လွန်ကဲသော စိုးရိမ်မှုသို့ တို့ထိမိခြင်း – Scratching on the surface of OCD

ဇီဇီDecember 15, 20158min55819

“Obsessive-Compulsive Disorder (OCD)”

ဒီ အသုံးအနှုန်းကို စ သိတာ တီချယ်ကြီး ဆီမှာပါ။ ဒါပေမဲ့ အဲဒီတုန်းက နားမလည် သဘောမပေါက်တာမို့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာပဲ။

မင်းသားကြီးဆီ မှာ အလုပ်ဝင်တော့ HR က ဖီလစ်ပီနို။ သူ အလုပ်လုပ်တာ အရမ်းစံနစ်ကျတယ်။

စားပွဲထားပုံ သိုပုံက အစ စံနစ်ကျလွန်းပြီး သူများတွေက အဲဒီ အတိုင်းမဖြစ်ရင် သူ့မှာ အတော် စိတ်အနှောက်အရှက်ဖြစ်ပြီး တစ်ဗျစ်တောက်တောက်ရယ်။

ခင်ဇော် နဲ့ တွေ့ပလေ။

ရှင်းချင်ရင်လည်း ရှင်းလင်းနေပြီး ရှုပ်နေရင်လည်း ဘာမှ မဖြစ်တဲ့ အမျိုးး.. :mrgreenn:

ဘာ မဆို Easy-Going တို့၊ Carrying-On တို့ နဲ့ ဖြစ်သလိုပဲ အလုပ်ပြီး ရင် ပြီးတာပဲ ဆိုတဲ့ ခင်ဇော် နဲ့ တစ်ဂျိန်းဂျိန်းး သတ်နေရတယ်။ :mrgreenn:

တည့်တဲ့ အချိန် ကိုယ်ကလည်း ကိုယ့် ဖြစ်သလို ဖြိုသလစ် လုပ်တာတွေ အတွက် တောင်းပန်ရသလို

သူကလည်း သူဟာ a kind of OCD မို့ ခွင့်လွှတ်ပါရန် တောင်းပန်ကြပြန်ရော။

ဘယ် OCD ထဲ ပါတုန်း ဆိုတော့ ဘာ မဆို စံနစ်တကျ မှန်မှန်ကန်ကန် တိတိကျကျတွေ စီစဉ်ပြောဆိုလုပ်ကိုင်လွန်းချင်တာမျိုးး OCD for Organization ထဲ ပါမပေါ့။

.

.

 

ocd-cycle

 

.

.

အဲဒီ က စ Obsessive-Compulsive Disorder (OCD)  ကို စဖတ်၊ လေ့လာမိတယ် ဆိုပါတော့။

Obsessive-Compulsive Disorder (OCD) ဆိုတာ

တရားလွန် ဖြစ်စေချင်လွန်း၊ (သို့) မဖြစ်စေချင်လွန်း အားကြီးတာ အတွေးတွေ လွှမ်းမိုးတာမျိုး

တရားလွန် သံသယကြီးပြီး အဲလို အတွေးထဲက မထွက် နိုင်လွန်းတာမျိုး

လုပ်နေကျ တစ်ခုခုကို မလုပ်ရရင်ကို တရားလွန် နေလို့ထိုင်လို့ မရတာမျိုး

စိုးရိမ်လွန်တဲ့ စိတ်အလျောက် စကားတစ်ခွန်းကို ထပ်ဖန်တလဲ ပြောမိတာ တို့ အမူအရာ တစ်မျိုးထဲကို မထိန်းချုပ်နိုင်တောင် လုပ်နေမိတာတို့ပါပါတယ်။

 

 

.

 

Signs and symptoms of obsessive-compulsive disorder (OCD)

.

(လူတိုင်းမှာ ရှိနေကျ စိတ်၊ အတွေး၊ အပြုအမူ ဆိုပေမဲ့လည်း တရားလွန်ဖြစ်သွားတဲ့ အခါ OCD ထဲ ပါသွားပါတယ်။ ပြောချင်တာက ဒါမျိုး အတွေးအပြုအမူလောက်ရှိရုံနဲ့ OCD ထဲ မပါပေမဲ့ ဒီ အထဲက အကြောင်းအရာ တူ တစ်ခုခု အတွက်ကြောင့် …

  • ကြီးမားတဲ့ စိတ်ဖိစီးမှု ရတာတို့၊
  • ကိုယ့်အချိန်တွေ အဲဒီ အတွက် အများကြီးသုံးမိတာတို့
  • ကိုယ့်ရဲ့ လူမှုဆက်ဆံရေးမှာ ထိခိုက်လာတာမျိုးတို့ထိ ဖြစ်ရင်တော့ OCD ထဲ ပါပါသတဲ့။)

 

1) Obsessive thoughts (ဖယ်ထုတ်မရလွှမ်းမိုးနေတဲ့ အတွေး များ)

Common obsessive thoughts in obsessive-compulsive disorder (OCD) include:

  • Fear of being contaminated by germs or dirt or contaminating others (သန့်ရှင်းလွန်ရှင်းသန့်လွန်ဖြစ်ချင်မှုတွေ)
  • Fear of causing harm to yourself or others (ထိခိုက်မှု ဖြစ်မှာ အကြောက်လွန်မှုတွေ)
  • Intrusive sexually explicit or violent thoughts and images (လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ မလိုလားအပ်တဲ့ စိုးရိမ်မှု အတွေး ရပ်မရတာမျိုးတွေ)
  • Excessive focus on religious or moral ideas (ဘာသာရေးဆိုင်ရာ လွန်ကဲတဲ့ အတွေးအခေါ်တွေ)
  • Fear of losing or not having things you might need (ဆုံးရှုံးမှာ မရလိုက်မှာ ကြောက်တတ်လွန်းတာတွေ)
  • Order and symmetry: the idea that everything must line up “just right” (စံနစ်ကျညီညာစေချင်လွန်းတာမျိုးတွေ)
  • Superstitions; excessive attention to something considered lucky or unlucky (အယူသည်းတဲ့ အတွေး အလွန်တွေ)

 

2) Compulsive behaviors (ထိန်းမနိုင်သိမ်းမရ အပြုအမူ များ)

Common compulsive behaviors in obsessive-compulsive disorder (OCD) include:

  • Excessive double-checking of things, such as locks, appliances, and switches (စိုးရိမ်မှုနဲ့ ထပ်ဖန်တလဲလဲ စိစစ်တတ်တာတွေ)
  • Repeatedly checking in on loved ones to make sure they’re safe (ကိုယ့်ချစ်တဲ့သူရဲ့လုံခြုံမှုကိုတရားလွန်စိုးရိမ်စစ်ဆေးတာမျိုးတွေ)
  • Counting, tapping, repeating certain words, or doing other senseless things to reduce anxiety (စိတ်ပူပန်လာတဲ့အခါ သက်သာအောင် ထပ်တလဲလဲအလိုအလျောက် ပြုမူမိပြောဆိုမိတာမျိုးတွေ)
  • Spending a lot of time washing or cleaning (အားရင်ဆေးကြောလျှော်ဖွတ်တရားလွန်လုပ်တတ်တာမျိုးတွေ)
  • Ordering or arranging things “just so” (အစီအစဉ် ကျနသတဲ့ ကျနအောင် မပြီးမစီး စီစဉ်တတ်တာမျိုးတွေ)
  • Praying excessively or engaging in rituals triggered by religious fear (ဒီ အပိုင်းက သဂျီးပြန်လိမ့်မယ်)
  • Accumulating “junk” such as old newspapers or empty food containers (အသုံးမဝင်တဲ့ အရာတွေကို စုဆောင်းသိမ်းဆည်းတတ်တာမျိုးတွေ)

 

Most people with obsessive-compulsive disorder (OCD) fall into one of the following categories

အထက်ပါ အချက်တွေကို ကက်တဂိုရီ ခွဲမယ် ဆိုရင် OCD အမျိုးအစားလေးတွေ အောက်ပါ အတိုင်းရပါသတဲ့။

  1. Washers are afraid of contamination. They usually have cleaning or hand-washing compulsions.
  2. Checkers repeatedly check things (oven turned off, door locked, etc.) that they associate with harm or danger.
  3. Doubters and sinners are afraid that if everything isn’t perfect or done just right something terrible will happen, or they will be punished.
  4. Counters and arrangers are obsessed with order and symmetry. They may have superstitions about certain numbers, colors, or arrangements.
  5. Hoarders fear that something bad will happen if they throw anything away. They compulsively hoard things that they don’t need or use.

အာ့ဒေဖတ်ပြီး ကွကိုယ် ဘယ်ထဲ ပါ နိုင်လဲ ဆိုတာ စစ်ရသေးတယ်။ အဟိ။ သများ က နံပတ် ၃ အချက်နဲ့ အညိဆုံးပဲ။

သံသယဝင်ပြီ မသင်္ကာပြီဆို မအိပ်နိုင် အလုပ်မလုပ်နိုင် ကိုယ့် သံသယစိတ်ဝင်တာ မှန်ပါတယ်ဆိုပြီး သက်သေပြလို့ရအောင်ထိ ကြိုးပမ်းတတ်တာ။

ခွီးး။ အာ့နဲ့ ခုတော့ ပြန်လည်တည့်မတ်နေတာ သက်သာလာပြီလို့ ကွကိုယ်ထင်တာပဲ။ အဟေးဟေး

:mrgreen:

 

 

 

Obsessive-Compulsive Disorder (OCD) Screening Quiz

(အပျော် စစ်ကြည့်ကြတာပေါ့။ အဟိ .. YES (or) NO ရလာဒ်ပြောသွားပါ။ အဖြေပြန်ပေးပါ့မယ်)

 

Have you been bothered by unpleasant thoughts or images that repeatedly enter your mind, such as…

  1. Concerns with contamination (dirt, germs, chemicals, radiation) or acquiring a serious illness such as AIDS?
  2. over concern with keeping objects (clothing, groceries, tools) in perfect order or arranged exactly?
  3. Images of death or other horrible events?
  4. Personally unacceptable religious or sexual thoughts?

 

Have you worried a lot about terrible things happening, such as…

  1. Fire, burglary, or flooding the house?
  2. Accidentally hitting a pedestrian with your car or letting it roll down the hill?
  3. Spreading an illness (giving someone AIDS)?
  4. Losing something valuable?
  5. Harm coming to a loved one because you weren’t careful enough?
  6. Have you worried about acting on an unwanted and senseless urge or impulse, such as physically harming a loved one, pushing a stranger in front of a bus, steering your car into oncoming traffic; inappropriate sexual contact; or poisoning dinner guests?

 

Have you felt driven to perform certain acts over and over again, such as…

  1. Excessive or ritualized washing, cleaning, or grooming?
  2. Checking light switches, water faucets, the stove, door locks, or emergency brake?
  3. Counting; arranging; evening-up behaviors (making sure socks are at same height)?
  4. Collecting useless objects or inspecting the garbage before it is thrown out?
  5. Repeating routine actions (in/out of chair, going through doorway, re-lighting cigarette) a certain number of times or until it feels just right?
  6. Need to touch objects or people?
  7. Unnecessary re-reading or re-writing; re-opening envelopes before they are mailed?
  8. Examining your body for signs of illness?
  9. Avoiding colors (“red” means blood), numbers (“l 3” is unlucky), or names (those that start with “D” signify death) that are associated with dreaded events or unpleasant thoughts?
  10. Needing to “confess” or repeatedly asking for reassurance that you said or did something correctly?

 

 

.

.

Self-help for OCD

ရောဂါ အကြီးစားရယ် မဟုတ်ပေမဲ့ ရှိနေရင်သက်သာအောင် လုပ်သင့်တာမို့ ပြင်ဆင်သင့်တဲ့ အချက်လေးတွေရှိပါတယ်။

  1. Refocus your attention – ရုပ်ရှင်ကြည့်၊ စာဖတ်၊ ဟင်းချက်၊ သစ်ပင်စိုက်၊ ဓာတ်ပုံရိုက် (ကိုယ့်နည်းတွေပြောပြတာ)
  2. Write down your obsessive thoughts or worries –
  3. Practice relaxation techniques – တရားထိုင်ဖို့ ပြောထားပေမဲ့ မလုပ်နိုင်လို့ အပေါ်က ဟာတွေ လုပ်ရတာ
  4. Adopt healthy eating habits
  5. Exercise regularly – မလုပ်ဖြစ်
  6. Avoid alcohol and nicotine – ၂ မျိုးလုံးရှောင်ဖြစ်တယ်
  7. Get enough sleep
  8. Stay connected to family and friends – အာ့ကြောင့် ဖဘ ကို မဖြတ်နိုင်သေးတာ။ အဟိ။
  9. Find the humor – ဟာသလောက် ရှာနေတာ အကျင့်ဖြစ်နေပြီ။
  10. Communicate positively, directly and clearly

တွေ့သလောက်၊ တတ်သလောက် မပျင်းသလောက် မျှဝေလိုက်တယ်။

အမှားပါရင် ပြင်ပေးကြ သည်းခံကြပါလော့!!

 

:k:

 

19 comments

  • E.မြောက်မြောက်

    December 15, 2015 at 10:14 pm

    အချိန်မှန် မဂလုရရင် တစ်နေ့တာ အတွက်
    တစ်ခုခုလိုနေသယောင်ခံစားရပြီး အချိန်မှန်မဂလုရမှာ တအားစိုးရိမ်နေမိတတ်သူမို့
    အဲဒါ…
    ကျော်..
    ဘယ်အစားထဲပါပါသလဲ အလင်းပြပါ ဆြာမ
    🙄

    • မြစပဲရိုး

      December 16, 2015 at 4:52 am

      “ဒီအချိန်ရောက်လာရင် ကွယ် ကျော့် စိတ်တွေဖောက်ဖောက်လာတယ်” လို့ ဆိုတတ်တဲ့ သမဂ္ဂ အသင်း အဖွဲ့ ထဲ ပါတယ်။ :-)))

      PS – ရွာထဲ သရဲချောက်လားမသိ။ အီးမြောက် ရဲ့ မှတ်ချက် မှာ စိမ်း နေရာက နေ နောက်တစ်ခေါက်ဝင်တော့ ပျောက်သွားတယ်။
      နာ ဘာမှ လုပ်ဝူး။ သရဲ၊ သရဲ။ 🙄

  • kai

    December 16, 2015 at 2:58 am

    Obsessive-Compulsive Disorder (OCD) Screening Quiz မှာ အကြမ်းအားဖြင့် အကုန် နိုး… ချည်း..။
    တရားထိုင်တာကိုတော့ အိပ်ခါနီးတိုင်း(တိုင်း) မဖြစ်မနေလုပ်တာမို့.. နံပါတ်၃ ထဲထည့်ရမရတော့မသိ…

  • မြစပဲရိုး

    December 16, 2015 at 4:47 am

    ဖြေပြီဟေ့။
    (1) Concerns with contamination (dirt, germs, chemicals, radiation) or acquiring a serious illness such as AIDS?
    Yes & No
    ငယ်ကထဲက ကျန်တာတွေ ထက် အိမ်သာ ကို crazy ဖြစ်တယ်။ ဒါကြောင့် တော်ရုံ ခရီးသွားဖို့ ကို စိတ်ထဲ မပါဘူး။ ရောဂါ ဖြစ်မှာထက် သူ့ဟာသူ စိတ်ထဲ မှာ မသန့် ဖြစ်နေတာ။
    ဒီတော့ ခရီးသွား ဆိုတာ နဲ့ အိမ်သာ ကို ကြောက်စိတ် က ကပ်ပါလာတာ စိတ်ရောဂါ တစ်မျိုးပေါ့။

    (2) over concern with keeping objects (clothing, groceries, tools) in perfect order or arranged exactly?
    ဟိ ဟိ။ ဒါကတော့ ပြောင်းပြန်ဘဲ။ ရှင်း ပြီး perfect order ဖြစ်နေရင် ကြိုက်ပါဘူး။ No

    (3) Images of death or other horrible events?
    ဒါကလဲ ကြောက်တယ်ရယ်လို့ မဟုတ်ပေမဲ့ အနိဌာရုံ တွေ ကို မကြည့်ချင်ဘူး။ မြင်လိုက်လဲ စိတ် စွဲနေတာတော့ မဟုတ်ပါဘူး။
    ဒါပေမဲ့ ရုပ်ရှင်ထဲ အဲလိုမျိုးတွေလာတော့မယ်ဆို မကြည့်ဘူး။ Yes

    (4) Personally unacceptable religious or sexual thoughts?
    ဒီမှာ တော့ အဖြေ ဖြေဖို့ထက် religious နဲ့ sexual ကို ဘာလို့ တွဲ ထားလဲ စဉ်းစားနေမိတယ်။
    No ဖြစ်မယ်ထင်ပါတယ်။

    (5) Fire, burglary, or flooding the house?
    Yes ဒါကတော့ ပုံမှန်အားဖြင့် စိုးရိမ်သင့်တဲ့ အကြောင်းလို့ ထင် ပါတယ်။
    ဒါကြောင့် တစ်ချိန်လုံး စိတ်ပူ မနေရအောင် တပ်တာ၊ အာမခံထားတာ တွေ လုပ်ထားကြရတာပေါ့။ ကိုယ့်အိမ်မဝယ်ခင် ရေကြီး တတ်တဲ့ နေရာလားလို့လဲ စုံစမ်းတတ်ကြပါတယ်။

    (6) Accidentally hitting a pedestrian with your car or letting it roll down the hill?
    Yes ဒါလဲ စိတ်ပူတတ်ရင် ကောင်းတဲ့ အလေ့ပါဘဲ။ ကြိုတင်ပြီး သတိစွဲ ထားရင် မဖြစ်သင့်တဲ့ ပေါ့ဆမှု မဖြစ်တော့ဘူးပေါ့။

    (7) Spreading an illness (giving someone AIDS)?
    Yes .. ဟာ ဟ။ ကွန်ဒုံ ဆိုတာ အကြောင်းမဲ့ ထုတ်ထားတာ မှ မဟုတ်တာ။ ကြိုစိတ်ပူပြီး ကာကွယ်ဖို့ပါ။

    (8) Losing something valuable?
    Yes … တန်ဖိုးရှိ ပစ္စည်းပျောက်မှာ ကြောက်ရင် မပျောက်အောင် ကြိုသတိထားလို့ ရပါတယ်။
    ပွဲဈေးတန်း လို လူကြားထဲ မလိုဘဲ စိန်ကြိုးကြီး ဆွဲ၊ တစမ်းစမ်း လုပ်နေမဲ့ အစား ဆွဲမသွားနဲ့ပေါ့။

    (9) Harm coming to a loved one because you weren’t careful enough?
    Yes လို့ ဖြေပါမယ်။ ဒါလဲ သတိထားဖို့ အကြောင်းပေါ့။

    (10) Have you worried about acting on an unwanted and senseless urge or impulse, such as physically harming a loved one,
    pushing a stranger in front of a bus, steering your car into oncoming traffic; inappropriate sexual contact; or poisoning dinner guests?
    ကျန်တာ တွေ ကိုတော့ စိတ်ထဲ တစ်ခါမှ မပူမိဘူး။ ဒီမှာ သူငယ်ချင်း ဘို တွေ ကို အစာ ကျွေး ပြီးတိုင်း သူတို့ ဗိုက်နာမှာ တို့ ဘာတို့ တစ်ခုခုဖြစ်မှာ စိုးရိမ်တတ်တယ်။ Yes & No

    (11) Excessive or ritualized washing, cleaning, or grooming?
    No No No ပုံမှန်ဖြစ်ဖို့ တောင် မနည်းကြိုးစားရတယ်။ အရင်တုန်း ကအိမ် မှာ ဘာမှ ကို မလုပ်တာ။ အခု မှ စိတ် ကို တာဝန် ဟဲ့ တာဝန် လို့ မောင်းပြီးလုပ်နေရ တဲ့ ဘွ။

    (12) Checking light switches, water faucets, the stove, door locks, or emergency brake?
    လုပ်တတ်တယ်။ မီးခ ရေခ အလကား မှ မဟုတ်တာ။ အလကား ဆိုလဲ အင်နာဂျီ တွေ ကို မဖြုန်းချင်ပါဘူး။
    အိမ်ကို တံခါးသော့ပိတ်မပိတ် စိတ်မချ တာလဲ ရှိတယ်။ ပြန်ပြန်စစ်ရတတ်လွန်းလို့ အခုဆို သော့ပိတ်လိုက်တိုင်း သတိထားပြီး အမှတ်လေး မှတ် ရတယ်။
    ဒါလဲ သတိပဌာန် ကျင့်စဉ် တစ်မျိုးဘဲ။ Yes

    (13) Counting; arranging; evening-up behaviors (making sure socks are at same height)?
    ဒါတော့ မရှိလောက်ဘူး။ No

    (14) Collecting useless objects or inspecting the garbage before it is thrown out?
    ရှိမှရှိ ပေါ့ကွယ်။
    အိမ် ပြောင်း တုန်းက အတင်း စိတ်ဖြတ်ပြီး စွန့်ပစ်ရတာ တွေ အများကြီး၊ မလိုမှန်းလဲ သိရက် ၁၀၀ဝ ရေး ၁ ရေး သုံးဖို့ ကို သိမ်းထားတာ မတန်ပါဘူး။
    သို့ပေသည့် အခုတော့ ဟန်ကျ နေတယ်။ အရင်က ဈေးဝယ်ရင် ကျွပ်ကျွပ်အိတ် တွေ စုစုထားပြီး အဲဒါတွေ ကို အမှိုက်အိတ် လုပ်ပြီး ပြန်သုံးနေတာ။
    အခု အလကား မပေးတော့ဘူး။ တစ်အိတ် ၅ပြား ဖြစ်နေပြီ။ ဒါပေမဲ့ အများကြီး စု ထားတာမို့ နှစ်ချီ သုံးနိုင်သေးတယ်။ ဟိ။ Yes

    (15) Repeating routine actions (in/out of chair, going through doorway, re-lighting cigarette) a certain number of times or until it feels just right?
    ကျန်တာတော့ သိပ်မရှိပါဘူး။ စကား ကို ပြောပြီး သား ထပ်ထပ် ပြောနေတာတော့ ရှိတယ်။ No

    (16) Need to touch objects or people?
    ငယ်တုန်းက ဖေးဘရိတ် စောင်လေး တစ်ထည် ရှိတယ်။ အဲဒါကို ဖက်ပြီးမှ အိပ်တယ်။ စောင်လေး စုတ် လာတော့ အသစ်ပေးလဲ မရဘူး။ အဲဒါဘဲ။
    အသက်တော်တော်ကြီး မှ အသစ် ကို ပြောင်းသုံးတယ်။
    လူ ကတော့ အနား မှာမရှိလေ ကောင်းလေ။ No

    (17) Unnecessary re-reading or re-writing; re-opening envelopes before they are mailed?
    အမြဲ မဟုတ်ဘူး။ တစ်ခါတစ်ခါ အရေးကြီး တဲ့ စာ တွေ ပို့ခါနီး ဖြစ်တယ်။
    ဘာလို့လဲ ဆိုတော့ တစ်ခါတစ်ခါ စာ တွေ ကို အသေအချာ မစစ်ဘဲ ပို့ပြီး မှ အမှား တွေ တွေ့တာ မို့ အရေးကြီး ရင် တော်တော် နဲ့ မလွှတ် ရဲ ဘဲ အကြိမ်ကြိမ် စစ်နေတော့တာ။
    စာမေးပွဲ မှာ ရှေ့အပုဒ် က ကိန်းဂဏန်း တွေ ကို မစစ်သင့်ဘဲ ထပ်ခါထပ်ခါ စစ် နေလို့ နောက်ပိုင်း အပုဒ် တွေ ကို အချိန်လု ရပေါင်း များသပေါ့။
    Yes & No

    (18) Examining your body for signs of illness?
    No

    (19) Avoiding colors (“red” means blood), numbers (“l 3” is unlucky), or names (those that start with “D” signify death) that are associated with dreaded events or unpleasant thoughts?
    No

    (20) Needing to “confess” or repeatedly asking for reassurance that you said or did something correctly?
    No လို့ ထင်တာဘဲ။ ဥမပါ –
    “Are you sure you love me? or Do you love me?” လို့ ဘယ်တုန်းကမှ ဘယ်သူ့ ကိုမှ မမေးဖူးဘု လို့ ထင်တာဘဲ။။ 😉 lol:-))))))

    Self Help
    ဆိုရင်တော့ Get enough sleep ပါ။ အိပ်ချိန် ကို တော့ လာ မထိလေ နဲ့။ :-))

    • ဇီဇီခင်ဇော်

      December 16, 2015 at 6:44 am

      နောက် တစ် ခု ထပ်ဖြေရအူးမယ် အရီး
      ရုံးရောက်မှ ပို့ထားးလိုက်မယ်..
      :k:

      Quitz အရ ကျနော် က 3 yes ပဲ ရှိလို့ ကွကိုယ် အတော် carefree မှတ်တာ..
      တဂျီးး က အကုန် No ဆိုတော့ ပိုဆိုးးနေဘီ ..
      ဟေးးဟေးးဟေးးး

    • ဇီဇီခင်ဇော်

      December 16, 2015 at 8:23 am

      ဒါလေး ပါ ဖြေပေးးးပါ အရီးး

      1. On average, how much time is occupied by these thoughts or behaviors each day? None
      Mild (less than 1 hour)
      Moderate (1 to 3 hours)
      Severe (3 to 8 hours)
      Extreme (more than 8 hours a day)

      2. How much distress do they cause you? None
      Mild
      Moderate
      Severe
      Extreme (disabling)

      3. How hard is it for you to control them? Complete control
      Much control
      Moderate control
      Little control
      No control

      4. How much do they cause you to avoid doing anything, going any place, or being with anyone? No avoidance
      Occasional avoidance
      Moderate avoidance
      Frequent and extensive avoidance
      Extreme avoidance (housebound)

      5. How much do they interfere with school, work or your social or family life? None
      Slight interference
      Definitely interferes with functioning
      Much interference
      Extreme interference (disabling)

      • မြစပဲရိုး

        December 17, 2015 at 1:32 am

        အဲဒါတွေ ကတော့ အတော်လေး ဒီဂရီ နဲပါတယ်။ တစ်ချို့ ဆို None လို့ တောင် ဖြေလို့ ရပါတယ်။

        တကယ်တော့ ဇီကလေး ရဲ့။
        အရီး ရဲ့ စိတ်ရောဂါ က သူများတွေ ထက် ပိုပြီး ဂေါက်တဲ့အဆင့်ရှိတယ်။
        အကြောင်း ကို စိတ်ပူတာ က နဲနဲ မှာ အဲဒီဟာ ဖြစ်ရင် ဘယ်လို ဆက်လုပ်ပါ့ ဆိုတာ ကို လိုက် ပလန်ချပြီး အဲဒီ အပေါ်မှာ မလုပ်နိုင်မှာ ကို ပူ နေတာ က များ တယ်။

        ဥမပါ – အိမ်ကို သူခိုး ဝင်ရင် ပစ္စည်းတွေ အတွက် ဆိုပြီး ပူတာ က နဲနဲ။
        အဲဒီ သူခိုး ကို ရိုက် ရမဲ့ ဒုတ် က ရိုက် လို့ အဆင်ပြေပါ့ မလား ဆိုပြီး အဲဒီ ဒုတ် အလုပ်မဖြစ်မှာကို စိတ်ပူနေတာ က များများ။
        ဒီတော့ ပိုကောင်း တဲ့ ဒုတ် ကို အမျိုးမျိုး ရွေးလိုက်၊ အရေးကြုံလို့ ဆွဲယူလိုက်ဖို့ အဆင်မပြ မှာစိုးလို့ ကောင်းမဲ့ နေရာ ဟိုဟိုဒီဒီ ပြောင်း စဉ်းစား နေလိုက်။ lol:-)))))

        အရီး ရဲ့ လက္ခဏာ က အရေးအကြောင်း မျိုးစုံ နဲ့ သူများ တွေထက် ရှုပ်ရှက်ခတ်နေတာ လို့ ပြောရင် ရွာ့ကဝိန်များ သိကြလိမ့်မည်။ 😉

  • ဇီဇီခင်ဇော်

    December 16, 2015 at 6:38 am

    (လူတိုင်းမှာ ရှိနေကျ စိတ်၊ အတွေး၊ အပြုအမူ ဆိုပေမဲ့လည်း တရားလွန်ဖြစ်သွားတဲ့ အခါ OCD ထဲ ပါသွားပါတယ်။ ပြောချင်တာက ဒါမျိုး အတွေးအပြုအမူလောက်ရှိရုံနဲ့ OCD ထဲ မပါပေမဲ့ ဒီ အထဲက အကြောင်းအရာ တူ တစ်ခုခု အတွက်ကြောင့် …

    ကြီးမားတဲ့ စိတ်ဖိစီးမှု ရတာတို့၊
    ကိုယ့်အချိန်တွေ အဲဒီ အတွက် အများကြီးသုံးမိတာတို့
    ကိုယ့်ရဲ့ လူမှုဆက်ဆံရေးမှာ ထိခိုက်လာတာမျိုးတို့ထိ ဖြစ်ရင်တော့ OCD ထဲ ပါပါသတဲ့။)

    ဆိုတော့ အိမေါက် နဲ့ ဒဂျီးး က ပုံမှန်ပါ…
    ဆက်သောက် ဆက်ထိုင်
    ???

  • alinsett

    December 16, 2015 at 8:36 am

    အနော့်အစား တစ်ယောက်ယောက် ကြားဝင်ဖြေထားပေးကြပါ
    အနော် ဒီမှာ မျက်တောင်မခတ်တမ်း စိုက်ကြည့်ရမယ့် လူသတ်အက်ရှင်ဇတ်ကားတစ်ကား ကြည့်နေလို့ မအားသေးဘူးလေ—

    အဲ— အဲ့ဒါနဲ့ပဲ အနော်ဘယ်ထဲ ပါသွားပါလိမ့်!

    :k:

    • ဇီဇီခင်ဇော်

      December 16, 2015 at 8:51 am

      ဘာ ရုပ်ရှင်တုန်းး?

      :k:

  • Shwe Ei

    December 16, 2015 at 9:59 am

    -ဒီလိုကိစ္စမျိုးရှိမှန်းအခုမှသိတာ
    -ကွကို OCD ဖြစ်နေမလားဆိုတာတောင် တခါမှ သံသယမဝင်စဖူး
    -ခံစားချက်တိုင်းက ကောက်ရိုးမီးလိုမျိုး ဝုန်းခနဲ ထတောက်ပြီးရင် ပြာဖြစ်သွားတတ်လို့
    -မေ့မေ့ပျောက်ပျောက်နေတတ်လာတာနဲ့အမျှ..တယောက်ထဲနေရတာ အကြိုက်ဆုံး(အိပ်ချင်မှအိပ် စားချင်မှစား သွားချင်ရာသွား ) :mrgreen:
    -တစ်ခုဘဲ…ငယ်ငယ်တုန်းက ကမ္ဘာပျက်သွားပြီးတဲ့နောက် ဘာဆက်ဖြစ်မလဲ ဆိုတာမျိုးတွေးမိတိုင်း
    -အိပ်မပျော်တဲ့ထိ ကြောက်တယ် (အသွေးအသားအရိုးထဲထိ စိမ့်ပြီး ကြောက်တာ)
    -အခုနောက်ပိုင်း အိုက်လို အတွေးမျိုး လုံးဝ မတွေးဖြစ်တော့တာ ကြာဘီ 😛

    • E.မြောက်မြောက်

      December 16, 2015 at 10:03 am

      ဟုတ်တယ်
      ကျော်လဲ ဘီအီးတွေ ဈေးတက်မှာ တအားကြောက်ပဲ
      ညည အိပ်တောင်မပျော်ဘူး
      စိုးရိမ်လွန်းလို့

      • Shwe Ei

        December 16, 2015 at 10:31 am

        -ကုန်ဈေးနှုန်းဆိုတာ တက်တဲ့အမျိုးလေ..မျောက်စပ်စလူးရဲ့
        -နင် အကြောက်လွန်ပီး သေသွားရင်တောင် ဟိုက ဆက်တက်အုန်းမှာ :harr:

    • ဇီဇီခင်ဇော်

      December 16, 2015 at 10:12 am

      အဟေးဟေးး
      အဟုတ်ပဲ။
      အသက်ကြီးလေ မတွေးတော့လေ မကြောက်တော့လေ။
      ကြောက်လည်း မထူးဘုမှန်းသိလေ။
      ဒီ ထက် အသက်ရမှ ကြောက်တတ်တွေးတတ်ရင်တော့ မသိဘု။

      :mrgreenn:

      • Shwe Ei

        December 16, 2015 at 10:33 am

        -သာမီး ယောက်ကျားယူ ခလေးမွေးပီးရင် တခေါက်ပြန်လာဖြေမယ် 😛

        • မြစပဲရိုး

          December 17, 2015 at 1:34 am

          အဲဒါ အမှန်တကာ့ အမှန်ဆုံးဘဲ။
          စိတ်ပူတဲ့ အကြောင်းအရာ ဆိုတာအချိန် နဲ့ လိုက်ပြီး ပြောင်း နေ တာ လက်တွေ့ပါ။ :-)))

  • ဦးကြောင်ကြီး

    December 19, 2015 at 3:10 pm

    သောက်ပေါ

    • ဇီဇီခင်ဇော်

      December 19, 2015 at 5:06 pm

      ဖွန်ကြောင်

Leave a Reply