ဆိုအပ်လှ၏ – Criticise

ဇီဇီJuly 20, 20153min19220

 

ကိုယ့် မှာ တော့ အရင်က နောက်နေကျ လျှောက်ပြောနေကျ စကား တစ်ခွန်းရှိတယ်။

တစ်ရွာလုံးနဲ့ တစ်ယောက် ရန်ဖြစ်ရင်..ပြတ်သနာဖြစ်ရင်…

တစ်ရွာလုံးက မှားပြီး တစ်ယောက်တည်း သမားက မှန်တယ်ဆိုပြီး တာရာမင်းဝေပြောဖူးတာလေး မှတ်ထားတာ။

:mrgreenn:

 

တစ်ယောက်တည်းက တစ်ရွာလုံးကို တည့်အောင် လုပ်ရတာ ဘယ်လွယ်ပါ့မတုန်းးး!!!

တစ်ရွာလုံးက တစ်ယောက်တည်း အလိုကို လိုက်ရတာ လွယ်ကူတယ်ပေါ့။

ဆိုတော့ “တစ်ရွာလုံး အလွန်” ဆိုပြီး အမြဲ ရွဲ့စောင်းပြောနေကျပေါ့လေ။

😈

တစ်ယောက်တည်း သမားက ကိုယ်ဖြစ်တဲ့ အချိန်မှာ အဲဒီလို ကိုးကားလို့ သိပ်ကောင်းပါတယ်။

:mrgreenn:

အဲ …!!!  အဲဒီ တစ်ရွာလုံးထဲမှာ ပါတဲ့ တစ်ယောက်က ကိုယ်ဖြစ်လာရင်တော့ အဲဒီ တစ်ယောက်တည်း သမားကို အမှုန့်ခြေချင်တော့တာပါပဲ။

:evill:

ခု ငပွဂျီး ဆစ် အဆိုးရ ကို မုန်းသလိုမျိုးပေါ့။ (ဤကား အစဉ်အလာမပျက် ပါရခြင်းဖြစ်သည်)

.

.

.

ခု နောက်ပိုင်း အသက်ရလာတော့ ကိုယ် နဲ့ ပြတ်သနာ ဖြစ်တဲ့သူ များလာရင် အရင် တွေးမိတာက ……

ကိုယ် က “အဲ့” (ပုပ်) နေတဲ့ ဂုံးကောင်လေးများလား ပေါ့လေ။

🙄

 

ဖတ်ဖူးမယ်ထင်ပါတယ်။

ဘလော့ဂါ တစ်ယောက် ဘာသာပြန်ထားတာလေ။

 

ပင်လယ်ကမ်းခြေမှာ ငါးဖမ်းလှေတွေ လာရင် ဂုံးကောင်လေးတွေ ကမာကောင်လေးတွေကို လာရွေးကြရတယ်။

ဂုံး တစ်ကောင် ယူပြီး ကျန်တဲ့ အကောင်လေး တွေ ကို ယူပြီး ခေါက်ကြည့်ရသတဲ့။

ဘယ်လို အသံမြည်ရင် ကောင်းတဲ့ထဲကို ထည့်။

ဘယ်လို အသံမြည်ရင် တခြားတစ်ဖက် သပ်သပ်ဖယ် ပေါ့လေ။

(မှတ်မိသလောက်ပြောတာ ဖတ်ဖူးတာ ၆ နှစ် အဂိုး က)

  😳 

 

တစ်ခါသား အဲလို တိုက်စစ်တဲ့ အချိန်မှာ ဂုံး အကုန်လုံးက ပယ် သံ ပေါက်နေပါသတဲ့။

 

ပြန်စစ်တော့လည်း ဒီလိုပဲ။

အဲဒီအခါမှ စိတ်ထင့်လို့ လက်က တိုက်စစ်နေတဲ့ ဂုံးကောင်လေး ခွါကြည့်မှ မကောင်းတာက အဲဒီ အကောင်လေးဖြစ်နေတယ် ပေါ့။

ဆိုတော့ အပြစ်အနာအဆာက ကိုယ့်လက်ထဲမှာ လည်း ဖြစ်နိုင်တာမို့ စစ်ဆေးဖို့ မမေ့လျော့ဖို့ ဆိုလိုရင်း ရေးထားတာပါ။

 😕  

 

အဲဒီတော့ တစ်ခါတစ်လေ ကျနော် ကိုယ်တိုင် လူတိုင်းနဲ့ များ ပြတ်သနာတက်နေတယ် ဆိုရင်လေ….

“ငါ့ ကိုပဲ မတရားလိုက်ကြတာ”

“ငါ့ ကို အများနဲ့ တစ်ယောက် ဝိုင်း နှိပ်ကြတယ်” စသည်ဖြင့် ဇာတ်နာနေလို့ မရတော့ပဲ ….

 

လူတွေ ကိုယ့်ကို ဒီလို ဆက်ဆံ သဘောထားနေတာသည် ……

“ကိုယ့် အပြုအမူ၊ အပြောအဆိုမှာ ဘာပြသနာ ရှိနေပါလိမ့်” ဆိုတာ ကျနော် ကိုယ့်ကိုယ်ကို အရင် ဆန်းစစ်ဖို့ မမေ့တော့ဘူးပေါ့လေ…

:((  

 

တစ်ခါ တစ်ခါကျ ကိုယ့်ကိုယ်ကို မြင်တာက လျှော့လျှော့ပေါ့ပေါ့ ကိုးးး!!!

:loll:

 

ကိုယ့်ကို အမှန်ဝေဖန်နိုင်သူကလည်း ရှားတတ်တာမျိုး ဆိုတော့…

ချစ်သူတွေ ချီးကျူးမှု နဲ့ မုန်းသူတွေရဲ့ ကဲ့ရဲ့ခြင်း ကို မျှ ယူပြီး သုံးတတ်မှပဲ အမှားနည်းမယ်လို့ ယူဆပါတယ်။

 

  :mrgreenn: 

 

 

မည်သူ့ကိုမျှ မရည်ရွယ်ပါ။

.
တိုက်ဆိုင်မှုရှိရင် သင့်ကို တည့်တည့် ပြောခြင်းဖြစ်သည်။

.
ကျနော် ရေးရင် ထင်တတ်ကြလွန်းလို့ ထင်ချင်တဲ့သူ .. ယူချင်သူ .. ယူလို့ ရအောင်ပါ။

 

:mrgreenn:

 

အဟိဟိ။

ငါကွ ခင်ဇော်!!!

(CD to KO KO Kyaung Gyi)

 

 

20 comments

  • မွသဲ ( 17082011 )

    July 20, 2015 at 2:22 pm

    အဟမ်းအဟမ်း
    ဆိုတော့ကား ပြောရမယ်ဆိုရင် ခုတလော ကိုယ်တိုင်လဲ လူမုန်းများခံနေရချိန်ဆိုတော့ကား
    အဲ့တရွာလုံးနဲ့တယောက်တော့မဟုတ်သေးဘူး …..
    :mrgreen:
    တရွာလုံးထဲက အနေမတတ်အထိုင်မတတ်တယောက်ပေါ့လေ။ ကျောင်းမှန်းကန်မှန်းကလဲမသိ။ ထင်ရာစွတ်လုပ်တတ်တဲ့အကျင့်ကြောင့် လူမသိသူမသိပြသနာလေးတွေဖြစ်ရာက အခုတော့ လူသိရှင်ကြားတွေဖြစ်ကုန်တော့ကားးးးးးး
    ခင်ဇော် ပြော တဲ့ဂုံးမြန်းဖြစ်နေလေသလားပေါ့လေ တွေးကြည့်မိတာ။
    ဒါပေမဲ့ပေါ့လေ ခင်ဇော်ပြောသလိုပဲ လူဆိုတာ ကိုယ့်ကိုကိုယ်တော့ ပြည့်ဝသူရီးလို့ထင်တတ်ကြစမြဲမို့ ကိုယ့်အားနည်းချက်တော့ အဝေဖန်ခံနိုင်ရမယ်လေ။
    ဒါမှလဲ လူထဲဝင်ဆန့်တော့မပေါ့။
    မဟုတ်ရင် ဘယ်သူမှဖယ်တာမဟုတ်ပါပဲ ကိုယ်ကစည်းအပြင်ရောက်တော့မှာဆိုတော့ အဲ့ခုနစကားပြန်ကောက်ရရင် ကိုယ်ဟာဘယ်လိုဂုံးလဲဆိုတာ လိုက်မေးရတော့တာပေါ့။
    ခုချိန်ထိတော့ ကိုယ်ဟာဂုံးပုပ်တကောင်မဖြစ်သေးတာတော့သေချာနေသေးတယ်။
    ကိုယ်ဟာဂုံးပုပ်တကောင်ဖြစ်စပြုရင်တော့ အားမနာတမ်းအသိပေးကြပါဗျို့။
    စည်းအပြင်မှာတော့ ကိုယ်တယောက်ထဲမနေရဲဘူး သများကသရဲကြောက်တယ်
    :mrgreen:

    • ဇီဇီခင်ဇော်

      July 20, 2015 at 2:28 pm

      ကိုယ့်ကိုယ်ကို လျှော့ပေါ့ တွေးတတ်တဲ့ နေရာမှ ကျနော့ကို မမှီလောက်ပါဘူးးး
      ကိုယ့် အပြစ်ကိုယ်များဆို မမြင်တတ်ဘူးးး
      လာဆုံးမရင် ရိုက်လွှတ်ချင်။
      အဲဒီလိုမို့ မျှ နားထောင်တတ်ဖို့ ကျနော်လည်း သင်ယူနေတုန်းပါ။
      :mrgreenn:

      • မွသဲ ( 17082011 )

        July 20, 2015 at 3:08 pm

        အတူတူပါပဲအေ လေတလုံးမိုးတလုံးသာလျောက်ပြောနေဒါ ကိုယ့်ပြောတာကျတယ်မခံချင် ပြင်အူးမှဘာ ခင်ဇော့်ပိုစ့်က အသိအများကြီးရ

  • တောင်ပေါ်သား

    July 20, 2015 at 2:25 pm

    ဘူ.ကိုပေါတာရဲ 🙂

    • ဇီဇီခင်ဇော်

      July 20, 2015 at 2:27 pm

      ကိုယ့်ကိုယ်ကို သတိပေးတဲ့ စာမျိုးပါ ကိုမျိုးရေ။
      ယူသော် ရ၏ ပေါ့။

      🙂

      • တောင်ပေါ်သား

        July 20, 2015 at 2:31 pm

        ယူမယ် 🙂

        • ဇီဇီခင်ဇော်

          July 20, 2015 at 2:35 pm

          ငင်။
          စာ တို့ အတွေးတို့ ကို ပြောဒါဘားးးးးးး

          :mrgreenn:

  • အောင် မိုးသူ

    July 20, 2015 at 2:54 pm

    သည်လိုပါပဲ ပြသနာတစ်ခုဖြစ်ပြီးတိုင်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါတယ်။

    • ဇီဇီခင်ဇော်

      July 20, 2015 at 2:56 pm

      သူများကို အပြစ်မြင်ရတာ လွယ် ပါတယ်နော့။
      ကိုယ့်ကိုယ်ကို သုံးသပ်တတ်ဖို့က ခက်နေကြတာပါ။

  • Wow

    July 20, 2015 at 2:55 pm

    ခင်ဇော်ကို ဝိုင်းရိုက်က ျ…….. အဲလေ… ဝန်းရံက ျ လို့ပေါဒါပါ :mrgreen:
    အာ့ ဘာကိစ္စမလားးး :mrgreen:

    • ဇီဇီခင်ဇော်

      July 20, 2015 at 2:59 pm

      နိ ဟာလေ။
      နာ တစ်ခု တင်တိုင်း ရန်ဖြစ်တယ်မှတ်နေတယ်။
      ခွိ။
      :mrgreenn:

      နာ က ရန်ဖြစ်ရင် ဒါမိုးမတင်ပါဘူးးး
      သည်းခံနေရလို့ ကိုယ့်ကိုယ်ကို အားပေးတဲ့ အနေနဲ့ တင်နေတာပါ။
      ခွိ။

      ခင်ဇော် လိမ်မာနေပါဘီ။

      • မွသဲ ( 17082011 )

        July 20, 2015 at 3:06 pm

        ခင်ဇော်ရီးတကယ်လိမ်မာသွားတာ အဟုတ်
        မိုက်ကျန်ခဲ့တာယောက်ခမွ
        အဲ့ဒါ အစိုးရမကောင်းလို့..

        ဟင်ဘာမှလဲမဆိုင်ဘူး
        ဟီးဟီး

        • ဇီဇီခင်ဇော်

          July 20, 2015 at 3:08 pm

          ထွက်လာတဲ့ ဒေါသမှန်သမျှ အစားနဲ့ မျိုချ။
          :sar:

        • မွသဲ ( 17082011 )

          July 20, 2015 at 3:11 pm

          ခင်ဇော်ရီးပိန်တွားဒါကျိ
          သူ့ဖိနပ်ပေါဒါ သူ့ဝိတ်မခံနိုင်တော့လို့ ခွိခွိ

  • Mike

    July 20, 2015 at 3:44 pm

    .ဆိုအပ်လှရင်ဆိုသာဆို..ကေတီဗွီမှာ :loll:

    • ဇီဇီခင်ဇော်

      July 20, 2015 at 3:53 pm

      မိုက်ခဲမယ်။
      :mrgreenn:

  • မြစပဲရိုး

    July 20, 2015 at 9:13 pm

    . ကြည့်ရတာ ဇီဇီ ့ ကို ခင်ဇော် ဂျီတိုက် နေထင်ရဲ့။ 😉 :-)))

    ပုံထဲ ကလို မကောင်းတဲ့ ဂုံး က ကိုယ့်ကို လာပြီး အရည်အချင်းစစ် နေတာ သိရင် ဂရုမစိုက် ပါနဲ့။
    ကိုယ် ဘယ်သူ ဆိုတာ ကိုယ့်ဟာကို စိတ်ရှင်း ရင်ပြီးရောပါလေ။

    To avoid criticism, do nothing, say nothing, and be nothing.
    Elbert Hubbard

    nothing မဖြစ်ရလေအောင် ဘာကို မှ ဂုမစိုက် နဲ့။
    စားသာစား။ အားပေးလယ်။ :-)))

    • ဇီဇီခင်ဇော်

      July 21, 2015 at 11:35 am

      ဖစ်နိုင်တယ်။
      ဇီဇီလေး လိမ်မာကြံရင် ခင်ဇော် ဂျိုထောင်နေတာနဲ့ လိုက်ထိန်းနေရတယ်။
      အရီး အားပေးတာနဲ့ ပိုစားတော့မယ်။

      :k:

  • Ma Ma

    July 21, 2015 at 8:48 am

    ကိုယ့်အလုပ်မှာ ကားကရှေ့က ကန့်လန့်ရပ်သွားပြီး ကိုယ်သွားချင်လို့ ရွှေ့ခိုင်းတော့ ဒရိုင်ဘာမရှိဘူး။
    လိုက်ရှာမယ်ဆိုပြီး စပယ်ယာလေးပါပျောက်သွားတယ်။

    အဲဒါနဲ့ ကားတွေပိတ်ရပ်သွားရင် ဘီးလေလျှော့ပစ်မယ်လို့ စာရေးပြီးကပ်ထားပစ်လိုက်တယ်။

    ကိုယ့်အိမ်ရှေ့မြောင်းဖုံးထားတဲ့ သစ်တွေပျောက်လို့ လုံခြုံရေးကိုတိုင်တော့ ဒါတွေသူတို့တာဝန်မယူနိုင်ဘူး၊ ညဘက်ကိုလှည့်ကင်းပဲ ထားနိုင်တယ်၊ ကင်းသမားတွေကလည်း ညဘက်ပုလင်းထောင်တယ် ဆိုတာမျိုး လက်လွတ်စပယ်ပြောတယ်။

    အဲဒါနဲ့ လုံခြုံရေးကင်းလစဉ်ကြေးလာကောက်တော့ မပေးနိုင်ဘူးဆိုပြီး ပြောလွှတ်လိုက်တယ်။

    တာဝန်မယူပဲ လက်လွတ်စပယ်ပြောခဲ့တဲ့လူကတစ်ယောက်၊
    လာကောက်တဲ့သူကတစ်ယောက်။

    ငွေလာကောက်တဲ့သူကတော့လည်း ဟုတ်ပါတယ်၊ မှားပါတယ်၊ အခုလည်းလူကြီးပြောင်းသွားပါပြီ ဆိုပြီး မျက်နှာငယ်လေးနဲ့ပြောတော့ နောက်ဆုံးတော့ပေးလိုက်ရတာပါပဲ။

    ခုရက်ထဲ ရန်စကားတွေချည်း မကြာခဏ ပြောနေရလို့ ငါ့ဘက်ကလည်း တစ်ခုခုမှားနေပြီလားလို့ တွေးမိနေတာ။ :e:

    • ဇီဇီခင်ဇော်

      July 21, 2015 at 11:35 am

      ချစ်မ၊
      ကိုယ်မှားတာ တစ်ခုမှ မမြင်ဖူးမလားးး
      ရန်ဆက်ဖြစ်ကြစို့။
      ဟေးဟေးဟေး

      :k:

Leave a Reply