. ပြီးခဲ့တဲ့ နှစ်  သူ့မွေးနေ့မှာ မီလင်ဒါဂိတ် ရဲ့ စကား “That is the moment when change is born” နဲ့ ဆုတောင်းခဲ့တယ်။
မြန်မာပြည် မှာလဲ ကောင်းတဲ့ အပြောင်းအလဲ တခုကို မွေးဖွားဖို့ အချိန်တန်ပါပြီ။

ဒီနှစ်မှာတော့ အားလုံးကြားပြီး နားထောင်ပြီး ဖြစ်မဲ့ သီချင်း တစ်ပုဒ် ကို ဒီ ရက် နားဦးတည့်နေခဲ့တာပါ။
“မေမေ” ဆိုတဲ့ ဆောင်းဦးလှိုင် ရဲ့ သီချင်း ပေါ့။

သူ့ကို သမ္မတ ဖြစ်စေချင်တာ ကိုယ့်ရဲ့ ကြီးမားလွန်းတဲ့ ပါစင်နယ်တောင့်တ ချက်ပါ။
Reality မှာတော့ ဗိုလ်စိတ်ပုတ်၊ ဦးစိတ်ယုတ် များ ပိတ်ဆို့ ထားဆဲမို့ သူတို့ ကို အဲဒီ နည်းနဲ့ မတိုက်ချင်တော့ပါဘူး။
ဒီတော့ “နိုင်တယ်” လို့ ပြောတာ “သမ္မတ” ဖြစ်ရမယ်လို့ မဆိုလိုချင်တော့ပါဘူး။
သူ့လက်ထဲ လုပ်ပိုင်ခွင့် အာဏာရှိဖို့ သူ့ပါတီ နိုင်မှ ဖြစ်မှာပါ လို့ဘဲ ပြောချင်ပါတယ်။

ဗိုလ်စိတ်ပုတ်၊ ဦးစိတ်ယုတ် များက သူ့လောက် ပညာလဲ မတော်၊ အရည်အချင်း လဲ မရှိ၊ စဉ်းစားဆင်ခြင်မှု မှာလဲ မစွမ်း၊ ဉာဏ်အရာမှာလဲ မမှီ အရာရာ ညံ့နေတာ သိသိကြီး မို့
ကမ္ဘာက ကိုယ့်ကို ဟားတိုက်လှောင် နေမှာ ကို မျက်နှာပြောင်တိုက် ပြီး ခုံလု နေကြ ရတာ
မရှက်တတ်ကြလဲ ယူကြစေတော့။

ဒါပေမဲ့လေ
ကိုယ်ချင်းစာမိပါတယ်။
အဲဒီ စစ်ဗိုလ်ချုပ် တိုင်းပြည်ကို အေးဓားမြ တိုက်သူများ နေရာ မှာ ဆိုရင်ပေါ့။
အာဏာသာ လွှတ်လိုက်ရလို့ ကတော့ ခိုးထားသမျှ အထုတ်အထည် တွေ ကို မိ မှာ စိုးရိမ်နေရတဲ့ဘဝ။
သူတို့ ရဲ့ ဘဝ က သူတို့ရဲ့ လူ သမ္မတမဖြစ်မှာ ကို ရူးမတတ် ကြောက်နေရတဲ့ ဘဝ။
လက်ရှိ စည်းစိမ် တွေ ကို လွှတ်လိုက်ရမှာ ကို အသေအလဲ ပူပန်နေရတဲ့ ဘဝ။
ကိုယ်ထိပ်ပိုင်းမှာ မရှိတာ နဲ့ ပညာမရှိ ဘဲ နေရာယူ လုပ်စား နေတဲ့ သားသမီး မြေးတွေ ရဲ့ လုပ်ငန်း တွေ အတွက် စိုးရိမ် ရေမှတ် ရောက်သွားတော့မဲ့ ဘဝ။
အဆင့်ဆင့် အရိုအသေပေး ရှိခိုးဦးတင် ဖူးမျှော် ခံရမှု တွေ မရ တော့မဲ့ ကိုယ့် အကြောင်းကို သနား နေရတဲ့ ဘဝ။
. ပြောသမျှ လက်ညိုးထိုးရာ ကို အသိဉာဏ်မဲ့ လုပ်ပေးတဲ့ ခေါင်းမရှိ လူတန်းစား ရဲ့ အကြီးအကဲ အဖြစ်ကို လက်လွှတ် ရတော့မဲ့ ဘဝ။
တိုင်းပြည်ချမ်းသာပြီး သူတို့ သာမာန်လူတွေလို လူတန်းစားညီမျှ သွားမှာကို ဝန်တို နေရတဲ့ ဘဝ။
အဲဒီလို ဘဝ ပြောင်းမှာ ကို မပြောင်းရအောင် ဖြစ်နိုင်ရင် အသက်နဲ့ လဲကာကွယ်ရတော့ မဲ့ အခြေအနေ ဖြစ်နေတာ။
ဒီအတွက် ပြည်သူတွေ ဘယ်လောက်ဘဲ ထောက်ခံတဲ့ သူ ဖြစ်ပါစေ။
မျက်နှာပြောင်တိုက်ပြီး နည်းမျိုးစုံ သုံး ကာကွယ်သင့်တာပေါ့။
မှန်ပါတယ်။
လုပ်ပေါ့။

ဒါပေမဲ့ အံ့ဖွယ် တစ်ခုက
သူတို့လို စည်းစိမ်တွေ သုံးမကုန်အောင် မကြွယ်ဝ ပါဘဲ
သူတို့လို ရာထူးဂုဏ်ရှိန် မကြီးပါဘဲ
သူတို့လို လုပ်ငန်းတွေ ရေတွက်မရ အောင် မရှိပါဘဲ
အရိုးအရင်း လေး ကိုက်ရဖို့ သူတို့ ကို ကာကွယ်ပေးနေသူများ အတွက်ပါ။
သူတို့ခမျာ
ကိုယ့်အထက်လူကြီး တွေ ကို ခေါင်းကျိုးမတတ် ညွှတ်၊ မြေကြီးထိမတတ် ငုံ့ မနေဘဲ လူ လူချင်း မှာ ပါဝါ အာဏာ ကို ကြောက်နေစရာ မလိုဘဲ
ထမင်းဝဝ စား နေနိုင်တဲ့ အရသာမျိုး ကို ဘာလို့များ မခံစားချင်ကြလဲမသိ။

ဘယ်သွားသွား ဘာလုပ်လုပ်
ကိုယ်မှန်ရင် ဘယ်သူ့မျက်နှာမှ ကြည့်စရာ၊
ဘယ်သူ့ကိုမှ အောက်ကျို့စရာ မလိုဘဲ
လူသား နဲ့လူသားချင်း ကြား တန်းတူ ဆက်ဆံ မှု ကို ရတဲ့ ဘဝ ရဲ့
စိတ်လွတ်လပ်ခြင်း ကို မြန်မာပြည်သူ/သား အားလုံး ကိုခံစား စေချင်ပါတယ်။

အဲဒီ အတွက် အဲဒါကို ရအောင် လုပ်ဖို့ ကို အားပေး မဲ့ ခေါင်းဆောင် လိုပါတယ်။
အဲဒီ ခေါင်းဆောင်ဟာ လက်ရှိကာလ မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။
သူ့ကို လောလောဆယ်မှာ ယုံထားလိုက်ကြပါ။
ပံ့ပိုးပေးကြပါ။
အာဏာရအောင် ယူပြီး သူ့လက်ထဲကို ထည့်ပေးလိုက်ကြရအောင်ပါ။
သူနိုင်မှ ကျွန်မတို့ အားလုံး လူ ကို လူ က ဖားနေရတဲ့ဘဝ၊ အောက်ကျို့နေရတဲ့ ဘဝ က လွတ်မှာပါ။
အဲဒီလို စိတ်လွတ်လပ်ပြီး ကိုယ့်ကြိုးစားမှု အသီးအပွင့် ကို ကိုယ်ပြန်စားသုံး ရမဲ့ ဘဝ ရ အောင် အတွက်
ဒီပွဲ မှာ ….
“ဒေါ်အောင်ဆန်းစုကြည်” နိုင်မှ ဖြစ်မှာပါ။

ဒေါ်အောင်ဆန်းစုကြည် ရဲ့   ၁၉ ဇွန်လ မွေးနေ့ မွေးရက် မှသည် နောင် နှစ်ပေါင်း များစွာ တိုင်အောင်
စိတ်ချမ်းချမ်းသာသာ ကိုယ်ကျန်းကျန်းမာမာ နဲ့ ပျော်ရွှင်စွာ ချစ်သော မြန်မာပြည်မှ ပြည်သူ/သားများ ရဲ့
ထိပ်တန်း အခိုင်းခံ ဘဝ ကို ရောက်ပါစေ လို့ မြန်မာ ဂဇက်ရွာသူ/ရွာသားများ ကိုယ်စားပြု ဆုမွန်ချွေ လျှက်။

 

++++++++++++++++++++++++++++++++++++++++++++++++++++++++++++
. မေမေ
. ရေး-ဆို-တီး-ဖမ်း (ဆောင်းဦးလှိုင်)

. ဒီရထားကြီး ထွက်ချိန် မမှီဘူးဆို
. နောင်အနာဂါတ် က သိပ်မရေရာ
. အရာရာ အောက်ကျနောက်ကျ မနေရအောင်
. မေမေ နိုင်မှ ဖြစ်မယ်၊ မေမေ နိုင်မှဖြစ်မှာပါ။

. ဒါနောက်ဆုံး နဲ့ အကောင်းဆုံးအခွင့်အရေးဆို
. အောင်မြင်မှု က တို့လက်ထဲမှာ
. အမှန်တရားတို့ လင်းလက်ရှင်သန်ဖို့ဆို
. မေမေ နိုင်မှ ဖြစ်မယ်၊ မေမေ နိုင်မှဖြစ်မှာပါ။

. အဆိုးအကောင်း ကျိုးကြောင်းနဲ့ ခွဲခြမ်းသိရမယ်
. အမေ ဟာ အမေ ဘဲ မေတ္တာရှင် နှိုင်းစရာမမြင်
. ခလုပ်ထိချိန်မှ တို့ တမ်းတတတ်လွန်းလို့
. ကောင်းကြသေးရဲ့လား

. ဒီရထားကြီး ထွက်ချိန် မမှီဘူးဆို
. နောင်အနာဂါတ် က သိပ်မရေရာ
. အရာရာ အောက်ကျနောက်ကျ မနေရအောင်
. မေမေ နိုင်မှ ဖြစ်မယ်၊ မေမေ နိုင်မှဖြစ်မှာပါ။

HB DASSK

About မြစပဲရိုး

Khin Latt has written 240 post in this Website..