နားဦးတည့်ရာ နှစ်ဆယ့်ငါး – Alice Copper (Poison)

မြစပဲရိုးJune 12, 20153min13911

. ပြောရရင် နားဦးတည့်စီးရီး အတွက် သိုးဆောင်းသီချင်း တွေ က မြန်မာသီချင်း တွေ ထက် ပိုပြီး နားထဲရောက်နေတာ များတာပါ။
ဒီတစ်ပါတ် မှာတော့ မြန်မာသီချင်း တစ်ပုဒ် က ဘဲ နားထဲ မှာ အမြဲရှိနေခဲ့တယ်။
ဒါပေမဲ့ အလှည့်က သိုးဆောင်းဘာသာ သီချင်း မို့ ဘာသီချင်း တင်ရမယ် ဆိုပြီး ရွေးမရဖြစ်နေခဲ့တာ။
အခုရွာထဲ လည်အပြီးမှာတော့ ကိုမျိုး ရဲ့ ( ရွာနှင့်ဦးပေါ့လေ ) ဆိုတဲ့ ရင်တွင်းဖြစ်  ကဗျာ ထဲ က “မိန်းမဆိုတဲ့လူစား” ဆိုတဲ့ စာလုံးလေးတွေ ကို ဖတ်ပြီး ပြုံးမိသွားတယ်။
ဒါနဲ့ဘဲ သီချင်း တစ်ပုဒ် ချက်ချင်း ရသွားခဲ့တာပါဘဲ။
. ကျေးဇူးပါ ကိုမျိုး။ :-))

ဟုတ်ပါ့နော်။
မဟာပုရိသတွေများ တော်လိုက်ကြတာ။
မိန်းမ တွေ ကို အမျိုးမျိုး စိတ်ကြိုက် တင်စားထားကြတာများ။
စိတ်လို ရင် တစ်မျိုး၊ စိတ်မလို ရင် တစ်မျိုး။

သူတို့ ကို ချိုချိုသာသာ ကြည်မြမြ လေး ဆက်ဆံတတ်ရင်တော့
“ပန်းကလေး” တို့၊ “ဆည်းလည်းလေး” တို့၊ “ဖယောင်းရုပ်လေး” တို့၊ “အိမ်မက်မေ” တို့၊ “အသည်းလေး” တို့၊ “ရွှေမင်းသမီးလေး” တို့
စသဖြင့် တင်စားလိုက်ကြတာ။
တကယ်လို့ များ အသံမာမာ၊ မျက်နှာထားတင်းတင်း၊ ဘုကြည့်ကြည့် ပြီး နေမိလိုက်ရင်တော့
“အသည်းစား ဘီလူးမ” တို့၊ “မာနရှင်” တို့၊ “စိမ်းရက်သူကြီး” တို့၊ “စွာလန်တေး” တို့၊ “မာယာမင်းသမီး”တို့၊ “ကဝေမ” တို့
အစုံဘဲ အမွှန်းတင် လိုက်ကြပုံများ။
. ပြီးတော့ သူတို့ ဘဲ ဝေးဝေးလဲ မနေနိုင်။

တကယ်တော့ ချိုသာပြော့ပြောင်းလွန်း ရင်လဲ အကောင်းဖြစ်မယ် မထင်လေနဲ့။
တစ်ချို့ နောက်ကွယ်မှာ ဟားတိုက်တတ်တဲ့ သူများလဲ ရှိပါ့။
အားလုံး ကိုတော့ ဝါးလုံးရှည် နဲ့ မရိုက်လိုပါ။
ဒါပေမဲ့ ယောကျာင်္းလေးများရဲ့ စကားဝိုင်း ကို တစ်ချိန်လုံး မကြားချင်လဲ ကြားခဲ့ဖူးတာမို့
ကိုယ့်ကိုယ် အပေါစား လို လျှော့တွက်ပြီး အလွယ်ခူးလိုက်တာ ကို ခံရတာထက် စာရင်
“အဆိပ်” လို့ မြင်ပြီး ခပ်ဝေးဝေး က အကဲခတ်ကြည့် နေခံ ရတာ ကို ပိုပြီး တန်ဖိုးမြင့် ပါတယ် လုံမလေးတို့ရေ။

. ပြောသာပြောရ ရွာထဲ လဲ ကလေး အသေး U-20 တော့ ရှိမယ် မထင်ပါဘူး။
O-30  တွေ များ နေတာမို့ ဖတ်မိလဲ အပျော်လို့ သာ တွေးပြီး သီချင်းသာ ကြိုက်တတ်ရင် နားထောင်သွားပါတော့။ 😉

အခု သီချင်း ဆိုသူ Alice က The Godfather of “Shock Rock ” ဆိုပြီး နာမည်ကြီး ပါ။
သူ့သီချင်း တွေကလဲ rock နဲ့ heavy metal တွေများတယ်။
သူ့ နဂိုမူရင်း ရုပ်ကလဲ မဆိုးပါဘူး။
အသံ ကလဲ နားထောင်လို့ အတော်ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။
သို့ပေမဲ့ စင်ပေါ်မှာ သွေးစုတ်ဖုတ်ကောင်လို ရုပ် စတိုင် နဲ့ မို့ ကြည့်ရတာ ကြိုက်သူရှိ၊ မကြိုက်သူရှိပေါ့။
သူ့ သီချင်း ဗီဒီယို ထဲ က ကောင်မလေး ကတော့ အချောလေးပါ။

Poison သီချင်းက ဇော်ဝင်းထွဋ် ရဲ့ “လှပတဲ့အဆိပ်” မူရင်း လို့ ပြောနိုင်ပါတယ်။

Alice Copper
Alice Cooper – “Poison”
Your cruel device,
Your blood like ice.
One look could kill,
My pain, your thrill.

I wanna love you, but I better not touch (don’t touch)
I wanna hold you, but my senses tell me to stop
I wanna kiss you, but I want it too much (too much)
I wanna taste you, but your lips are venomous poison

You’re poison runnin through my veins
You’re poison, I don’t wanna break these chains.

Your mouth, so hot
Your web, I’m caught
Your skin, so wet
Black lace on sweat

I hear you callin and it’s needles and pins (and pins)
I wanna hurt you just to hear you screaming my name
Don’t wanna touch you, but you’re under my skin (deep in)
I wanna kiss you, but your lips are venomous poison

You’re poison runnin through my veins
You’re poison, I don’t wanna break these chains
Poison

One look (one look), could kill (could kill),
My pain, your thrill.

I wanna love you, but I better not touch (don’t touch)
I wanna hold you, but my senses tell me to stop
I wanna kiss you, but I want it too much (too much)
I wanna taste you, but your lips are venomous poison

You’re poison runnin through my veins
You’re poison, I don’t wanna break these chains
Poison

I wanna love you, but I better not touch (don’t touch)
I wanna hold you, but my senses tell me to stop
I wanna kiss you, but I wanna too much (too much)
I wanna taste you, but your lips are venomous poison

Yeah
Well I don’t wanna break these chains
Poison

Runnin deep inside my veins
Burnin deep inside my veins
Poison
I don’t wanna break these chains

11 comments

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    June 13, 2015 at 7:10 am

    အော်… ဒါမျိုးတွေနားထောင်တယ်လား…
    သားတို့ကတော့ ဟင်းသတထွန်းရင်ပဲ နားထောင်ပါတယ် မာမီမာမားချစ်မေမေ

    😛

  • အရက်ဝိုင်းမှာအမြည်းအဖြစ်အပြောခံရမယ့်အစား အဆိပ်မှတ်လို့ရှောင်သွားတာပိုကောင်းတယ်ဆိုတာကို ကြိုက်တယ်

  • Ma Ma

    June 13, 2015 at 8:58 am

    “မိန်းမဆိုတဲ့လူစား” စကားက ဝါးလုံးရှည်နဲ့ ယမ်းလိုက်သလိုပဲ။
    တကယ်ဆို လူတိုင်းမှာ နှမတွေ အမတွေ မရှိတောင် အမေတော့ ရှိမှာမို့
    အဲဒီစကားပြောရမှာ အားနာစရာဖြစ်မနေဘူးလား။

    ကျား ကျား မ မ ကောင်းတဲ့သူက ကောင်းပြီး ဆိုးတဲ့သူက ဆိုးပါတယ်။

    ဓာတ်ပြားဟောင်းကြီး အပ်ကြောင်းထပ်ရမယ်ဆိုရင်……….
    တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ ဆုံးမဩဝါဒလေးကို လက်ဆင့်ကမ်းချင်ပါတယ်။

    “သူတပါး၏ အဆင်မပြေပုံ၊ ဘုကျပုံ၊ စိတ်ပျက်ဖွယ်ရာ ဆက်ဆံပုံ၊ အမူအရာရိုင်းပုံ၊ အပြောအဆိုကြမ်းတမ်းပုံ၊ စိတ်ထားနှလုံးထား မဖြောင့်ပုံမျိုးကို မြင်ရ၊ ကြုံရ၊ တွေ့ရလေတိုင်း ထိုသူ့အပေါ် အမြင်ကပ်ခြင်း၊ ဒေါသထားမိခြင်းထက် `ငါတော့ ယနေ့ကစ၍ ထိုလူစားလိုမျိုး မနေမိအောင် ကြိုးစားသွားမယ်​` ဟူ၍ အတွင်းကျိတ် ဆုံးဖြတ်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်။“

  • တောင်ပေါ်သား

    June 13, 2015 at 9:11 am

    တစ်မျိုးမထင်စေချင်ပါ ၊

    ( မိန်းမဆိုတဲ့လူစား

    ဒီလို တစ်သားတည်းလား များခဲ့တဲ့အတွေးတွေနဲ့ )

    ကျနော့်စာသားက ရှင်းရှင်းလေးပါ ၊ အကုန် အတူတူ လို့ ပြောထားတာ မဟုတ်ဘူးလေ ၊
    အတူတူများ ဖြစ်နေမလား လို့ တွေးမိတာ ၊ တွေးမိတာနော် ၊

  • ​ဒေါ် လေး

    June 13, 2015 at 11:01 pm

    မြန်မာသီချင်းတွေဘဲ နားထောင်ဖြစ်တာများတယ်
    ဘိုလိုက နားမလယ်ဘု
    ဒါနဲ့ ခုတလော အသစ်တန်းက ဝန ကို နားထောင်ဖြစ်နေတယ်
    သီချင်းစာသား အရီးရေပြတော့ နားလည်သလိုလို

  • Courage

    June 15, 2015 at 2:42 am

    O30ထဲ တားပါတေးပုနော်… 🙂
    ဒီသီချင်းကို အခုမှကြားဖူးတာဗျ။ စာသားလေးတွေ တော်တော်ကောင်းတယ်။ ရေးတတ်မယ်ဆို ကဗျာ၁ဝပုဒ်၊ ဒါမှမဟုုတ် သီချင်း၁ဝပုဒ်လောက်တောင်း ပွားပြီးရေးလို့ရနိုင်ရဲ့။ ကျေးဇူး ဒေါ်လေးမြ…။

  • Mike

    June 15, 2015 at 1:23 pm

    .အော်..နားဦးတည့်ရာတောင် ငွေရတုတိုင်ပြီပဲကိုး…အားပေးပါတယ်…ဆက်လုပ်

  • မြစပဲရိုး

    June 20, 2015 at 1:40 pm

    မှတ်ချက်လေးများ ချီးမြှင့်ပေးကြသော ဂီဂီ၊ က ပေါက်၊ မမ၊ ကိုမျိုး၊ ဒေါ်-လေး၊ မောင်ကာကြီး၊ မိုက်၊ မောင်အောင် တို့ ကို ကျေးဇူးပါ။

    ဒီ သီချင်း ကို သိပ်မသိကြတာ ဇော်ဝင်းထွဋ် ကို နားမထောင်တဲ့ လူကြီးများ နဲ့ အဲဒီ ခေတ် ကို မမှီ တဲ့ လူငယ်များ ဖြစ်မယ်။
    . ဇော်ဝင်းထွဋ် လဲ မဆိုးပါဘူး။ ဒါပေမဲ့ မူရင်း အသံ နဲ့ စာသား တွေ ကို ပိုကြိုက်တယ်။

    မမ စကား ကို မှတ်သားသွားပါတယ်။
    ကိုမျိုး ကိုလဲ စွပ်စွဲတာ မဟုတ်ပါ။ ကိုးကားရုံပါ။

    . မောင်ကာကြီး – အပွါး ကဗျာတွေ ဖတ်ချင်ပါတယ်။

    ဂီဂီ
    ဖတ်မရ တဲ့ စာတွေလဲ ရှိပါတယ်။
    ခံစားမရ တဲ့ ရုပ်ရှင် တွေလဲ ရှိပါတယ်။
    ဒီတော့ သေချာတာ က ဆန့်ကျင်ဘက် စရိုက် သီချင်း နှစ်မျိုး မှာလဲ တစ်ဖက် က သံစဉ်များ နားထဲ ဘယ်လိုမှ ကို မဝင်နိုင်ခဲ့တာကို ပြောရမှာ လဲ အားနာပါရဲ့ …….
    ဘေဘီပူတူတူးချစ်သားသားလေး ရယ်။
    lol:-)))))))

  • Alinsett @ Maung Thura

    June 21, 2015 at 4:15 pm

    .ကျနော့် ဖွေးဖွေးလေးကို ကျနော် ဘယ်လိုတင်စားရပါ့….

    :kwi:

Leave a Reply