီးအဆိုးဆုံး ..

    • မြစပဲရိုး

      June 14, 2015 at 4:51 pm

      မင်း လေယာဉ် မှာ ဘီးတွေ ကိုတစ်ချိန်လုံး မသုံးရတိုင်း သူများ ကို သွားပြီး ဘီးတပ် ပေးနေတယ်။
      . ဖြူဖွေး ကိုတွေ့အောင်ရှာပြီး ပညာပေးခိုင်းဦးမှပါဘဲ။ :-)))

      • တောင်ပေါ်သား

        June 15, 2015 at 10:18 am

        ကချင်ကြီး နဲ့ အရီးရေ

        ကျေးဇူး

      • sorrow

        June 15, 2015 at 1:31 pm

        ..အရီးလေးကလဲ ချစ်လို့စတာကြီးကို . အဟိဟိ ..အစ်ကိုမျိုး ကျွန်တော်မပါတော့ဘူး ..အဟီး

  • Mike

    June 15, 2015 at 3:52 pm

    .ဆွဲထားဆရာရေ…ရာသီဥတုကလည်းကိုယ့်ဖက်မှာဆိုတော့ :))

Leave a Reply