. ခြေလှမ်းဦး များနှင့် ကခုန်ခြင်း သုံး – ပါဝါ (112)

မြစပဲရိုးJune 18, 20151min22015

ဒီတစ်ခါ တူးလိုက်တဲ့ အဟောင်း ကတော့ တိုက်တိုက်ဆိုင်ဆိုင် ပါဘဲ။
သူ့နံပါတ် ကို သူ ထီထိုးပြီး ပေါက်မပေါက်တော့ မသိ။
ကိုယ့်လက်ထဲ မတော့ သူ့ နံပါတ်လေး ပါခဲ့ပြီ။

ဘယ်သူရှိရမလဲ။
သူထွင်ထားခဲ့တဲ့ စကားလုံးလေး ကို သဘောကျလွန်းလို့ သုံးနေခဲ့ရတာ။
. တောက်စ် ဆိုတာလေး ကို သိကြတယ်မဟုတ်လား။
ဟုတ်ပါတယ်။

ရွာ့ လက်ရုံး စီဂျေ တစ်ဆူ၊ သတင်းဆောင်းပါး တွေ ရေးသူ၊ တစ်ပင်ထဲ နွယ်လေး ရဲ့ “အာဂ” ပေါ့။

သူက ရွာထဲ မှာ ပေါ်မလာပျောက်နေတာတော့ မဟုတ်။
တလောလေးကဘဲ (Apr 11, 2015) “၁၀ဝ ရင်းလျင် ၁၀၀ဝ မြတ်စေရမည်” ဆိုပြီး ဆင်ဖြူများရှင်တို့ ကို လှောင်ခဲ့သေး။
အဲဒါမတိုင်ခင်ကလဲ (Jan 8, 2015) “ခေါင်းလောင်းကြီး” ကို ရိလိုက်သေး။
အဲဒီလိုအသံလေး တွေ မကြာမကြာ ကြားချင်ပါရဲ့ ဂဂ ရယ်။

သူ့ စာ ရာဇဝင် တွေ ကို အစ ကကြည့်ပြီး ပြန်လှန် ရရင်
“ဗိုလ်ချုပ်အောင်ဆန်း ၉၅ နှစ်ပြည့် အမှတ်တယ သမီးဒေါ်အောင်ဆန်းစုကြည်ရေးသောဆောင်းပါး” နဲ့
Jan 17, 2010 ခုနှစ် က ရွာထဲ ပို့စ် တစ်ပုဒ် စပြီးတင်ခဲ့တာပါ။
၅နှစ်ကျော် ရှိခဲ့ပြီ။
. ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခြေလှမ်းတွေလဲ အတော်ခရီးပေါက်နေပေါ့။
အဲဒီ Post က အတော်ရှည်လွန်းလို့ အဆုံးမရှိဘဲ ပြတ်နေတယ်။
အားလုံး နီးပါး အဲဒီ အကြောင်းကို ဖတ်ဖူးကြမှာမို့ မပြောတော့ပါဘူး။
Comments Off ထားခဲ့တာမို့ ဘယ်သူမှ မှတ်ချက် မပေးနိုင်ခဲ့ဘူး ထင်ရဲ့။

အဲဒါပြီးတော့ နောက် ၉လ နီးပါးကျမှ (Aug 30, 2010) ဒုတိယပို့စ်
“မကျွေးနိုင်ရင်မမွေးကြပါနဲ့” ဆိုတာလေး ကို တင်ခဲ့တယ်။
အကြောင်းအရာလေး က အတော်စိတ်ဝင်စားစရာ ပါ။
အဲဒီမှာ မှတ်ချက်ပေးသူ နှစ်ယောက် က တုံတုံ နဲ့ နွယ်ပင်။
အဲဒါလေးကို Feb 11, 2013 မှာ
“ဂေဇက်ကိုစတင်ဝင်ခါစက တင်ဖြစ်တဲ့ စာမူလေးကိုပြန်တင်လိုက်တာပါ။
အဲဒီတုန်းက ဒီလောက်ရွှာထဲကို လူဝင်များသေးလို့ မဖတ်ရသူများ ဖတ်လို့ရအောင် ပြန်တင်ပေးလိုက်ပါ။”
ဆိုတဲ့ စကားလေး နဲ့ ထပ်ပြီး တင်လိုက်ချိန်မှာတော့ မှတ်ချက်တွေ ၂ရ ခု နဲ့ စိုစိုပြေပြေ ဖြစ်ခဲ့တယ်။
ဇာတ်လမ်းလေး က မထူးဆန်းသလိုနဲ့ အတွေးတွေဆက်တွေး နေမိမဲ့ အကြောင်းပါ။
ငါနဲ့ မဆိုင်ဘူးလို့လဲ နေနိုင်ပါတယ်။
ငါသာဆို တဲ့ ကိုယ်ချင်းစာစိတ်နဲ့ သူတို့လို ကလေး တွေ အတွက် ဘာလုပ်ပေးနိုင်မလဲ ဆိုပြီး လုပ်ပေးနိုင်တာ သဲတစ်မှုံလောက် ဖြစ်ဖြစ်လဲ လုပ်ပေးဖို့ စိတ်ဖြစ်နိုင်ပါတယ်။

သူ တင်ထားတဲ့ ပို့စ် က ၁၇၅ ပုဒ် ရှိပါတယ်။
သူ့ စာမျက်နှာဟောင်းတွေထဲ အတော်လေး စိတ်ဝင်စားဖို့ကောင်း တဲ့ အတွေးလေး တွေ၊ အကြံပြုချက်လေး တွေ တွေ့ရတာမို့
ဒီကလေး ရဲ့ အရည်အချင်း ကလဲ ခေသူ မဟုတ်ပြောနိုင်ပါတယ်။
အဲဒီထဲက Jun 16, 2011 မှာ “သူကြီးမင်းသို့ပေးစာ” ဆိုပြီး ရွာ အတွက် အကြံပြုစာလေး ကို ဖတ်ကြည့်ရင် တွေ့မှာပါ။
မှတ်ချက် ၂၅ခု ထဲ မမ၊ ဆူး၊ ရွှေမင်းသား၊ ဘပု၊ အန်ကယ်ကြီး၊ မီးလေး၊ ကိုပေါက်၊ အစ်မဒုံ၊ ကိုပါ၊ မောင်ပေ၊ တုံတုံ နဲ့ ဟိုနေ့က ကြောင်ကြောင် ပြောနေတဲ့ captainamerica ကြီးတောင်ပါသေး။
ဝိုင်းဖွဲ့ ဆွေးနွေးကြတဲ့ အလေ့အကျင့် လေး တွေ ဒီလို ကစလို့ ပိုပိုများလာစေချင်တာ။
အခုတော့ တော်တော်များများပျောက်ကုန်တာ အဲဒီ ကိုးနက်ရှင် ရဲ့ စနက် မကင်းတာလဲ အသေအချာပါဘဲ။
(သူ ဒီလို ပြောအပြီး ၄နှစ် တိတိ နီးပါးမှာ အတော်လေး ကို ထပ်ပြီး တိုက်တိုက်ဆိုင်ဆိုင် ပြောင်းလဲမှု တစ်ခု ရွာထဲ မကြာခင် မြင်ရမယ် ထင်။) 😉 :-))

သူရဲ့ စာလေးတွေ ကို ဒီရက် ပြန်ဖတ်ဖြစ်တယ်။
. ပြုံးမိခဲ့တာ တွေ အများကြီး။
ဒီလောက် အတွေးအခေါ်ကောင်းတဲ့ ကလေး မကြာမကြာ ပြန်လာပါလို့ ခေါ်ချင်ပါရဲ့။

နောက်ဆုံးပိတ်မှာ မဖတ်မဖြစ် ပြန်ဖတ်ကြည့် ကြဖို့ ပို့စ်လေး ၂ပုဒ် နဲ့ ပိတ်ပါတယ်။
အဲဒါက တော့ “တောက်စ်” ရဲ့ ရာဇဝင်ပါဘဲ။
ပို့စ် ရဲ့ နာမည်က
“ထို့ကြောင့် ကျွန်တော်သူကြီးကို မုန်းမိပါသည်။ (၁)”
“ထို့ကြောင့် ကျွန်တော်သူကြီးကို မုန်းမိပါသည်။ (၂)”

အဲဒီ ပို့စ်တွေ ကို ဖတ်ရင်း
ရီရင်း  ပြုံးရင်း စိတ်ညစ်စရာ သဘောမတိုက်ဆိုင်တာ တွေ ချန်ထားပြီး ရွာထဲ မှာ ဒီလိုဘဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ပျော်ပျော်ရွှင်ရွှင် ပြန်နေကြပါစို့ရဲ့။

ခါတော်မှီ အကြောင်းမို့ တိုက်တိုက်ဆိုင်ဆိုင် ဒီလိုမျိုး ကို ရွေးလိုက်နိုင်တဲ့ ကိုယ့်လက်လေး ကို အာဘွား ပေးရင်း ….
လာမဲ့ ၂၇၄ ရေး ထဲ က ကျလာမဲ့ ၁ ရေး အတွက် ကြိုတင်ခံစားရင်း ….
ပုံ
. မြစာကလေး
. သုဋေသဏပြဉ်ဉာသျှဉ်ဂြည်း

15 comments

    • မြစပဲရိုး

      June 18, 2015 at 8:21 pm

      Thanks. <3 ^-^ <3

  • Ma Ma

    June 19, 2015 at 7:08 am

    အာဂဆိုတာနဲ့ သူ့ရဲ့နောက်မျိုးဆက်ကို အမွေပေးဖို့ အကြံကြီးကြီးကြံတာကို အမြဲသတိရမိတယ်။
    ဆီးဂိမ်းမှာ ကိုသစ္စာက ကျော်ဇင်ဖြိုးလေးရဲ့လက်ကို ရွှေချထားသင့်တယ်လို့ ပြောခဲ့သလို…..
    မောင်အာဂရဲ့သူမတူတဲ့အတွေးရေးတာတွေဖတ်ပြီး သူ့ဦးဏှောက်ကို ရွှေချထားသင့်တယ်လို့စ်။ 🙂

  • kai

    June 19, 2015 at 9:00 am

    တခါတခါတော့လည်း…တွေးမိတယ်..။
    အဲဒီစုံတွဲလိုက်ပါ့လို့ပါပဲ..။

    တကယ်တော့ အာဂက.. ပုံနှိပ်မြန်မာ့ဂဇက်အတွက်လည်း.. တတတ်တအားရေးပေးနေသူဖြစ်ပါတယ်..။
    ပုံနှိပ်ထဲပါတဲ့… တချို့အင်တာဗျုူးတွေက.. သူဗျုးပေးတာလေ…။

  • ၂၀၁၁ခုနှစ်ဇူလိုင်တစ်ရက်နေ့မှာသူ နွယ်ပင်

    ဒေါက်ဒေါက်အီးတုန်း ချာတူး အီးရောစ်
    ဿဝါတို့နဲ့မြေနီကုန်းမှာပထမဆုံးတွေ့တဲ့အခါ
    မမြင်ဘူးကြတဲ့သူချင်းဆိုတော့
    အချင်းချင်းမိတ်ဆက်ကြတာပေါ့။
    စကားအဝှက်လေးတွေနဲ့ပေါ့
    သူအလှည့်ရောက်တော့
    ဘာရမလဲငါကွ ဆိုတာသူပေါ့လို့ မိတ်ဆက်ပေးခဲ့ပါတယ်။
    အဲတုန်းက ပိန်ပိန်လေး

    နောက်တစ်ခါပန်းတနော်
    ခရီးမှာပါ
    သူတို့စုံတွဲကိုနေပူလှန်းပြီး
    ဓါတ်ပုံရိုက်ကြတာလဲအမှတ်တရ

    နောက်တစ်ခါသူမန်းလေးလာတော့
    ထိုးမုန့်လုပ်ငန်းသိချင်တယ်ဆိုလို့ လိုက်ပို့ပေး
    ရင်းဖြစ်ခဲ့
    သူတို့နဲ့မတွေ့တာကြာပေါ့

    အခုတော့ ဝဖြိုးစိုပြေ အောင်မြင်လို့ နေတာမြင်တော့
    ဝမ်းသာပါတယ်

    • မြစပဲရိုး

      June 20, 2015 at 1:23 pm

      တကယ်တော့ ပိန်ပိန်လေး တွေ က ပိုပြီး မကောင်းဘူးလား ကပေါက်ကြီး ရဲ့။ :-)))

      အဲဒီ တွေ့ဆုံပွဲ လေး အကြောင်းဖတ်ဖူးတယ်။ ရွာ ကို အပြင်က ချောင်း နေဆဲ အချိန်ကပေါ့။
      ပျော်စရာကြီး။

  • Mike

    June 19, 2015 at 11:05 am

    .ကိုရင်အာဂ ကစာအရေးကောင်း..အတွေးကောင်းဗျ..ခုနောက်ပိုင်း ပျောက်လိုက်ပေါ်လိုက်နဲ့
    .ရွာကိုတော့အတော်ချစ်တဲ့သူပါလေ…စကားအတင်းစပ်…
    .“တော့(စ)က်”(ခက်ဒစ်တူ..ဂဂ) နာ့ကိုကေ ျာ်တက်သွားတာ မကေ ျဘူးနော် :))

    • မြစပဲရိုး

      June 20, 2015 at 1:20 pm

      ဟင်း ဟင်း မြ ကို ဂလို မခြိမ်းခြောက်နဲ့ လေ ကိုကိုမိုက် ရဲ့။
      ဆက်ပြီး ကျော်တက် ရမှာလဲ အားနာပါရဲ့။
      ချစ် မမ ကတော့ အတော်နီးနေပြီ။
      :-)))))

    • kai

      June 20, 2015 at 2:15 pm

      အောက်တိုဘာမတိုင်ခင်.. ကျပ်၁သိန်းရရင်.. ယူအက်စ်ရီယူနီယန်ကြေး.. အိပ်စိုက်ပေးမယ်..လေ..။
      ရေးထား.. ရေးထား..။
      ကကြီးမိုက်သူငယ်ချင်း.. ကတင်လတ်လာမလာတော့.. မသိသေး..။ :k:

      • Ma Ma

        June 22, 2015 at 2:56 pm

        အထင်မစမောနဲ့လေ သဂျီးမင်းရဲ့။
        လက်ထဲမှာ အော်ပီကျယ်ရဲ့ ကာတွန်းပြက္ခဒိန်ကြီးက ၆လစာလောက်ကျန်သေးတယ်။ :k:

        ဝှက်ဖဲထားပြီး သဂျီးမင်းသွေးမတက်စေခြင်းငှာ ဖြေးဖြေးချင်းရေးနေတာ …. လို့
        .
        .
        .
        .
        .
        မထင်ပါနဲ့။ :a:

        ကာတွန်းတွေက များလာတော့ အတွေးအခေါ်တွေက ထပ်လာပြီး သိပ်စိတ်ဝင်စားစရာမကောင်းတော့ဘူးထင်လို့ ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတာ။

        ရန်စတဲ့ သဂျီးမင်းကြောင့် အောက်တိုဘာနီးလို့မှ မပြည့်ရင် မီရာပိုစ့်နဲ့ လိုက်ရမှာပဲ။ :k:

  • မြစပဲရိုး

    June 20, 2015 at 1:17 pm

    ဇီကလေး၊ မမ၊ သူကြီးမင်း၊ ကိုပေါက်၊ မိုက် တို့ကို ကျေးဇူးပါ။
    အဲဒီ ကလေးများ ရွာထဲ တစ်ခါတစ်ခါ ပြန်လာပြီး ဘရုတ်ကျ ကြပါဦးလားကွယ်။

  • Alinsett @ Maung Thura

    June 21, 2015 at 4:07 pm

    ကအာဂ ကို စိုးရိမ်တယ်…
    သူက မော်ဒယ်မမ ချောချောလေးတွေနဲ့ အင်တာဗျူးပြီး ပုံတွေ တွဲရိုက် တွဲ တင်နေတာမြင်တိုင်း စိုးရိမ်တယ်..
    .အနော့်ဖွေးဖွေးလေးနဲ့ ဘယ်တော့များ… ဘွားဂနဲ မြင်ရမလဲ…လို့…

    :k:

  • manawphyulay

    June 22, 2015 at 1:28 pm

    မောင်အာဂက ဒီဘက် ဘယ်လှည့်အားမလဲ မော်ဒန်ချောချော ကလေးမတွေနဲ့ အတော်ကြည်နေတယ်ဆိုပဲ…. 😛 နောက်မှ နွယ်ပင်လေးကို မေးရဦးမယ်… :mrgreen:

  • surmi

    June 27, 2015 at 11:11 pm

    ကိုအာဂ နဲ့ မနွယ်ပင် တို့နဲ့ ဆုံခဲ့ဖူးပါတယ် ။
    အတော်လေးခင်မင်ဖို့ကောင်းပြီး စိတ်တူကိုယ်မျှ ညီညွတ်ကြတဲ့ ဇနီးမောင်နှံတွေပါ ။
    စာထဲပေထဲတွင်သာမက အပြင်မှာပါ အာဝ္ဇန်းရွှင်သူကြီးပါဘဲ ……

Leave a Reply