စလုံးမြေ မှ ကိုရီးယားဆိုင် – KZ’s Food Review, Singapore

ဇီဇီJuly 13, 20153min54628

 

ဒီ တစ်ပတ် က စ ပြီး KZ လည်း ၂၀ဝ ယူ

(ဟုတ်ပေါင်) စလုံး အစားအသောက် ရီဗျူးရေးတော့မယ်။
တစ်လမှ  တစ်ဆိုင်ပဲ ရေးမှာပါ။ ခိခိ

ဟိဟိ။
ဒီ တစ်ပတ် အလှည့်ကျတာကတော့ အကိုကြီးရား အဲ ကိုရီးရားဆိုင် Food ရီဗျူးဖြစ်ပါတယ်။
စားသောက် ဆိုင် အကြီးစားကြီး မဟုတ်ဘူးး
ဒါပေမဲ့ အဖြူတွေ ကြိုက်တဲ့ Sunset Way  လို နေရာမျိုးက ဝက်စတင် ဘာဘီကျု ဆိုင်တွေကြားက
ဈေးသက်သာ…
စားလို့ကောင်း…
စိတ်ကြိုက် အော်ဟစ်စကားပြောလို့  ရ တဲ့ ဆိုင် တစ်ဆိုင်မို့ ညွှန်းလိုက်ပါတယ်။

.

:mrgreenn:

.
ဝက်သားကင်နဲ့ ဆလပ်ရွက်ကောင်းတယ်
ဆိုကျု လေးနဲ့ (မိုးမင်းသား မမြင်ပါစေနဲ့)
ပဲခေါက်ဆွဲ ကောင်းတယ်။
ကင်ချီ မျိုးစုံကိုပါ အမြည်းချပေးတယ်။

.
အဲ။ ကာဒ် နဲ့ ရှင်းလို့ အဆင်မပြေဘူးးး
ရထားဘူတာနဲ့ မနီးဘူးး

.
ဒါပေမဲ့ သူငယ်ချင်း အများကြီးနဲ့ သွားစားလို့ကောင်းတယ်။
ဆိုင်ရှင်က ကိုရီးယားမ အစစ်။
အားဂျီး သဘောကောင်း၏။
Kim’s Family Korean Restaurant 
Blk 106 Clementi St 12 #01-44 s120106 (Clementi District)
Tel: 6774 4643
Mon to Sun: 1200 – 1500, 1730 – 2200
Closed on 1st & 3rd Mon every month
Payment Method – Cash
Signature Dish – Kimchi

 

တစ်ယောက်ကို S$ ၂ဝ မှ S$ ၃ဝ လောက်ပဲ ကျပါတယ်။

.

ကျနော် အမှုပြီး တိုင်း အဲဒီ ဆိုင် သွားသွားစားတာ။

၅ ခေါက် သွားစားပြီး တုန်း က ဓာတ်ပုံတွေထဲက ကောင်းနိုးရာရာတွေ။

 

ဝက်သားကင် (၃ ထပ်သား/ အသားချည်း ၂ မျိုးရှိ) အောက်ခံ ကင်စရာကို ကို ကြိုက်ရာတောင်းလို့ရတယ်။
ဝက်သားကင် (၃ ထပ်သား/ အသားချည်း ၂ မျိုးရှိ)
အောက်ခံ ကင်စရာကို ကို ကြိုက်ရာတောင်းလို့ရတယ်။

 

ဝက်သားကင် (၃ ထပ်သား/ အသားချည်း ၂ မျိုးရှိ) အောက်ခံ ကင်စရာကို ကို ကြိုက်ရာတောင်းလို့ရတယ်။
ဝက်သားကင် (၃ ထပ်သား/ အသားချည်း ၂ မျိုးရှိ)
အောက်ခံ ကင်စရာကို ကို ကြိုက်ရာတောင်းလို့ရတယ်။

 

ဆလပ် နဲ့ ကင်ချီ မျိုးစုံ
ဆလပ် နဲ့ ကင်ချီ မျိုးစုံ

 

ဆလပ် နဲ့ ကင်ချီ မျိုးစုံ
ဆလပ် နဲ့ ကင်ချီ မျိုးစုံ

 

ဆလပ် နဲ့ ကင်ချီ မျိုးစုံ
ဆလပ် နဲ့ ကင်ချီ မျိုးစုံ

 

ဆလပ် နဲ့ ကင်ချီ မျိုးစုံ
ဆလပ် နဲ့ ကင်ချီ မျိုးစုံ

 

ကင်ချီ  ခေါက်ဆွဲ အရည်သောက်
ကင်ချီ ခေါက်ဆွဲ အရည်သောက်

 

တော်ပူကီ နဲ့ ကြက်သား အိုးကင်းကပ်
တော်ပူကီ နဲ့ ကြက်သား အိုးကင်းကပ်

 

တော်ပူကီ နဲ့ ကြက်သား အိုးကင်းကပ်
တော်ပူကီ နဲ့ ကြက်သား အိုးကင်းကပ်

 

ကြက်သား ဂျုံကပ် ကြော်
ကြက်သား ဂျုံကပ် ကြော်

 

ဆိုကျူ
ဆိုကျူ

 

ဆိုကျူ
ဆိုကျူ

 

ပဲ ခေါက်ဆွဲ
ပဲ ခေါက်ဆွဲ

 

ပဲ ခေါက်ဆွဲ
ပဲ ခေါက်ဆွဲ

 

 

 

 

28 comments

  • Mike

    July 13, 2015 at 4:21 pm

    .ဒီကကိုးရီးယားဆိုင်နှစ်ခါလောက်သွားစားဖူးတယ်…ဈေးကြီးတယ်
    .အရသာတွေလည်း ကိုယ့်ပါးစပ်နဲ့တော့သိပ်မကြိုက်မိဘူး
    .စားဖူအောင်သာသွားစားက ျိတာ

    • ဇီဇီခင်ဇော်

      July 14, 2015 at 8:14 am

      အာ့ကြောင့် သများက အသားကင် တို့ ချဉ်စပ်တို့ ပဲစားတာ။
      ကျန်တာက လျှာရင်းမမျက်ဘူးးး

      :mrgreenn:

  • မြစပဲရိုး

    July 13, 2015 at 10:06 pm

    တစ်လ မှ တစ်ပုဒ် တော့ မလုပ်ပါနဲ့ ဇီကလေးရယ်။
    တစ်ပါတ်တော့ တစ်ပုဒ် တင်ပါ။
    အာ့ စားစရိတ် တွေ ဒီမိုခွေစီ ရရင် ပြန်ပေးမယ်။

    . မြန်မာပြည် မှာ ကိုးရီးယားကြက်ကြော် တော့ စားဖူးခဲ့ တယ်။ ချိုချိုကြီး၊ မကြိုက်ဘူး။
    ဘားမီးစ်နည်း ဘားမီးစ် ဟန် ရထားပေါ်မှာ ရောင်းတဲ့ ကြက်ကြော် ကို ပိုလွမ်းတယ်။
    ချဉ်ပတ်ကိုတော့ ကြိုက်ပါတယ်။
    ပဲခေါက်ဆွဲ တော့ မစားဖူးဘူး။
    စားကောင်းမဲ့ ပုံဘဲ။

    • ဇီဇီခင်ဇော်

      July 14, 2015 at 8:19 am

      ဂျက် စပဲရိုး မြှောက်ပေးလို့ ရေးရတာပါ အရီး ရယ်။
      အရင် က စားတိုင်း ဓာတ်ပုံရိုက်ထားမိတော့ တော်သေးးးး
      ပြန်ရှာပြီး ဆိုင် အင်ဖိုလေး အပြည့် ပြန်ရှာနိုင်ရင် ရပါပြီ။

      ခိခိ

      ပဲ ခေါက်ဆွဲ လုပ်နည်း က မနိုဗီ တင်ဖူးတယ်လေ။
      ပုန်းရည်ကြီး နဲ့ လွယ်ပါ့။

      http://myanmargazette.net/210954

  • kai

    July 14, 2015 at 8:23 am

    အဲလိုလေး သတင်းစာထဲကဏ္ဍအနေနဲ့လုပ်ဖို့ အကြိမ်ကြိမ်စဉ်းစားနေခဲ့တာ…။
    ခုတော့.. ဇီဇီက လက်တွေ့ဦးသပေါ့…။

    ဆိုတော့…
    ဒီလ မျက်နှာဖုံးသတင်းကို.. အင်္ဂလန်လန်ဒန်စတိတ်ရှိုးလုပ်ထားတယ်..။
    တလလတော့.. သီဟပူရက သတင်းကြီးတခုကို အဖုံးသတင်းလုပ်ချင်…

    • ဇီဇီခင်ဇော်

      July 14, 2015 at 8:26 am

      ငင်?
      အနော့ကို အစားအသောက်နဲ့ ပတ်သက်တာပဲ ခိုင်းနော်။
      :mrgreenn:

      • kai

        July 14, 2015 at 9:46 am

        အဟင်းဟင်း..
        အစားအသောက်ချည်းဆို ဝလာမှာစိုးသမို့… ဟိုဒင်း..
        သီဟပူရကျွန်းပတ်… မာရသွန်ပြေးပွဲလေးများရှိရင်.. ကိုယ်တိုင်ပြေးသတင်းယူပေးပါလို့.. ပြောမလို့..။ :k:

        • Mike

          July 14, 2015 at 11:02 am

          .သီဟပူရကျွန်းပတ်… မာရသွန်ပြေးပွဲလေး..ဆိုလို့
          .ဟိုတလောကတောင် ရွာသားဂျက်စပဲရိုးတို့အတွဲ .ဝင်ပြေးကြသေးလားလို့..ဖွဘုတ်မှာတွေ့တယ်ထင်

        • ဇီဇီခင်ဇော်

          July 14, 2015 at 12:16 pm

          ဒီမှာ ဒဂျီးးး နဲ့ မိုက်မိုက်။

          သများကို အဲလို ချောက်မချကြပါနဲ့။

          ခါတော်မှီ စာပေဟောပြောပွဲဖြစ်ဖြစ် သတင်းလိုက်ပေးမယ်။
          ဟွန့်။
          သများ လုံးဝ မပြေးနိုင်ဘူး။
          ဒါဗျဲ။
          :mrgreenn:

  • Ma Ma

    July 14, 2015 at 8:28 am

    ကိုရီးယားလူမျိုးတွေ ကမာ္ဘကို ရုပ်ရှင်ဇာတ်လမ်းတွေထဲကနေ နယ်ချဲ့လိုက်တာ နယ်ချဲ့နည်းအသစ်လို့တောင် ပြောချင်တယ်။

    ကိုရီးယားစာကို သိပ်မကြိုက်ဘူး။
    ကင်ချီတော့ ကြိုက်သား။ 🙂

    • ဇီဇီခင်ဇော်

      July 14, 2015 at 8:47 am

      သများလည်း အစက မကြိုက်ပါဘူးး
      အသားကင်ကို ကြိုက်တာ။
      ဟိ။
      ပဲ ခေါက်ဆွဲကတော့ မထင်ရအောင် စားကောင်းလို့ ကြိုက်သွားတယ်။

      :k:

    • kai

      July 14, 2015 at 8:57 am

      အမေရိကားလည်း ဟောလိဝုဒ်ကနေ နယ်ချဲ့တာပဲလေ..။
      လူသားတဦး.. အမျီုးသမီးတဦးလှတယ်ဆို.. အဖြူမတွေကို စံပြုတွေးကြရတဲ့အထိဖြစ်ကုန်..။
      ဆိုတော့..
      အဲဒီကနေ… ဘီလီယန်ဘစ်ဇနက်…။

  • အောင် မိုးသူ

    July 14, 2015 at 9:25 am

    ဆလန်မန်တီကတော့ မရောက်ဖူးခဲ့ဘူး။ Serengoon ဘူတာက Mall ကဆိုင်က လက်ရာတော့ အတော်ကြိုက်ခဲ့ သုံးခေါက်လောက်သွားစားဖြစ်ခဲ့ ထူးခြားတာက ကင်မ်ချီကို ကြိုက်သလောက် ယူစားလို့ရတယ်။ ကိုရီးယား ပန်ကိတ်ကို အတော်ကြိုက်ခဲ့တယ်။

    • ဇီဇီခင်ဇော်

      July 14, 2015 at 9:27 am

      ဒီမှာလည်း ထပ်တောင်းလို့ ရတယ်။
      ဈေးသက်သာတာရယ်။
      အရသာကောင်းတာရယ်။
      ထိုင်လို့ ကောင်းတာရယ် ကို ကြိုက်တာ။
      ဟီးဟီးးး

      :mrgreenn:

  • Wow

    July 16, 2015 at 3:23 pm

    အသားကင်ပဲ စားချင်ဒယ်.. တော့ပိုကီက ဒီက ကိုယားဆိုင်မှာရောင်းတာတော့ စားမကောင်းဝူး :kwi:

    • ဇီဇီခင်ဇော်

      July 16, 2015 at 3:38 pm

      ဒီမှာလည်း မကောင်းပါဘူးးး
      ဘာတွေကြိုက်ကြတုန်းတော့မသိ။
      ဟီးဟီး

      :kwi:

  • တောင်ပေါ်သား

    July 16, 2015 at 4:13 pm

    ကိုးရီးယားမင်းသမီးကြိုက်ပေမယ့် 🙂

    ကိုးရီးယားစာတွေတော့ မစားရဲ ၊

    ငရုတ်သီးတွေနဲ့မို့ အတော်စပ်မယ်ထင်

    • ဇီဇီခင်ဇော်

      July 16, 2015 at 4:17 pm

      စပ်တယ်။
      အသားကင်ပဲ ကောင်းတယ် :mrgreenn:

  • မွသဲ ( 17082011 )

    July 16, 2015 at 4:14 pm

    ရန်ဂွမ်းမြေမှကိုရီးယားဆိုင်တွေကဈေးကြီးသအေ

    • ဇီဇီခင်ဇော်

      July 16, 2015 at 4:17 pm

      ဒီ လာခဲ့ အေ မွသဲ ရေ။

      :chit:

      • မွသဲ ( 17082011 )

        July 17, 2015 at 8:59 pm

        လာဂဲ့မယ် လာဂဲ့မဟ် ဟိဟိ

  • aye.kk

    July 17, 2015 at 11:04 am

    ဇီဇီရေ
    ဒီမှာတော့ ထိုင်းနဲ ့နီးတော့
    ထိုင်းရောက်ရင် စားဖြစ်ပါတယ်။
    အန်တီသူငယ်ချင်း မိတ်ဆွေက ကိုယ်တိုင်လုပ်ကျွေးကြတာ
    သူတို့လက်ရာက ဆိုင်မှာထက်စားရတာ ပိုအဆင်ပြေတယ်။
    အစားအသောက် ဝါသနာကြီးကြတယ် ။
    ကမ္ဘောဒီးယား ခေါက်ဆင့်နဲ ့စားရတဲ့ အသားကင် တအားစားကေါင်းတယ်။။

    • ဇီဇီခင်ဇော်

      July 17, 2015 at 12:09 pm

      ကျနော်ကတော့
      ဘယ်နိုင်ငံ အစားးအသောက်မဆို စားးလို့ ရတာပဲ
      ဟီးးဟီးး

  • zarlay

    July 17, 2015 at 1:43 pm

    I don’t like Korea foods.

  • YE YINT HLAING

    July 17, 2015 at 2:54 pm

    ကင်ချီခေါက်ဆွဲအရည်သောက်ကို ဂလုသွားပါတယ်။

    • ဇီဇီခင်ဇော်

      July 17, 2015 at 3:34 pm

      ကိုယ်တိုင်ချက်လေး တင်မို့ လာအားပေးအူးနော်၊
      ခိခိ

  • Shar Thet Man

    November 19, 2018 at 3:36 pm

    စာလေးတွေနဲ့ပုံတွေနဲ့ဆို တော်တော် perfect ဖြစ်မှာပဲ…ခုကပုံတွေကတင်ထားတာလား..မတင်ထားတာလားလို့..မေးချင်ပါတယ်။

    • manawphyulay

      November 29, 2018 at 11:20 am

      အရင်တုန်းက တင်ထားတာတွေ ဆာဗာချိန်းတော့ မပါလာတော့တာပေါ့ကွယ်….

Leave a Reply