“မျက်နှာဖုံး လို၏ မလို၏ “

”  မျက်နှာဖုံး  လု်ိ၏  မလို၏”

 

အချို့ အချို့သော

မရိုးသားသူ

ဟန်ဆောင်သူ

လိမ်ညာသူ

ဟူသမျှ

ရှက်မဆုံးလို့

မျက်နှာဖုံးတွေကို

အကွယ်အကာ

အနေနဲ့သုံးကြပါတယ်။

 

သို့သော် သို့သော်

လက်ရဲ ဇက်ရဲ

အရှက် နည်းပါးသူ

အချို့ အချို့ကတော့

မျက်နှာဖုံးစရာ

အကွယ်အကာမလိုပေါင်

ပြောင်  ပြောင် ဆိုမှ

ပြောင်ပြောင်

ကြီးပါတော်။

 

 

ကိုပေါက်လက်ဆောင်

အတွေးစဉ်

၂၄-  ၃-၂၀၁၅

 

12 comments

  • aye.kk

    June 16, 2015 at 10:08 am

    ပြောင်ပြောင်က
    ပြောင်လွန်းလှလို့ပြောကိုမပြောချင်တော့ပါ။
    အရှက်မရှိချက်ကကမ်းကုန်နေပါပြီ၊တိုက်စရာကျောက်ဆောင်တောင်မရှိလို့ပါ။

  • တောင်ပေါ်သား

    June 16, 2015 at 11:54 am

    ဒို့ ဘဘပြောင်ကို မထိနဲ့ ၊

    သူ့ခမျာ နှလုံးမှာ စက်တပ်ထားရတယ်ဆိုလား

    ဟဲ ဟဲ စတာနော် ၊ 🙂

    မျက်နှာပြောင်တိုက်သူတွေကတော့ နေရာအနှံ့ပေါ့ဗျာ ၊

  • ပြောင် ပါတယ်ဆိုမှ ပြောင်ပြောင်ဘဲပေါ့

    အပြင်မှာလဲ ပြောင်တဲ့သူ အတော်များများ တွေ့နေရတာ

  • Courage

    June 17, 2015 at 1:09 am

    ပြောင်ပြောင်ဆိုမှ ပြောင်ပြောင်ကြီး…. ငင့်… တာဘာမှ ကျောဘူး

  • Ma Ma

    June 17, 2015 at 7:30 am

    ကျောင်းသားဘဝတုန်းက သော်တာဆွေရေးတဲ့ မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်းဆိုတဲ့စာကို ဖတ်ပြီး
    မမှန်ကန်တဲ့သူတွေကတော့ မရဲရင့်ကြဘူးလို့ထင်ထားတာ…..

    လက်တွေ့ဘဝထဲရောက်တော့မှ မမှန်ကန်ပဲ ရဲရင့်နေကြတာတွေတွေ့တော့….
    အဲဒါကြောင့်လည်း မြန်မာစကားပုံမှာ သူခိုးက လူဟစ်လို့ ရှိတာပဲလို့ တွေးမိသွားတယ်။

    • မမရေ

      အရင်က မမှန်ကန်သူက ဘေးမှာ ခပ်ကွယ်ကွယ်လေးနေကြတယ်။
      လူတွေကလည်းအဲ့လိုလူကို
      ခပ်ကင်းကင်းနေကြတယ်

      အခုတော့ မမှန်ကန်သူက

      ထိပ်ရောက်နေတယ်။

      မမှန်မှန်းသိပေမယ့်လည်း

      နှာစေးနေကြတယ်

      အဲ့တော့ အကမ်းတက်ကုန်တာပေါ့

  • Alinsett @ Maung Thura

    June 17, 2015 at 10:07 am

    .ပြောင်ပြောင်တွေ ရှိနေတဲ့ ပြောင်ပြောင်ပြည်…
    .ပြောင်လေပြီ..ပြောင်လေပြီ…

  • lu lu

    June 17, 2015 at 12:44 pm

    မျက်နှာပြောင်တိုက်မှတော့ ပြောင်ပြီပေါ့
    🙁

  • Mike

    June 17, 2015 at 1:19 pm

    .မ ျက်နှာဖုံး ဆိုတာ
    .တစ်နေ့တော့ကွာက ျတတ်တာပါပဲ

  • မြစပဲရိုး

    June 17, 2015 at 11:10 pm

    တစ်ချို့ အတွက်တော့ ဟိုဘက်တစ်မျိုး ဒီဘက် တစ်ဖုံ လုပ်နိုင်ဖို့ မျက်နှာဖုံး ဆိုတာ အရေးတကြီး ကို လိုသပေါ့ ကပေါက်ကြီး ရာ။

Leave a Reply