ငါးပုပ်ပြားထမင်းကြော်

Ma MaJune 14, 20151min46345

ငါးပုပ်ပြားဆိုတာ ငါးကိုအပုပ်ခံမှ အနံ့လည်းမွှေး အသားလည်းပွပြီး နူးညံ့တာမို့

အရင်ဆုံး စားရဲသူတွေအတွက်လို့ ပြောချင်ပါတယ်။ :i:

 

ငါးပုပ်ပြားထမင်းကြော်တဲ့အခါမှာ ……

အရသာရဖို့နဲ့ အနံ့ရဖို့အတွက် ငါးကို ၂မျိုးခွဲထည့်ပါတယ်။

 

အရသာအတွက် အသားများတဲ့အပိုင်းကို ပါးပါးလှီးထားပါတယ်။

 

ငါးအနံ့ရဖို့အတွက် အရိုးနဲ့ကပ်နေတဲ့ငါးကို ပြုတ်ပြီး အသားထွင်ပါတယ်။

အသားထွင်တဲ့အခါမှာ အရေခွံကိုသပ်သပ်ဖယ်ပြီး ပါးပါးလှီးထားတဲ့ ငါးအသားနဲ့ရောထားပါတယ်။

 

ငါးပြုတ်ရည်ကို သွန်မပစ်ပဲ ထမင်းထဲထည့်ပြီး ထမင်းကို ဖွထားပါတယ်။

ငါးပြုတ်လိုက်လို့ ထွက်သွားတဲ့ အငံအရသာကို ပြန်ယူတာဖြစ်တဲ့အပြင် ဆီနည်းနည်းပဲသုံးချင်လို့လည်း ဖြစ်ပါတယ်။

 

CAM03924[1]

ကြက်ဥကို ခေါက်ထားပါတယ်။

CAM03926[1]

ပြုတ်ပြီး အသားထွင်ထားတဲ့ငါးတွေကို ဆီများများနဲ့ ရွှေဝါရောင်သမ်းတဲ့အထိ ကြွပ်နေအောင် ကြော်ပြီး ဆီစစ်ထားပါတယ်။

 

CAM03921[1]

ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပြီး ပါးပါးလှီးထားတဲ့ငါးအသားနဲ့ ပြုတ်ပြီးလှီးထားတဲ့ ငါးအရေခွံတွေကို ထည့်ကြော်ပါတယ်။

 

CAM03927[1]

ငါးအသားကျက်ပြီဆိုရင် ခေါက်ထားတဲ့ ဘဲဥထည့်ကြော်ပြီး ငါးပြုတ်ရည်နဲ့နယ်ပြီး ဖွထားတဲ့ထမင်းကို ထည့်ပါတယ်။

ငါးအရသာလိုချင်တာမို့ ငါးကိုကြော်တဲ့အခါမှာ ခြောက်သွားတဲ့အထိ မစောင့်ပဲ ကျက်ရုံပဲ ကြော်ပါတယ်။

 

အသားထပ်ထည့်ချင်ရင်တော့ ထမင်းမထည့်ခင် ပုစွန်နဲ့ ကြက်သား(သို့) ဝက်သားကို ပါးပါးလှီးပြီး ထည့်နိုင်ပါတယ်။

အသားစုံရင်ပိုပြီး စားကောင်းပါတယ်။

 

ထမင်းထည့်ပြီးတဲ့အခါမှာ အနံ့ရဖို့အတွက် ငါးကြော်ပြီး စစ်ထားတဲ့ဆီကို ထည့်ကြော်ပါတယ်။

 

ကဲ- စားလို့ရပြီနော်။

CAM03928[1]

 

အရေးကြီးတာက ထမင်းကြော်တဲ့အခါ ဆားရော အချိုမှုန့်ရော ဘာမှမထည့်ပါဘူး။

ငါးခြောက်နဲ့ချက်တဲ့အခါ ဆားထည့်ရင် အရသာစူးပြီး စားမကောင်းပါဘူး။

 

 

ငါးပုပ်ပြားထမင်းကြော်က သူ့ချည်းပဲဆို ခြောက်ကပ်ကပ်ကြီးဖြစ်နေတယ်။

ကြက်သွန်ချဉ်၊ ငရုတ်ဆီတွေနဲ့လည်း မလိုက်ဘူး။

 

အဲဒါနဲ့ပဲ …..

ချဉ်ပေါင်ရွက် အရည်သောက်လေးနဲ့ စားလိုက်တယ်။

CAM03930[1]

45 comments

  • ဇီဇီခင်ဇော်

    June 14, 2015 at 6:48 pm

    အာရားးးး
    စားးချင်လာပြီ…
    ဒီ တစ်ခေါက် က ပထမဆုံးး စားးဖူးးတာပဲ…
    ဒီ မှာ တရုတ် ငါးးခြောက် ပါလေကာ ထမင်းးကြော် ကို အကောင်းးလုပ် စားးနေရတာ..
    ဒီ ပို့စ် လေးး ထမင်းးကြော် ပို့စ် ထဲ ပေါင်းးထားးမယ်နော်..

    • Ma Ma

      June 14, 2015 at 7:04 pm

      (ဒီ ပို့စ် လေးး ထမင်းးကြော် ပို့စ် ထဲ ပေါင်းးထားးမယ်နော်..)
      ကောင်းပါ့။ 🙂

  • Mike

    June 15, 2015 at 9:34 am

    .အနံရောအရသာရောကြိုက်၏…နောက်တစ်ခါကြော်ကျွေးပါအုံးနော :))

    • Ma Ma

      June 16, 2015 at 8:48 pm

      သဂျီးလာလို့ ရွာသူားတွေ စုဖြစ်ရင် ကျွေးချင်လို့ သဂျီးကို ဝေါနဲ့ပင့်ကြရအောင်… :k:

  • Ma Ei

    June 15, 2015 at 12:05 pm

    ဆိုင်တွေမှာ စားဖူးတာက ငါးခြောက်တုံးပိစိ ညှောက်တောက် ပါလေရုံနဲ့ရယ်…
    ခုလို ငါးပုပ်ပြားလှိုင်လှိုင်လေးနဲ့ ထမင်းကြော ်ကို တွေရတာ စားချင့်စဖွယ်ပါ…
    ချဉ်ပေါင်ဟင်းရည်လေးနဲ့ အလိုက်ဆိုတော့ သရေက ျပါတယ် မမရေ…

    • Ma Ma

      June 16, 2015 at 8:49 pm

      မအိကျွေးတာပဲ စားဖူးလို့ မအိကိုလည်း ချက်ကျွေးချင်ပါတယ်။
      တစ်နေ့နေ့တော့ ကြုံအုံးမယ်ထင်တာပဲ။ 🙂

    • Ma Ma

      June 16, 2015 at 8:56 pm

      ငါးကိုပြုတ်လိုက်လို့ အငံတွေထွက်သွားလို့ သိပ်တော့ မငံတော့ဘူး။
      မငံဘူးဆိုပေမယ့် ငါးခြောက်ဆိုတော့ နည်းနည်းတော့ ငံတာပေ့ါ။
      ငံတယ် ဆိုပေမယ့်လည်း ထင်သလောက်တော့ မငံပါဘူး။
      မငံဘူးဆိုပေမယ့်….. :k:

    • Ma Ma

      June 17, 2015 at 6:38 am

      တခြားငါးခြောက်တွေကတော့ အသားမာပြီး အနံ့လည်း မမွှေးတော့ မကောင်းဘူးထင်တာပဲ။
      ဝက်သားစားရင် ဘာငါးခြောက်မဆို ဝက်သားနဲ့လုံးချက်ရင် (ဘာအပိုပစ္စည်းမှထည့်စရာမလိုပဲ) စားကောင်းတယ်။
      ဘဲဥကြိုက်ရင်တော့ ဘဲဥပြုတ်ပြီးထည့်ချက်လို့ရတယ်။ 🙂

  • Wow

    June 16, 2015 at 10:34 am

    ချစ်မွရဲ့ ငါးပုပ်ခြောက်ထမင်းကြော ်စားကောင်းတာ ကိုယ်တွေ့.. ခုထိပြန်တွေးရင် လ ျှာလည် :kwi:

  • manawphyulay

    June 16, 2015 at 10:49 am

    ငါးပုတ်ပြားနဲ့ ထမင်းစားချင်လာပြီ။ တော်ပြီ ခုပဲ သွားစားတော့မယ်…

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    June 16, 2015 at 11:00 am

    ခုချိန်လောက်ဆို.. အဲ့ဒါ… အင်အင်းတွေ ဖြစ်နေလောက်ပီပေါ့ညော်…
    ကျန်းးးးး
    အင်အင်းတွေ လာတင်တယ်…

    ခုခိ ခုခိ…

    😀

    • Ma Ma

      June 17, 2015 at 6:41 am

      အနိစ္စ
      ဒုက္ခ
      အနတ္တ …. 🙁

  • Alinsett @ Maung Thura

    June 17, 2015 at 9:40 am

    တစ်ခါ စားဖူးထဲက… မေ့မရ..
    ထပ်စားချင်လို့… အဟီး

    ကျနော့်မှာက အဲ့လိုတွေ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးမယ့်သူမရှိ…
    ကွကိုယ်လည်း ချက်ပြုတ်တာ ဝါသနာမပါသမို့… သူများ ချက်ကျွေးမှာကို ကျေးဇူးအထပ်ထပ်တင်ပြီး..
    လိုက် စားဖို့ ချောင်းနေရတဲ့ ဘဝ…

    :k:

    • Ma Ma

      June 17, 2015 at 4:34 pm

      ဖွေးဖွေးကို ချက်ကျွေးခိုင်းဖို့ မှတ်ထားတယ်လို့ ခပ်တည်တည်နဲ့ ဖြီး အဲ…. ပြောလည်း ရတာပဲကို။ :k:

  • aye.kk

    June 17, 2015 at 11:07 am

    မမရေ
    ကျေးဇူးပါ
    စားချင့်စဖွယ်လက်ရာလေးမို့၊မမနည်းအတိုင်း
    ကြော်စားဦးမယ်။

    • Ma Ma

      June 17, 2015 at 4:50 pm

      ချက်ရလွယ်ပြီးစားကောင်းတယ် မအေးရေ။ 🙂

  • မြစပဲရိုး

    June 17, 2015 at 11:14 pm

    အသက်ကလေး က ရ လာတော့ အဆီတဝင်းဝင်း တွေ ထက် အခြောက် ကလေး တွေ ကို ပိုပြီး ခံတွင်းတွေ့လာပါ့ ချစ်မရာ။
    . ကြည့်ရတာ အတော်အရသာရှိမဲ့ ပုံဘဲ။
    ဒီမှာတော့ ငါးခြောက်မရှိလို့ ဝေးဝေးကဘဲ ငေးပြီး ကြည့်သွားပါတယ်။
    (သနားစဖွယ် အသံလေး ဖြင့်ပြောသည်) :-)))

    • Ma Ma

      June 18, 2015 at 7:28 am

      ကိုယ်တိုင်ချက်ဖြစ်ရင် ဆီကြောက် အချိုမှုန့်ကြောက်ဆိုတော့ တချို့တွေက မကြိုက်ကြဘူး။

      ငါးခြောက်ဆိုတော့ အငံကတော့ သိတဲ့အတိုင်း။ :k:

  • kai

    June 18, 2015 at 2:44 am

    ဒီနေ့ချက်စားလိုက်သဗျ..။
    တလောကဝယ်လာတဲ့ ငါးပုပ်ပြားနဲ့..။
    နံချက်ကတော့.. ကမ်းကုန်..။

    ပိပိလေးက.. ငါးပုပ်ခြောက်ကျော်ကိုဝင်နှိုက်ပြီး.. ကြိုက်ဖူးတဲ့..။
    ကြက်ဥကျော်တွေတော့ ရွေးစားသွား..။

    • မြစပဲရိုး

      June 18, 2015 at 4:22 am

      ကလေး မကြိုက်တာ တရားမျှ ပါတယ်။
      ငါးခြောက်ထဲ ငါးပုတ်ခြောက်က အတော်အနံ့ပျင်းတာ။
      အာဗြဲခြောက်လဲ နံတော့နံတယ်။ ဒါပေမဲ့ တော်သေးတယ်။
      ငါးခြောက်ထဲ မှာ ငါးသေးသေးလေးခြောက် တွေ ကို ကြော်စားရတာ အကြိုက်ဆုံးဘဲ။

      • Ma Ma

        June 18, 2015 at 7:34 am

        သဂျီးလာရင် ချက်ကျွေးမယ်ပြောလို့ ကြိုကာနေတယ်။ :k:

        ကလေးမကြိုက်တာ မပြောလိုပါဘူး။
        ငါးပုပ်ပြားက လူကြီးကြိုက်။

        လူကြီးတွေ ဆန်ပြုတ်သောက်ရင် ငါးပုပ်ပြားကို မီးဖုတ်ဆီဆမ်းပေးလိုက် ကောင်းမှကောင်း။

        ဒူးရင်းသီးလိုပဲ ကြိုက်တဲ့သူက မွှေးပြီး မကြိုက်တဲ့သူက နံတယ်ပေ့ါ။ :a:

  • water-melon

    June 19, 2015 at 12:11 pm

    ထမင်းစားချိန်နဲ့ကိုက်နေလို့ ပုံကြည့်ပီးစားသွားပါကြောင်း 🙂

  • etone

    June 20, 2015 at 11:27 am

    ငါးပုတ်ခြောက်ထမင်းကြော်ဆို အရမ်းကြိုက်တာ … အစက ထင်တာ ငါးပုတ်ခြောက်ဆိုတာ ငါးရံ ့ခြောက်လို ငါးခြောက် နာမည်လားပေါ့နော် ။
    အခုမှသိတယ် …..
    သူက ငါးကို အပုပ်ခံထားတာကိုး …ငါးပုတ်ခြောက်မဟုတ်ပဲ ငါးပုပ်ခြောက်ကိုး ။
    မူးရင်း ငါးက ဘာပါလိမ့်အန်တီရေ ။

    • Alinsett @ Maung Thura

      June 20, 2015 at 11:39 am

      မူရင်းငါး ဆိုလို့ . . .
      အဲ့ ငါးပုပ်ခြောက် ဖြစ်လာဖို့ အပုပ်ခံရတဲ့ မူရင်းငါးကို
      ရခိုင်ဘက်က အခေါ်က ”ငါးခင်းပါး”တဲ့။
      ရခိုင်မှာ နေတုန်းက ပေါပေါသီသီ စားခဲ့ရတဲ့ငါးပေါ့လေ

      ဘိတ် ထားဝယ်ဘက်မှာတော့ အဲ့ငါးကို
      ”ငါးစာဗြတ်” ဆိုလား ခေါ်တယ်။(ကြားဖူးတာပဲ)
      .သေချာအတိအကျတော့မသိ။

      ရန်ကုန်မှာတော့ ဘယ်လို ခေါ်လဲ. . .

      ဆိုတော့ ရန်ကုန်မှာ အဲ့ငါးကို အရှင်လတ်လတ် မမြင်ဖူးဘူး။
      ပုပ်ပြီးအခြောက်ခံပြီး ငါးပုပ်ခြောက်အဖြစ်ပဲ ရောက်လာတာ မြင်ဖူးတယ်။

      • Ma Ma

        July 1, 2015 at 5:12 pm

        အိတုန်းရေ-
        မူရင်းငါး ကက္ကူရံတို့ ကသမျှင်တို့နဲ့လုပ်တဲ့ ငါးပုပ်ခြောက်က ပိုကောင်းတယ်။
        အဲဒီငါးတွေက အသားထူတယ်လေ။

        ငါးကင်းပါးတို့ ပင်လယ်ငါးပြေမတို့နဲ့လည်း လုပ်ကြတယ်။
        သူတို့ကတော့ အသားပါးတယ်။

        အဓိကက ငါးကိုအပုပ်ခံပြီး အခြောက်လှမ်းမှ ငါးအသားကပွပြီး(ပျော့ပြီး) အနံ့လည်း မွှေးတယ်။ (နံတယ်လို့လည်း ပြောနိုင်တာပေ့ါ။) :k:

    • မြစပဲရိုး

      June 20, 2015 at 11:59 am

      တုံတုံ – အသံလေး ပြန် မြင် ရတာ ဝမ်းသာပါရဲ့။ မကြာမကြာ ဝင်လာပါဦး။ :)))

  • kai

    July 1, 2015 at 5:08 am

    အဲလိုအသုတ်ပန်ကန်ပြင်ပုံမြင်တိုင်း.. စိတ်ထဲ.. အနုပညာမဆန်လိုက်တာလို့..စိတ်ဖြစ်မိ…။

    • ဇီဇီခင်ဇော်

      July 1, 2015 at 6:21 am

      သဘူတောပါတယ်..
      အသုပ် ဆိုတာ အသုတ် ဇလုံထဲ ထည့် သုပ် ပြီးး မှ စားးမယ့် ပန်းးကန်ထဲ ထည်ု့ပီးး ပြင်တာ စားးချင် စဖွယ် ပိုဖြစ်ပါတယ်..
      :k:

      • kai

        July 1, 2015 at 7:05 am

        စီလီကွန်ဗယ်လီရဲ့… အကောင်းဆုံးမြန်မာဆိုင်မှာဆိုရင်တော့ လက်ဖက်သုတ်အော်ဒါမှာရင်. စားပွဲထိုးက.. လိုင်းမ် တခြမ်းရယ်..။ ဆလပ်ရွက်ပွဲရယ်ပေါ်မှာ.. လဖက်သားပုံပြီး.. တခြားအဆာပလာတွေနဲ့ယ.. ဇလုံလိုက်ယူလာပါတယ်..။
        အဲဒါကို.. စားသုံးသူစားပွဲရှေ့မှာချပြ.. ပြီးမှာ.. လိုင်မ်းကိုညစ်တံနဲ့ညစ်ချ..။ ဇွန်းခရင်းနဲ့စတိုင်ပါပါ.. လူရှေ့သုတ်ပြပါတယ်..။

        ပြောချင်တာက…
        ဗမာအသုတ်တွေ.. အရောင်စုံလေးဖြစ်အောင်.. ဖြူ(ကြက်သွန်နီ)၊ နီ၊ (မုန်လာဥနီ)၊ ဝါ(မျှစ်)၊ ခရမ်းပြာ(ဘယ်လ်ဂျီယန်အရွက်)တွေနဲ့စပ်..။
        အဲလိုစတိုင်လေးနဲ့လုပ်လို့မရနိုင်ဖူးလားလို့ပါ…။
        ပါးစပ်နဲ့မစားခင်.. မျက်စိနဲ့စားကြစေချင်..။

        မတူတဲ့အတွေး..။

        • ဇီဇီခင်ဇော်

          July 1, 2015 at 10:00 am

          ရတာပေါ့။
          အချိန်နည်းးနည်းပေးး
          ဓာတ်ပုံ ကောင်းးကောင်းးနဲ့ ပြင်ဆင်တာပါ လုပ်လိုက်မယ်
          :k:

  • ကိုခိုင်ရေ

    ကျနော်အပါ အဝင် အများစု က အစား ကို မျက်လုံးအရသာခံဘို့ထက်
    ဘိုက်ဝ ဘို့ ကို ဦးတည်ပြီးစားကြတာပါ။
    နောက်မြန်မာတွေစားတဲ့အခါ လက် နဲ့ ဘဲ တွယ်ကြပါတယ်
    ပြီးတော့ အလှအပတွေ လုပ်မနေနဲ့ ဘိုက်ဝ ဘို့ လိုရင်းဆိုတဲ့
    အနုပညာမမြောက်တဲ့ အတွေးက လဲ စိတ်ထဲမှာကိန်းအောင်နေပြန်တာကိုး။

    ကျနော်အမြင်ပြောရ ရရင်
    အစားအသောက်ကို ဇိမ်ခံပြီး အနုပညာမြောက်အောင်
    စားနိုင်ခြင်း မစားနိုင်ခြင်းက
    လူတစ်ယောက် စိတ်အေးချမ်းသာစွာ နေရ ခြင်း မနေရခြင်းနဲ့က သက်ဆိုင်နေတယ်လို့ ထင်ပါတယ်။
    အေးအေးလူလူ စားေ သာက်နေနိုင်သူအဖို့ အစားအသောက်ကို ပါးစပ်နဲ့ တင်မက မျက်စေ့ပါအရသာခံစားမယ်
    ထမင်းတစ်လုပ် အတွက် လှုပ်လှုပ်ခပ်ခပ် နဲ့ ရှာစားနေရသူ အဘို့ ဗိုက်ပြည့် ရင်ပြီး ဆိုတာ ကလွဲ ပြီး ဘာမှစိတ်ထဲမရှိ

    တစ်ချိန်မှာတော့ ကိုခိုင်ပြောသလို မျက်စေနဲ့ရော့ လျှာနဲ့ ရော အရသာခံပြီး စားခွင့် ကြုံမယ်ထင်ပါတယ်

    မမ ရေ

    ငါးပုတ်ပြားထမင်းကြော်တော့ အခုမှမြင်ဘူးတာဗျိုး
    ငါးပုတ်ပြားခြောက်ကို ထမင်းဆိဆမ်း ပူပူလေး နဲ့ ငရုတ်သီးထောင်းလေးနဲ့ တွဲစားလိုု့ကတော့
    ထမင်းနှစ်ပန်းကန်လောက် အသာလေးကုန်တယ်

    • kai

      July 1, 2015 at 11:07 am

      ကပေါက်ရယ်…
      လူသားတွေယဉ်ကျေးမှုတိုးတက်လာတယ်…
      လူနေမှုအဆင့်အတန်းတွေမြင့်လာတယ်ဆိုတာမှာ.. လူတိုင်း..ယဉ်ကျေးမှုတိုင်း(တိုင်း)…
      နိုင်ငံတိုင်း(တိုင်း)… အဆင်ပြေတဲ့ဘဝ..အခြေအနေတွေဖြတ်သန်းလာကြတာမဟုတ်ပါဘူးနော…။
      ဒီလိုပဲ.. အားလုံးကိုကျော်ဖြတ်ခဲ့ကြရတာ…

      ဗမာတွေလုပ်တဲ့အလုပ်တိုင်း… အလုပ်တိုင်း.. စနစ်တကျ.. သပ်ရပ်..သေသပ်.. အနုပညာဆန်စွာလုပ်ကြစေလိုရင်း…ရယ်ပါ..။

      • Ma Ma

        July 1, 2015 at 5:21 pm

        သဂျီးပြောတာကို ထောက်ခံပါတယ်။
        ဟိုးတုန်းကတော့ ပါးစပ်နဲ့စားတာလို့ပဲ ခံယူထားပြီး သိပ်မခံစားတတ်ဘူး။
        ခုနောက်ပိုင်းတော့ အနုပညာမြောက်ပြင်ဆင်ထားတာကို မျက်စိနဲ့စားရတာကို သဘောကျလာတယ်။

        ဒ့ါထက် အပ်ပ်ဒိတ်သတင်းတစ်ခုပြောရရင်…..
        ရန်ကုန်မှာ KFC ဆိုင်စဖွင့်တာ ဆိုင်ထဲမှာ လူပြည့်နေလို့ ဆိုင်အပြင်ကနေ တန်းစီစောင့်နေတဲ့လူတွေတောင် မနည်းဘူး။
        တခြားနိုင်ငံတွေမှာဖွင့်တာ ဒီလောက်အားပေးကြတာ မတွေ့ဖူးဘူးလို့ ပြောတာပဲ။

        ကိုယ်ကတော့ မလတ်ပြောတဲ့….
        သူများနိုင်ငံမှာ ဆင်းရဲသားစာ၊
        ဒီမှာ သူဌေးစာ ဆိုတာကိုပဲ သတိရမိတော့တယ်။ 🙁

        • kai

          July 2, 2015 at 4:17 am

          ယူအက်စ်မှာ KFCကဆင်းရဲသားအစာတော့ မဟုတ်ပါဘူးဗျ..။

          ပြောရရင်.. ဆင်းရဲသားစာ..သူဌေးစာရယ်လို့လည်း.. ခွဲခြားထားတာမတွေ့မိ…။ဟိုအင်္ဂလိပ်က.. အင်္ဂလန်တွေကတော့ လူမျိုးကြီးစိတ်တွေနဲ့.. ခွဲကောင်းခွဲမယ်ထင်တယ်..။

          အဲလိုအစားအသောက်ကို.. မက်ခ်ဒါနယ်လို… Fast-Food လို့တော့ခေါ်မယ်…။
          အလွယ်အမြန်စားချင်သူတွေ.. စားကြသပေါ့…။
          အမှတ်မမှားရင်.. အိုဘားမားအပါအဝင်… ဘီလီယံနာတွေလည်း.. စားပါတယ်..။ အထူးသဖြင့်.. အားကစားပွဲတွေကြည့်ချိန်.. ပါတီလုပ်ချိန်တွေမှာပေါ့…။
          အမှတ်မမှားရင်.. ယူအက်စ်ရဲ့.. MBA သင်ရိုးညွှန်းတန်းတချို့မှာ KFC ကို.. ကြက်တမျိုးထဲနဲ့.. ဆိုင်ဖွင့်လို့ရအောင်တီထွင်သွားနိုင်သူမို့ဆိုပြီး… ထည့်သင်တယ်..။
          အင်မတန်အတုယူစရာပေါ့…။

          ကျမ်းမာရေးစစ်တမ်းအရတော့ …ဆီနဲ့ပြုတ်တဲ့အဲဒီကြက်ကျော်ဟာ.. သိပ်အကောင်းကြီးမဟုတ်တာတော့သေချာတယ်..။
          သူ့ထက်စာရင်..CHURCH’S CHICKEN ကိုကျမ်းမာရေးလိုက်စားသူတွေအားပေးကြတယ်…။
          ကယ်လီဖိုးနီးယားမှာကျ.. အကျော်တွေအစား.. အကင်ဖြစ်တဲ့.. El Pollo Loco ကိုလည်းအားပေးကြတာပဲ..။

          ရန်ကုန်မှာKFC သွားဖွင့်နိုင်တော့ ကောင်းတာပေါ့…။
          ဒီလိုနဲ့.. ယူအက်စ်က.. ယူကေက.. ဂျပန်က..။ စိန့်ပြည်က..။ မစ်ဒယ်အိစ့်ကဆိုင်တွေ.. စားစရာတွေလာဖွင့်ကြမယ်..။
          ဗမာတွေ.. တခြားနိုင်ငံသွားစရာမလို.. စားနိုင်သောက်နိုင်မယ်..။ အဲဒီဆိုင်မှာအလုပ်လုပ်နိုင်ကြသမို့.. အလုပ်အကိုင်အခွင့်အလန်းအပြင်.. ပညာတွေပါရမယ်..။
          လူနေမှုမြင့်လာတယ်လို့ခေါ်ရမှာပါ…။

          ဒါပေမယ့်…
          FB မှာ.. KFC နဲ့ပါတ်သက်ပြီး.. Hate စာ/စကားတွေတွေ့နေရလို့.. အံ့ဩမိ…။
          အင်း…
          အိုဘယ့်.. မြန်မာပြည်..။
          =======
          Which fast-food fried chicken is the most delicious?
          Published on 2/4/2014 By Dan Gentile
          3. KFC
          Breading: 4 – When you’re eating fried chicken, you don’t want to think of the word skin. But without substantial volume or crispiness, the barely-there salt bath of batter doesn’t do the chicken any favors.
          Chicken: 2 – These are the biggest pieces of chicken out of the bunch, but not our favorite.
          Grease: 10 – You will need a napkin when you eat this.
          Overall flavors: 2 – Depending on how long it’s been since you’ve had KFC, you might have a nostalgic yearning for the platonic ideal of fast-food fried chicken. It doesn’t deliver.
          Biscuit bonus points: 1 – The chalkiness of the biscuit actually makes a natural pairing with the chicken.

          FINAL VERDICT
          Sorry, Colonel.
          ==============
          2. CHURCH’S CHICKEN
          Breading: 10 – The word buttermilk actually seems appropriate here. The breading flakes off in big, thick chunks, whose hollowness is confounding.
          Chicken: 4 – The quality of the chicken is mid-grade at best. There’s a bit of a foul (zing!) flavor to it that comes off as sweetness.
          Grease: 3 – The least greasy of the bunch, but it still makes me want a napkin just thinking about it.
          Overall flavor: 6 – Pretty solid. It definitely tastes like you’re participating in cruel farming practices, but it also tastes delicious.
          Biscuit bonus points: 3 – This is essentially free dessert. It’s doused in a sticky honey substance that makes it taste closer to cornbread.

          FINAL VERDICT
          Worthy of praise.
          ==============
          1. POPEYES LOUISIANA KITCHEN
          Breading: 8 – This is the crispiest exterior of the bunch and also the most substantial. Bite into a crunchy flake of fried excess, and experience true gluttony.
          Chicken: 8 – The meat is loaded with juice and has a strong savory flavor that doesn’t taste like a factory farm at all.
          Grease: 6 – You’re gonna need a napkin and also some face wash.
          Overall flavors: 8 – Fried chicken is inherently a Southern thing, and Popeyes delivers a mumble-y Cajun flavor that makes you feel like you’re in Louisiana.
          Biscuit bonus points: 2 – Strong resemblance to a hockey puck.

          FINAL VERDICT
          Don’t eat your spinach, eat this.
          http://www.thrillist.com/eat/nation/best-fried-chicken-ranking-church-s-chicken-popeyes-louisiana-kitchen-and-kfc

      • ကို ခိုင် ့ ဆိုလိုရင်း ကို သဘောပေါက်နားလည်ပါကြောင်း

        ဒီမှာက ပြောင်းပြန်ဖြစ်နေတာလဲ အများကြီးရယ်

        စည်သွတ်ဘူးထဲ ထည့် ထားတဲ့ အစား အစာ ကို ဈေးကြီး ပေးဝယ်စားတယ်
        လတ်လတ်ဆတ်ဆတ်အသီးကို တော့ ဈေးပေါလို့ မစား

        အခုလဲ ကြက်ကြော်တဲ့ ဝိုင်းတိုးနေကြပြန်ပြီ
        အဲ့ကြက်ကြော် ကို ဒီမှာ ဘောစိဘဲ စားနိုင်တာပါ

        • Ma Ma

          July 1, 2015 at 8:44 pm

          ဖွင့်ပွဲဓာတ်ပုံတွေမှာ ၁၆၀ဝ လို့ တွေ့လိုက်လို့။
          KFC က ဒီကဈေးတွေနဲ့ ယှဉ်ရင်တောင် သိပ်မဆိုးဘူးပြောရမယ်ထင်တယ်။

          ကိုယ်တိုင်သွားစားပြီး ဈေးနှုံးအတည်ပြုဖို့ကလည်း တန်းစီတိုးစားရတာကြီးကို သည်းမခံချင်လို့ နောက်ပိုင်းအေးအေးဆေးဆေး စားလို့ရမှပဲ သွားစားတော့မယ်။

        • မြစပဲရိုး

          July 1, 2015 at 11:04 pm

          ၁၆၀ဝ က တစ်တုံး လား မမ။
          Set တော့ မဟုတ်နိုင်။

        • kai

          July 2, 2015 at 6:20 am

          ၁၆၀ဝ က.. ကပချီနိုတခွက်၊ အက်ခ်တပ်တ်တခုပါတဲ့ ကွန်ဘိုတဲ့..
          ကြက်ကျော်ပါပုံမရ…။

          ဆိုတော့…
          ဗမာတွေ.. ဘာသာရေးအယူမှားအရ.. ကြက်လိုအကောင်ဘလောင်မွေးမြူစားသောက်.. စနစ်တကျစီးပွားဖြစ်လုပ်ရင်.. သမ္မာအာဇီဝမဟုတ်သလို သင်ကြားခံထားရသမို့..
          အိုဘယ်.. ကျိန်စာလို့တော့.. ပြောချင်မိ…။

        • Ma Ma

          July 2, 2015 at 7:46 am

          သဂျီးရေ-
          မွေးမြူရေးကို အကုသိုလ်လို့ သဘောထားကြတာမှန်ပေမယ့်
          တံငါအလုပ်ထက်စာရင်တော့ တော်သေးတယ်ပြောရမှာပေ့ါ။

          ဒါပေမယ့် စားဝတ်နေရေးအတွက် မရွေးချယ်နိုင်ကြပဲ တံငါနားနီးတံငါ လုပ်ကြရတာပါပဲ။
          ခုဆိုဒီမှာ ကြက်ဝက် မွေးမြူရေးကို တော်တော်များများ လုပ်လာကြပြီ။

          မွေးမြူရေးကြက်က CP တင်မကတော့ဘူး။
          တခြား နာမည်တွေလည်း ရှိလာပြီ။

          ကြက်သားပေါက်ရောင်း၊ ကြက်စာရောင်းပြီး တိရစာ္တန်ဆရာဝန်တွေခန့်ထားပြီး အသေအပျောက်နည်းအောင်၊ ရောဂါဖြစ်ရင် စောစောသိပြီး ကုသနိုင်အောင် မွေးမြူရေးခြံတွေကို လိုက်လှည့်ကြည့်ပေးတယ်။

          ဟိုးတုန်းက တောင်ပေါ် (မိုးကုတ်၊ အောင်ပန်း၊ တောင်ကြီး) ရောက်ရင် သားငါးဈေးက မြေပြန့်ထက် အဆမတန်များခဲ့တာ။

          (မှတ်မိသလောက် ရန်ကုန်မှာ ကြက်သား ၁၀၀ဝ ဈေးလောက်ရှိတုန်းက မိုးကုတ်ရောက်တော့ ၃၀၀ဝ ဈေး ကျော်တယ်။)

          ဒီတစ်ခေါက်သွားတော့ သူတို့ဆီမှာ မွေးမြူရေးတွေ တော်တော်များများလုပ်လာကြလို့ အသား (ကြက်/ဝက်၊ ငါးမပါ) ဈေးတွေက မြေပြန့်က ဈေးလောက်ပဲရှိတယ်။

        • kai

          July 2, 2015 at 10:28 am

          ထေရာဝါဒအယူအရဆိုရင်တော့.. သေသေချာချာသတ်စားဖို့မွေးတာဟာ..
          ပင်လယ်အင်းအိုင်မြစ်ချောင်းထဲက.. မိချင်ရာမိ..ဖမ်းတဲ့တံငါအလုပ်ထက်.. အကုသိုလ်ပိုလောက်ပါတယ်..။

          တကယ်တော့..ငါးပါးသီလကို.. ထေရာစိတ်ကြိုက်ဖွင့်လိုက်တဲ့.. အဲဒီအယူမှားကသာ.. လူတွေကို အဟာရမပြည့်မှီ.. ဦးနှောက်ဉာဏ်မမှီ..အညွှန့်တုံးစေနေတာလို့.. သိကြသင့်တယ်…..
          သာမန်လူသားကနေ.. ဗုဒ္ဓဖြစ်တော်မူတဲ့..အချိန်မှာ.. နောက်ဆုံးဆွမ်းဟာ.. ဆီဦးထောပါတ်တွေကနေအဆင့်ဆင့်ပြုပြင်ထားတဲ့.. သုဇာတာရဲ့.ဃနာနို့ဆွမ်းလို့.. သိသင့်.
          စဉ်းစားဉာဏ်တွေမှာ.. အဟာရပြည့်မှီမှုက.. အင်မတန်အရေးကြီးကြောင်း..သမိုင်းအထောက်အထားပါပဲ..လို့…
          .. တာဝန်ရှိသူတွေဟောပြောညွှန်ပြသင့်လှသပေါ့…။

          အခုလိုမွေးမြူလာကြတဲ့သတင်းကြားရသမို့.. ဝမ်းသာ..။
          ဖြေလျှော့ပေးတဲ့…ရဟန်းအစစ်တွေကိုလည်း.. ကျေးဇူးတင်မိ…။
          လက်စနဲ့.. အသားစားနွား..နို့စားနွားတွေမွေးကြဖို့.. စားကြသောက်ကြဖို့.. ဘုရားပေးသမိုင်းတာဝန်ကြီးအနေနဲ့တိုက်တွန်းပေးစေလိုပါကြောင်းရယ်..။

          ခေတ်နောက်ကျနေပြီဖြစ်တဲ့.. နွားမေတ္တာစာကိုလည်း.. သံဃာတွေ.. ခေတ်နဲ့ညှိ.. ချေပရှင်းလင်းသင့်လှပေါ့…။

  • Ma Ma

    July 4, 2015 at 8:22 am

    ကျန်းမာရေးကို အလေးထားလာကြတဲ့ ခေတ်မီတိုးတက်နေလို့ ငါးခြောက်ဆိုတာနဲ့တင် နှာခေါင်းရှုံ့ချင်သလိုဖြစ်လာတဲ့ ခေတ်ကြီးမှာ….

    (DASHI
    June 29 at 8:31am · Edited ·

    Dashi ဂျပန် ဟင်းခတ်မှုန် ့ ငါးမှုန့်ကိုတာရှည်ခံအောင်ဘာနဲ့လုပ်ထားလဲသိချင်ပါတယ် ဆိုတဲ့မေးခွန်းအတွက် ဖြေပေးလိုက်ပါတယ်

    မြန်မာပြည်မှာ ငါးခြောက်ကိုတာရှည်ခံအောင် ဆားနယ် ပါတယ် ပြီ်းရင် သေချာခြောက် အောင် အခြောက် လှမ်းပါတယ် အဲဒါဆို ကြာ လေ ပို ကောင်းလေအရသာမွေးပြီး အကြာ ကြီး ခံပါတယ်
    Dashi လဲထိုနည်းလည်းကောင်းပါ ငါး ကို ဆားနဲ့ ဆေး ပြီး တော့ ကွန်ပြူတာ နဲ ့အပူချိန်ကို ထိမ်းချုပ်ထား တဲ့ ပေါင်းတင် စက် များမှာ သတ်မှတ်တဲ့ အပူချိန်နဲ ့ နာရီအတိ အကျ ပေါင်းလိုက် ရင် ငါးက အဆီထွက် သွားပြီး အသားက မာကြွတ် သွားပြီး သစ်သား တုံး လိုဖြစ် သွားပါတယ် အဲဒါကိုမှ အမှုန် ့ကြိတ် တာပါ …… )

  • ​ဒေါ် လေး

    July 5, 2015 at 9:21 am

    ငါးခြောက် ကြိုက်သူအတွက်တော့ ကွက်တိဘဲ
    ပြောရင်းတောင် စာချင်လာပြီ
    ကြော်စားပြိုက်မယ် မ ရေ

Leave a Reply