ဘာမျိုးစေ့လဲ
ဘယ်လို အပင်ပေါက်သလဲ
ဘာကြောင့် သစ်မာမျိုး ဖြစ်နေရတာလဲ
ဘယ်ရာသီဥတုမဆို
လက်ရဲဇက်ရဲ ရှင်သန်လို့
လေထဲလည်း အမြစ်တွယ်
ပင်လယ်ထဲလည်း တောထ
မြို့လယ်ခေါင်တွေတောင် စိမ်းစိုလို့
လူတွေ
သက်ရှိတွေ
မသက်မသာ အရိပ်ခိုနေကြရ
တကယ်ဆို
သူသူကိုကို
မနှစ်မြို့တဲ့ ဒီအပင်ဟာ
ဆုပ်လည်းစူး
စားလည်းရူးတဲ့
အသီးကိုပဲ သီးပါတယ်
ကိုစစ်

ko six

About ko six

ko six has written 94 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014