စေတနာ နဲ့ အစားအစာ

နံနက်မိုးလင်းပြီဆို ဖြေရှင်းရမယ့် အကြောင်းအရာတစ်ခုက နံနက်ခင်းစာကိစ္စပေါ့။

အချို့တွေက လက်ဖက်ရည် ၊ ကော်ဖီ နဲ့  Bakery မုန့်တစ်ခုခုဆို နံနက်စာ ပြီးမြောက်

ကြတယ်။ နံနက်ခင်းစာလို့ ဆိုလိုက်တာနဲ့ ထမင်းကြော် ၊ လက်သုတ်စုံ ၊ မုန့်ဟင်းခါး ၊

အုန်းနို့ခေါက်ဆွဲ နဲ့ လက်ဖက်ရည် ၊ ကော်ဖီတို့ကို အားလုံးပြေးမြင်တတ်ကြပါတယ်။

အချို့တွေကတော့ ထမင်းကြမ်းခဲနဲ့ ပဲပြုတ်ဆီစမ်းပေါ့

ကာလတွေပြောင်းလာတာနဲ့ အမျှ လူတော်တော်များများဟာလည်း အရင်ကလို

နံနက်ခင်းစာကို အိမ်မှာလို ထမင်းကြော်ချက် မစားကြတော့ပါဘူး။ ရုံးအလုပ်လုပ်တဲ့

သူတွေက လမ်းသင့်တဲ့ ဆိုင်တစ်ဆိုင်က လက်သုတ်စုံ ဒါမှမဟုတ် မုန့်ဟင်းခါးကို

ပါဆယ်ဆွဲတဲ့သူဆွဲ ဆိုင်ထိုင်စားတဲ့သူစားကြတာပါပဲ။

 

*******************************************

ကျွန်တော်ဆို နံနက်ခင်းစားကို လက်ဖက်ရည် ၊ ကော်ဖီ မသောက်တတ် မစားတတ်

ပါဘူး။ နံနက်ခင်းဆို လက်သုတ်စုံ ဒါမှမဟုတ် မုန့်ဟင်းခါး (သို့) အုန်းနို့ခေါက်ဆွဲ ဒါမှမဟုတ်

ထမင်းကြော် တစ်ခုခုစားလိုက်ရမှသာ တင်းတိမ်နိုင်တာပါ။ အစားအသောက် ချေးများတဲ့

သူဆိုတော့လည်း ကသီကလင်နိုင်တာပေါ့။ အရင်တုန်းကတော့ စားခဲ့ပေမယ့် အခုတော့

အစားအသောက်ဆို သေချာကြည့်တတ်နေပြီ။

နံနက်ပိုင်းဆို ကျွန်တော်အလုပ်သွားနေကျ ကားမှတ်တိုင်နားမှာ လက်သုတ်စုံဆိုင်

တစ်ဆိုင်ရှိတယ်။ လက်သုတ်စုံလို့ ဆိုကတည်းက မြန်မာတော်တော်များများ သိကြမယ်

ထင်ပါတယ်။ လက်သုတ်စုံမှာ ခေါက်ဆွဲသုတ် ၊ ကြာဇံသုတ် ၊ နန်းကြီးသုတ် ၊ ပဲပြားသုတ် ၊

တို့ဖူးသုတ် ၊ အကြော်သုတ် နဲ့ အစုံသုတ်ဆိုတာတွေပါလိမ့်မယ်။ နောက်ပြီး တွဲဖက်

သောက်ရမယ့် ဟင်းခါးပေါ့။ ဟင်းခါးတော့ သုံးတဲ့ဆိုင်ချင်းမတူပါဘူး ဂေါ်ဖီဟင်းခါး ၊

မြင်းခွာရွက်ဟင်းခါး ၊ ပဲပင်ပေါက်ဟင်းခါး ၊ ကြာရိုးဟင်းခါး အစုံပါပဲ။

ပြောမယ့်အကြောင်းအရာက အဲ့သည်လက်သုတ်စုံဆိုင်ဟာ အမြဲလူအုံနေတာပါပဲ။

ဒါနဲ့ ဝယ်စားမယ်ပေါ့။ လက်သုတ်စုံကောင်းဆိုတဲ့ အထဲမှာလည်း ကောင်းခြင်းတွေပြည့်စုံ

ရမယ်လေ။

 

နံပါတ် (၁) – အချဉ်ရည်ကောင်းရမယ်။

နံပါတ် (၂) – ဆီချက်ကောင်းရမယ်။

နံပါတ် (၃) – ငရုတ်သီးမှုန့်ကောင်းရမယ်။

နံပါတ် (၄) – ငံပြာရည်ကောင်းရမယ်။

နံပါတ် (၅) – သုတ်တဲ့ ကြာဇံ ၊ တို့ဖူး ၊ ပဲပြား ကောင်းရမယ်။

 

***********************************************

သည်လိုနဲ့ ကျွန်တော်အသုတ်တစ်ပွဲ ဝင်ဝယ်ပါတယ်။ တစ်ပွဲ့ကို သုံးရာကျပ်။

ဟုတ်ပြီ ဒါကပုံမှန်ဈေးပဲ။ သူအစာပလာတွေ ထည့်ပုံကိုကြည့်တယ်။ မဆိုးဘူး။ လက်သာ

တယ်။ အချဉ်ရည်လည်း ကောင်းမယ့်ပုံပဲ။ ကြာဇံလေးကလည်း အိနေတာပဲ။ ဒါကြောင့်မို့

ရောင်းကောင်းတာကိုး။ ကြည့်နေရင်း မျက်လုံးပြူ းသွားရပါတယ်။ အသုတ်ထဲကိုထည့်လိုက်

တဲ့ အချိုမှုန့်ဆိုတာ လက်တစ်ဆစ်မောက်မောက်ကျော်ကျော်စာ ထည့်ပစ်လိုက်တာ။

အစစအရာရာ ကောင်းနေပေမယ့် အချိုမှုန့်ကြီးထည့်ပစ်လိုက်တာ မျက်လုံးပြူးသွား

တယ်။ ကောင်းပြီ။ ဒါက ကိုယ့်ဘက်က ဆင်ခြင်လို့ရတဲ့ ကိစ္စ။ သူအချိုမှုန့်ထည့်ခါနီးကျရင်

“အန်တီ အချိုမှုန့်လျော့ထည့်ပါလို့”ပြောလိုက်တယ် အိုကေပဲ။ သူ့ဟင်းခါးတော့

သိပ်မသောက်ဖြစ်တော့ဘူး။ ထုံစံအတိုင်း အချိုမှုန့်အရည်ဖြစ်နေလို့ပဲ။ ဒါကတော့ တစ်ဆိုင်။

ကျွန်တော့်အလုပ်က လမ်းငါးဆယ်နားမှာ အလုပ်အသစ်ဆိုတော့ စစဆင်းဆင်းချင်း

နံနက်ခင်းစာ စားဖို့ဆိုင်လိုက်ရှာတယ်။ လမ်းငါးဆယ်ထိပ်မှာ မြောင်းမြမုန့်ဟင်းခါးတဲ့

နာမည်ကြီးပဲ။ ဝယ်စားကြည့်မယ် ဆိုပြီး ပထမဆုံးဝင်စားတယ်။ မုန့်ဖက်ဘာညာ အကုန်

ကောင်းတယ် မကောင်းတာ အရမ်းရင်ပူတာပါပဲ ပြီးတော့ အချိုမှုန့်အများကြီးသုံးထားတာ

သိသာလွန်းတယ်။

အချိုမှုန့်အများကြီး သုံးတဲ့မုန့်ဟင်းခါးနဲ့ မသုံးတဲ့မုန့်ဟင်းခါး ဘယ်လိုခွဲခြားမလဲ။

– ငါးများရမယ် (အချို့မုန့်ဟင်းခါးက ငါးသိပ်မပါဘူး)

– စားပြီးရင်ထဲမကောင်းမဖြစ်ရဘူး။

– ပဒဲကော ၊ ဂျင်း ၊ မိတ်သလင် မများရဘူး (များရင် တအားရင်ပူတယ်)

– စားပြီးရင် လျှာမှာ စွဲပြီးကျန်ရစ်ခဲ့တယ်။

 

ဒါတွေဟာ အချိုမှုန့်များတဲ့ မုန့်ဟင်းခါးလက္ခဏာတွေပါပဲ။

 

ရန်ကုန်မြို့မှာဆိုရင်တော့ နှိုင်းယှဉ်နိုင်ဖို့ ပြောပြပါ့မယ်။ နံနက်ပိုင်း လမ်းငါးဆယ်ထိပ်

မြောင်းမြမုန့်ဟင်းခါး နဲ့ ညနေပိုင်း ဆူးလေ ဆမ်းဆောင် Showroom ရှေ့က မုန့်ဟင်းခါး

စားဖူးရင် သိမှာပါ။ သိသာတာ တစ်ခြားစီပါပဲ။ ကဲ နောက်တစ်ပိုင်း။

 

*****************************************************

 

ရောင်းချသူရဲ့ စေတနာ

 

ကျွန်တော်တို့အမေဟာ ကောက်ညှင်းပေါင်း ၊ မုန့်ဖက်ထုတ် ၊ လက်သုတ်စုံ ၊

သကြားမုန့်ဖက်ထုပ် ၊ ထမင်းကြော် တော်တော်များများ ဈေးရောင်းပြီး ကျွေးခဲ့ဖူးတယ်။

ဈေးရောင်းလို့စုရင်း အိမ်ပိုင်ကလေး ဝယ်ခဲ့တာလို့ ပြောဖူးတယ်။

အလှူလုပ်ချင်ရင် ဈေးရောင်းလို့လည်းပြောပါသေးတယ်။ ဈေးရောင်းနေရတာ

စိတ်ချမ်းသာတယ်တဲ့ အမြဲတမ်း လက်ထဲမှာ ငွေမြင်နေရလို့ဆိုပဲ။

ပြောချင်တဲ့အပိုင်းက ဈေးရောင်းတဲ့သူဟာ စေတနာလေးပါ ထည့်ရောင်းရင်

အတိုင်းထက်အလွန်ပါပဲ။ စေတနာမပါတဲ့ဆိုင်ဟာ ရေရှည်လည်း တည်မြဲမှာမဟုတ်သလို

တည်မြဲနေပလိမ့်စေဦး။ စေတနာပါတဲ့ ဆိုင်တစ်ဆိုင်ပေါ်လာရင် အခြားဆိုင်ဘက်သာ

ဝယ်သူက ရောက်သွားမှာပါ။

အိမ်နားက လက်သုတ်စုံဆိုင် နှစ်ဆိုင်ရှိပါတယ်။ တစ်ဆိုင်က ရောင်းနေရင်း

ဆီချက်ကုန်သွားတယ်။ ရောင်းတဲ့သူဟာ ဘာလုပ်တယ်မှတ်ပါသလဲ။ ဆီစိမ်းတွေကို

ဆီချက်အိုးထဲထည့်ထပ်ရောင်းပါတယ်။ နောက်တစ်ဆိုင် မရှိတော့ရင် မရောင်းပါဘူး။

နို့စိမ်ခေါက်ဆွဲပါ တွဲရောင်းတဲ့အတွက် ဟင်းခါးမလိုချင်တဲ့သူ နို့စိမ်းခေါက်ဆွဲအရည်

ပေးပါတယ်။

 

ဒီနေ့နံနက်ပဲ ရုံးနားက လက်သုတ်စုံဆိုင်တစ်ဆိုင်တွေ့ခဲ့ပါတယ်။ မုန့်ဟင်းခါး ၊

ဆီထမင်း နဲ့ တိုရှည်ကို လှည့်ပတ်စားနေတဲ့ကာလမှာ လက်သုတ်စုံဆိုင်တစ်ဆိုင်တွေ့တော

ဝမ်းသာရပါတယ်။ သည်လိုနဲ့ ပါဆယ်ဝယ်မယ်လို့ ဆုံးဖြတ်ပြီး ဝင်လိုက်တယ်။ လူက

ခပ်များများရယ်ပါ။ ပလက်ဖောင်းပေါ်မှာ မှန်ဘောင်လေးနဲ့ ခေါက်ဆွဲကြာဇံ ၊ ပဲပင်ပေါက် ၊

ဂေါ်ဖီ ၊ သဘော်သီးကိုပါးပါးလှီးထားတယ်။ အားလူးပြုတ် ၊ ပဲပြား ၊ တို့ဖူးပါတယ်။

တစ်ပွဲသုံးရာဆိုတော့ ပုံမှန်ပါပဲ။ ကျွန်တော်ခေါက်ဆွဲနဲ့ကြာဇံသုတ်ပေးပါဆိုတော့။ သူကမေးပါတယ် တစ်ခါတည်းသုတ်ပေးလိုက်ရမလားဆိုတော့။ ကျွန်တော်လည်း

သုတ်ပေးလိုက်ပါလို့ ပြောလိုက်ပါတယ်။ အသုတ်ဆို ကျတော်က သီးသန့်စားပါတယ်။

ဥပမာ – တို့ဖူး ၊ ပဲပြားတို့ ရောသုတ်မစားတတ်ပါဘူး။

သူ သုတ်ပုံကို ကျွန်တော်ကြည့်ပါတယ်။ သင်္ဘောသီးပါးပါးလှီးထားတာရယ် ၊ ဂေါ်ဖီ

ရယ် ၊ ပဲပင်ပေါက်ရယ် ၊ သခွားသီး နဲ့ အာလူးပြုတ်ကို မျှမျှတတနဲ့ ထည့်ပါတယ်။ အချဉ်ရည်

ကောင်းပုံပါပဲ။ အချိုပုံ အနည်းငယ်သာပါပါတယ်။ ပြီးတော့ သူသုတ်ပါတယ်။ သုတ်ပြီးသား

အသုတ်ကို ကျွတ်ကျွတ်အိတ်နဲ့ ထည့်မပေးဘဲ ဖော့ဘူးလေးနဲ့ ထည့်ပေးပါတယ်။

မပြီးသေးပါဘူး။ ဘဲဥပြုတ်ပါးပါးလှီးထားတာကို အပေါ်မှာ ဖြူ းပေးပါသေးတယ်။ ကျွန်တော်

ပြုံးမိလိုက်တယ်။ သူ့ဆိုင် လူအုံတာမဆန်းပါဘူး ဒိထက်ရောင်းကောင်းဦးမှာပါ။

သူ့အသုတ်ကောင်းမကောင်းဆိုတာ မြည်းကြည့်နေဖို့ မလိုပါဘူး။ စေတနာနဲ့

အစားအစာဆိုတာလည်း ဆက်စပ်နေပါလားလို့။ ကျွန်တော်တွေးမိလိုက်ပါတယ်။

*******************************************

လေးစားစွာဖြင့်

အောင်မိုးသူ

15 comments

  • ဇီဇီခင်ဇော်

    June 18, 2015 at 11:48 am

    ကျန်းးး
    ရှင်တို့ကလေ ကျုပ် အားတဲ့ နေ့မြန်းဆို ပို့(စ) မတင်ကြဘူးးး
    ဒီနေ့ မအားတော့ မန့်ချင်စရာ ပို့(စ) တွေ က တန်းစီလို့။
    ကျုပ် အရင် လာ တန်းစီသွားတာ။

    ပြန်လာမှာ..

    ဘယ်နေရာမဆို စေတနာ အရေးကြီးတာပါဆို။

    :chit:

    • အောင် မိုးသူ

      June 18, 2015 at 12:04 pm

      ဒီနေ့ အနည်းငယ်အားလို့ စိတ်ကူးပေါက်တာနဲ့ ရေးတင်တာပါ မကြီး….။

  • aye.kk

    June 18, 2015 at 12:45 pm

    စေတနာ နဲ့အစားအစာတွဲဖက်ပြီး
    ရောင်းစားတဲ့ဆိုင်မှာ၊ဝယ်စားတဲ့သူကစားကြည့်တာနဲ ့သိသွားပါတယ်။
    နောက်တစ်ခါဆန္ဒရှိလို့စားချင်ရင်၊အဲဒီဆိုင်မှာထပ်ပြီးအားပေးမှာက အသေအချာပါ။
    စေတနာနဲ့ပြုလုပ်ဆောင်ရွက်ပြီး လုပ်ထားတဲ့အစားအစာကအင်မတန်မွန်မြတ်လှပါတယ်။
    ေစေတနာပါတော့ရောင်းအားကေါင်းမှာလဲအမှန်ပါ။

  • တောင်ပေါ်သား

    June 18, 2015 at 1:06 pm

    မနက်စာဆိုလို့ ကျနော်ကတော့ မနက်အိပ်ရာထ ရေချိုး အိမ်ကထွက်
    သံလမ်းက လှိုင်မင်းကဖီးမှာ ကျဆိမ့်တစ်ခွက်သောက် ၊ ရုံးဝင် ၊
    ၁၁ နာရီ မှာ ထမင်းစား အဲသလိုသားနေတာ ၁ဝ နှစ်ကျော်ပြီ ၊
    ရုံးပိတ်ရက်လည်း မနက်ဆို လဘက်ရည်တစ်ခွက်ပဲ ၊ ဆိုတော့ ကိုအောင်မိုးသူနဲ့ မတူဘူးပေါ့လေ ၊ ကျနော်ဈေးဝယ်ရင် ဝယ်နေကျဈေးသည်တွေက ပိုပိုသာသာ ပေးတတ်တယ်ဗျ ၊
    ကိုယ်ကလည်း သူ့ဆီပဲဝယ်တာဆိုတော့ နှစ်ဘက်လုံးက သဘောပေါက်တယ်ပေါ့ဗျာ ၊ ဝယ်နေကျဆိုင်မဟုတ်ရင် အဲသလောက်ကို မရ ၊ စေတနာဆိုတာနဲ့ပတ်သက်ပြီး စေတနာထား ရောင်းတတ်သူတွေ တွေ့ဘူးသပေါ့ ၊
    ရုံးရှိတဲ့ MICT Park ဝင်းကြီးမှာ ကုမ္ပဏီက လေးငါးဆယ် မက ၊
    ဝင်းကြီးဘေးမှာ ဈေးဆိုင်တွေ ပြည့် လို့ ၊
    ဥပမာ ထမင်းဆိုင်ဗျာ ၊
    ဘယ်ဆိုင်ဖြစ်ဖြစ် ပုံစား ( ထမင်းပန်းကန်ထဲမှာ ဟင်းကိုပါ ပုံထည့်လိုက်တာ ) ဆိုရင်
    အရင် ၅၀ဝ ၊ ၆၀ဝ ကနေ အခု ၈၀ဝ ၊ လိုက်ပွဲက ၁၀ဝ ၊
    အဲဒီမှာ စေတနာပါတဲ့ဆိုင်က တို့စရာဆိုလည်း ခပ်စုံစုံလေး ၊
    အရည်သောက်ကလည်း တစ်နေ့ တစ်မျိုး ကောင်းနိူးရာရာလေးတွေပေါ့ ၊
    တစ်ချို့ဆိုင်ကတော့ တို့စရာဆို တစ်ခါလာ သခွားသီး ၊ မြင်းခွာရွက် ၊ ပဲတီချဉ် ၊
    တစ်ခါလာ သခွားသီး ၊ မြင်းခွာရွက် ၊ ပဲတီချဉ် ၊ ပုံသေပဲဗျာ ၊
    အရည်သောက်ကလည်း ချဉ်ပေါင်းချဉ်စူးစူးက ပင်တိုင် ၊
    ကဲ အဲဒီတော့ ဘယ်ဆိုင်မှာ စားမလဲ ? အဲဒါပါပဲဗျာ ၊
    ဒါ ထမင်းဆိုင်အကြောင်းပဲ ရှိသေးတာနော ၊

  • ဦးကျောက်ခဲ

    June 18, 2015 at 1:36 pm

    ဝေး… အသုပ်ကြိုက် မောင်ရင်တော့တွေ့ပြီ… မုန့်ဟင်းခါးကို ဒီလောက်မဟုတ်…
    ခေါက်ဆွဲသုပ် ကြာဆန်သုပ် ပဲပြားသုပ် ပုဇွန်စာရွက်ကြော်သုပ်အလွန်ကြိုက်တာ…
    တစ်ခါစားရင် ၂-ပွဲအနည်းလေးပဲ ၊ နို့စိမ်းခေါက်ဆွဲလည်းကြိုက်တယ်…
    ရွာမှာစားရင် အချိုမှုန့်ကို အတော်ရှောင်ရတာ … ဘေးဖြစ်မှာစိုးလို့…
    စားဖြစ်တာကတော့ Feel ရယ် ၊ အလုံကြီးပိုင်းကဆိုင်ရယ်ပဲ…
    စေတနာကွာတယ်ဆိုတာ အဟုတ်ဗျ … စလုံး ပန်နီဆူးလားကဆိုင်ဆိုစားမရ…
    သိပ်ငတ်လွန်းမှစားတယ်… အခုလည်း ဖတ်ပြီးသွားရည်ကျ… ရှလွတ်စ် :k:

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      June 18, 2015 at 1:40 pm

      ယုံဘာဒယ်ဗျာ… အူးလေးတို့ အစားကြိုက်တာတော့….
      ရုံးမှာ လက်မှတ်ထိုးပြီး ဘုရားတက်ဖို့ ထွက်လာပါတယ်…
      လင်မယား၂ယောက်စလုံး ဖီးလ်မှာ ဝင်ဆွဲနေတာများ… ခေါင်းတောင်မဖော်ဘူး..

      ဘေးကကျိတဲ့လူတွေက
      ခုလေးတင် လက်ထပ်လာတယ် ဘူမှ ထင်မှာမဟုတ်ဝူး…
      အိမ်ထမင်းအိမ်ဟင်း ညီးငွေ့လို့ အပြင်ထွက်ပြီး စားနေတဲ့ အတွဲကျနေတာပဲ….

      အဟိအဟိ….

      • ဦးကျောက်ခဲ

        June 18, 2015 at 2:00 pm

        ငမ့် … စနိုဒန်လုပ်ပြန်ဘီ… ပြန်ဖွမယ်… ခွိ :k:
        ဘုရားက အောင်မြေအကွက်လေးကို ဓာတ်ပုံရိုက်လေ… ဟီ ဟိ…

        • အောင် မိုးသူ

          June 18, 2015 at 2:13 pm

          Feel ကတော့မဆိုးဘူးကော အချို ့ လက်ဖက်ရည်ဆိုင်က အသုတ်တွေတော့ သိပ်မကြိုက်လှဘူး။ 🙂

  • ဇီဇီခင်ဇော်

    June 18, 2015 at 1:53 pm

    အမ က ဟင်းချက် လက် ရာ ကောင်းမကောင်း တောင် သိပ် မကြည့်ဖြစ်ဘူးးး၊
    ကိုယ့်ကို ကျွေးတဲ့ ဟင်းတစ်ခွက်မှာ စေတနာ ပါမပါ ကိုပဲ အရင် ကြည့်တယ်။
    ဒီရွာမှာ ဒီ စားဖိုမှူးတွေကို အရမ်းချစ်ပြီး သံယောဇဉ် ကြီးရတာ အဲဒါပဲ။
    လှပ ဆန်းပြားတာထက် ကိုယ့်ရဲ့ နည်းကောင်းလေးတွေ ပြောပြဖို့ မတွန့်ဆုတ်ဘူးးး မတွန့်တိုဘူးးး
    အဲဒီ စိတ်လေးတွေကို မြင်ရတယ်။

    ဆိုင်ကြီး တွေမှာ ထိုင်စားရတာထက် အဲလို စားရတာကို ပိုကြိုက်တယ်။
    ရပ်ကွက် ဆိုင်တွေ ဆို ဘယ်ဆိုင်က စေတနာပါပါ ရောင်းတယ် ဘယ်ဆိုင်က ရောင်းရပြီးရော ရောင်းတယ် ဆိုတာ သိသာတယ်။
    စေတနာဆိုတာကလည်း အပြောကောင်းကောင်းက လာတာမဟုတ်ဘူးနော့။
    လုပ်ရပ်က လာတာ။

    အဲဒါကြောင့် ဒီ အသက်အရွယ်ထိ အမှားဆိုရင် စေတနာနဲ့ မှားတဲ့ အမှားတွေကို လက်ခံတယ်။

    လေဒီ ကို ချစ်တာလည်း ဒီ စေတနာကို မြင်လို့ပဲ။
    စစ်အဆိုးရကို မုန်းတာလည်း သူတို့ စေတနာမထားမှန်းသိလို့ပဲ။

  • Ma Ma

    June 18, 2015 at 10:54 pm

    မလှူတတ်ရင် ဈေးရောင်းလို့ ပြောတာ တကယ်မှန်တယ်။
    လိုက်နာနိုင်ဖို့ ခက်တာပဲ ရှိတယ်။

    အစားအသောက်ရောင်းတဲ့သူက ပိုအရေးကြီးတာပေ့ါ။

    သမိုင်းထဲမှာ မုန့်ဟင်းခါးရောင်းတဲ့ဆိုင် ၂ ဆိုင် သိပ်မဝေးပဲ ရှိတယ်။

    တဆိုင်က လက်ရာအရမ်းမကောင်းပေမယ့် စားတဲ့သူပိုများတယ်။
    စားနေရင်းမှာ ဘာလိုသေးလဲမေးတယ်။
    လူအုပ်စုလိုက်လာရင် ဟင်းရည်ကို ပန်းကန်အကြီးနဲ့ သပ်သပ်ထပ်ချပေးတယ်။
    ခုတော့လည်း နာမည်ကြီးပြီး ဆိုင်ခွဲတွေတောင် အများကြီး ဖြစ်နေပြီ။

    နောက်တစ်ဆိုင်က လက်ရာပိုကောင်းတယ်။
    စားလို့ကောင်းလို့ တစ်ခါက ပါဆယ်သွားဝယ်တာ ဟင်းရည်ထည့်ပေးရင်းနဲ့ ခွက်ရေ ရေတာ ပိုသွားလို့ဆိုပြီး ပြန်ခပ်ထုတ်တယ်။
    ကြည့်ရအောင့်သက်သက်နဲ့။
    သူ့ဆိုင်မှာ စားရင်လည်း ကပ်ကပ်သပ်သပ်နဲ့မို့ နောက်ဘယ်တော့မှ မစားတော့ဘူး။
    ခုတော့လည်း ဆိုင်တောင် ရှိသေးရဲ့လား မသိတော့ဘူး။

    • အောင် မိုးသူ

      June 19, 2015 at 9:38 am

      ကျတော်ထင်တာ နာမည်ကြီးပြီးသား ဆိုင်ခွဲတွေက ဖရန့်ချိုင်းတွေယူလိုက်တာနေပါလိမ့်မယ်။ YKKO လည်း ထိုနည်းဌင်းလို့ထင်တယ်။

  • မြစပဲရိုး

    June 19, 2015 at 1:50 am

    အရီး ကတော့ အအိပ်ပုတ်သူမို့ ငယ်ကထဲ က မနက်စာ စားဖို့ ဘယ်တော့မှ အချိန်မရ။
    ဘီစကစ် လောက်ဆိုဘဲ လုံလောက်ပြီ။
    အခုလဲ ဒီလိုဘဲ။
    ဒီမှာ က အိမ်တွေမှာ ဘယ်သူမှ မနက်စာ ကို တစ်ခုတ်တရ လုပ်မနေဘူး။
    ဆိုင် တွေလဲ သိပ်မရှိဘူး။
    McDonalds’ လောက်ဘဲ ရမယ်။ ဟိုတယ် မနက်စာ ကတော့ တစ်မျိုးပေါ့။
    ဒီတော့ Cereal နဲ့ နို့ ဘဲ စားကြတာများတယ်။
    အခုနောက်ပိုင်း အသီး တွေ ကို ပိုစားကလာကြတယ်။
    . ပြောလို့ ပြောတာမဟုတ် အင်္ဂလိပ်တွေ က သူများတွေလောက် အစား သိပ်မစားကြသလိုဘဲ။
    အဲဒါ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းထဲ မှာလဲ ဖတ်ဖူးတယ်။
    အရီး လို ငပျင်း နဲ့ ကတော့ ဟန်ကိုကျနေတော့တာဘဲ။
    သူတို့လမ်းစဉ် လိုက်ပြီး အဟာရဖြစ် ဖြစ်သလို ပေါ့။ lol:-))

    • အောင် မိုးသူ

      June 19, 2015 at 9:36 am

      အရီးပြောတာမှန်ပါတယ်။ စင်ကာပူမှာ ၂လလောက် ရှင်သန်ခဲ့တုန်းက နံနက်စာကို ဘာစားရမှန်းမသိဘူး။ စစရောက်ချင်း နံနက်ခင်းဆို အနီးနားက မက်ဒေါ်နယ်ဆိုင်ပဲ သွားရတယ်။ စားရတာ အာသီသမရှိပါဘူး။

  • Alinsett @ Maung Thura

    June 20, 2015 at 9:22 am

    မနက်စာရော..နေ့လည်စာရော..ညစာရော… ဖွေးဖွေးပဲ စားချင်သာ

  • Mike

    June 20, 2015 at 1:22 pm

    .က ျပ်မနက်ခင်းစာကတော့နေ့တိုင်းမုန့်ဟင်းခါးပဲ..
    .ဒါပေမဲ့ အိမ်ကဆိုင်က မုန့်ဟင်းခါးတော့မဟုတ်ဘူး
    .အလုပ်သွားရင်း လမ်းမှာ(ဘုရင့်နောင်နားမှာ) လုူတစ်ယောက်ဝင်ခေါ်ရတယ်…အဲ့နားကလမ်းဘေးမုန့်ဟင်းခါးဆိုင်ပဲ
    .အရည်ခပ်က ျဲက ျဲနဲ့ချိုချိုလေး..ငါးဖတ်လေးတွေလည်းပါရဲ့…နေ့တိုင်းစားဖြစ်တယ်
    .မဒမ်မိုက်ကိုတော့ မပြောပြဘူး…သူ့မုန့်ဟင်းခ ါးမစားပဲ တခြားမှာစားတာသိမစိုးလို့ ..ခိခိ :))

Leave a Reply