မိုးလေး ညို လာ ရင် ဖား မျက်ရည်လေးလည် – Food on Rainy Holiday

ဇီဇီJuly 17, 20151min77543

ဟိုနေ့က Giant Market ကို ဝင်လိုက်တာ ဖားကြီးကြီး ၂ ကောင်ပါတဲ့ တစ်ထုတ် တွေ့တာနဲ့ စွန့်စွန့်စားစားဝယ်လာတာ ၈ ဒေါ်လှတဲ့။

.
အာ့နဲ့ ဘယ်လို စားရမှန်းမသိလို့ သိမ်းထားတုန်း မနေ့က မိုးသူ ပို့(စ) ဖတ်ပြီးတော့ ဖားသားစားချင်တာနဲ့ ဒီနေ့ ကြော်လိုက်တယ်။

.
၁) သူတို့က အရေခွံဆုတ် ဆေးပြီးမှရောင်းတာမို့ ခုတ်ထစ်ပြီး ဆားဆနွင်းနိုင်နိုင်နဲ့ နယ်ထားလိုက်တယ်။
၂) ကြက်သွန်ဖြူနဲ့ ဂျင်းကို ထောင်း အရေကို ဖားအသားနယ်တဲ့ထဲ ညှစ်ထည့်ပြီး အဖတ်ကို သတ်သတ်ဖယ်ထားလိုက်တယ်။
၃) ဆီအိုးတယ်ပြီး ခုနက ညှစ်ပြီး ဂျင်း နဲ့ သွန်ဖြူ အဖတ်ကို အရင်ထည့်ကြော်လိုက်တယ်။
၄) မွှေးလာပြီး မတူးခင်မှာ ဖားအသားနှပ်ထားတာကို ထည့်ကြော်ပြီး ရေခန်း ဆီပေါက် အခြေအနေမှာ ချလိုက်တာပဲ။

1
1

 

2
2

 

 

အိုးထဲ လက်ကျန်ဆီနဲ့ ထမင်းတွေကို လူးနယ်လိုက်တယ်။ ငိငိ

 

3
3

 

 

အဲ။
နောက် အရည်သောက်ဘာလုပ်မတုန်းလို့ ကြည့်လိုက်တာ ပဲတောင့်ရှည်လေးတွေ တွေ့တာနဲ့ စိတ်ပြောင်းသွားပြီး သုပ်စားမလို့ ကြံစည်လိုက်တယ်။
၁) ပဲသီးတောင့်တွေကို အိုးထဲထည့်ခွေပြီး ပြုတ်လိုက်တယ်။ စိမ်းတောင့်တောင့်အခြေအနေ မပျောက်ရုံလောက် ပေါ့။
၂) ပြီးတော့ ပုံမှာ ပါတဲ့ အတိုင်း ပါဝင်ပစ်စည်းတွေ ထည့်ပြီး သုပ်လိုက်တာ။
၃) ကျနော်က ငါးပိသမားမို့ ငါးပိလေး မီးကင်ပြီး ထည့်သုပ်တယ်။
၄) ဆီချက်ကို ကြက်သွန်နီဆီချက်သုံးပါတယ်။
၅) ချဉ်ငန်စပ်အသုပ်လေးနဲ့ ဖားကြော်နဲ့ လိုက်လောက်မယ်ဆိုပြီးးးး

 

 

4
4

 

5
5

 

6
6

 

 

ထမင်းပူပူ
ဖားကြော်ကြွပ်ကြွပ်
အသုပ် ချဉ်ငန်စပ်နဲ့ စား အပြီးးး
သရက်သီးလေး တစ်လုံး ကျန်တာတွေ့တာနဲ့ အချိုတည်းလိုက်တယ်။
ငိငိ

 

7
7

43 comments

  • တောင်ပေါ်သား

    July 17, 2015 at 4:15 pm

    ရုံးဆင်းခါနီး ဖတ်သွားရင်း ဟို ဘီယာဆိုင်ကို တန်းသွားတော့မယ် ၊

    အဲသမှာ ဖားကြော် ရတတ်၏ ၊

    လူဆိုး ဈေးတောင်မဝင်နိူင် ဘီယာဆိုင်ပြေးရအောင်လုပ်တယ် ၊

    မြန်ကျန့် ပြန်လာလို့ ကြော်မကျွေးရင် ဘလော့ခ်မယ် ၊

    • ဇီဇီခင်ဇော်

      July 17, 2015 at 5:15 pm

      ခိခိ။
      ကြော်နည်းပေးထားတယ်လေ အိမ်ရှင်ထီးရဲ့/
      🙂

  • sorrow

    July 17, 2015 at 4:35 pm

    ..နောက်များကျရင် ဖားအရေခွံချွတ်ထားတာလေးကို အကောင်ပျက်အောင်ခုတ်လိုက်ပြီး ..ဆား..ဆနွင်းဂျင်းကြက်သွန်ဖြူထည့်ပြီး .ဝိုင်ဖြူနည်းနည်းလေးထည့် … မှိုနက်ထည့် ကြွက်နားရွက်မှိုထည့် ..ငုံးဥထည့်… ရှုးရှဲအိုးထဲထည့်ပြီး ပေါင်းလိုက် .ဘရိုကိုလီလေး ကြိုက်ရင်ထည့်..အရည်သောက်ကလေး ..စားခါနီးမှ သံပုရာသီးနဲ့ ငရုတ်သီးစိမ်းထောင်းလေးထည့် ..ဖားပေါင်းစွပ်ပြုတ်ချဉ်စပ်လေးဖြစ်ကရော.. ရှလွတ်……

    • ဇီဇီခင်ဇော်

      July 17, 2015 at 5:17 pm

      နာက လေ။
      အသားဆို ကြော်တာရယ် ကင်တာရယ်ပဲ အကြိုက်ဆုံးးး
      ရုတ်တရက်ဆို တခြားလုပ်နည်းစဉ်းစားလို့ မရဘူး

      :k:

  • kai

    July 17, 2015 at 4:50 pm

    အရိုးကများပြီး.. အသားနည်းတယ်ခံစားရသမို့.. မစားဖြစ်..။
    ပြောသာပြောတာ…
    ချိုင်းနီးတွေစူပါမားကက်သွားရင်.. သင်းခွေချပ်..ဖား..ယုန်…မိချောင်း..မြွေ.. ငါးရှဉ့် ရေခဲရိုက်ထားတာတွေ.. တွေ့တွေ့နေတာ…။
    မစားဖြစ်သေး..။

    • ဇီဇီခင်ဇော်

      July 17, 2015 at 5:12 pm

      ဘယ်ကလာ။ အသားမနည်းလှပါဘူးးး
      ကြွပ်ကြွပ်ကြော်ရင် အရိုးပါ ဝါးလို့ရပါတယ်။
      ကြာကြားဝါးမဲ့ သွားမို့ အရိုးရှောင်နေရင်တော့ မပြောတတ်..

      :k:

  • ဂျက်စပဲရိုး

    July 17, 2015 at 5:23 pm

    ဖားသား ဟင်း စားချင်တာ လို့…..
    အရင်ကဆို မိုးတွင်း ရန်ကုန် ဈေး မှာ ဖား အကောင်ကြီးကြီး ကြီးတွေ ရောင်းတယ်။
    အဲ့ဒါကြီးတွေ ဝယ်ပြီး ဟင်းချက်စားရ ရှယ် မှ ရှယ် း)
    ဖားပေါင် တစ်ပေါင် ဟာ chicken drumstick လောက် ရှိတယ်။

    ဖား အကိတ်ကြီးတွေ ရှလွတ်… း)

    • ဇီဇီခင်ဇော်

      July 17, 2015 at 5:28 pm

      နိ ပြောနေပုံက မသိရင်
      စလုံး မှာ လပ်ကီးပလာဇာ သွားထားတဲ့ လေမျိုး ခိခိ။
      ဖားကို မချက်တတ်ဘူးအေ။
      အဲဒါ ခက်တာ။

      :mrgreenn:

      • ဂျက်စပဲရိုး

        July 17, 2015 at 7:24 pm

        လပ်ကီးပလာဇာ က ဖား က အဆင်ပြေရင် ကိုယ့်တောင် တင်ကျွေးထားမယ့် ဖားမျိုှုးဒေ… ငိငိငိ း)

        • ဦးကျောက်ခဲ

          July 17, 2015 at 9:18 pm

          လူဇိုး… ဖားပြုတ်နဲ့တွေ့မှ ရှိတာတွေကုန်မှာ… ခွိ :k:

  • Alinsett @ Maung Thura

    July 17, 2015 at 5:49 pm

    စားချင့်စရာာာာာ
    ကျနော့်ကို ချက်ကျွေးမယ့်သူတစ်ယောက် အမြန်ရပါစေသားးးးးး

    • ဇီဇီခင်ဇော်

      July 17, 2015 at 6:31 pm

      တောင်းတဲ့ ဆု တွေ ပြည့်ပါစေသား

    • မြစပဲရိုး

      July 17, 2015 at 10:57 pm

      ဆက်ဆက် ရယ်
      ဒီလောက် အားမငယ်ပါ နဲ့။
      ရွာထဲ ဖားတစ်ကောင် ရှိလားလို့။
      အဲဒီ ဖား ကို ရှာပြီး ကင် ပြလိုက်။ 😉

    • ဇီဇီခင်ဇော်

      July 17, 2015 at 6:37 pm

      ချစ်ဖားလေး လာဘီ။
      ငိငိငိ

      :mrgreenn:

  • မွသဲ ( 17082011 )

    July 17, 2015 at 8:45 pm

    ဖားဆို အသေရိုက်သတ်ချင် အဲ့ဟုတ်ပေါင် တကယ့်ဖားအစစ်ကို မန်ကျည်းရွက်နဲ့ခြောက်နေအောင်ဆီပူထိုးကြော်တာပိုကြိုက်တယ် ချက်တာထက်စာရင်။ ကျော်စံကေးလေးဒေဆိုပိုတောင်ကြိုက်သေး

    • ဇီဇီခင်ဇော်

      July 17, 2015 at 9:43 pm

      ဖားးး သက်ပြင်းးလေးးး
      ချက်စားးကြမားးးး
      :k:

      • Wow

        July 20, 2015 at 4:06 pm

        ဟုတ်ပ ကေ ျာ်စံကေးလေးဒွေ ငုပ်သီးစိမ်း၊ မန်ကျီးရွက်နဲ့ ကျော်ရင် ဖားလေးတွေက မန်ကျီးရွက်လေးတွေ ကျစ်ကျစ်ပါအောင် ဆုတ်ပီး ကိုယ့် မျက်လုံးအပြူ းသားနဲ့ ကျိနေတာ … မစားရက်ပါဝူး…… အိုက်နေ့ဆို အမြဲ ထမင်းထပ်တည်ရတယ် :mrgreen:

        • ဇီဇီခင်ဇော်

          July 20, 2015 at 4:15 pm

          ဟမ်မလေးးး
          မြင်ယောင်ပြီး ရီ လိုက်ရတာ အေ။

          :mrgreen:

  • အောင် မိုးသူ

    July 17, 2015 at 9:10 pm

    ဖားခြောက်စပ်စပ် အရမ်းကြိုက်တယ်။ ဒီမှာတော့ ဖားကကွကိုယ်သင်ရတာရယ် ဖားသင်ရင်အတော် ညှီတာတော့သိတယ်။ မသင်ချင်ဘူး။

    • ဇီဇီခင်ဇော်

      July 17, 2015 at 9:42 pm

      အဲလိုဆိုရင်တော့ စားးဖြစ်မယ် မထင်ဘူးးး
      ဟီးးးဟီးး

    • Wow

      July 20, 2015 at 4:08 pm

      အာ့ဆို ကင်ပလိုက်လေ… ဖားကင် :mrgreen:

  • ဦးကျောက်ခဲ

    July 17, 2015 at 9:16 pm

    Giant က ဖားတွေက မွေးမြူရေးဖားကြီးတွေမို့ အသားများတယ် ။
    ဆီပြန်ချက်ရင် အတော်ဂရုစိုက်ရတယ် ၊ အမွှေလက်လွန်ရင် ကြေကုန်ရော ။
    ကျောက်စ်ကတော့ မွေးမြူရေးဖား အကောင်ကြီးရင် အရသာနယ်ပြီးနှပ်ထား ၊ ပြီးမှ ဆီများများနဲ့ကြော်ရင် ကြက်ကြော်နဲ့ မလဲ ၊ ဘီဘီနဲ့ အင်မတန်ဂွဒ်၏ ။ ဟင်းအတွက်ဆိုရင်တော့ အရွယ်တော်တုံးပြီး ကြွပ်ကြွပ်ကြော် ၊ ပြန်ဆယ်ထား ။ ကြက်သွန်ဖြူ ကြက်သွန်နီ ကြက်သွန် ဂျင်း ပျင်းတော်သိန် ငရုပ်သီးခွဲကြမ်းတွေကို ဆီသတ် ၊ အနံ့မွှေးပြီး အရောင်လှလာရင် ဖွတ်ကြား = ဖားကြွပ်ကြော်နဲ့ ရောပြီးလှိမ့် ၊ ခရုဆီနဲနဲ နှမ်းဆီလေးဖြန်း ၊ ပြီးမှ ကြက်သွန်မြိတ် ဒါမှမဟုတ် ဂျူးဖူး နုနုလေးတွေ အိုးချခါနီး အုပ်လိုက်ရင် … “ပြော… မပြောပြနိုင်အောင်ပါပဲရှန်” လို့ ခေတ်ဟောင်းမင်းသမီးကြီး ကြော်ငြာသလို အသံထွက်သွားမယ်… အာဟိ :k:

    • ဇီဇီခင်ဇော်

      July 17, 2015 at 9:41 pm

      ဟမ်မလေးးးး
      နက်ဖြန် သွားးးဝယ်စားးအူးးးမှ…
      :mrgreenn:

  • မြစပဲရိုး

    July 17, 2015 at 10:56 pm

    ရှာရှာဖွေဖွေ စားသကွယ်။
    စားရေးရှိက စားအပ်လှ ဆိုလဲ စားကွဲ့ စား။ :-))

    • ဇီဇီခင်ဇော်

      July 18, 2015 at 2:47 pm

      စားနေတာ အန်ဒရယ် ကင်းဘာဒယ်ဆို

      :mrgreenn:

  • aye.kk

    July 18, 2015 at 12:58 am

    ပဲသီးသုပ်လည်းကြိုက်တယ်။
    ဖားကြွပ်ကြော်လည်းကြိုက်တယ်။
    မလုပ်စားဖြစ်ဘူး၊အခုဇီဇီpostဖတ်ပြီး
    ပဲသီးသုပ်ကိုလည်းလွမ်း၊ဖားကြွပ်ကြော်ကိုလည်းလွမ်းသွားတယ်။
    ချက်စားကြည့်ဦးမယ်။ သရက်သီးကတော့ စားဖြစ်တယ်။။။

    • ဇီဇီခင်ဇော်

      July 18, 2015 at 2:47 pm

      ဟီးဟီးး
      မထင်မှတ်ပဲ တွဲစားမိပြီး ဆာဆာနဲ့ စားတာများသွားလို့ နောင်တ ရပြန်ရော။

      :k:

  • Ma Ma

    July 18, 2015 at 7:33 am

    ဖားသားဟင်းနဲ့ အရံဟင်းတွေကလည်း တမင်စီစဉ်ထားသလား အောက်မေ့ရတယ် လိုက်ဖက်ညီလှတယ်။

    ဖားမျိုးတွေ အပြုတ်နှံမယ့် အစီအစဉ်တော့ မဟုတ်ပါဘူးနော်။

    တစ်ဦးတည်းသောသားလေး လွတ်ရာရှောင် တော်ရာပြေးလို့ ခိုင်းရတော့မလားလို့။ :k:

    • ဇီဇီခင်ဇော်

      July 18, 2015 at 2:48 pm

      အဲဒီ ဖား ကို စားရင် ကျိန်စာမိပြီး နူတာတို့ ဘာတို့ ဖြစ်မစိုးလို့။
      ဟိဟိ

      :k:

  • ဦးကြောင်ကြီး

    July 18, 2015 at 9:07 am

    လူဓါးစိုယဉ်ဒေါ့ အစိမ်းဆားမဲ မဟုတ်လား… လဇိုးမ

    • Ma Ma

      July 18, 2015 at 1:15 pm

      လူဓါးတော့ မသေချာဘူး။
      ကြောင်ဒါးဆိုရင်တော့ ဆားလောက်တယ်။ :p:

    • ဇီဇီခင်ဇော်

      July 18, 2015 at 2:49 pm

      လူဒါး ကို ရှောင်ပြီး ကြောင် သားကို အစိမ်းစားမဲ

      :k:

  • Mike

    July 18, 2015 at 11:06 am

    .ဘွမှာ ဖား၊ကြွက်၊ပုရစ် တခါမှမစာဖူးဘူး…အိမ်ကလူတွေတော့စားကြတယ်
    .ထူးထူးခြားခြား လင်းမြွေသားတော့မြည်းဖူးတယ်..ကောင်းထှာ :))

    • ဇီဇီခင်ဇော်

      July 18, 2015 at 2:49 pm

      ပြောင်းပြန် မိုက်မိုက်။
      ကျနော် က မြွေသားရှောင်တယ်၊
      ဟီးဟီး

      :mrgreenn:

  • YE YINT HLAING

    July 18, 2015 at 11:16 am

    သူငယ်ချင်း အဖော်ခေါ်တာနဲ့ ၈မိုင်မှာရှိတဲ့ ကိုရီးယားဆိုင်မှာ ကိုရီးယားတွေနဲ့တွေ့ဖို့ရောက်တော့ အဲဒီဆိုင်မှာ ဖားပြုတ် (ဖပြုတ်) ကျော်ရောင်းတယ်။ ကိုရီးယား တွေမှာစားတယ်ဗျ ။

    • YE YINT HLAING

      July 18, 2015 at 11:19 am

      စောရီး ကျော် မဟုတ် ကြော် ။
      အန်တီ” မ” မတွေ့ခင် အမြန်ပြင်လိုက်ပြီ။

      • Ma Ma

        July 18, 2015 at 1:45 pm

        သိပ်ကြောက်သွားသလား ရဲရင့်လှိုင်။
        အန်တီက ကျော်ဖတ်သွားပါတယ်ကွဲ့။ :k:

    • ဇီဇီခင်ဇော်

      July 18, 2015 at 2:50 pm

      ငင်။
      ဖားပြုတ်က စားလို့ ရလို့လားးး
      စားဖားကပဲ စားလို့ ရတာ ဟုတ်ဘူးလား??

      🙄

  • surmi

    July 18, 2015 at 5:36 pm

    ဖါး သံကြားလို့ပြေးလာတာ :mrgreenn:

    မိုးတွင်းမှာ အရမ်းအော်တဲ့ ဖါးပေါင်စင်းခေါ်လား အဲ့ဒါကို ခေါင်းဖြတ် ဗိုက်ခွဲ ခြေဖျား လက်ဖျားဖြတ် ပြီး ဆားဆနွင်း ငံပြာရည်နယ် ။
    ပြီးတော့မှ ကြက်သွန်ဖြူနီ ဖိုးသိုးဖတ်သပ်နဲ့ ကြော်ချက်ချက် ။
    ငရုပ်စိမ်းကို ခွဲခြမိးပြီး ပင်စိမ်းရွက်နဲ့အုပ်ဗျာ ။
    အချဉ်ကြိုက်ရင် သံပရာရည်ညှစ်ထည့် ။
    သိပ်ကောင်းတဲ့ ဖါးချဉ်စပ် လယ်တောချက်ကလေး ……
    ဆွေမျိုးပါမေ့သွားမယ် :mrgreen:

    • ဇီဇီခင်ဇော်

      July 18, 2015 at 5:59 pm

      အသားလိုလို့ အရိုးတောင်းတာ။
      နောက်ထပ်ချက်နည်း ၃ နည်းရပြီမို့ ကျေးဇူးအများကြီး တင်ပါတယ်ခင်ညာ

      :mrgreen:

  • Shar Thet Man

    September 6, 2018 at 4:15 pm

    ဒီရာသီနဲ့ အလိုက်ဖက်ဆုံးပါ

  • kotun winlatt

    September 8, 2018 at 10:41 am

    ဗိုက်​ဆာ​နေပါတယ်​ဆို…
    ဒီပို့စ်​ကိုမှ လာဝင်​ဖတ်​မိရတယ်​လို့ကွာ…

Leave a Reply