တားရော့ များကပြောသော မြန်မာ U23 ကံကြမ္မာ

ေမာင္ရိုးJune 15, 20151min93043

 

တဲရော့များကပြောသော ……

## မြန်မာ Vs ထိုင်း ဗိုလ်လုပွဲ ##

 

 

မြန်မာအသင်းအတွက် ကံကြမ္မာကဒ်ဟာ သူရူးတစ်ယောက်ရဲ့နိမိတ်ပုံ ကျပါတယ် ။

 

မိုးကောင်းကင်ရဲ့ ခွန်အားတွေကိုရရှိပိုင်ဆိုင်မှာဖြစ်ပေမယ့် ……

ရှေ့ကချောက်ကမ်းပါးထဲခြေတစ်ဖက်ကျွံနေတာဖြစ်လို့ ကယ်မ မယ့်သူပေါ်မှ ချမ်းသာရရမှာပါ ။

ခြေတစ်လှမ်းမှားရင်တော့ ချောက်ကမ်းပါးက ကြိုဆိုနေပါလိမ့်မယ် ။IMG_20140809_224532

ဒါကြောင့် တနင်္လာနံ ကယ်တယ်ရှင်က ဖေးမကူညီပါလိမ့်မယ် ။

 

ပျော်ရွှင်မှုတွေကိုသယ်ဆောင်လာမယ့် နိမိတ်ပုံဖြစ်လို့ ရင်ခုံမျှော်လင့်နိုင်ပါပြီ ။

တခါတရံ ရူးသွတ်ခြင်းဟာ အောင်မြင်မှုအတွက်တွန်းအားဖြစ်စေပါတယ် ။

IMG_20140809_223334

ဒါပေမယ့် ပွဲစဉ်အခြေအနေကို နိမိတ်ပုံ ကဒ်ဆွဲရာမှာ The Sun ဆိုတဲ့နိမိတ်ပုံကဒ်ထွက်လာတာဖြစ်လို့ မထင်မှတ်တဲ့အနေအထား ရုတ်တရက်အပြောင်းအလဲလေးတွေလည်း ကြုံရပါလိမ့်မယ် ။

ခက်ခဲကျပ်တည်းတဲ့အနေအထားကို ကြုံတွေ့ရမှာပါ ။

အနောက်ဖက်ကနေထွက် တယ်ဆိုတဲ့သဘောအရ ဖြစ်ရိုးဖြစ်စဉ်ကို ဆန့်ကျင်မယ် ဆိုတဲ့သဘောပါဘဲ ။

 

ဒါကြောင့် ဒီလို ယူဆပပါမယ် ~~~

 

* မြန်မာ Vs ထိုင်း ပွဲစဉ်ဟာ မိနစ်ကိုးဆယ်နဲ့ မပြီးနိုင်ပါ ။

အချိန်ပို / ပယ်နတီ အဆုံးအဖြတ်ထိ သွားနိုင်ပါတယ် ။

 

* ကံကြမ္မ အလှည့်အပြောင်းအရ မြန်မာ နိုင်ပါမယ် ။

 

 

သျှရီ မဟာကစ္စနကာလီဆာမိ

 

:mrgreen: :mrgreen:

 

 

 

 

 

 

43 comments

  • ဇီဇီခင်ဇော်

    June 15, 2015 at 11:32 am

    မြန်မာ နိုင်ပါစေ…

  • အောင် မိုးသူ

    June 15, 2015 at 11:50 am

    ဟယ်……….တကယ်လား။ ဖြစ်နိုင်တယ်ကော။ တနင်္လာနံဆိုတော့ ဘယ်သူ ဘယ်ဝါပါလိမ့်။

  • တောင်ပေါ်သား

    June 15, 2015 at 11:54 am

    ဂယ်လားဗျာ

  • Ma Ei

    June 15, 2015 at 11:58 am

    ဒီ ဗေဒင်ဆြာက အရမ်းတော်တာမို့…
    သူဟောသမ ျှ ကွက်တိ မှန်မှာ…
    ယုံထားလိုက်ပြီ…

    • Ma Ei

      June 16, 2015 at 2:08 pm

      မနိုင်နိုင်မှန်းသိပေမယ့်
      နိုင်စေချင်လို့ နိုင်မလားလို့
      မျှော်လင့်ချက်ထားမိတာ
      လှောင်စရာ မဟုတ်ပါဘူး
      လှောင်လဲ ဘာမှမဖြစ်ဘူး
      အထင်သေးစရာလဲ မလိုဘူး
      အထင်သေးလဲ ဘာမှမဖြစ်ဘူး
      ဂရုကိုမစိုက်တာ…

      • Ma Ei

        June 18, 2015 at 4:31 pm

        နောက်ဆုံး ပွင့်ပွင့်လင်းလင်း ပြောမှဘဲ ကိုယ့်ကိုစိန်ခေါ်နေမှန်းသိတော့တယ်..
        စာသေချာဖတ်ကြည့်ကြပါဦး….
        (မနိုင်နိုင်မှန်းသိပေမယ့်
        နိုင်စေချင်လို့ နိုင်မလားလို့
        မျှော်လင့်ချက်ထားမိတာ
        လှောင်စရာ မဟုတ်ပါဘူး
        လှောင်လဲ ဘာမှမဖြစ်ဘူး
        အထင်သေးစရာလဲ မလိုဘူး
        အထင်သေးလဲ ဘာမှမဖြစ်ဘူး
        ဂရုကိုမစိုက်တာ…)
        သလိုလို လဲမရေးဘူး .သယောင်ယောင် လဲမရေးဘူး
        .ထေ့သလိုလို ရိသလိုလို လဲမရေးဘူး .ဘယ်ပညာကိုမှလဲ စော်ကား မရေးထားဘူး…
        အဲ့ဒါကို .. အသိဉာဏ်နုတဲ့ လူတွေတို့ . ကိုယ့် ဗိုက်ကို ဓါးနဲ့ပြန်ထိုးရဲလားပဲ ယှဉ်ကြည့်ချင်ပါတယ် တို့…
        . ရှက်ရမ်းရမ်းတယ်တို့…သောက်ဂရုမစိုက်သလို တို့ ကလေးအထာနဲ့တို့ .. ချဲလင့်လုပ်တာတို့ ဘာတွေလဲ…

        အဲ့ဒီအချိန် လူတိုင်းပြောနေတဲ့စကားတွေ နားထောင်ကြည့်.. မင်းတို့ နိုင်မှာဆို ဘယ်လိုဘာညာပြောတဲ့ ပြောမယ့် သူတွေကို
        ဘာပြောပြော ဘာမှမဖြစ်ဘူး ဂရုကိုမစိုက်တာ…လို့ပြောတာလေ…ဒီစကားတွေထဲမှာ ဘယ်အချက်ကများ ကိုရင်စည်သူကိုပြောတာပါလဲ…. ဘာ့ကြောင့် ကိုရင်စည်သူကိုပြောတာလို့ ခံယူပြီး ရန်လုပ်သလဲ… နားမလည်ဘူး..
        အမ မိန်းမတစ်ယောက်ပေမယ့် မိန်းမလို မိန်းမရ ဆိုတဲ့စကားကိုမုန်းတယ်… ခုလဲ နောက်ထပ် အမှားတွေဖြစ်မှာစိုးလို့ ရှင်းတာ…
        ဒါပေမယ့် ဘာပြောပြောပါ ဘာမှမဖြစ်ဘူး …..

        • Ma Ei

          June 19, 2015 at 1:11 pm

          နောက်တစ်ခါ ရွာပြန်လာရင်တော့ တစ်ကယ်ဘဲ တွေ့ခွင့်ရချင်ပါတယ်…
          နားလည်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် မလတ်ရေ…
          ကျေးဇူးပါ…

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    June 15, 2015 at 1:44 pm

    အဲ့အတိုင်းသာ ကိုရင်ဆာမိ ကတ်ဆွဲတဲ့အတိုင်း ပြတာဆိုရင်တော့
    မြန်မာအသင်းအတွက် ဝမ်းနည်းစရာပါပဲဗျာ.. (နိုင်စေချင်ပေမဲ့)
    ဘာဖြစ်ဖြစ် ရသေ့စိတ်ဖြေပေါ့ဗျာ။ 😳

    • Ma Ma

      June 16, 2015 at 11:44 am

      မနေ့ကတည်းက ကိုရင်စည်သူဘယ်လိုပြောမလဲ သိချင်ပေမယ့် နားမထောင်ရဲလို့ မမေးဖြစ်တာ။
      အခုတော့ကိုရင်စည်သူရဲ့ ကောက်ချက်ချပုံလေး ပြောပြရင်ကောင်းမယ်။

      • ဦးကြောင်ကြီး

        June 16, 2015 at 11:55 am

        ခိုနီ လေမားမား.. ကစည်သွပ်က တားရောဆြာဂ ျီးနော ်….. ဟောခ ျက်က ၉.၉၉၉လောက်ရှိတယ်

        • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

          June 16, 2015 at 2:02 pm

          အူးကြောင် ဖောရှော… အချွန်နဲ့မပီ..
          ဒီလိုပဲ ရမ်းပြောသွားဒါဘာဗျာ.. 🙂

          အန်တီမမ ရေ.. နာမည်ကြီးတပ်ခေါ်တော့ လန့်ထှာ။
          ၁။ အရူးကတ်တစ်ကဒ်ကြောင့် မြန်မာရှူံးမယ် သေချာတယ် ပြောရဲတာပါ။
          ဂိုးပေါင်းသိချင်ရင်.. နေမင်းရဲ့ သားတော် ၁၉ ကဒ်က ကလေးနှစ်ယောက်ထိုင်နေတဲ့
          ကွင်းထဲမှာပေါက်နေတဲ့ နေကြာပန်းလေးကို ကြည့်ကြည့်။
          ကလေးနှစ်ယောက်မှာ အရူးကဒ်ကျနေတဲ့ ကလေးက ရှူံးမယ်…။ 🙂
          ကယ်စီယမ်ကွေကာကို ကိုယ့်အတွေးနဲ့ကိုယ်သောက်ကြသည်။

          မြန်မာကွ ဒီတစ်မျိုးဆက်မနိုင်လည်း နောက်မျိုးဆက်တွေ ထပ်ကြိုးစားရမယ်။
          အကြိမ်ကြိမ်အခါခါရှူံးလည်း ယုံကြည်ရာကို မစွန့်လွှတ်လိုက်ပါနဲ့.. သီချင်းလိုပေါ့… 🙂

        • Ma Ma

          June 16, 2015 at 6:57 pm

          ဦးကြောင်ချီးကျူးတဲ့သူ ရွာထဲမှာ တစ်ယောက်တိတိ ရှိသွားပြီ။ :kwi:

      • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

        June 16, 2015 at 7:51 pm

        တချို့ အသိဉာဏ်နုတဲ့ လူတွေက ကျနော်က မြန်မာ ယူ၂၃ အသင်းကို အထင်သေးလို့ ထိုင်းကို မနိုင်ဘူးလို့
        ကြိုဟောလိုက်တယ် မြင်မှာပေါ့…။ အဲ့ယူ ၂၃ အသင်းဆိုတာ ကမ်ဘာဖလား သွားပြိုင်တဲ့ ယူ၂ဝအသင်းကို အာရုံစိုက်ချိန် ၂၃ အသင်း ဂျပန် ချီဘားမှာ ခြေစမ်းလာကန်သွားတာ ဂျပန်တွေ ဂိုးပြတ် ၈ဂိုး ကျိတ်လိုက်တဲ့ အချိန်တောင် ကွင်းတဲ့အထိကော အလုပ်ထဲမှာပါ ဂျပန်တွေကို ဖိုက်တင်း ပလေးရင်း ငယ်သံပါအောင် အားပေးလာတဲ့ကောင်ပါဗျာ။ မျိုးချစ်စိတ်ပြင်းသလားတော့မမေးနဲ့ ကုလားတွေ တရုတ်တွေနဲ့ စစ်ဖြစ်လို့ ဝင်တိုက်နေရင် ပြန်တိုက်မယ်ကွာ သေရင်သေပေ့စေနဲ့ ကြွေးကြော်နေရင် သေရမှာ ကြာနေလို့… မျိုးချစ်စိတ်ဓါတ်အပြည့်ရှိရင် မြန်မာအလံကို ဗိုက်ပေါ်တင်ပြီး ကိုယ့် ဗိုက်ကို ဓါးနဲ့ပြန်ထိုးရဲလားပဲ ယှဉ်ကြည့်ချင်ပါတယ်။ ရေဘဲက နှစ်ခါမသေပါဘူး။
        ရှူံးလဲ ဂရုမစိုက်ဘူးဆိုတာ ရှက်ရှမ်းရမ်းတဲ့ အရှက်ဖြေစကားတွေပါ။
        ရှူံးနေရင် နိုင်အောင်လုပ်ရမယ်… အမြဲရှူံးနေရင် အနိုင်ကျင့်ခံရမယ်။ ဒါကြောင့် နိုင်တဲ့နည်းလမ်းတွေကို ရှာဖွေကြိုးစားကြရမယ်။
        နိုင်ငံတကာမှာ အနှိပ်ခံဘဝတွေနဲ့ အောင်မြင်မှုတွေကို တောင့်တနေတဲ့ မြန်မာတွေ
        ဘောလုံးပွဲတိုင်းမှာ ဘယ်လောက်ဆာလောင်နေလဲဆိုတာ မြင်တတ်ရင် တွေ့ပါတယ်။
        တားရော့ခ်နဲ့ ပတ်သက်နေလိုု့ တားရောခ့်ကို အသက်ထက်ယုံကြည်သူတစ်ယောက်အနေနဲ့ ဝါသနာအရ ဝင်ပြောမိတာကိုက ကျနော်အမှားပါ။ လာမေးရင်ဖြေလိုက်ပါ။ အဖြေထဲသင် မပါပါစေနဲ့ အဘ ဆုံးမ ထားတာကို ဝင်အာချောင်လို့…
        အားလုံးကျနော့် ကြိုုပြီး ရှူံးမယ်လို့ ဝင်ပြောမိတဲ့အတွက် တောင်းပန်မိပါတယ်ဗျာ။
        ဒီရွာထဲလည်း ထပ်လာမဖြစ်တော့ပါဘူး… 😳

        • Ma Ma

          June 16, 2015 at 8:45 pm

          ရေးတာ ဘာများအမှားပါသွားလို့လဲ။
          ရွာထဲထပ်မလာတော့ဘူးဆိုတော့ ကိုယ့်ပယောဂမကင်းဘူးထင်လို့ စိတ်မကောင်းဘူး။
          😥

        • မြစပဲရိုး

          June 18, 2015 at 4:17 am

          ဟေး အခုမှ ဖတ်မိတယ်။
          ကိုရင်လေး။ ဘာဖြစ်။
          ဘယ်သူမှ တို့ကိုရင် ဟောထားတာကို ရန်မလုပ်ပါဘူးလေ။
          စိတ်မတိုပါနဲ့။
          . ဘော်လုံးပွဲ က ရှုံးသင့်လို့ ရှုံးတာ ရှုံးပျော်ပါတယ်။
          အဲဒါနဲ့ နွယ်ပြီးတော့သာ ရွာထဲ ကိုယ့်လူတွေ မဆုံးရှုံး ချင်ပါဘူး။
          အဲဒါဆို ရှုံးရတာ ပိုမတန်ပါဘူး ကိုရင်လေးရာ။
          . ဒီလို ပြောလို့ ဒဏ်ပေးမယ်။
          ပို့စ်တစ်ပုဒ် ရေးပြီး ရွာထဲ တင်ပါ။ :-)))

          ကဆာမိ – နောက်တစ်ခါ ဆို ဘော်ပွဲ အတွက် ကဒ်ဆွဲရင် မြန်မာ နဲ့ ပြိုင်မဲ့ အသင်း အတွက် ဘဲ ဆွဲကြည့်ဗျာ။
          အဲဒါဆို အားမနာတမ်း ကဒ်ကို ဖတ်လို့ ပိုကောင်းမှာ။ 😉

        • kai

          June 18, 2015 at 4:23 am

          ဒီရွာထဲလည်း ထပ်လာမဖြစ်တော့ပါဘူး… 😳

          အင်းလေ…။
          ရွာနဲ့ဘယ်ကဘယ်လိုပါတ်သက်ပြီး.. မလာဖြစ်သွားပါလိမ့်…။
          ကြည့်ရတာ.. အဲဒီ ဖဘပဲနဲ့တူတယ်..။
          ဟိုကဟာတွေဒီယူလာ.. ယူလာ…ရင်..အမှိုက်ဖွမှုနဲ့.. မဘသနဲ့တိုင်မယ်လို့..။

        • surmi

          June 18, 2015 at 11:36 am

          ဘာဘာ ဘာမှ မသိပါဘူး ခင်ဗျ :mrgreen:

          ဘာဘာ တောင်မှ လောင်ကြေးရှုံးလို့ မြန်မာပြည်တစ်ပတ် ခရီးစဉ် စပွန်ဆာ ပေးရပါတော့မယ် 🙁 🙁

        • မြစပဲရိုး

          June 18, 2015 at 12:26 pm

          . မှန်တာပြောရရင် မြန်မာဘက်က လောင်းတာ “ကံ ကို မှီ တဲ့” မိုက်မဲမှု ဘဲ ကဆာမိ ရာ။ Sorry… :-)))
          . အားပေးတာ က အားပေးတာ သတ်သတ်၊ ဘိဇနက်က ဘိဇနက် သတ်သတ် လေ။
          ဝုတ်ဘူးလား။
          စကာင်္ပူ က အသိ တစ်ယောက် မိန်းမ မသိအောင် ထိုင်းဘက်က လောင်းလိုက်တာ။ နိုင်သွားတယ်။ lol:-)))

        • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

          June 18, 2015 at 1:58 pm

          သဂျီး ။ အရီးမြနဲ့ အန်တီမမ ခင်ဗျ.. ရိုသေလေးစားလျက်ပါ။
          အန်တီမမကို ပြန်မန့်ပြီးချင်းပဲ ဒဲ့လာမပြောပဲ.. အပေါ်ကနေထပ်လာပြီး မနိုင်မှန်းကြိုသိနေသလိုလို
          ကျနော်ကပဲ တား့ရောခ့်ကို မကြည့်ပဲ ထိုင်းခြေကောင်းလို့နိုင်မှာကြိုသိနေသယောင်ယောင်
          လာထေ့သလိုလို ရိသလိုလို သောက်ဂရုမစိုက်သလိုလို ကလေးအထာနဲ့ လာပြီး ပညာကို လာစော်ကားသလို
          လုပ်နေလို့.. ချဲလင့်လုပ်တာပါ။ လာမယ့် 2015 ရွေးကောက်ပွဲ ဘယ်သူ သမ္မတဖြစ်မလဲတောင် တားရော့ခ်တွက်ပြီးပါပြီ။
          ဘယ်သူလဲဆိုတာကတော့ ဘယ်သူမှမထင်ထားတဲ့လူထဲကပါလို့… 🙂
          သဂျီးပြောသလို ဖွဘုတ်က ငြိလာတာလည်းမဟုတ်ပါဘူး။ ပတ်လည်း မပတ်သက်ပါဘူး ပတ်သက်စရာ ဘာအကြောင်းမှလည်း မရှိပါဘူး။ မဘသ တော့မတိုင်ပါနဲ့.. သဂျီးခင်ဗျ.။
          တစ်ယောက်တောင် ထောင်နှစ်နှစ်လားတိဖူး ကျသွားပီ။ သေမှာသာ မကြောက်တာ ထောင်ကျမှာတော့
          ကြောက်တယ်ခင်ဗျ.. 😳
          အူးဆာမိရေ.. ပို့စ်အောက်မှာ ရိုင်းသလိုဖြစ်ရင် ခွင့်လွှတ်ပါ။

        • kai

          June 18, 2015 at 2:18 pm

          ကိုရင်ရေ..
          ကျုပ်ဆီအီးမေးလ်နဲ့ပို့ပြီး.. ဘယ်သူဆိုတာပြောပြပါလား..။
          ကျုပ်မလည်း.. အတွင်းစကားတခုရထားလို့…
          ဟိုဒင်းဟိုဟာ.. အသက်ငယ်တဲ့တယောက်လို့ကြားလို့..
          ဟုတ်မဟုတ် တိုက်ကြည့်ချင်လို့…။

          ဆိုတော့…
          မှန်ရင်.. ဉာဏ်ပူဇော်ခ..တားရော့ကဒ်တထုတ်လက်ဆောင်ပေးမယ်ဗျာ..
          Golden Sandro Botticelli Art Tarot NEW Sealed 78 Color Cards Gold Foil Accents
          မှားရင်လည်း.. No hard feelings! နော..။

        • မြစပဲရိုး

          June 18, 2015 at 8:45 pm

          မအိ ဘက်က ရှေ့နေလိုက်မယ် ကိုရင်စည်လေး။

          မအိ က ကိုရင်လေး ပြောတာ ကို ရည်ရွယ်ပြီး ရေးတာ မဟုတ်တာ သေချာတယ်။
          အကြောင်း(၁) မြန်မာပြည် ကိုးနတ်ရှင် နဲ့ ဒီလောက် အချိန် သုံးမိနစ် အတွင်း မြန်မြန်ဖတ်၊ မြန်မြန် ရေးလို့ မရပါ ကိုရင်လေးရယ်။
          အကြောင်း(၂) မွအိ တို့ မွသဲ တို့ ဆိုတာ ရွာထဲ မှာ လူတွေ အားလုံး ကို အစ်မ ကြီး တွေလို သံယောဇဉ်ကြီးလွန်းသူ တွေပါ။
          အကြောင်း(၃) လူတိုင်း အရှုံး ကို မှန်းရင်း အနိုင်ကို မျှော်ရတဲ့ ပွဲ မို့ ရှုံး ဆိုတဲ့စကား က အဆန်းမဟုတ်ပါ မဟုတ်လား။ ဒီအတွက် အသားလွတ် ရန်ရှာစရာ အကြောင်းမရှိပါဘူး။
          အကြောင်း(၄) ဒီပွဲ နိုင်နိုင်၊ ရှုံးရှုံး အဲဒါနဲ့ ပါတ်သက်လို့ တို့များမှာ တိုက်ရိုက်အကျိုးခံစားခွင့် ဘာမှမရှိတာမို့ ကိုယ်ကျိုးလွတ်ကြပါတယ်။

          ဒါကြောင့် ကိုရင်လေး စိတ်ထဲ အထင်မှား သွားတာရှိရင်လဲ ကျေလိုက်ပါ။
          ကိုရင်လေး ကိုယ်စားလဲ မအိ ကို အစ်မတောင်းပန်ပါတယ်။
          . နောက်တစ်ခါ ရွာပြန်လာရင် မွအိ ဆီ ကို မွသဲ နဲ့လာပြီး မုန့်သွားစားကြမယ်။
          ကိုရင်လေး လဲ လိုက်ခဲ့။

          ဒီ ဘောပွဲ အတွက် အားလုံးဘဲ စိတ်ပြေလိုက်ကြရအောင် ပါ။
          . နောက် ဆက်ပြီး ပြောဖို့ အကြောင်းတွေ အများကြီး ရှိသေးတယ်။ မဟုတ်လား။ :-))

        • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

          June 20, 2015 at 12:11 pm

          လေးစားခင်မင်လျက်ပါ။ အင်တာနေရှင်နယ်.. သဂျီးခင်ဗျာ။
          ကျနော့်ကွန့်မန့်ဖတ်ပြီး ကျနော် ဘယ်နားရောက်နေလဲ သဂျီးလဲ အသိပါ။
          အမေစုမွေးနေ့ပြီးပြီ အစိမ်းရောင်တွေထဲ အပြောင်းအလဲဖြစ်တော့မယ်။
          ၂၀၁၅ ထဲရွေးကောက်ပွဲဖြစ်ရင် ခြင်္သေ့ကို မိန်းမသားက ထိန်းချုပ်မယ့်။
          ပြုပြင်ပြောင်းလဲရမှာအရေးကြီးတဲ့ အဝါရောင်နဲ့ အစိမ်းရောင်လေး ကြည့်ပြီးရင်
          သဂျီးဆီကို မေးလ်ပို့ပါ့မယ်။ ကျနော် အဖြေမှားခဲ့ရင် အဲ့မေးလ်းကို ဖျက်ပေးပါ။
          ကျနော်အဖြေမှန်ခဲ့ရင် အဲ့အဖြေကို သိမ်းထားပေးပါ။ အဲ့ကတိပေးရင်း ဖြေပါ့မယ်။
          ဉာဏ်ပူဇော်ခ မလိုပါဘူး။ မြန်မာပြည်ကိုချစ်လို့ပါ။

        • kai

          June 20, 2015 at 2:10 pm

          ကတိပေးပါတယ်..။ အချိန်သိပ်လည်းမလိုတော့..။
          kai@myanmargazette.net
          ဆိုတော့.. အလုပ်ကားမောင်းသွားရင်.. လမ်းမှာတားရော့ဟောတဲ့.. မစ်ဒယ်အိ်စ့်က အမျိုးသမီးကြီးတယောက်ရဲ့ဆိုင်ရှေ့ကဖြတ်ရသဗျ..။
          စိတ်ဝင်စားမိလို့ကြည့်လိုက်တိုင်း.. လူတွေရှိတယ်..။

          တားရော့က..အင်တာနေရှင်နယ်.. ဖြစ်နေပြီလေ..။ ဂငယ်တွေလည်း.. စိတ်ဝင်စား..။
          ကျုပ်လည်းစိတ်ဝင်စား..။

        • surmi

          June 20, 2015 at 8:05 pm

          ဗျို့ သဂျီးမင်း
          ကျနော့်ဆီက တက်တဲ့ ကဒ်လေးရောမသိချင်ဘူးလား ဗျ :mrgreenn:

        • kai

          June 21, 2015 at 4:20 am

          ဆရာ့ကဒ်တင်လိုက်ဗျာ..။
          ကျုပ်ဟောပေးမယ်လေ..။ :k:

        • surmi

          June 21, 2015 at 5:57 pm

          သဂျီးမင်း စကား တည်ပါစေနော ဟဲဟဲ
          မကြာမှီ ကဒ်တွေတင်လိုက်ပါမယ် ။
          ကဒ်တွေကို ကြည့်ပြီး ဟောစာတန်းသာထုတ်ိဖို့ပြင်ထားပါဗျို့ :mrgreen:

          ကဲကဲ အားလုံးဘဲကြားတယ်နော် သဂျီးဗေဒင်ဟောမယ်တဲ့
          ပို့စ်ခေါင်းစဉ်ပါပေးလိုက်မယ်
          တားရော့များနှင့်ရွေးကောက်ပွဲ (တားရော့ဝဇ္ဇာ Kai အထူးဟောကြားသည် ) လို့ ဟဲဟဲ

  • Ma Ma

    June 15, 2015 at 1:47 pm

    ဗေဒင်ဆရာကို ဘာကျွေးရရင်ကောင်းမလဲ။ 🙂

    • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

      June 20, 2015 at 12:03 pm

      အရီးလတ်ခင်ဗျာ လေးစားခင်မင်လျက်ပါ။ လူကြီးလူကောင်း မိန်းမသားဆန်စွာ ကျေးအေးချင်တဲ့စိတ်နဲ့ကော
      အခင်အမင်မပျက်စေချင်တဲ့ သဘောနဲ့ ကြားကနေ ဝင်မေတ္တာခံပေးတဲ့သဘောလို့ပဲ စာလုံးတိုင်းကို
      အရီးလတ်က တားရော့ခ်ကဒ်မှာဆို နံပါတ်သုံးကဒ် Empress နဲ့ သိပ်တူတာပေါ့။ အရီးပြောတဲ့စကားလုံးတွေ
      အကြောင်းအရာတွေကို သက်ဝင်ခံစားမိသလိုပဲ အခြေအနေအချိန်အခါ (TIME / CIRCUMSTANCE) လာပြီးအရူးကွက်နင်းသွားတဲ့ သူရဲ့ စကားလုံးတိုင်းကိုလည်း
      ကျနော်က အကြိမ်တသိန်းဖတ်လည်း ဒီအတိုင်းပဲ ခံစားမိတယ်ဗျ..

      တစ်အချက် – ရှေ့နေလိုက်ပေးစရာမလိုပါဘူး။ ရှေ့နေလိုက်ရအောင် ကျနော်က လူသတ်မှုတွေ မုဒိန်းမှုတွေ၊ မတရားမှုတွေ ကျူးလွန်နေတဲ့ကောင်မဟုတ်ဘူးဗျ။ လူတိုင်းကိုလည်း အလကား ပြသနာလိုက်ရှာနေတဲ့ကောင်လည်းမပါဘူး။ သို့ပေမဲ့ အဲ့လူဟာ သူရေးလိုက်စာကြောင်းဆုံးရင်
      … အစက်လေးတွေ ချသွားတာကြည့်ရင် ကွန်ပျူတာနဲ့သုံးနေပုံရပါတယ်။စပေ့ချ် ချသွားပုံလေးတွေကတော့ ပေ့ချ်တစ်ခုဖွင့်ပြီး မြန်မြန်ဖတ်
      မြန်မြန်ရေးရအောင်လည်း မြန်မာပြည်မှာတိုက်ပွဲဖြစ်နေမယ်မထင်ပါ။ ပြောရင် ယုံမလားမသိဘူးဗျ ကျနော့်အပေါ်ကနေ ထပ်မန့်လိုက်တဲ့ အချိန်ပါ ကျနော် မှတ်ထားပြီးပါပြီ။ အဲ့အချိန်ကို ဗျာကရဏ ကိုက်ပြီး အစက်လေးတွေ ဘယ်နှစ်စက်ချ၊ စပေ့ဘယ်နှစ်ချက်ပုတ်ခဲ့လဲ စာကြောင်းအပြီးချသွားလဲ ချခဲ့ ဆိုတာ စာလုံးနဲ့ ဆက်စပ်ကြည့်ရင်တောင် ရေးသူရဲ့ စိတ်ကို လှမ်းမြင်ရသဗျ။ (အဲ့လူရဲ့ ကံ၊ စိတ်ကိုလည်း ကျနော်မှန်းလို့ရနေပါပြီ၊ ပါစင်နယ်ဆိုတော့ထားလိုက်ပါ)

      နှစ်အချက် – လက်ရှိ အခြေအနေတင်းမာနေတဲ့လူတစ်ယောက်အပြင် နောက်လူတစ်ယောက်ပါ ထပ်ပေါင်းပြီး အစ်မကြီးတွေပါလို့ သံယောဇဉ်ကြီးတာပါလို့ ဆိုလိုလာတာက ဘာဂွင်တွေဆင်ပြီး ကျနော့်ကို ရွာထဲက လူတွေ အများ အမြင်မှာ ဘယ်လို ပုံကို ရောက်အောင် ကျုံးသွင်းနေလဲဆိုတာ ကွန့်မန့်တွေ တက်လာပုံကြည့်ရင် သိသာတယ်ဗျ။ တကယ်သာ အဲ့လိုသံယောဇဉ်ကြီးချစ်တယ်ဆိုလဲ တချို့ ရန်ကုန်မှာ စာဖတ်သူတွေထဲက အဆင်မပြေကျတဲ့ ရွာသူားတွေကို တစ်နှစ်လောက် အိမ်ခေါ်ပြီး နေ့တိုင်း ထမင်းဟင်းကျွေးပါ။ နေဖို့ပါ နေစရာပေးလိုက်ပါဗျာ။ အပေါ်ယံချစ်တာ သံယောဇဉ်တွေဆိုတာ ရေးလဲဖြစ်တယ်။ ပြောလည်းဖြစ်တယ်။ ဟန်ဆောင်လည်း ဖြစ်တဲ့ အရာတွေပါ။

      သုံးအချက် – လေးစားပါတယ် အရီးလတ်ခင်ဗျ… အရီးနဲ့လည်း အပြင်မှာလည်း မသိပါဘူး။ ချက်တင်ထဲကလည်း စာတစ်လုံးမှ မချက်ဖူးပါဘူး။အရီးလတ်လည်း အသိဆုံးပါ။ ကျနော့်ကိုယ်စားလည်း ကြားထဲက တောင်းပန်စရာမလိုပါဘူး။ ကျနော်က အမှားကျူးလွန်းထားတဲ့လူလည်း မဟုတ်လို့.. ဘာမှကိုယ်စားမတောင်းပါနဲ့ခင်ဗျ။ တောင်းပန်းတယ်ဆိုတာ ရှူံးတဲ့လူတွေပါ။ တောင်းပန်တယ်ဆိုတာ အမှားလုပ်ထားတာကို ခွင့်လွှတ်စေချင်တဲ့သဘောတွေပါ။ မလိုပါဖူ။ ကျေးဇူးတင်ပါတယ်။ ထပ်ပြီးတော့
      ကိုယ့်အဒေါ်လို့သဘောထားသူပေါ်ဒီလောက်ပြန်ပြောနေရတာကို အားနာမိလှပါပြီ။ အရီးလတ် ဘာလိုပဲ တုန့်ပြန်တုန့်ပြန် ကျနော် ရီပလိုင်းမလုပ်တော့ပါခင်ဗျ… ကျနော့်စကားကုန်သွားပါပြီ။
      တစ်၊ ကျနော် မမှားပါ။
      နှစ်၊ ကျနော်ရန်ရှာသူမဟုတ်ပါ၊
      သုံး၊ ကျနော်ကို တခြားသူတွေ အမြင်မှာ အမြင်တွေဝါးအောင် ကျုံးမသွင်းပါနဲ့
      ၄။ ကျနော့်ကို စော်ကား ထေ့သွားတဲ့သူကို ရွှေပြည်အေးတရားဟောလည်း တွေ့စရာအကြောင်းတရားမရှိပါ။

      လေးစားခင်မင်လျက်…
      ကိုရင်စည်သူ

      • မြစပဲရိုး

        June 20, 2015 at 12:27 pm

        ကိုရင်လေး ရယ် ဘာဂွင် မှ မဆင်ရပါဘူး။
        ရိုးရိုးလေး ရေးခဲ့တာပါ။
        . အဲဒီရက်ဘဲ ဘောလုံး အကြောင်း မှာ ကြောင်ကြောင် ပြောတာ ကိုမကြိုက်လို့ မသဲ က ဝင်ပေး ပြောထားပေး လို့ အဲဒါ ကို ညွှန်းတာပါ။

        . စိတ်ထဲ မကြိုက်တာ ပြောတာ ကောင်းပါတယ် မဟုတ်လား။ ဒါပေမဲ့ ပြောပြော တာ တစ်ပိုင်း ထားပြီး စိတ် ထဲ မှာ အဖုအထစ် လို မကျန် စေချင်ကြဘူး။
        . နေရတဲ့ ဘဝ ဆိုတာ တကယ်တော့ မရှည်ပါဘူး။
        အခုဘဲ နေရင်း နေရင်း အချိန် တွေ စား နေတာ။
        အသက်ရှူ နေရခိုက်လေးမှာ သံသယတွေ နဲ့ အထင်မှားမှု တွေ ကြီးစိုး နေခဲ့ရင် နေရတဲ့ အချိန်လေး မတန် ပါဘူး ကိုရင်လေးရာ။

        ဒီတော့ ဒီ ကိစ္စမှာတင် မဟုတ်ပါဘူး။
        ဘာ အကြောင်း နဲ့ ဘဲ ကိုယ့်စိတ်ထဲ သံသယ ဖြစ်ဖြစ် အဲဒါဟာ ဟုတ် နေတယ်ထားဦး။
        မဟုတ်ပါဘူးလေ ဆို တဲ့ စိတ်ဖြေ အတွေး ထားဖို့ ကြိုးစားလိုက် ရင် ကိုယ့်စိတ်ထဲ အနာ မဖြစ် တော့ဘူး။
        ခွင့်လွှတ်လိုက် တယ် ဆိုတာ တကယ်တော့ ခပ်ပျော့ပျော့ ခပ်တုံးတုံး လုပ်ရပ် လို့ မြင်နိုင်ပေမဲ့တကယ်တော့ ပါဝါကြီး ပါတယ် ကိုရင် ရယ်။

        စကားမပြန်လဲ နေပါ။
        . မြန်မာပြည် သန်းပေါင်းများစွာထဲ ဒီ ရွာထဲ ဒီလောက် ရာ ဂဏန်းလေး လောက် စု ပြီး အသိဖြစ်တာ ရေစက် တစ်ခု ကြောင့်ပါ။
        ရွာထဲ ဝင်လာသူ တိုင်း က ကိုယ့်ဆွေကိုယ့်မျိုး တွေးမိတာ မို့ အားလုံး ကို သံယောဇဉ် ဖြစ်လို့ ပြောပါတယ်။

        နားမထောင်လဲ နေပါ။
        နဲနဲ လေး တော့ ခွင့်လွှတ်လိုက်တာ မျိုး အစမ်းကျင့်ကြည့် လိုက်ပါလား။
        ဘာထူးလဲ သိရအောင်လေ။
        ပြီးမှ အသားကျသွားချိန် အဲဒီ အကျင့် ပြန်ဖြုတ် လိုက်ပေါ့။ :-)))))

        ချစ်ခင်စွာဖြင့်
        အရီး

  • Mike

    June 15, 2015 at 2:49 pm

    .ဗေဒကဝိကတော့လုပ်ချလိုက်ပြန်ပီ 🙂

  • nature

    June 15, 2015 at 2:59 pm

    ဒီနှစ်တော့မြန်မာအသင်းကိုပဲအားပေးပါတယ်။ ဒီနှစ်မြန်မာအသင်းက အုပ်စုဗိုလ်နဲ့မတက်စဖူးတက်တယ်။ ဖိုင်နယ်ကိုတက်လာပြီဆိုကတည်းက ကောင်းတဲ့အသင်းတွေပဲတက်နိုင်တာလေ။ ( ကံကောင်း အရည်အချင်းကောင်း ဘာကောင်းကောင်းပေါ့။) ဘောလုံးပွဲမှာကံဆိုတာကလည်း အရည်အချင်းသိပ်ကွာနေရင် အက ျိုးပေးဖို့ခက်တယ်။ မြန်မာလူမ ျိုးတွေရဲ့ဂါထာကို ဗီယက်တောင်လန့်သွားတယ်။ 😛
    ဒီပွဲကတော့ 3:2လောက်နဲ့မြန်မာနိုင်မယ်လို့မှန်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်ဒိုနီးရှားက မြန်ကို ၂ဂိုးသွင်းထားတယ်။ ထိုင်းက အင်ဒိုကို ၅ ဂိုးသွင်းထားတော့ ထိုင်းက ၂ဂိုးလောက်တော့သွင်းလိမ့်မယ်။ ၂ဂိုးသွင်းတော့ ၃ဂိုးပြန်သွင်းနိုင်မှနိုင်လိမ့်မယ်။ ကိုယ့်ခြေထဲရောက်လာတဲ့ဘောလုံးကို အလဟသ မဖြုန်းပစ်ဖို့လိုတယ်။

    ထိုင်းအသင်းရဲ့တိုက်စစ်က ဘောမဆိုင်းဘူူး။ ခြေထဲကိုရောက်တာနဲ့နောက်လူကိုချက်ခြင်းပေးတာမြန်တယ်။ နောက်လူကလည်းနောက်တန်း ၂ယောက်ကြားမှာ angle ပွင့်တဲ့နေရာမှာအသင့်နေရာယူထားတယ်။ တွဲလုံးကအသင့်ရှိတယ်။ ဘောဖမ်းသေသပ်တယ်။ ဂိုးရှေ့ကိုဖြတ်တင်ပေးတဲ့ဘောတွေက တိက ျတယ်။ ဘောလုံးရရင်အရှေ့ကို အလောတကြီးတိုက်စစ်မဆင်ဘူး။ ကိုယ့်လူကိုဘယ်ညာပေးပြီး
    angle အပွင့်ကိုစောင့်ကန်တတ်တယ်။

  • တောင်ပေါ်သား

    June 15, 2015 at 3:31 pm

    https://www.asianbookie.com/?apt=1&tz=6.5 လောင်းကြေး ထိုင်းက ၂ လုံးသရေ တဲ့ ၊

    ဂိုးပေါင်းက ၃ လုံး ၅ဝ % အရှုံး တဲ့ ၊

    အွန်လိုင်းကနေ လောင်းကြစေသတည်း 🙂

    anyway…. I will drink 3 beer bottles if Myanmar win .

    • kai

      June 15, 2015 at 4:30 pm

      Website သွားကြည့်ပြီးနားမလည်ဘူးဗျ..။
      ဗမာနိုင်မယ် ပြောနေတာလား ?

      • တောင်ပေါ်သား

        June 15, 2015 at 4:40 pm

        ဟုတ်ဘူးဗျ ၊ သူက လောင်းကြေးပဲ ဖွင့်တာ ၊ သူ့လောင်းကြေးကိုကြည့်ပြီး မြန်မာလောင်းကြေးဒိုင်တွေက ဆက်ဖွင့်တာ ၊
        ထိုင်း ၃ ဂိုး မပြတ်နိူင်ဘူးလို့ ယူဆရင် မြန်မာဘက်က နေပေါ့ ၊ ဂိုးပေါင်းကတော့ အပေါ်ကြေး စားမယ်ထင်တယ် ၊
        နှစ်ဘက်သွင်းဂိုးက ၃ လုံး မကလောက်ဘူးထင်တာပဲဗျ ၊

      • Ma Ma

        June 15, 2015 at 6:25 pm

        ထိုင်းက ၂ လုံးသရေ ဆိုတာ ထိုင်းက မြန်မာကို ၂ဂိုးအကွာ သွင်းနိုင်ရင် သရေ အလျှော်အစားမရှိဘူးပေ့ါ။
        ၁ဂိုးကွာရင် မြန်မာဘက်ကလောင်းတဲ့သူ အနိုင်
        ၃ဂိုးကွာရင် ထိုင်းဘက်က လောင်းတဲ့သူအနိုင်။

        ထိုင်းက ၂ လုံးသရေ ဆိုရင် မြန်မာဘက်က လောင်းသင့်တယ်။ :kwi:

  • nature

    June 15, 2015 at 10:03 pm

    ၂ လုံးသရေဆိုရင်တော့ မြန်မာတွေလောင်းကြေးတော ် တေ်ာကွဲကြမယ်။ ကိုယ်တောင်မနေ့ကနိုင်ထားတာလေးပြန်ပါတော့မလို့။ ကံကောင်းလို့။ ထိုင်းအသင်းကို ၂ လုံးလောက်ပဲသွင်းမယ်ထင်တာ။ တော်တော်ဆိုးတဲ့ကောင်။ ၃လုံးတောင်သွင်းတယ်။ 😛
    သွင်းတဲ့အလုံးတွေကလည်းတော်တော်လှပါတယ်။ မြန်မာကို ၃လုံးသွင်းပါဆိုတာ တစ်လုံးမှ မသွင်းဘူး။တော်တော်ဆိုးတဲ့ကောင်တွေ။ 😛
    ဒါ့ကြောင့်ကြောင်ကြီးပြောတာလည်းမမှားဘူး။ ဗိုလ်လုပ်ခ ျင်ရင်ဂိုးသွင်းတတ်ရတယ်ဆိုတာလေ။
    အင်းးးး သွင်းတော့သွင်းတာပဲ။ ဒီကောင်တွေနောက်တန်းတွေကရှုပ်နေတာကိုးးးး

  • မြစပဲရိုး

    June 15, 2015 at 11:02 pm

    “ကံကြမ္မာ ကို မယုံကြည်ကြ သူများ” ဆို လောင်းကြေး နိုင်မှာ သေချာတယ်။

    ကျွန်မလဲ ကိုယ့်မြန်မာ အသင်း ကို ချစ်လဲချစ်၊ နိုင်လဲ နိုင်စေချင်ပါတယ်။
    ဒါပေမဲ့ The Best man wins ကိုဘဲ သဘောကျပါတယ်။
    Reality မှာ ထိုင်း က တစ်ခြား အသင်းတွေထက် တော်တော်ကို ခြေကွာပြီး ကောင်းနေတာ။
    . တော်ပေသေးရဲ့။ ၃ လုံး နဲ့ ရပ်သွားလို့။
    တို့မြန်မာ လဲ မဆိုးပါဘူးကွယ်။

    . နောက်ပြီး ယူဘရိုင်းနား က သူရို့ နည်းပြ ဖြစ်နေ မှတော့ ကွယ်။
    . နိုင်ပါစေတော့။ 😉 lol:-)))

    Many Congratulations Thailand team for the First place.
    Many Many congratulations and Well done our beloved Myanmar team for the Second place. (better than Third).

  • မြစပဲရိုး

    June 15, 2015 at 11:17 pm

    (1) အမှိုက်ကောက်သူများ အတွက် ကိုလဲ ဂုဏ်ယူပါတယ်။
    အမှိုက်မချ သူများ အတွက် ပိုပြီး ဂုဏ်ယူချင်ပါသေးတယ်။ :-)))

    (2) ရေး …..
    ရှုံးတာ ကို အကြောင်းပြလို့ ရပဟေ့။
    {{{ဒုတိယသမ္မတနဲ့အဖွဲ့က နိုင်ငံတော်သမ္မတကြီးကိုယ်စား အားပေးစကား လာပြောသွားပါတယ်။}}} lol:-)))

  • ဦးကြောင်ကြီး

    June 16, 2015 at 11:48 am

    ဘောစကားနဲ့ ဆိုုလ ျင်ဒေါ့ ကစာမိ ဟာတာ ဂိုးပေါက်နဲ့ ဝါးတရိုက်အကွာက လွဲသွားပါတယ် ပိတ်သက်က ျီး

  • manawphyulay

    June 16, 2015 at 2:48 pm

    တော်သေးတာပေါ့ ဗေဒင်အရ ဝင်ဂိုးနည်းသွားပေလို့….

  • မွသဲ ( 17082011 )

    June 18, 2015 at 10:10 pm

    ဒီပိုစ့်ခုမှဖတ်ရတယ် အော် ဘောဘော တော်တော်ဆိုးတဲ့ဘော။ သူလဲပီးရောဖြစ်လိုပ်ကြတဲ့ရန်ဆိုတာ သများတောင်နှစ်ပွဲလားပါသေး ဟေးဟေး။ အရီးဒီတခါပြန်လာရင် မွအိဆီမုန့်တကယ်သွားစားမှာနော်

Leave a Reply