( ရွေးကျအသင်းအတွက် ဂုဏ်ယူခြင်း )

၂၀၁၅ ဆီဂိမ်းဘောလုံး ပြိုင်ပွဲကြီးကား ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး မြန်မာယူ-၂၃ အသင်းမှာ ဒုတိယငွတံဆိပ်နှင့် ကျေနပ် ခဲ့ရပြီဖြစ်သည်။

၈ နှစ်အတွင်း ဆီးဂိမ်းဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိ လာခဲ့သည့်

မြန်မာယူ-၂၃ အသင်းအတွက် ပြည်တွင်းပြည်ပမှ မြန်မာတိုင်းက ချီးကျူးခဲ့ကြပြီး

ဗိုလ်လုပွဲတွင် အနိုင်ရစေရန် လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြသည်။

သို့သော် မြန်မာယူ-၂၃ အသင်းမှာ စနစ်တကျရွေးချယ်စုစည်း လေ့ကျင့်ထားခဲ့သည့် ထိုင်းယူ-၂၃ ကို မယှဉ်သာပဲ

ဝး၃ ဖြင့်အရှုံးပေးခဲ့ရသည်။ မြန်မာယူ-၂၃ ရှုံးနိုမ့်ခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ရသော်လည်း

ထိုရွေးကျအသင်းအတွက်ကိုမူ များစွာဂုဏ်ယူမိပါသည်။

ရွေးကျအသင်းဟု အဘယ်ကြောင့် ဆိုရသနည်း။

မြန်မာကအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် AFC ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာယူ-၁၉ ကဆီမီးအထိရောက်ခဲ့သဖြင့် ဖီဖာယူ-၂၀

ကမာ္ဘ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သည်။

ထိုပြိုင်ပွဲသည် ၂၀၁၅ မေလကုန်နှင့် ဇွန်လဆန်းတို့တွင် ကစားရမည့်ပွဲဖြစ်ပြီး

ထိုကဲ့သို့ပထမဆုံး ဝင်ခွင့်ရခဲ့သော ကမာ္ဘ့အဆင့်ပြိုင်ပွဲအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဂျာမနီနည်းပြကိုငှား၍

ဥရောပနိုင်ငံများသို့သွားကာ လေ့ကျင့်ခြေစမ်းကစားစေခဲ့သည်။

ထိုအတူဇွန်လထဲတွင်ပင် ကစားရန်ရှိနေသည့် ၂၀၁၈ ကမာ္ဘ့ဖလားဝင်ခွင့်နှင့် ၂၀၁၉ AFC ဖလားဝင်ခွင့်အတွက်

မြန်မာ လက်ရွေးစင် အသင်းကြီးကိုလည်း အာဆီယံနိုင်ငံအသင်းများကို ကိုင်တွယ်ခဲ့ဘူးသည့်

ဆာဘီယားနည်းပြ လက်သို့အပ်၍ လေ့ကျင့်ထားစေခဲ့သည်။

ထိုအချိန်တွင် ၂၀၁၅ ဆီးဂိမ်းကလည်း ဇွန်လမှာပင် စောင့်ဆိုင်းလျက်ရှိနေပြန်သည်။

ထိုသို့သော အခါယူ-၂၃ ကိုမည်ကဲ့သို့ဖွဲ့စည်းခဲ့ပါသနည်း။

ယူ-၂ဝ ကမာ္ဘ့ဖလားပြိုင်ပွဲဝင်မည့် အသင်းတွင် မပါခဲ့သူများ၊ လက်ရွေးစင် အသင်းကြီးတွင်လည်းမပါခဲ့သော

အပယ်ခံရွေးကျ ကစားသမားထဲမှသာ ရွေးချယ်ဖွဲ့စည်းခဲ့ခြင်း မဟုတ်ပါလား။

ရွေးချယ်ပြီးချိန်မှစ၍ အချိန် ၃ လခန့်သာရခဲ့ကာ စုစည်းလေ့ကျင့်ခွင့် ရခဲ့သည်မှာ ၁ လခန့်သာရှိခဲ့ပြီး

ပညာနှင့်အတွေ့အကြုံရစေမည့် အသင်းကောင်းများနှင့်လည်း ခြေစမ်းခွင့်မရရှိခဲ့ပေ။

ထို့အပြင် ပြည်တွင်းမှမြန်မာနည်းပြကိုသာ တာဝန်ပေးခဲ့သည်။ အမှန်အတိုင်းဆိုရပါက ဘောလုံးအဖွဲ့ချုပ်အနေနှင့်

ယူ-၂၃ အပေါ်တွင်လေးနက်မှု နည်းပါးခဲ့သည်မှာကား အမှန်ပင်

သို့သော် ထိုသို့သောရွေးကျအသင်းကပင် မထင်မှတ်ထားသည့် ဗိုလ်လုပွဲအထိ ရောက်အောင်လှမ်းသွားနိုင်ခဲ့သည်။

ယခုလက်ရွေးစင်အသင်းကြီးက ယူ-၂၃ အဖြစ်ကစားခဲ့သော ၂၀၁၃ ဆီးဂိမ်းတွင်အုပ်စုမှထွက်ရသည့် ရလဒ်ဆိုးကို

၂၀၁၅ ဆီးဂိမ်ဝင် ရွေးကျအသင်းက ချေဖျက်ပြနိုင်ခဲ့သည်။

ဤအချက်နှင့်ပင် ယူ-၂၃ ကိုချီးကျူးရမည်ဖြစ်သည်။

ယခု…….ယူ-၂၃ အတွက်ပြိုင်ပွဲကားပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

သို့သော် အနိုင်လိုစိတ်နှင့် အသင်းလိုက် ကစားပုံကောင်းသည့် အသင်းကောင်း တစ်သင်းကို ပျက်မသွားစေလိုပါ။

လာမည့် …..ပြိုင်ပွဲများအတွက် ဆက်လက်စုဖွဲ့ထားမှသာ

လက်ရွေးစင်အသင်းကြီး ကစားသမားများ၏ နေရာသို့ ဝင်ရောက်အစားထိုး လာနိုင်မည်ဖြစ်သည့် အတွက်ပင်.

ယူ-၂ဝ ကမာ္ဘ့ဖလားပြိုင်ပွဲဝင် အသင်းသည်လည်း နောင်လာမည့် ၂၀၁ရ ဆီးဂိမ်းအတွက် ယူ-၂၃ အသင်းအဖြစ်ကစားရမည် ဖြစ်သည်။

ထို့ကြောင့်…… အသင်းလိုက်နားလည်မှုရှိစွာ ကစားပြနိုင်ခဲ့သော သက်တမ်းအလိုက်အသင်း ၂ သင်းဖြစ်သည့်

ယူ-၂ဝ နှင့် ယူ-၂၃ အသင်းများကို စဉ်းစားကာဆက်လက် မွေးမြူထားရမည်ဖြစ်သည်။

၂၀၁၃ ဆီးဂိမ်းတွင် ရွေတံဆိပ် ၈၄ ခုအထိရခဲ့သော မြန်မာအားကစားအဖွဲ့ အသီးသီးအတွက်

၁ နှစ်ခွဲခန့်အကြာ ၂၀၁၅ ဆီးဂိမ်းတွင် ရွှေတံဆိပ် ၁၂ ခုသာရတော့သည်မှာ အဘယ်ကြောင့်နည်း……?

မည်သည့် ကစားနည်းမဆို တစ်ပွဲတိုး ဆေးမြီးတိုနည်းများဖြင့် ခရီးမဆက်စေလိုတော့ပါ။

အထူးသဖြင့် ကစားနည်းများထဲတွင် လူတိုင်းစိတ်ဝင်တစား အားပေးကြသည့် ဘောလုံးကစားနည်းအတွက်

အဆင့်အတန်း တိုးတက်လာရေးမှာ ရေရှည် စီမံချက်ထား၍ ကြိုးပမ်း ရလိမ့်မည်ဖြစ်သည်။

ဤအချက်အတွက် မည်သူများထံတွင် တာဝန်ရှိနေပါသနည်း…..

ဤမေးခွန်းအတွက် အဖြေမှာခက်ခဲစွာ စဉ်းစားစရာမလိုကြောင်း အများအသိပင် မဟုတ်ပါလား….

ဆီးဂိမ်းပြိုင်ပွဲဝင် ငွေတံဆိပ်ဆုရ ယူ-၂၃ အသင်းကိုဂုဏ်ပြုလျက်……။

2

15 comments

  • manawphyulay

    June 16, 2015 at 3:04 pm

    ဘာပဲဖြစ်ဖြစ်ပါလေ… ခန္ဓာကိုယ် တူမျှ ထွားကြိုင်အောင် အရင်ကျင့်ပေးရမယ်ထင်မိတာပါပဲ။

  • ဇီဇီခင်ဇော်

    June 16, 2015 at 3:08 pm

    ရေရှည်ကြိုးပမ်းဖို့ ဘော ကွင်းတွေ ပြန်တောင်းကြပါစို့။

    :mrgreenn:

  • kai

    June 16, 2015 at 3:24 pm

    ပြောရရင်.. ယူအက်စ်မှာရော.. ဂျပန်မှာရော..ပါ့ဗလစ်အတွက်.. ဘောကွင်းတွေသိပ်မတွေ့မိဖူးရယ်..။
    ပန်းခြံတွေတော့ အများကြီးတွေ့သပေါ့..။
    အားကစားကွင်းကတော့.. ကျောင်းတွေထဲ.. မူကြိုကလေးကျောင်းမှာတောင်.. ထားတယ်..။ရှိတယ်..။

    ဗမာတွေ.. ခန္တာဖွဲ့စည်းတည်ဆောက်ပုံအရ.. ဘယ်အားကစားထူးချွန်နိုင်ကြသလည်းတော့မသိ..။
    ဘောလုံးကတော့.. တော်တော့်ကိုကြိုက်ကြတာတွေ့ရ..။
    အခုရွှေတံဆိပ်ရသွားတဲ့.. ခြင်းလုံးအားကစားကတော့ ဗမာ့ရိုးရာအားကစားတခုဖြစ်..။

    ဆိုတော့…
    အမဲသားစားကြရမယ်ထင်တာပဲ..။
    ကွိ…။

  • ဇီဇီခင်ဇော်

    June 16, 2015 at 3:32 pm

    ခိခိ။
    ကိုယ်တွေကလည်း ဘောလုံးကိစ္စပဲ အလေးထား ပြောနေမိလို့ရယ်။
    ရုံးက စလုံး ကောင်လေး ဆို လာမေးတယ်။
    မြန်မာတွေက ဘောလီဘောတို့ ဘီလီယက်တို့လည်း ကောင်းတယ်တဲ့။
    နင်တို့ အားကစား တက္ကသိုလ်က အကြီးကြီးလားတဲ့။
    ဘာပြန်ပြောရမယ် မသိလို့။
    ဟီးဟီးးး
    :mrgreenn:

    • တောင်ပေါ်သား

      June 16, 2015 at 4:04 pm

      သဂျီးရေ လူကောင်သေးတဲ့ဒဏ်ကို ယူ – ၂ဝ ပွဲမှာ တွေ့ခဲ့ရပြီးပြီလေ ၊

      အမဲသားက ဝက်သား ကြက်သားထက်ဈေးကြီး ၊ တစ်ပိသာ တစ်သောင်းကျော် ၊

      ဒီတော့ ငါးကလေး ( ငါးကလည်း ငမြစ်ချင်း ငသလောက်က အိပ်စ်ပို့စ်ကဆွဲ ) စားပေါ့ ၊

      မမချွိရေ ကန်စရာကွင်းကရှား ၊ ရှိတဲ့ကွင်းကို အကြောင်းအမျိုးမျိုးပြ သိမ်း ၊ ဘယ့်နှယ်လုပ်ကြမတုန်း

    • Ma Ma

      June 16, 2015 at 6:49 pm

      (နင်တို့ အားကစား တက္ကသိုလ်က အကြီးကြီးလားတဲ့။)
      ပံ့ပို်းမှု့အပြည့်အဝမပေးနိုင်တာတောင် ဒီလောက်ထိ စွမ်းနိုင်ကြတဲ့ အားကစားသမားလေးတွေအတွက် ဂုဏ်ယူပါတယ်။ 🙂

      တွန်းတွန်းတိုက်တိုက် အားသွန်ခွန်စိုက်ကစားသွားကြတာမို့ တာဝန်ကျေကြပါပေတယ်။ 🙂

    • ဂျက်စပဲရိုး

      June 16, 2015 at 10:07 pm

      အတိုက်အခိုက် လဲ တော်ကြသတဲ့။
      NTU က ကျောင်းသူ တစ်ယောက် ပြောတာ သူတို့ ကျောင်းက တိုက်ကွမ်ဒို သင်တန်းမှာ မြန်မာ ကျောင်းသားတွေ ရှိသတဲ့။
      “နင်တို့ မြန်မာ တွေက martial arts နဲ့ ပတ်သက်ပြီး ထူးချွန်ကြတယ်နော်” လို့ကို ပြောယူသွားရတာ။

      (အဲ့ ငတိ တွေကိုက ဘယ်လောက် သောင်းကျန်း နေသလဲတော့ မပြောတတ်) း)

  • Wow

    June 17, 2015 at 8:52 am

    ဒီကလေးတွေ မြန်မာ့လက်ရွေးစင်အသင်းလို စိတ်ဓာတ်တွေ ပျက်မသွားပဲ ခုတိုင်းပဲ ညီညီညွတ်ညွတ်လေး ရှိစေချင်တယ်.

  • lu lu

    June 17, 2015 at 9:07 am

    အားကစားစိတ်ဓာန်အပြည့်နဲ့ယှဉ်ပြိုင်ခဲ့ကြတဲ့အတွက်
    ကျေးဇူးလည်းတင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်
    🙂 u23 အရမ်းတော်ပါတယ်

  • အောင် မိုးသူ

    June 17, 2015 at 10:09 am

    ဘာပဲဖြစ်ဖြစ် အားပေးနေဆဲပဲ။ နည်းနည်းခေါင်းမော့လာတာကိုပဲ ကျေနပ်မိပါတယ်။

  • Alinsett @ Maung Thura

    June 17, 2015 at 10:40 am

    ညသန်းခေါင်… မြို့လည်ခေါင်မှာ ကား ဖြတ်မောင်းတဲ့အခါတိုင်း…
    ဆူးလေဘုရားလမ်းတို့… ဗန္ဓုလလန်းတို့ အလယ်ခေါင်မှာ… ကားလမ်းကို ပိတ်ပြီး..ဘောလုံးကန်နေကြတာ..
    အမြဲလိုလို တွေ့ရတယ်…
    ကားတွေက… ရပ်ပြီး လမ်းတောင်းတာတောင် မဖယ်ချင်…
    လမ်းတစ်ခုလုံးမှာ ဘောလုံး ကန်နေသူတွေက… နေရာအပြည့်ယူ… လမ်းကို မောင်ပိုင်တွေစီထားကြတာ..
    …အဲဒီ ချာတိတ်တွေထဲ… ကဗာကျော် ရွှေဖိနပ်ပိုင်ရှင်ကြီးတွေ ဘနယောက် ထွက်လာလေမလဲ…

  • ကထူးဆန်း

    June 17, 2015 at 10:48 am

    အားလုံး အား လုံး ထဲ မှာ ရွှေ တံ ဆိပ် အကြီး ကြီး ပေး ခ ျင် တာ က စကာင်္ပူ က နေ စလိုက် တဲ့ ပွဲ ပြီး အမှိုက်သိမ်း မှု စလိုက် တဲ့ group , လေး ကို ဘဲ ..
    သူ တို့ စ လိုက ်ရာ ကနေ ချီး က ျူ းခံ လိုက် ရ တော့ အ ခု စည်း ကမ်း တစ် နဲ နဲ ရှိစွာ အားပေး လာတယ် ..
    အဲ့ ဒီ့ အတွက် ပြည့်သူ့ စွမ်းဆောင် ဆု ကို အဲ့ဒီ့ စလိုက် တဲ့ group , အဲ့ လို လုပ ်ရ အောင် ဆိုုပြီး စ လုပ်တဲ့ ခေါင်းဆောင် သူ တွေ ကို ရွှေ တံ ဆိပ ် အ ကြီး ကြီး ပေးလိုပါတယ် .

    • ဂျက်စပဲရိုး

      June 17, 2015 at 1:00 pm

      ပေးချင်ရင် ပေးလို့ရမယ် ထင်တယ်။
      အဲ့ဒီလို အမှိုက်ကောက်ကြမယ် ဆိုပြီး စခဲ့တဲ့ အကိုကြီးက ရန်ကုန် ပြန်ရောက်နေပါပြီ။

      https://www.facebook.com/sannmaungmaung?fref=grp_mmbr_list

      ဒီ အကို ပါ။

      ဖေ့စ်ဘုတ်ခ် ဂရု လဲ ရှိတယ်လေ။
      https://www.facebook.com/groups/650909791597160/

      စီးတီးဟော ပင်နင်ဆူးလား ပလာဇာ ရှေ့က church ထဲမှာ ပိတ်ရက်တွေ မြန်မာတွေ သွားသွားထိုင်ကြပြီး အမှိုက်တွေ ရှုပ်ခဲ့တာတွေကို ရှင်းပေးကြမယ်ဆိုပြီးတော့ စခဲ့ကြတာပဲ။ း)

  • Mike

    June 17, 2015 at 1:44 pm

    .ယူ ၂၃ ကိုချီးက ျူးပါတယ်…
    .လက်ရှိအာဏယရှိနေခ ျိန်လေးမှာ လက်က ျန်မြေကွက်မှန်သမှ ျခရိုနီတွေလက်ထိုးရောင်းနေတဲ့
    .အစိုးရကိုတော့ “တာရိုးကနွား”ပဲလို့ပြောခ ျင်တယ်

  • မြစပဲရိုး

    June 18, 2015 at 12:08 am

    အားကစားထဲ ဘော်လုံးကမှ ခရိုနီတစ်ယောက် စိတ်ဝင်စားလို့ နဲနဲ ဂရုစိုက် လိုက်တယ် လို့ ခေါ်လို့ရသေး။
    ကျန်တဲ့ အားကစား အဖွဲ့တွေမှာ မပြည့်မစုံ ချို့တဲ့တဲ့ နဲ့ သွားပြိုင် ပေမဲ့ ရွှေရတာတောင် အသိအမှတ် ပြုဖို့ အားနည်းကြတယ်။
    ဒီ ဘော်လုံး ကိုဘဲ အားလုံး က မဲ ပြီး အားပေးနေကြတော့တာ။
    ကျန်သူ တွေ အတွက်လဲ စိတ်ဓာတ်အားပေးမှုလေးတော့ လုပ်သင့်ပါတယ်။

    ဘာဘဲဖြစ်ဖြစ် မသိတဲ့ သတင်းလေးတစ်ချို့ သိရလို့ ကျေးဇူးပါ ကိုမျိုးရေ့။ :-))

Leave a Reply