” မနက်ဖြန် “

”  မနက်ဖြန်”

နောက် လာမယ့် ရက်

ဆိုတာ

မနက်ဖြန်။

မနက်ဖြန်မှာ

……????????

…?????????

ဘာဆိုတာ

မျှော်လင့်ရင်း

လူ့ပြည်မှာနေခွင့်ရခြင်း ဗီဇာ

တစ်ရက်ကုန်သွားပြီဆိုတာ

ကျနော်

ခင်ဗျား

သူ

ငါ

မတွေးမိတာအမှန်ပါဘဲ။

မျှော်သည်   ဖြစ်ဖြစ်

မမျှော်သည်  ဖြစ်ဖြစ်

သဘာဝတရားဆိုတာ

သူ့အလိုလိုလည်ပါတ်

ရပ်မသွားတာကတော့

အသေအချာ။

မရေ ရာချင်းတွေနဲ့ဖြစ်တည်

မျှော်လင့်ခြင်းနဲ့

အသက်ဆက်သူ

ကျနော်

ခင်ဗျား

သူ

ငါ

စဉ်းစားစရာ တစ်ချက်

မသေခင်လေးမှာ

ကိုယ့်ဘဝ ကိုယ့်အရေး

တွေးစရာ ရှိတာတွေး

လုပ်စရာရှိတာလုပ်

အချိန်တွေကို

ဖြုတ်မလား?????

သေဆုံးမယ့်ရက်

လက်ချိုးတွက်ရင်း

ရှင်သေမင်းကိုစောင့် မလား????

လားတွေထပ်ပေမယ့်

မရပ်ပေါင်

ကိုယ့်သဘောကိုယ်ဆောင်

ယောင်တောင်ပေါင်တောင်

ခရီးဆက်နေကြပေမယ့်

တစ်ရက်ကုန်သွားရင်

မနက်ဖြန်ဆိုတာကတော့

အသေအချာပါဘဲ။

ကိုပေါက်လက်ဆောင်အတွေးစဉ်

15-4-2015

e

10 comments

  • တောင်ပေါ်သား

    June 18, 2015 at 3:23 pm

    ကိုပေါက်ရေ

    ဘယ်လိုရိုက်တင်လိုက်တာလဲ ?

    စာတွေက တစ်ခြမ်းဘက်ကပ် လို့ ၊ 🙂

    အင်းးးးး တစ်ရက် ကုန်ပြန်ပါပကောလား

    • ကမျိုးရေ
      ဖုန်းနဲ့တင်တာ
      အထာမကျသေးတော့
      ဘာဖြစ်လို့ဖြစ်မှန်းမသိ။

      ဓါတ်ပုံတင်နေတာမအောင်မြင်သေးဘူး။

  • lu lu

    June 18, 2015 at 3:24 pm

    ဘဝဆိုတာ လောင်ကစားပွဲလိုပဲ
    နိုင်မယ်ထင်ပြီးထပ်လောင်းလိုက်တာ
    ပွဲစဉ်တွေဆက်ပြီး အမြက်ထွက်မလာတော့ဘူး
    ဘာနဲ ့အနိုင်ပိုင်းကြမလဲ စဉ်းစားသင့်ပြီလေ

  • Mike

    June 18, 2015 at 3:38 pm

    .မနက်ဖန်တိုင်း…ယနေ့ထက်ပိုကောင်းအောင်မျှော်လင့်ရင်း…
    .ဒီနေ့ထက်ပိုဆိုးရင်လည်း ရင်ဆိုင်ဖို့အသင့် ပြင်ထားကြတာပေါ့
    .မနက်ဖန်ဆိုတာ ကြိုမြင်နိုင်တာမှမဟုတ်တာကိုး….

    • မနက်ဖြန်ဆိုတာ
      မမျှော်လဲရောက် မျှော်လည်းရောက်ပါ
      ကိုမိုက်ရေ
      ထို့အတူ
      မနိုင်လဲ တိုက်နိုင်လဲတိုက်ပါဘဲ

  • aye.kk

    June 18, 2015 at 11:26 pm

    ပစ္စုပ္ပန်ရဲ ့ဒုက္ခဝေဒနာတွေကို
    ကျော်လွန်နိုင်သွားခဲ့ရင်၊မနက်ဖန်ဆိုတာ
    အရမ်းလှပတဲ့နေ့ရက်လေးပါပဲကိုပေါက်ရေ။။။

    • မှန်ပါတယ်
      မမအေးရေ
      ကျနော်တို့လို့ တရားဓမ္မနဲ့
      မနီးစပ်သူအဘို့ကတော့
      ပူလောင်နေအုံးမှာ
      အမှန်ပါဘဲ

  • မြစပဲရိုး

    June 19, 2015 at 2:00 am

    ကပေါက်ကြီး ရဲ့ မနက်ဖြန် က ဒီနေ့ဖြစ်သွားပြီ ဗျ။
    ဒီနေ့ကတော့ မနက်ဖြန် ဆို မနေ့ ဖြစ်တော့မှာပေါ့။ lol;-)))

Leave a Reply