“ကျယ်စေကောင်း၏့ မကောင်း၏”

“ကျယ်စေကောင်း၏ …….မကောင်း၏…………”

တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၃)

 

ကျနော်ရန်ကုန်ရောက်တုံးက ရွှေတိဂုံဘုရားကို blue hour မှာရိုက်ချင်လို့

ညနေခင်းတစ်ခုမှာသွားခဲ့ပါတယ်။

ကျနော်ကမြောက်ဘက်မုဒ် ဓါတ်လှေခါးကနေတက်လာပါတယ်။

ဘုရားကုန်းတော်ပေါ်ကထန်းပင်အနားရောက်တော့

ရှေ့ဆက်သွားလို့မရ လမ်းပိတ်နေပါတယ်။

ကြည့်လိုက်တော့ ပရဟိတ တံမျက်စည်းလှည်းတဲ့အဖွဲ့က စက်ဝိုင်းခြမ်းပုံဖြစ်အောင်တန်းစီနေကြတာကြောင့်ပါ။

ဘုရားရင်ပြင်တော်ပေါ်မှာတံမျက်စည်းလှည်းပြီး ကုသိုလ်ယူကြဘို့အတွက်လူစီနေကြတာပါ။

“ညီနေအောင်တန်းစီပါ အလှပြသလိုလုပ်မနေပါနဲ့”

“စ….  လှဲ တော့” ဆိုတဲ့ အာကျယ်ပါကျယ်အသံထွက်လာတော့ ကျနော်စိတ်ဝင်စားသွားပါတယ်။

အကျီအဖြူလည်ကတုံး ပုဆိုးအကွက်စိတ် ဟန်းဖုန်းခါးချိတ်

ရင်ဘတ်မှာပရဟိတအသင်းအဖွဲ့တစ်ခုရဲ့ရင်ထိုးတံဆိပ်ထုးိတားတဲ့သူဆီကအသံထွက်နေတာပါ။

တံမျက်စည်းလှဲတဲ့သူက လူနှစ်ဆယ်ကျော်လောက်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ပူးပူးကပ်ကပ်

တစ်လှမ်းခြင်းရှေ့တိုးပြီးတံမျက်စည်းလှဲနေကြရပါတယ်။

” တံမျက်စည်းကိုသေချာလှဲပါ။

ဟန်ပြမလှဲပါနဲ့” လို့ အော်သံထပ်ထွက်လာပြန်ပါတယ်။

သူ့မျက်နှာက တော့ ခပ်တင်းတင်း ၊

စစ်ပွဲတစ်ပွဲကိုဦးဆောင်နေရတဲ့ ဗိုလ်ချုပ်တစ်ယောက်ရဲ့အသွင်အပြင်၊

သူ့အော်သံကြောင့် ဘုရားဖူးလာသူအချို့က တံမျက်စည်းလှည်းနေတာနဲ့

ဝေးအောင်ကွင်းပြီးသွားကြပါတယ်။

ကုသိုလ်ယူနေကြတဲ့သူတွေကိုလှမ်းကြည့်လိုက်တော့

လူငယ်ရောလူလတ်ပိုင်းရောလူကြီးပိုင်းပါ အရွယ်စုံပါဘဲ။

အမိန့်တွေပေးနေတဲ့သူရဲ့မျက်နှာအသွင်အပြင်ကြည့်ရတာက ဒီလို့အမိန့်တွေပေးနေရတာကိုဘဲ

ဝင့်ကြွားဂုဏ်ယူနေတဲ့ပုံပါဘဲ။

***************************************************************************

ကျနော်ထိုင်နေကျ လက်ဖက်ရည်ဆိုင်လေးက မန်နေဂျာက အလုပ်ထွက်သွားပါတယ်။

အဲဒီဆိုင်က စားပွဲထိုးနေတဲ့ ကလေးတွေကို အုပ်ချုပ်ဘို့ခန့်ထားတဲ့မန်နေဂျာပါ။

ဒီဆိုင်မှာထိုင်နေတာကြာတော့ အားလုံးနဲ့ကလဲ နေ့တိုင်းတွေ့ဆိုတော့ စိတ်ထဲမှာ

အလိုလိုရင်းနှီးခင်မင်နေတယ်လို့ဆိုနိုင်ပါတယ်။

စားပွဲထုးိလေးတွေကို မေးကြည့်တော့

“အာစရိ အကိုက နေမကောင်းဖြစ်တော့ သူတို့လယ်ကို ကြည့်မယ့်သူမရှိလို့ပြန်သွားတာ”တဲ့။

ကျနော်ထိုင်တဲ့လက်ဖက်ရည်ဆိုင်လေး က နှစ်ခန်းခွဲထားပါတယ်။

အပြင်ခန်းက ဆေးလိပ်သောက်တတ်သူများအတွက်။

အတွင်းခန်းကတော့ ဆေးလိပ်မသောက်ရလို့ သတ်မှတ်ပြီး အဲကွန်းတပ်ပေးထားပါတယ်။

အခန်းတံခါးပိတ်ထားတော့ အသံလုံပါတယ်။

လက်ဖက်ရည်ဆိုင်လာထိုင်တဲ့သူတွေကလဲ နေ့စဉ်လာနေကျလူတွေဆိုတော့

ကိုယ့်ဆိုင်လိုဖြစ်နေကြတော့အားနာစရာမရှိ။

လူစည်ချိန်မှာဆိုရင်စကားပြောကြတာ အော်ကြီးဟစ်ကျယ်။

ငြင်းကြခုန်ကြဆိုတော့ အခန်းကျဉ်းကျဉ်းလေးထဲမှာအသံတွေဆူညံပြီး အုံးအုံးထနေပါတယ်။

 

နောက်သုံးလေးရက်လောက်နေတော့ မန်နေဂျာအသစ်ရောက်လာပါတယ်။

လူဝဝ အသားက အနက်ရင့်ရင့် အသံကတော့ခပ်ကျယ်ကျယ်ပါဘဲ။

“ရှမ်းနှစ် အရေဖျော်တစ် ”

” နံပါတ်ဝမ်း ပိုက်ဆံပေးနေတယ်”

“နို့်စိမ်းတီးဝမ်း ဖန်ဆိမ့်နို့စိမ်းကဲ ဝမ်း”

“ဖိုးချမ်း ပုဂံတွေကို ဗန်းနဲ့သယ်”

“ဆီဆမ်း နှစ် ရှယ်မွှေကြော်တစ်”

“ငအောင် စားပွဲတွေရေနွေးလိုက်ဖြည့်”

“ကြက်ပလာတစ် သကြားရှောင်”

“ဧည့်သည်ဝင်လာတာ မမြင်ကြဘူးလား”

“ကျောက်ပန်းတောင်း တစ် အကြမ်းပုဂံချပေး”

ဆိုတဲ့အသံတွေက သူ့ဆီကနေ တရစပ်ထွက်နေပါတယ်။

အခန်းကျဉ်းကျဉ်း လူတွေက များမှများ

စားပွဲထိုးတွေကလဲ ပျားပန်းခပ်။

ဝင်သူထွက်သူ ရှုပ်ယှက်ခပ် နေတဲ့အကြားထဲမှာ

လိုအပ်တာထက်ပိုကျယ်နေတဲ့မန်နေဂျာအသစ်ရဲ့အသံကြောင့်

ဆိုင်ထဲမှာ ထိုင်ရတာနားမခံသာတော့ အရင်လိုကြာကြာထိုင်ပြီး

ဂျာနယ်မဖတ်ဖြစ်ပါဘူး။

သူမပြောလဲ စားပွဲထိုးလေးတွေက သူ့အလုပ်သူ ပုံမှန်ုလုပ်နေကြတာပါဘဲ။

ဒါပေမယ့် သူ့မျက်နှာပေးကတော့ သူ့ဒီလိုအော်ဟစ် ညွှန်ကြားနေလို့ဘဲ

ဆိုင်တစ်ခုလုံးက လည်ပတ်လှုပ်ယှားနေတယ်လို့ ခံယူထားသလိုပါဘဲ။

 

ကျနော်တို့နေ့စဉ်ဖြတ်သန်းနေကြတဲ့အချိန်တွေမှာ ကိုယ့် အရှိန် ကိုယ့်အတွေးနဲ့သာ

မောင်းနှင်နေကြတာကြောင့် ကိုယ်ဘယ်လို ပြုမူနေထိုင်တယ်ဆိုတာကို သတိမမူမိကြတာများပါတယ်။

ဘေးလူက သာ  ကိုယ့် ဘယ်လို နေတယ်ထိုင်တယ် ဘယ်လိုဖြစ်နေတယ်ဆိုတာကို မြင်နေရတာကိုး။

ကျနော်အပါအဝင်လူတိုင်းလူတိုင်းဟာ သာမာန်လူသားတွေကြောင့် ကိုယ့် အတ္တကိုဘဲ ရှေ့တန်းတင်ကြပါတယ်။

အဲတော့ ကိုယ်တော်ကြောင်းပြဘို့အတွက် သူများညံ့တယ်ထင်ရအောင် ဖန်တီးမိတတ်ကြပါတယ်။

ကိုယ့်ကို သူများအထင်အမြင်ကြီးအောင် ကိုယ်ကအရေးပါ သူဖြစ်အောင် မသိမသာရော သိသိသာသာပြတတ်ကြပါတယ်။

အဲလိုအဖြစ်မျုးိတွေ့ရင်အထင်ကြီးလေးစားသွားသလိုလို ရှိပေမယ့်

“အလကားနေရင်း လူတွင်ကျယ်လုပ်နေတာ”လို့မြင်သူလဲရှိနိုင်ပြန်ပါတယ်။

အခုလို တွေးမိ ရေးမိတာတောင် သူများအပေါ် လူတွင်ကျယ်လုပ်သလို

များ ဖြစ်နေသလိုပါဘဲ။

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

14-6-2015

 

 

7 comments

  • Mike

    June 15, 2015 at 11:26 am

    “ကိုယ်ဘယ်လို ပြုမူနေထိုင်တယ်ဆိုတာကို သတိမမူမိကြတာများပါတယ်။”
    .အမှန်ပဲဗ ျာ…
    .အိမ်မှာ မဒမ်မိုက်ဖုန်းပြောရင်အသံအတော်က ျယ်ပါတယ်..အော်ပြောနေသလိုပဲ
    .ဒါနဲ့က ျုပ်က တိုးတိုးပြောလည်းတဖက်ကကြားပါတယ်ကွာလို့..သတိပေးလေ့ရှိတယ်..
    .တခါတော့ က ျုပ်ဖုန်းပြောနေတာ က ျယ်လို့တဲ့..သမော်ဒီးကလာသတိပေးတယ်..
    .က ျုပ်လည်းပြောတဲ့အကြောင်းအရာပေါ်ဇောကပ်ပြီးပြောနေတော့..ကိုယ့်အသံတော်တော်က ျယ်နေတာမသိ..လိုက်ဘူး…

  • lu lu

    June 17, 2015 at 12:58 pm

    အလုပ်ရှင်ကလည်း လုပ်အားခ ပေးထားလို့ကျယ်တယ်
    အလုပ်သမားကလည်း လုပ် အား ပေးထားလို ့ ကျယ် တယ်
    ဘယ်တော့မှမသင့်မြတ်နိုင်တဲ့ ဆန် ့ကျင်ဖက် ဘဝဗ တွေ

  • မြစပဲရိုး

    June 17, 2015 at 11:26 pm

    . အော်ခစ်စတာ (orchestra) သံစုံတီးဝိုင်း ကြီး လိုမျိုး မှာတော့ အော် မရလို့ တုတ် လေး နဲ့ အချက်ပြတယ် ကပေါက်ကြီး။
    နောက်တာပါ။
    ကပေါက်ကြီး ရဲ့ ဇာတ်လမ်း တွေမှာ ဘုရားပေါ်တံမျက်စည်း လှည်း တာ ကိုတော့ ညီညာဖို့ အော်နေစရာ မလိုပေမဲ့
    စားသောက်ဆိုင် လိုမျိုး မတော့ လိုတယ် ရှင့်။
    တစ်ချို့ စားပွဲထိုး လေး တွေ က ခေါ်မကြား,၊အော်မကြား။
    စားတဲ့ သူ တွေ ဘာလိုတယ် ဆိုတာ ကို အားလုံးမြင်အောင် ကြည့်နေပြီး အော်ခိုင်း နေတဲ့ မန်နေဂျာ ကတော့ တကယ်ဘဲ လိုတယ်ထင်တာပါဘဲ။
    သတင်းစာ အေးအေးဆေးဆေးဖတ်ဖို့ ကတော့ နားထဲ ပိတ်ထားတဲ့ ဟာလေး တွေ ထည့်ထားလိုက်ပေါ့။
    lol:-)))

  • aye.kk

    June 18, 2015 at 9:46 am

    ကျယ်စေတာ၊မကေါင်းဘူးလို့ပဲထင်ပါ၏ကိုပေါက်ရေ။
    တိုးတိုးချိုသာဆိုတာလူတိုင်းကြိုက်နှစ်သက်ပါ၏အစ်မရဲ ့အမြင်ကိုပြောတာပါနော်။

Leave a Reply