မျက်လုံး စိမ်း နဲ့ Gerard Butler – KZ’s ကြည့်မိသမျှ

ဇီဇီJune 15, 20154min41042

နောက်တစ်မျိုး လာရွှီးပါရစေ။

ဟိဟိ  :mrgreenn:

တကယ်တော့ ဒီ လို ပို့(စ) မျိုးကို ရေးရမှာ အင်မတန် စိတ်ပါပြီး ပျော်ပါတယ်။။

အနော် က ရုပ်ရှင်ချစ်သူလေ။ အမှန်တော့ ရုပ်ရှင်မှ မဟုတ် မျက်လုံး အားစိုက်ရတာ အကုန် ဝါသနာပါပါတယ်။

:mrgreenn:

အတွဲချောင်းတာမှလွဲ၍။

:mrgreenn:

မချောင်းပါဘူးးး အခွေထွက်မှ ကြည့်ပါတယ်။ အဲလေ ယောင်ကုန်ပါပြီ။   😳

~~~

အရင် ကတော့ ရုပ်ရှင်ညွှန်းရေးတာပေါ့လေ။

အခု ကတော့ မင်းသားကို ညွှန်းမှာပါ။  :mrgreenn:

မင်းသား (တခါတခါ စိတ်ပါရင် မင်းသမီး) တစ်ယောက်ရဲ့ ကားတွေရယ်၊ ကြည့်ကောင်းလား မကောင်းလားး၊ ကြည့်သင့်လား မကြည့်သင့်လား၊ စသည်ဖြင့် ဆရာလုပ်မှာပါ။

:mrgreenn:

မျက်စိနောက်ရင်တော့ ပြောကြနော်။ အကျိုးပြုတို့ အကျိုးရှိတာတို့ မရေးတတ်ဘူးးး စိတ်ပါတာပဲ ရေးတတ်တယ်။။

:mrgreenn:

ဒီပို့(စ) တွေကို အင်တာနက်လိုင်းကောင်းတဲ့နေရာရောက်တိုင်း ဘာကားဒေါင်းရမတုန်း လှမ်းလှမ်းမေးတတ်တဲ့ အကိုဂျီး တစ်ယောက် အတွက် ရည်ရွယ်ပါတယ်။

ဘယ်သူလို့တော့မပြောဘူးးး ပယောဂမှန်ရင် တုန်ဆင်းလာလိမ့်မယ်။

~~~~

Gerard Butler
Gerard Butler

 

Gerard Butler တဲ့။

 

 

Born (1969-11-13) 13 November 1969 (age 45)
Paisley, Scotland
Nationality Scottish
Alma mater University of Glasgow
Occupation Actor, producer, singer
Years active 1997–present

 

 

 

သူ့ မျက်လုံး ခပ်ကြောင်ကြောင်ကို သဘောကျတာပါ။

:chit:

~~~~

 

 

300 (2006)
300 (2006)

300 (2006) မှာ စ ကြည့်ဖူးပါတယ်။

300 က သိပ် အားစိုက်စရာမလိုပဲ အက်ရှင်တွေ ထိုင်ကြည့်ရတဲ့ ကားမျိုးလို့ ပြောရမှာပါပဲ၊

သူ က စပါတန် ၃၀ဝ ကို ဦးဆောင်ပြီး ပါရှန်းတပ် ၃ သိန်းကျော်နဲ့ စစ်ဖြစ်တဲ့ ကားမျိုးပေါ့လေ။ အမူအယာ ကောင်း၏ မကောင်း၏တောင် သိပ် မသိသာလိုက်ပဲ တစ်ကားလုံး ကြည့်ကောင်းတဲ့ ကားမျိုးပါ။

ဟစ်စတိုရီကယ် ကားမျိုးကို ကြိုက်တတ်ရင်တော့ ကြည့်ပျော်ပါတယ်။

~~~~~~

 

 

 

Law Abiding Citizen (2009)
Law Abiding Citizen (2009)

သူ့ရဲ့ နောက်တစ်ကားက Law Abiding Citizen (2009) ပါ။

သများ က တရားရုံး ကားတို့ ထောင်တို့ အချုပ်တို့ ကို မကြည့်ချင်ဘူးးး မကြိုက်ဘူးး …

ဇော်သန့် လာမှ သူ ဘာသာပြန်ပေးနိုင်မှ ဇိမ် နဲ့ ထိုင်ကြည့်တာရယ်။

နို့မို့ အာရုံစိုက်နိုင်ဘူးးး သများ က အာရုံ အရမ်းများတာ။

အဲတော့ ဒီ ကားက သူညွှန်းလို့ ကြည့်ဖြစ်ပြီးးး သူပြန်သွားတော့ တစ်ခေါက်ထပ်ကြည့်တယ်။

ပြီးတော့ ဘယ်သူလာမေးမေး ထပ်ညွှန်းနေတာ ခုထိပဲ၊ ကြည့်ဖူးသူများမှာပါ၊

ဇာတ်လမ်းက သူ့ရှေ့တင် သူ့မိသားစု သတ်သွားတဲ့လူက သူ့ရှေ့တင်ပဲ တရားရုံးမှာ သက်သေမရှိလို့ ဆိုပြီး လွတ်သွားရာက ဥပဒေကို စိတ်နာပြီး တရားခံကိုသာမက တရားရေးတစ်ဖွဲ့လုံး ကို ပစ်မှတ်ထားပြီး လက်စားချေဖို့ စီစဉ်တဲ့ ကားမျိုးပေါ့။

ဒီလို နာကျည်းမှုမျိုးကို နားလည်လို့ ရသလို ဒီလို ပလန်ချဖို့ ဉာဏ်ရည်မျိုးနဲ့ လူတစ်ယောက် အဖြစ် သရုပ်ဆောင်နိုင်လို့ ပိုကြိုက်သွားရတာပေါ့လေ။

~~~~~

 

 

Olympus Has Fallen (2013)
Olympus Has Fallen (2013)

အဲ။ မနှစ်ကတော့ အိမ်ဖြူတော် ကို လုပ်ကြံတဲ့ ကား ၂ ကားထွက်ပါတယ်။ White House Down (2013) နဲ့ Olympus Has Fallen (2013) ပါ။

Olympus Has Fallen က သူနဲ့ပါ။ ကျနော်ကလည်း ဒီကားကို ပိုကြိုက်ပါတယ်။

ဒီကားမှာ သူက သမ္မတ မိသားစုနား က သက်တော်စောင့် ပါ။ မတော်တဆဖြစ်မှု မှာ သူ က သမ္မတနဲ့ သူ့ကတော်မှာ သမ္မတကို ရွေးပြီး ကယ်တင်ခဲ့လို့ အဝေးပို့ခံ ရတယ်ပဲ ထားပါတော့။။ သမ္မတကတော် က သေသွားတယ်လေ။

သမ္မတ အိမ်တော် ဖြိုခွဲ ခံရပြီး သမ္မတ ပါ အပိတ်ခံနေရချိန် သူ က ကယ်တင်ဖို့ ဖြစ်လာတဲ့ ဇာတ်လမ်းပေါ့။

သူ့ရဲ့ Serious & Sincere ဖြစ်တဲ့ မျက်နှာနဲ့ အတော်လိုက်ဖက်တာမို့ ကြည့်ကောင်းတဲ့ ကားပါ၊

ဒါလည်း အတော်များများ ကြည့်ဖူးကြမယ် ထင်ပါရဲ့။

ဂျိန်း(စ) ဘွန်း ကားတွေ ထဲ မထင်မရှားပါတာတို့၊ အချစ်ကားတွေတို့ တော့ ကျနော်လည်း မကြိုက်လို့ မညွှန်းတော့ဘူးးး

ခိခိ

:k:

 

 

42 comments

  • တောင်ပေါ်သား

    June 15, 2015 at 3:53 pm

    Olympus Has Fallen
    အဲ့ကားပဲ ကြည့်ဘူးတယ်

    • ဇီဇီခင်ဇော်

      June 15, 2015 at 3:58 pm

      Law Abiding Citizen ပါ ဆက်ကြည့်ကြည့်။
      အေးဆေး အချိန်ယူကြည့်။
      ကိုကြီးမျိုးကြိုက်မှာ။

      🙂

      • တောင်ပေါ်သား

        June 15, 2015 at 4:01 pm

        အခွေဆိုင်တွေကို ဖမ်းနေတယ် မမချွိရဲ့ 🙁

  • အဲ့မင်းသား သိပ်မသိဘူး.. Olympus has fallen က တစ်ဝက်တစ်ပျက်ကျော်ကြည့်ထားတာ ဆိုတော့ သိပ်မမှတ်မိဘူး.. တကယ်တော့ အနော်က အဲ့လို risk များတဲ့ကားမျိုး သိပ်ကြောက်တာ…မခံစားနိုင်ဘူး.. :mrgreen:

    • ဇီဇီခင်ဇော်

      June 15, 2015 at 4:34 pm

      အာ့ကြောင့် ကွက်ပျောက် မင်းးသားးတွေ တူးးမို့လေ

      :k:

  • Mike

    June 15, 2015 at 4:05 pm

    .Olympus Has Fallen နဲ့ 300 (2006) တော့က ျုပ်လည်းကျိဖူးတယ်..ကြိုက်တယ်

    • ဇီဇီခင်ဇော်

      June 15, 2015 at 4:35 pm

      မြန်မာပြည်မှာတော့ အဲ့ဒီ ၂ ကားး က နာမည် ပိုကြီးးလိမ့်မယ်..

  • Wow

    June 16, 2015 at 9:20 am

    300 က ကြည့်ပြီး သွေးထွက်သံယို တိုက်ခိုက်ခန်းတွေများလို့မကြိုက်ဖူး…
    White House Down (2013) နဲ့ Olympus Has Fallen (2013) က (၂)ကားလုံးကြိုက်တယ်..
    Olympus မှာ မင်းသားသရုပ်ဆောင်တာအရမ်းကြိုက်ပေမဲ့ ၃၀ဝ ကမင်းသားမှန်း မသိဝူး.. အလယ်ကားလေးတော့ ရှာလို့ရရင်ကျိကျိမယ်… ကလဲ့ဇားချေတဲ့ကားတွေဆို အရမ်းကြိုက်တာ :kwi:

    • ဇီဇီခင်ဇော်

      June 16, 2015 at 9:23 am

      ဟိဟိ။
      တူတူပဲ။
      အကွက်ချ
      စီစဉ်
      ချောက်ချ
      လက်စားချေ
      အင်မတန် ဝါသနာပါတာ။
      ကွကိုယ် ထိန်းထားရတယ်။
      :kwi:

      • Wow

        June 16, 2015 at 10:06 am

        အကွက်ကတော့ တစ်ချိန်လုံးထိုင်ချနေတာ ပီးရင်တော့ ကိုယ်ခံရတာချည်းပဲ ဟီးးးး ချစ်လို့အလေ ျာ့ပေးတယ်မှတ်ပါ :mrgreen:

        • ဇီဇီခင်ဇော်

          June 16, 2015 at 10:16 am

          အိုအေ။
          ဆင်ခြေဆင်လက် အပြည့် ထုတ်နိုင်ဖို့ လိုတာပါ။;
          :mrgreenn:

  • ဂျက်စပဲရိုး

    June 16, 2015 at 9:28 am

    သူ အဓိက ဇာတ်ဆောင် အနေနဲ့ ပါ တဲ့ ကားတွေ အတော် များ များ ထဲ မှာမှ
    ဒီ သုံးကား လောက်ပဲ နာမည်ကြီးတာ စိတ်မကောင်းစရာပဲ။
    ဒါတောင် Olympus has fallen ကို သိပ်ကြိုက်တာ မဟုတ်သေးဘူးရယ်။
    မင်းသား ကို တော့ သဘောကျတယ်။
    ခု ခေတ်စား နေတဲ့ ကိုရီးယား လေး တွေနဲ့ ကွာပ။ း)

    • ဇီဇီခင်ဇော်

      June 16, 2015 at 9:34 am

      ဟုတ်တယ်။
      သူအချစ်ကားတွေ ရိုက်တယ်။ နာမည်ထွက်မလာဘူးး
      ဟာသကားလည်းရိုက်တယ်။ ရုပ်က မလိုက်
      ဒုတိယ မင်းသားအနေနဲ့လည်း များတယ်။ မမှတ်မိကြဘူးး
      အမူအရာက မဆိုးပါဘူးးး

      • ဂျက်စပဲရိုး

        June 16, 2015 at 9:39 am

        gamer တော့ တယ်မဆိုး။
        Machine Gun Preacher က ပျင်းဖို့ကောင်း
        Coriolanus ဒီကားကတော့ လူပါ ရူးချင်သွားတယ် စိတ်လေလို့ း)
        The Bounty Hunter က မဆိုးရှာပါဘူး။

        • ဇီဇီခင်ဇော်

          June 16, 2015 at 9:53 am

          The Bounty Hunter မကြိုက်ဘူးးး
          Gamer တော့ ပြန်ကြည့်မလား စဉ်းစားနေတာ။ ရှာမရသေးဘူးးး

          How to train your dragon ကလည်း သူ့ အသံနဲ့။

        • ခင်ဇော်

          January 21, 2016 at 4:02 pm

          ဟဲ့။
          ကိုဂျက်။
          ဖူးစာမှန် နာ ပြန်ရ။
          ဒီ မင်းသားက ဒီရက်ဂူလာ ၂၀၀ဝ က မင်းသားအေ။
          အရင်တစ်ပတ်ကမှ ပြန်ရှာရင်း တွေ့တာ။
          ငယ်တုန်းက ဒီရက်ဂူလာ ကားတွေမကြိုက်ရာက ဒီ မင်းသားချောသဟဲ့ဆိုပြီးအဲဒီ တစ်ကားပဲ ကြည့်ဖူးတာ။

          ခု မှ တစ်ယောက်တည်းမှန်းသိတယ်။

          :k:

        • ဂျက်စပဲရိုး

          January 21, 2016 at 4:05 pm

          အဲ့လောက်တော့ နောက်မမှီ တော့ဘူး း)
          ဒီလူကြီး ကို သိတာ 300 မှရယ်…

        • ခင်ဇော်

          January 21, 2016 at 4:08 pm

          အင်းလေ
          နာလည်း အရင် တပတ်ကမှ မတော်တဆ သိတာ။
          ဟီးဟီးး
          :k:

        • ဂျက်စပဲရိုး

          January 21, 2016 at 4:13 pm

          ခုတော့ London has fallen & Gods of Egypt ကို စောင့်မျှော်လျက် း)

  • aye.kk

    June 16, 2015 at 9:57 am

    ဇီဇီရေ
    မျက်လုံးတွေမကျက်မိတော့ နားမလည်ဘူးရယ်။
    သီချင်းကတော့အသေကြိုက်တယ်(အရင်ကပြောတာပါ)

    • ဇီဇီခင်ဇော်

      June 16, 2015 at 10:15 am

      မက်လုံးစိမ်း နဲ့ မိန်းခလေး လား တီအေးးး

      🙂

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    June 16, 2015 at 9:57 am

    သားကတော့လေ…
    မင်းသားတွေကိုတကောင်မှ မေတ္တာမရှိဝူး…
    သားမေတ္တာရှိတာ….
    စကားဂျို … စကားဂျို…..

    😀

    • ဇီဇီခင်ဇော်

      June 16, 2015 at 10:15 am

      ဘူးဂီ
      ဘူးဂီ
      ဘူးဂီ

    • ဇီဇီခင်ဇော်

      June 16, 2015 at 12:31 pm

      အဲဒီ ကားက သိပ်မထင်ရှားဘူးလားမသိဘူးးး
      မသိတာ များတယ်။

      • ဂျက်စပဲရိုး

        June 16, 2015 at 2:05 pm

        သုံးကားထဲမှာ အဲ့ဒီ ကား ကို အကြိုက်ဆုံး ရယ်။

        • ဇီဇီခင်ဇော်

          June 16, 2015 at 2:07 pm

          ဟုတ်တယ်။
          အဲဒီ ကားကြောင့် သူ့ကို သတိ ပိုထားမိသွားတာ။
          တန်းမြင့်ကား ခေါ်မလားး 🙄

  • manawphyulay

    June 16, 2015 at 1:23 pm

    olympus has fallen ဒီကားတော့ ကြည့်ဖူးတယ်။ ရုံမှာတော့ မကြည့်ဖြစ်တာ ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ်ထဲကဆိုတော့ အခွေပဲ ဝယ်ကြည့်ဖြစ်တာများတယ်။ ဇာတ်လမ်းဇာတ်အိမ်လည်း အတော်ကြိုက်တယ်။ နောက်ဇာတ်ကားကောင်းလေးတွေ ရှိသေးရင် တင်ပြပေးပါဦး။ မကြည့်ရသေးရင် ဝယ်ကြည့်မလို့ပါ။

    • ဇီဇီခင်ဇော်

      June 16, 2015 at 1:26 pm

      အမလည်း ရုံမှာ ကြည့်ဘူးးး
      လိုင်းက နေ ဒေါင်းပြီး အိမ်မှာ ပဲ ပီစီ နဲ့ တီဗီချိတ်ကြည့်တာ။
      ခိခိ

  • Alinsett @ Maung Thura

    June 17, 2015 at 9:25 am

    မမဂျီး ညွှန်းတာတွေ အကုန် ကြည့်ချင်နေတယ်…
    ဒါ့အပြင် အခု ကြည့်ချင်နေတာတွေက…
    The Devil Inside
    Skin Trade
    The Host

    .ဒေါင်းရင်း အသက်တွေသာ ကြီးလာမယ်… မြန်မာပြည် ကွန်နက်ရှင်နဲ့က
    .ဒေါင်းမှ ကြည့်ရမယ်ဆိုရင်.. ဒီတစ်သက် ကြည့်ရဖို့ လမ်းမမြင်

    • ဇီဇီခင်ဇော်

      June 17, 2015 at 9:36 am

      မင်းသားဂျီးနဲ့ ကြုံလို့ရရင် ရှိတဲ့ ကားတွေ ပေးလိုက်မယ်လို့။

      :k:

  • nozomi

    June 17, 2015 at 12:30 pm

    တချို့ က ဒေါင်းပြီးသား မကြည့်ရသေး
    တချို့ က မဒေါင်းရသေး စာရင်းတို့ထားလိုက်ပြီ
    ဒါ လဲ အကျိုးရှိ ပို့စ် ပါပဲ

    • ဇီဇီခင်ဇော်

      June 17, 2015 at 12:45 pm

      တစ်ချို့ကတော့ အကျိုးရှိတယ်မထင်ကြဘူး ထင်ပါရဲ့။

      :mrgreenn:

  • မြစပဲရိုး

    June 17, 2015 at 11:40 pm

    အဲဒီ မင်းသား မသိဘူး။
    တို့ တူဝရီး နှစ်ယောက် အကြိုက် မတူဘူး ထင်ရဲ့။
    အဲဂလို မုတ်ဆိတ် ကြီး ကိုတော့ ကြိုက်ဝူး။
    ဂျိမ်းစဘွန်းမင်းသား တွေ ကိုလဲ တစ်ယောက် ကိုမှ ကြိုက်ဝူး။
    သဘောက အဲဂလို ကြမ်းကြမ်းရမ်းရမ်း အက်ရှင် မင်းသား တွေ ကို ကြိုက်ဝူး။
    အက်ရှင် ကာတွေလဲ ကြည့်ခဲတယ်။
    :-))))

    • ဇီဇီခင်ဇော်

      June 18, 2015 at 2:32 pm

      အရီးရယ်။
      သူ့ က မုတ်ဆိတ်နဲ့ ပို့လိုက်လို့ ဒီ ပုံ ရွေးလိုက်ရတာပါ။

      :k:

  • ဦးကျောက်ခဲ

    June 18, 2015 at 2:13 pm

    အဟိ … Gerard Butler ကို သိပ်အကြိုက်ကြီးတော့မဟုတ်… :k:
    Tomb Raider မှာ စပြီးသတိထားမိတာ … ညက်လုံးစိမ်းရင် သိပ်မကြိုက်…

    • ဇီဇီခင်ဇော်

      June 18, 2015 at 2:20 pm

      ဟုတ်တယ်။
      Tomb Raider မှာ မထင်မရှားးး
      ကျောက်(စ) တို့ အချစ်တော် ဂျိန်းစဘွန်း (ဖင်ရိုက်ခံရတဲ့ ဘွန်းး) က လည်း အဲဒီ Tomb Raider မှာပဲ မထင်တထင်ရှားရှားပါတာ။

      :kwi:

      • ဦးကျောက်ခဲ

        June 18, 2015 at 2:39 pm

        တောက်စ် … Daniel Craig ကို မနာလိုတိုရှည်တွေဖစ်နေဒါ…
        ကျောက်စ်တို့က ပျော့ပျော့ဖတ်ဖတ်လေးတွေဆို အာရုံမလာ… :k:

        • တောင်ပေါ်သား

          June 18, 2015 at 3:04 pm

          ကျုပ်ကတော့ မင်းသမီးဆို ကိုးရီးယားလေးတွေ 🙂

          မင်းသားဆို ဒင်ဇယ်ဝါရှင်တန် ၊ မော်ဂင်ဖရီးမန်း ၊ တွမ်ဟင့်ခ် ၊ ဟယ်ရီဆင် ဖို့ဒ် ၊

        • ဇီဇီခင်ဇော်

          June 18, 2015 at 3:06 pm

          အာ့တွေက နာမည်အရမ်းကြီးတွေလေကွယ်။
          သများပြန်ဖော်မှာ ကွက်ပျောက် မင်းသားတွေပါဆို။

          :kwi:

        • တောင်ပေါ်သား

          June 18, 2015 at 3:19 pm

          ဪ ဂလိုလား ၊

          တစ်ခါတစ်လေတော့ မရင်းနှီးတဲ့ မင်းသားပေမယ့် ကောင်းတာတွေရှိပါတယ် ၊

          ဟော်တယ်ရဝမ်ဒါ ထဲက မင်းသား ၊ မြင်ဘူးသလိုပဲ ရှိခဲ့ပေမယ့်

          အဲဒီကားထဲမှာ အတော်ကြိုက်မိ ၊

          ကားပွဲစားတန်းမှာတော့ ကွက်ပျောက်ကားတွေက ဈေးချိုသဗျ ၊

  • ဦးကြောင်ကြီး

    June 22, 2015 at 12:47 pm

    အောကားထဲကရော….

Leave a Reply