မြန်မာ့မော်ဒန်မှသည် ခေတ်ပြိုင်အနုပညာသို့

manawphyulayJune 16, 20151min16010

Myanmar Poem

10 comments

  • ဇီဇီခင်ဇော်

    June 16, 2015 at 2:15 pm

    ဆန်နီညိမ်း ဆိုတာ ဦး ဝင်းငြိမ်း လားးး

    • Alinsett @ Maung Thura

      June 17, 2015 at 12:28 am

      ဦးဝင်းငြိမ်းရဲ့ ညီတော်မောင် ထင်ပါ့ မမဂျီးရေ
      ဟုတ်မှာပါ။ ဦးဝင်းငြိမ်း ပြောတာ ကြားဖူးတယ်။
      အဲ
      လက်ဝှေ့ကျော်ကြီးတယောက်ရဲ့ သားတွေက
      စာပေနဲ့ အနုပညာလောကထဲ ဂျင်ခြေလည် ပြနေတာ မြင်နေရတော့
      တမျိုးတော့ တမျိုး
      .ကောင်းပါလေ့
      ပလို့ဂျိ

    • kai

      June 17, 2015 at 3:38 am

      ကျားဘငြိမ်း (၁၉၂၃-၁၉၇၉)

      ၁။ အမည်ရင်း – ဦးဘညိမ်း
      ၂။ မိဘအမည် – ဦးဘိုးမင်း + ဒေါ်မမကြီး
      ၃။ မွေးသက္ကရာဇ် – ၂၃၊ ၁၁၊ ၁၉၂၃
      ၄။ မွေးဖွားရာဒေသ – ၈၂ လမ်းနှင့် ၈၃လမ်းကြား၊ ၂၅ လမ်း၊ မန္ဈလေးမြို့

      ကိုယ်ရေးဖြစ်စဉ်

      ဦးဘညိမ်း ခေါ် ကျားဘညိမ်းကို ၈၂ လမ်းနှင့် ၈၃ လမ်းကြား၊ ၂၅ လမ်း မန္ဈလေးမြို့တွင် ဦးဘိုး မင်း နှင့် ဒေါ်မမကြီးတို့က ၁၉၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သူ့ညီများမှာ ဦးဘသိမ်း (စာရေးဆရာ ချစ်ညို)၊ ဦးဘစိမ်းနှင့် ဦးဘဟိန်းတို့ ဖြစ်ကြသည်။

      ငယ်စဉ်အခါက မန္ဈလေးမြို့ရှိ ဝက်စလီယံ သာသနာပြု ကျောင်းတွင် ပညာ စတင်သင်ကြားပြီး အမျိုး သား ခေါင်းဆောင်ကြီး တဦးဖြစ်သည့် ဆရာကြီး ဦးရာဇာတ် ကျောင်းအုပ် အဖြစ် တာဝန် ထမ်းဆောင် သည့် အမျိုးသား အထက်တန်းကျောင်းတွင် ပြောင်းရွှေ့ ပညာသင်ယူခဲ့သည်။ ဦးရာဇာတ် က ကျောင်း သားများ၏ အားကစား လုပ်ငန်းအနေဖြင့် အင်္ဂလိပ် လက်ဝှေ့ထိုးခြင်း အတတ်ပညာ ကို နိုင်ငံခြားသား ပညာရှင်တဦး ဖြစ်သည့် ဘီလ်ဖစ်ရှားအား သင်ကြား ပို့ချစေခဲ့သည်။ အမျိုးသားကျောင်းထွက် အင်္ဂလိပ် လက်ဝှေ့သမားများတွင် ဦးဘညိမ်းသည်
      နောင်အခါတွင် မြန်မာနိုင်ငံ၏ ဖယ်သာဝိတ်တန်း လက်ဝှေ့ ချန်ပီယံ အဖြစ် ထင်ရှားခဲ့သည် သာမက ၁၉၅၂ ခုနှစ်က ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီးမြို့တွင် ကျင်းပ သည့် ကမာ္ဘ့ အိုလံပစ်ပွဲတော်၌ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး လက်ဝှေ့ ယှဉ်ပြိုင်ခဲ့သည်။

      မန္ဈလေးမြို့တွင် နေထိုင်စဉ် ၁၉၄ဝ ပြည့်နှစ်တွင် မန္ဈလေးမြို့သူ ဒေါ်ကြည်ကြည်နှင့် အိမ်ထောင် ကျခဲ့ သည်။ မန္ဈလေး လူထု သတင်းစာတိုက် ပိုင်ရှင် လူထုဦးလှ ဒေါ်အမာတို့နှင့် ရင်းနှီးသဖြင့် လူထု သတင်းစာတွင် အားကစား သတင်းများ ဝင်ရောက် ရေးသားခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီ၌ လက်ဝှေ့ နည်းစနစ်မှူး အဖြစ် ဝင်ရောက် တာဝန် ထမ်းဆောင်သဖြင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ပြီး ရန်ကုန် စာပေလောကနှင့် နီးစပ်လာခဲ့သည်။

      မြဝတီ၊ ငွေတာရီ၊ ရှုမဝ အစရှိသည့် မဂ္ဂဇင်းကြီးများတွင်လည်း အားကစား ဆောင်းပါးများ ဝင်ရောက် ရေး သားခဲ့သည်။ နောင်အခါတွင် အားကစားဂျာနယ် တခု ဖြစ်သည့် တံခွန်ဂျာနယ် ပေါ်ထွက်လာသည့် အခါ ၌လည်း ပင်တိုင် ဝင်ရောက် ရေးသားခဲ့သည်။ အထောက်တော် လှအောင်၏ သတင်းဂျာနယ် တွင် မြန်မာ့ရိုးရာ လက်ဝှေ့နှင့် ပတ်သက်၍ ဆောင်းပါးများ အဆက်မပြတ် ရေးသားခဲ့သည်။

      စာရေးဆရာ ရန်ကုန်ဘဆွေ၏ ကူညီပံ့ပိုးမှုဖြင့် မင်းခေါင် အမည်ရှိ လုံးချင်း ဝတ္ထုတပုဒ်ကို ရေးသား ထုတ်ဝေခဲ့သည်။ မင်းခေါင်သည် ထိုခေတ် အခါက အောင်မြင် ထင်ရှားခဲ့သော မန္ဈလေး ရတနာ ပုံခေတ် နောက်ခံ ဝတ္ထုတပုဒ် ဖြစ်ခဲ့သည်။ ကြေးစားလက်ဝှေ့ ထိုးခြင်းအကြောင်း ကို နောက်ခံ ထား ကာ ရေးသားခဲ့သော သဲခင်းပေါ်မှ သွေးတကွက် ဝတ္ထုကို လည်းကောင်း၊ ရေးဖော် စာရေးဆရာ များ ဖြစ်ကြသော ဗိုလ်မြင့်၊ ဗိုလ်ဘသော်၊ မောင်သင်တို့နှင့် တွဲဖက်ကာ အတ္ထုပ္ပတိ္တ လေးဦး စုစည်းမှုတွင် လည်းကောင်း၊ ပါဝင် ရေးသားခဲ့သည်။

      ကမာ္ဘ့လက်ဝှေ့ ချန်ပီယံ လက်ဝှေ့ကျော်များ၏ အတ္ထုပ္ပတ္တိများ ဖြစ်သော ကမာ္ဘကျော် လက်သီးမဲကြီးများ၊ မိုဟာမက်အလီ၊ ကင်ရှာဆာမှ မနီလာသို့ လုံးချင်း စာအုပ်များကိုလည်း ရေးသား ထုတ်ဝေခဲ့သည်။ ဦးဘညိမ်းသည် လက်ဝှေ့ ထိုးသတ်စဉ် ကာလက ကျားတကောင်ကဲ့သို့ ရဲရဲရင့်ရင့် ထိုးသတ်တတ်ခြင်း အပြင် အင်္ဂလိပ် ဆယ့်နှစ်ကောင်ကျား ကစားရာတွင်လည်း ကျွမ်းကျင်သူ ဖြစ်ခြင်းကြောင့် ကျားဘညိမ်းဟု တင်စားခဲ့ကြသည်။ မန္ဈလေး သတင်းစာများက သူ့အောင်မြင်မှုများကို ရေးသား ဖော်ပြကြသူတိုင်း “ကျားကလေး” ဟု ရေးသားခဲ့ကြသည်။

      စာပေကို ဝါသနာအရ ရေးသားခဲ့သည့် အပြင် ကျားဘညိမ်းသည် ပန်းချီကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ရေးဆွဲတတ်သူ ဖြစ်သည်။ မန္ဈလေးတွင် နေထိုင်စဉ် ကာလက စတိုးဆိုင်ကြီးများ၏ သံဆိုင်းဘုတ်ကြီးများ ကို တာဝန်ယူ ရေးဆွဲခဲ့သူ ဖြစ်သည်။ မြန်မာ့ရိုးရာ လက်ဝှေ့ကို အပတ်တကုတ် ကြိုးပမ်း ဖော်ထုတ်ခဲ့သူ အဖြစ်လည်း အားကစား ဝါသနာရှင်များက သိထားခဲ့ကြသည်။ သူတာဝန်ယူ ကျင်းပသည့် ရိုးရာ လက်ဝှေ့ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ကြသည့် လက်ဝှေ့ကျော်များ အားမာန် တက်စေရန် လက်တန်းစပ်ဆိုကာ ရွတ်ခဲ့သည့် လင်္ကာများမှာလည်း ယနေ့ထက်တိုင် ရိုးရာ လက်ဝှေ့ပွဲများတွင် ကြားနေရဆဲ ဖြစ်သည်။

      ကျားဘညိမ်းသည် ၁၉၇၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၄ဝ အချိန်တွင် အစာအိမ် ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် မိသားစုနှင့်အတူ ပုဇွန်တောင်မြို့နယ် အမှတ် (၃) ရပ်ကွက်၊ ပြည်တော်သစ်အိမ်ရာ တိုက်အမှတ် (၄)၊ အခန်းအမှတ် (၁၃) တွင် နေထိုင်လျက် ရှိသည်။ ကွယ်လွန်ချိန်တွင် အသက် ၅၆ နှစ်ဖြစ်ပြီး ဇနီး ဒေါ်ကြည်ကြည် သားသမီးများ ဖြစ်ကြသည့် ဝင်းငြိမ်း၊ ဆန်နီညိမ်း၊ ရဲမြင့်ညိမ်း၊ မျိုးမြင့်ညိမ်း၊ မာလာညိမ်း၊ ထွန်းမောင်ညိမ်း၊ ထွန်းအောင်ညိမ်းတို့ ကျန်ရစ် ခဲ့ကြ သည်။

      ကျားဘငြိမ်း ရေးသား ပြုစုခဲ့ပြီးသော စာအုပ်များ

      ၁။ ကမာ္ဘကျော် လက်သီးမဲကြီးများ ၁၉၆၈

      ၂။ မိုဟာမက်အလီ (သို့မဟုတ်) မဟူရာဧကရာဇ် ၁၉၇၄

      ၃။ အလီ-ဖရေဇီယာ ပွဲစဉ် အမှတ် (၃) ၁၉၇၅

      ၄။ ကင်ရှာဆာမှ မနီလာသို့ ၁၉၇၅

      ၅။ လူဆိုးကြီး မင်းခေါင် (ဒုတိယအကြိမ်) ၁၉၇၇

      ၆။ မိုဟာမက်အလီ၏ နေဝင်ဆည်းဆာ ၁၉၇၈

      ၇။ သဲခင်ပေါ်မှ သွေးတကွက် –

      ၈။ ဤလေးဦး (ဗိုလ်မြင့်၊ ဗိုလ်ဘသော်၊ မောင်သင်တို့နှင့် တွဲ၍) –

      ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀ဝ၈ ဖေဖော်ဝါရီမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ‘နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)’ ကနေ “ကျားဘငြိမ်း (၁၉၂၃-၁၉၇၉)” ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းနဲ့ စာစုစာရင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

  • Shwe Sin Swe Zin

    June 16, 2015 at 2:28 pm

    ဝါသနာပါပါတယ်။ သွားကြည့်ပါ့မယ်။

  • lu lu

    June 17, 2015 at 12:49 pm

    ရန်ကုန်မှာကျင်းပမယ်ဆို ့တော့
    အလှမ်းဝေးပြီပေါ့
    🙁

  • မြစပဲရိုး

    June 17, 2015 at 11:46 pm

    . ကြုံတုန်း မေးလိုက်ဦးမည်။
    . နေကောင်းလား မနော။ ဘာလေးလဲ သိပြီလား။
    . ဝ အောင် အဟာရ ပြည့် အောင် တတ်နိုင်သလောက် များများစားနော်။

    • manawphyulay

      June 18, 2015 at 9:46 am

      နေကတော့ကောင်းပါတယ်ရှင့်။ ခုထိတော့ ဘာလေးလဲမသိရသေးဘူး။ အစာက ခုမှ စားဝင်တာ စားလိုက်အန်လိုက်နဲ့ ၄ လလောက် လိမ့်ပိတ်ခံရတယ်။ 🙁

Leave a Reply