ခရေပန်း

ကာရံJune 14, 20151min21610

ပန်းခရေ

ပန်းခရေ နွမ်းကာကြွေသော်လည်း
ရနံ့ဝေနေစဲမို့ အလွမ်းတွေမြေမှာကျဲပြန်ပေါ့
လှမ်းကာလေမျှော်နေသူ မောရော့မယ်
မေရယ် နွမ်းကာနေပါစေ သိမ်းဆည်းမည့်သူ

လေအဝှေ့ သူလေကြွေသက်ဆင်းခြေပြီ
အိုတစ်ကွေ့ လူခြေတိတ်ခြေရာထက်မှာ
ကြွေကာနွမ်းသွားတဲ့ ခရေပန်းဘဝမို့
မေ့ကိုပိုလို့တောင် မြတ်နိုးမိသူပါ

ရနံ့ပြယ်ကာ အလှမ်းရယ်ကွာသော်လည်း
အလွမ်းရယ် တစ်ကမ ္ဘာမခြားရအောင်
ရင်ထဲက မေတ္တာလမ်းထဲမှာ ဖြန့်ကျဲကာ
သိမ်းကာထားလိုက်မယ် ကိုယ့်အနား
စွန့်ခွာမသွားလိုက်ပါနဲ့

ခရေပန်းဘဝမို့ အကြွေပန်းထိုက်ပါစေသား

ကာရံ ၁၃ ့၆ ့၂၀၁၅

10 comments

  • မြစပဲရိုး

    June 14, 2015 at 1:30 pm

    သီပြီး ပန်ရတဲ့ ပန်း တွေထဲ ခရေ က ကြာရှည်အခံဆုံးပါ။
    ဒါပေမဲ့ တော်ရုံ ပွဲလန်းတွေ မှာ သိပ်မပန်ကြ၊ မသုံးကြတာ တော့အမှန်ဘဲ။
    သူ့ရဲ့ အရောင် က ခပ်ညိုညို နဲ့ မှိုင်း နေလို့ ထင်တာဘဲ။

  • Mike

    June 15, 2015 at 1:01 pm

    .အကြွေပန်းပေမဲ့ ရနံ့ကြိုင်ဆဲပါပဲ

  • ကာရံ

    June 15, 2015 at 11:11 pm

    ပန်းဆိုတာသူ့နေရာနဲ့သူတော့ ဂုဏ်မငယ်ပါဘူးလေ

  • kai

    June 16, 2015 at 7:21 am

    နိုင်ဂျံဂါးမှာ မတွေ့မိဘူး..။
    အဲဒီအနံ့မျိုးနဲ့.. အဆီထုတ်ရောင်းရင်.. စီးပွားဖြစ်နိုင်တယ်..ထင်..။

  • aye.kk

    June 16, 2015 at 9:54 am

    ခရေကနွမ်းလဲမွေးတယ်၊
    ခရေအနံ ့ကစိတ်ကိုတက်ကြွလန်းဆန်းစေလို့နှစ်သက်တယ်။

  • Alinsett @ Maung Thura

    June 17, 2015 at 10:12 am

    စားလို့ရတဲ့ ဂေါ်ဖီပန်းအကြောင်း စားချင်စရာ ဖြစ်အောင် ကဗျာတစ်ပုဒ် စပ်ပေးမလား သယ်ရင်းးးး

  • ကာရံ

    June 19, 2015 at 10:53 pm

    အေးစပ်ပေးမယ် ပန်းဂေါ်ဖီတစ်ခါးစားကာရယ် မင်းတော်ကီ အခါတစ်ရာများလိုက်ပုံက ငါ့မှာလေ စိုက်ခင်းတောင်ပြောင်းလိုက်ချင် ဂေါ်ဖီစိမ်းဘဝမို့ ပြောတဲ့စကားတွေက စိမ်းကားကာနေချေပြီ အဖြူမှချစ်ပါရင် ပန်းခေါ်ဖီဖြူရင်လေအတူနေမယ်လို့ပြောပြီး ခုတော့ခုတော့ ထမင်းငတ်ရတော့မယ်ပ မောင်အလင်းစက်ပြောတဲ့ ဂေါ်ဖီပန်းကဗျာ ဒီမှာ အဆုံးသတ်ပါပြီ ခ်ခ် သူငယ်ချင်း အပျော်ပေါ့

Leave a Reply