( တမ်းတမိတဲ့ မြစမ်းရေ )

ဘဝ ဘဝ လိုတိုင်း မရ

ဆိုခိုင်းကြတဲ့ ကံဇာတ်ဆရာစေသမျှ

နေရ သေကြ

အနေလှသူရှိ အသေလှသူရှိ

အနေမလှသူ ဝေဒနာ အသေမလှသူ ဘဝလမ်းမှာ

စမ်းရေအေးနဲ့ဖြင့် ဝေးခဲ့တာက အသေအချာ

အဖြေရှာ မရပဲရှား ဝေဝါးဝါးကမ်းပါးမှာ

ရေတွေ့ပေမယ့် ရေမရသူ

အသေမတွေ့ပေမယ့် အခြေမလှသူ

လူချင်းလည်းတူပါရဲ့

အားထုတ်မှုလည်း မကွာပါပဲ

ချာချာလည်ငမွဲသာဖြစ်  အပြစ်ဘယ်သူ့တင်ရမည် ၊

1

14 comments

  • Wow

    June 18, 2015 at 4:40 pm

    ဒါ့ပုံလေးက လှသား ရေလေးတွေကိုစိမ်းလို့ :mrgreen:

  • aye.kk

    June 18, 2015 at 11:12 pm

    ရေတံခွန်ကလှလိုက်တာ။
    အတွေးလှလှနဲ့တွေးပြီးရေးထားတာ၊ခံစားဖတ်သွားပါတယ်။
    အပြစ်ဘယ်သူ့တင်ရမည်ဆိုတာထက်
    အစ်မရဲ ့အမြင်ပြောပြရပါလျှင်….ဘယ်သူမပြုမိမိမှုလို့သာဆိုရမှာပါပဲ။

    • တောင်ပေါ်သား

      June 19, 2015 at 2:56 pm

      ကျေးကျေးပါ အန်တီ ၊

      ဘယ်လိုပဲ ကြိုးစားကြိုးစား တိုးပွားမလာသူတွေကိုယ်စားပေါ့ ၊

  • မြစပဲရိုး

    June 19, 2015 at 2:07 am

    ရတဲ့ ဘဝ၊ လုပ်နေတဲ့အလုပ်၊ ပေါင်းသင်းနေတဲ့ သူ တွေ အပေါ် ကျေနပ်နေတဲ့ စိတ်ရှိနေရင်ဘဲ တပန်းသာ နေပါပြီ။
    ကိုယ်လုပ်နိုင်တာ ကြိုးစားလုပ်ပြီး ရင်တော့ “ကံ” လို့သာ ပုံထားပါ ကိုမျိုးရေ။
    တစ်ချို့ အရာတွေက ကိုယ့် ကွန်ထရိုး အောက်မှာ မရှိပါ။

  • ဇီဇီခင်ဇော်

    June 19, 2015 at 2:52 pm

    မြစိမ်းရေ ဆိုရင်လည်း လှမှာ

    • တောင်ပေါ်သား

      June 19, 2015 at 3:02 pm

      အရီးရေ ကံဆိုတာ အလုပ်ဆိုလို့ ကျုပ်လည်း လုပ်နေတာ ခင်ဗျားအမြင်

      ဒါပေမယ့် ဘာမှလည်း တယ်ထူးမလာပါလား ဆိုတဲ့ လူတစ်ယောက်နဲ့ တွေ့အပြီးမှာ ဒါလေး ရေးမိတာပါ ၊

      မမချွိရေ ငယ်ငယ်က နားထောင်ရတဲ့ မြစိမ်း ဆိုတဲ့ ဓါတ်ပြားခေတ်ပြဇာတ်တောင် သတိရမိတယ် ၊

      ဒီကဗျာနဲ့တော့ မဆိုင်ပါဘူး ၊

      • sorrow

        June 21, 2015 at 3:25 pm

        ..လွန်ခဲ့တဲ့ လေးနှစ်က ကုန်ပဏီတခုလုံးကို ဦးဆောင်ခွင့်ရဖူးတယ်ခင်ဗျ… အဲ့နေ့မှာ ..ကုန်ပဏီအုပ်စုကြီးတခုလုံးကို ဦးဆောင်တဲ့ CEO ကြီး ..ကဘယ်လို ပြောသွားလဲဆိုတော့
        …Work Hard is good . Work smart is better …ဆိုပြီး တိုးတိုးလေး ပြောသွားတယ်ခင်ဗျ ။ ပြီးတော့ ..အခု လက်ရှိအလုပ်တွဲလုပ်နေတဲ့ သူဌေး… သိန်းကို သိန်းနဲ့ချီပြီးချမ်းသာတဲ့သူဌေး .
        ( .ခရိုနီမဟုတ်) က ပြောတာက သူဌေးဖြစ်ချင်လား..ငွေကို စဉ်းစားရှာ …လို့ပြောဖူးတယ်ခင်ဗျ….
        ..ဒါက အစ်ကိုရှာနေတဲ့အဖြေများဖြစ်မလားလို့ဗျာ …

        • မြစပဲရိုး

          June 21, 2015 at 7:19 pm

          အိုးလာလား ။ မငြင်းရတာ ကြာလို့ ဟန်ကျပါလေရော။ 😉
          ဒါဆို ရင် မောင်စော ရယ် …
          Work smart ဖြစ်ပြီ ဆိုတာ နဲ့ Work hard ဖြစ်စရာ မလို တော့ ဘူး တဲ့လား။ ?????
          အာ့လေး ဖြေပေးနော် ကလေး။ :-))))

        • sorrow

          June 22, 2015 at 12:32 pm

          ..ဘယ့်နှယ့်ဗျာ ..သွန်သင်လမ်းပြ ရမယ့် အနေအထားကြီးကို ..လာမေးနေတယ်. အရီးနော်…ဆိုးနေတယ်…
          ..ဆောရိုးလေးရေ..ပုဆိန်မသွေးတဲ့ သစ်ခုတ်သမားလေးလိုပေါ့.. ..ကြိုးစားအားထုတ်မှုချင်းတူတူဆိုရင် work smart သမားက Production ပိုင်းပိုကောင်းတယ်.. လို့ဆိုလိုချင်ပုံပါပဲကွယ်.. အဲ့လိုလေး ပြော သင်လေး သင်ပေးလိုက်မပြီးဘူးလား .ဘယ်ကတဲကကြည့်မရနေလဲမသိဘူး ..အဟီးဟီး. .

        • မြစပဲရိုး

          June 23, 2015 at 2:37 am

          . ကြည့်လို့ ရလွန်းလို့ ဝင်ပြီး နှောက်တာပါကွယ်။ lol:-))
          ဟား ဟား ဒီ ကလေး တော်တယ်။ အလည်လေး။ အဖြေကို ဒဲ့ပြောနိုင်တယ်။
          {..ကြိုးစားအားထုတ်မှုချင်းတူတူဆိုရင် work smart သမားက Production ပိုင်းပိုကောင်းတယ်.}
          တနည်း
          စမတ် ဖြစ်သူချင်း တူ ရင် ကြိုးစားအားထုတ်မှု ပိုတဲ့ သူ က ပိုပြီး ရှေ့ရောက်မဲ့ သဘောပေါ့။
          ဟုတ်တယ်နော်။

          အာ့ ဆိုရင်
          . နောက်တစ်ခါ
          မင်းရဲ့ CEO ကြီး ကို
          . ပြန်ပြောလိုက်စမ်းပါ ကွယ်
          { Work Hard is good . Work smart is better } ဆိုတာ ဒိတ်အောက်နေပြီလို့။
          Work Hard နဲ့ Work smart ကို ညီညီညာညာ တန်းတူထား ကြိုးစားနိုင်မှ ပြိုင်ဆိုင်မှုတွေ ဒီလောက်များတဲ့ ခေတ်ထဲ နောက်ကောက်ကျ မကျန်ခဲ့မှာလို့။
          (အခု အဲဒီ နှစ်မျိုး ကို ဒီဘိတ် တွေ လုပ်နေတာ။ ကလေး တွေ အတွက် အားသွန် ခွန်အားစိုက်ပြီး ကြိုးစားချင်စိတ်က နောက်ရောက်နေလို့ တဲ့၊ နောက်ပြီး စမတ် ဆိုတာထဲ မှာ ဖြတ်လမ်း short cut က cheat လုပ်တာ ကို အားပေးနိုင်တာ တွေလဲ ရှိတယ်။ စကားလုံး တွေ ရဲ့ ကြား စည်းလေး တွေ က ပါးပါးလေး တွေကိုး)
          တစ်ချို့ကပြောတယ်။ ကားမောင်းရင် စတီယာတိုင် နဲ့ လီဗာ ဘယ်ဟာ က ပိုကောင်းရမယ် လို့ ပြောမရသလိုဘဲတဲ့။

          ဒါထက် အဲ့ စီအီးအို ကြီး က ရော စမတ် ဖြစ်ရဲ့လား။
          စမတ်ဖြစ်တဲ့ ဘော့စ် ရဲ့ အိုင်ဒီယာ ကို မကြိုက်ဘဲ ကိုယ့်ရဲ့ စမတ် ဖြစ် တဲ့ အိုင်ဒီယာတွေ ပြောမယ်ဆို အလွယ်တော့ လက်ခံမယ် မထင်။
          ဒီတော့ တယောက်ယောက် က ပိုပြီး တုံး မှဘဲ အလုပ်ဖြစ်လိမ့်မယ် ထင်ရဲ့။ 😉
          ကိုယ်တို့ စတိဗ်လိုပေါ့။
          အာပေါက်အောင်ငြင်းခုံ ပြီး ဒေါသတွေ အလိပ်လိုက် ထွက်ပြီး မှ သူ မှား ကြောင်း ပြောလိုက်တာမျိုး။
          အဲလို အမှား ကို မြင်တတ်ပြီး ချက်ခြင်း ပြင်တတ် တာ ကလဲ စမတ်ဖြစ်တာ တစ်မျိုးဘဲ ထင်ရဲ့။
          သို့ပေမဲ့ သူ့ကို ပြိုင်ငြင်းဖို့ ဟာ စိတ်အင်အား အတော်လေး ကြီးဖို့ လိုမယ်။

          ဒါထက်
          သစ်ခုတ်သမား နဲ့ သူ့ရဲ့ ဆရာတို့ လွှသွေးပြီး အလုပ်လုပ်တာ ကို Productivity ဖြစ်တာမို့စမတ်ဖြစ်တယ် သတ်မှတ်ပြီး ပျော်ရွှင် နေချိန်မှာ
          ဟိုဘက်ခြမ်း သစ်ဝိုင်း ထဲ က ဆရာ က သူ့ တပည့် ငတုံး လက် ထဲ သစ်ပင်ဖြတ်စက် အကောင်းစားကြီးပေးခိုင်းလိုက်တာ
          ခဏလေး အတွင်း အဲဒီ လွှသွေးထားတဲ့ စမတ်လူ များခုတ်မယ်မှန်းထားတဲ့ အပင် တွေ တောင် ကုန်သွားပါရောလား ကွဲ့။ lol:-))))))))

          စောဒီး နော် ကိုမျိုး။
          သများတို့ သစ်ခုတ် နေတာ နဲ့ မြစိမ်းရေ နား က သစ်တောပြုန်းပြီလားမသိ။ 🙄 😉

        • တောင်ပေါ်သား

          June 23, 2015 at 9:20 am

          သများရဲ့ မြစမ်းရေလည်း ဆောရိုး နဲ့ အရီးကြား ခန်းခြောက်သွားပါပေါ့လား

          ဟီး ဟီး စ တာနော့ 🙂

  • မြစပဲရိုး

    June 20, 2015 at 12:07 pm

    ကိုမျိုး ရေ – ရှင်ပြောတာ နားလည်ပါတယ်။ အလုပ်ကြိုးစား တာလဲ ယုံပါတယ်။
    . လောကကြီးထဲ မှာ လူ တစ်ယောက် ရဲ့ (ကံ – အလုပ်) က တစ်ခြား တစ်ယောက် ရဲ့ (ကံ – အလုပ်) နဲ့ ငြိ နေတတ်တာ မို့ စိတ်ဖြေနိုင်ဖို့ ပြောတာပါ။
    ဒါပေမဲ့ “နင်လားဟဲ့ လောကဓံ” (ဘယ်သူ့ စာလဲ မှတ်မိတော့ ဘူး။ သိရင်ပြောကြပါ) ဆိုသလို ရုန်းထွက်ဖို့ ပိုပိုပြီး ကြိုးစား နေရ မှာ ကတော့ ကိုယ့်တာဝန်ဘဲ ပေါ့။
    . မြန်မာပြည်ကြီး ကံ ကောင်း လာတဲ့ တစ်နေ့ ကိုမျိုး လဲ စာပေတိုက်ပိုင် အယ်ဒီတာချုပ် ပြီး ဖြစ်မလာဘူး လို့ ဘယ်သူ ပြောနိုင်မလဲ။ နော။
    . ဒီအတွက် အရှိန် ကို တင်သာထား ကိုမျိုး ရ။ :-)))

    • တောင်ပေါ်သား

      June 20, 2015 at 12:37 pm

      အနော်က ကံကောင်းပြီးသား ၊ 🙂

      ဒီထက် အများကြီးလည်း ပို မလိုချင်တော့ဘူး ၊ လက်ရှိဘဝမှာ သေချာတွေးတော့ ကျေနပ်နိူင်စရာပါ ၊

      သိပ်အများကြီး တောင့်တတာ မရှိလို့ မရရလေခြင်းဆိုပြီး ခံပြင်းငြီးငြူစရာလည်း မရှိဘူးပေါ့ အရီးရေ ၊

      အန်းနီးဝေး အရီးရဲ့ စေတနာကောမန့်တွေအတွက် ကျေးဇူးဗျ နော့ ၊

      • sorrow

        June 23, 2015 at 1:14 pm

        ဟုတ်တယ်..အရီးလေးကော်မန့်တိုင်းက စေတနာပါတယ်
        … ချစ်ဖို့ကောင်းလိုက်တာ ကျော်တို့အရီးလေး.
        .. သူတို့ရဲ့ကော်မန့်တွေက ရွာကိုထိန်းကျောင်းနေတာ ..

Leave a Reply