မင်းလေးမက်တဲ့ အိပ်မက်ထဲ မင်းသမီးလေးဟာ ကိုယ်ပါပဲ – Snow White (KZ’s ကြည့်မိသမျှ)

ဇီဇီAugust 6, 20152min25815

ဒစ်စနေ မင်းသမီးလေးတွေ တစ်ယောက်ချင်း နဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေ သိကောင်းစရာတွေကို လျှောက်ရေးမဲ့ ပို့(စ) တွေပါ။
အဟိဟိ။  :mrgreenn:
တစ်ပတ် တစ်ပုဒ် မှီအောင် ကြိုးစားပါ့မယ်။

 

 

Snow White
Snow White

.

.

.

.

.

၁) စနိုးဝှိုက်
မြန်မာပရိတ်သတ်နဲ့ မစိမ်းပါဘူးနော့။
စနိုးဝှိုက်မင်းသမီးလေးနဲ့ လူပုလေးရ ယောက်ပုံပြင်က ကလေးဘဝမှာ လူတိုင်းလိုလိုနားထောင်ဖူးပါရဲ့။
ဒစ်စနေရဲ့ ပထမဆုံး မင်းသမီးလေးဖြစ်ပြီး အသက် ၁၄ နှစ်ပဲ ရှိပါသေးသတဲ့။
ဗီလိန် နေရာမှာ တော့ ထုံးစံအတိုင်း မိထွေးတော်ဖြစ်ပြီး စုန်းအတတ်ကို တတ်တယ်လို့ ဆိုပါတယ်။

.

.

PLOT SUMMARY
မိထွေးဆီမှာ အမှန်အတိုင်းပြောတတ်တဲ့ မှန်ပြင်တစ်ခုရှိပြီး “ကဘာပေါ်မှာ ဘယ်သူ အလှဆုံးလဲ” လို့ မေးတိုင်း မိထွေးတော်ကို အလှဆုံးလို့ ဖြေပေမဲ့ စနိုးဝှိုက်လေး အရွယ်ရောက်လာတော့ အဖြေက “စနိုးဝှိုက်လေး” ဖြစ်ကြောင်း ကြားရာက အစ မနာလိုစိတ်တွေ ဖြစ်လာကာ စနိုးဝှိုက်ကို သတ်ခိုင်းပါတယ်။ သတ်ရမဲ့သူက သနားလို့ တောထဲလွှတ်လိုက်တော့ လူပုလေး ရ ယောက်နဲ့ တွေ့ပြီး စနိုးဝှိုက်ကို ကယ်တင်ထားပါတယ်။
မိထွေးတော် စုန်းမကြီးက မသေမှန်းသိသွားလို့ သူကိုယ်တိုင် အဖွားကြီးဟန်ဆောင်ပြီး အဆိပ်ထည့်ထားတဲ့ ပန်းသီး တစ်လုံး ကို ကိုက်စားခိုင်းရာမှာ စနိုးဝှိုက်လေးက မြောသွားရာက သူကို ချစ်မြတ်နိုးသူ မင်းသားလေး နမ်းမှသာပြန်နိုးလာတဲ့ ဇာတ်လမ်းပါ။

.

.

~~~~~~~~~~~~~~~

MOVIES

.

Snow White and the Seven Dwarfs (1937 film)
Snow White and the Seven Dwarfs (1937 film)

 

 

 

 

 

 

 

 

 

 

 

 

 

.

.

.

 

.

.

ဒီ ဇာတ်လမ်းကို အခြေခံပြီး ၁၉၃ရ မှာ ဒစ်စနေက Snow White and the Seven Dwarfs (1937 film) ကာတွန်းမူဗီလေး စထွက်ပါတယ်။ ဟုတ်ပါတယ်။
ကျနော်တို့ ကြည့်ဖူးတဲ့ ကြည့်ခဲ့တဲ့ ကာတွန်းဇာတ်လမ်းလေးပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

220px-Snowwhiteterror
Snow White: A Tale of Terror (1997)

.

.

.

၁၉၉ရ မှာ စနိုးဝှိုက်ဇာတ်လမ်းကို သည်းထိပ်ရင်ဖို ကြောက်စရာ အသွင်နဲ့ ရိုက်ထားတဲ့
Snow White: A Tale of Terror (1997) ထွက်ပါတယ်။

ကာတွန်းကားကို စိတ်ထဲစွဲနေသူမို့ ဒီလိုရိုက်ထားမျိုးကို မကြိုက်ပါဘူးး။

~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

 

SW and HM
Snow White and the Huntsman (2012)

 

 

 

 

 

 

 

 

 

 

 

 

 

 

.

.

.

 

.

.

၂၀၁၂ မှာတော့ Snow White and the Huntsman (2012) ရုပ်ရှင် အနေနဲ့ ထွက်လာပါတယ်။
မင်းသားက “Thor” ထဲက မင်းသား Chris Hemsworth ဖြစ်ပြီး
မင်းသမီးက “Twilight” ထဲက မင်းသမီးလေး Kristen Stewart ပါ။

ဒါ့ အပြင် ဗီလိန်မိထွေးနေရာမှာ Charlize Theron ကို သုံးထားတာမို့ ခင်ဇော်ကတော့ မိထွေးကို ပိုချစ်မိတဲ့ ရုပ်ရှင်ပါ။

ဘာပဲ ပြောပြော ကြည့်လို့ ကောင်းတဲ့ ကောင်းပါပဲ။ ဒီ နာမည်နဲ့ ဒီ ကားထက် အရင်ရိုက်ထားတာ တစ်ကားရှိသော်လည်း ခေတ်မရှိတော့လို့ မညွှန်းတော့ပါဘူးးး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

.

 

Mirror-Mirror-UK-Poster-HeyUGuys-Exclusive-1
Mirror Mirror (2012)

.

.

.

အဲဗျာ။ ၂၀၁၂ တပြိုက်နက်မှာပဲ Mirror Mirror (2012) ဆိုတဲ့ စနိုးဝှိုက် နောက်တစ်ကားပါ ထပ်ထွက်လာပါရောလားးး
သုံးထားတဲ့ ဝိတ်ကတော့ မိထွေးတော် နေရာမှာ Julia Roberts မင်းသမီးကြီးကို သုံးထားတာပါပဲ။

နောက်ရသတစ်မျိုးရချင်ရင်တော့ ကြည့်ကြည့်ပေါ့လေ။

ဒီကားက မင်းသားဝိတ်မရှိပါဘူးးး. မင်းသမီးလေးကတော့ တော်တော်လှပါတယ်။

15 comments

  • ဦးကျောက်ခဲ

    August 6, 2015 at 8:36 pm

    Snow White ကတော့ နိုင်ငံအစုံက Version အစုံနဲ့ထုတ်တာ ပေါက်ကရကားတောင် ရှိသေး…
    ဇာတ်လမ်းက အသက်အရွယ်ရမှ သေချာပြန်ဆန်းစစ်တော့ ဗီလိန်စုန်းမကြီးရဲ့ဇာတ်…
    ဘယ်မင်းသမီးတွေ Evil Queen အဖြစ် ဘယ်လိုပဲ သရုပ်ဆောင်ဆောင် …
    တို့ငယ်ငယ် မြန်မာ့ရုပ်မြင်သံကြားကလွှင့်တဲ့ Disney ဇာတ်လမ်းတိုတွေက ပိုကောင်းလားလို့…
    :k:

    • ဇီဇီခင်ဇော်

      August 7, 2015 at 7:45 am

      ဟောလီးဝုဒ်က လူလည်ကျတာဗျ။
      မင်းသမီးထက် ဗီလိန်တွေကို ဘက်မျှအောင် အကောင်းသုံးတော့ ပိုဆွဲဆောင်မှုရှိတာပေါ့။
      ဟိဟိ

      :mrgreenn:

  • ဦးကျောက်ခဲ

    August 6, 2015 at 10:26 pm

    အဟိ ဂျကားမစပ် … ပို့စ်ခေါင်းစဉ်ပြန်ကြည့်ပြီး မေးစရာပေါ်လာလို့…
    မင်းလေးမက်တဲ့ အိမ်မက်က Snow White … ဆိုတော့…
    မင်းကြီးမက်တဲ့ အိမ်မက်က “The Little Mermaid” ထဲက Ursula လားဟင်… ဟိ
    :k:

    • ဇီဇီခင်ဇော်

      August 7, 2015 at 7:28 am

      ကျန်းးး လာနောက်နေတယ်…
      မားးမိတ် ပွားးတာ လည်းးး လာမယ်

      :k:

  • aye.kk

    August 6, 2015 at 11:06 pm

    ရှိတ်စပီးယားရေးတဲ့ပုံပြင်တွေရဲ ့
    ဇတ်လမ်းမှန်သမျှကို၊အရမ်းနှစ်သက်တာအမှန်ပါဘဲ။။။။

    • ဇီဇီခင်ဇော်

      August 7, 2015 at 7:40 am

      Seven Dwarfs တွေ နာမည်က
      Gold,
      Iron,
      Copper,
      Silver,
      Lead,
      Zinc, and
      Quicksilver တဲ့။

  • Mike

    August 7, 2015 at 9:37 am

    .ငိငိ…ကာတွန်းကားတစ်ကားပဲကြည့်ဖူးတယ်..
    .ကျောက်စ် ပြောတဲ့ ပေါက်ကရကားတော့ကြည့်ဖူးတယ်…အောင်မယ်..ဇတ်လမ်းဇတ်အိမ်သေချာရိုက်ထာ……တာနော်..ခိခိ :))

    • ဦးကျောက်ခဲ

      August 7, 2015 at 10:41 am

      ကျန်း… ဘုရားဒကာ ကျောင်းဒကာဂျီး ဒါတွေလည်းကျိသလား…
      ဟီ ဟိ ပြောင်းဖူးပေါက်ပေါက် မီစားချင်တော့ဝူး… အားဟိ :k:

    • ဇီဇီခင်ဇော်

      August 7, 2015 at 5:41 pm

      ခိခိ
      မိုက်ပြောတာအထာမပေါက်ပဲ ကျောက် ကို ဘာကားတုန်း သွားမေးနေတာ။
      ဟိ

      :mrgreenn:

  • ဦးကြောင်ကြီး

    August 7, 2015 at 11:35 am

    .. စနိုးဝှိုက် ခိုးရိုက် ထိုးနှိုက် အဖိုးကြိုက်

  • black chaw

    August 11, 2015 at 8:43 am

    Snow White and the Huntsman (2012) ကို
    အသေးစိတ် မှတ်မိနေလောက်အောင် ကြည့်ခဲ့ဖူးပါတယ်…။
    စကိုင်းနက် က ခဏခဏ လွှင့်ပေးနေလို့
    အမှတ်တမဲ့ ကြည့်မိရင်း Charlize Theron ကြီးရဲ့ အလှက
    ဇာတ်လမ်းအဆုံးအထိ ခေါ်သွားနိုင်ခဲ့ပါတယ်…။
    ဂျူလီယာရောဘတ်ရဲ့ စနိုးဝှိုက် လည်း ခဏခဏ လာလို့
    အမှတ်တမဲ့ ကြည့်ဖြစ်ပေမယ့်
    Charlize Theron ကြီးကို ဘယ်လိုမှ မကျော်နိုင်လို့
    မကြည့်ဖြစ်ပါဘူး…။
    ဗီလိန် ဆိုလို့ ပြောရဦးမယ်…။
    အခုနောက်ပိုင်း ရုပ်ရှင် ကြည့်ရင် ဗီလိန်တွေ ကို ပို သတိထားဖြစ်နေတယ်ဗျ…။
    ဂျိမ်းစ်ဘွန်း ကားဆိုရင် မင်းသား ရဲ့ အရည်အချင်း ပိုမိုပေါ်လွင်ဖို့
    ဗီလိန်တွေကို အရည်အချင်း သိတ်မြှင့်ထားတတ်ကြပါတယ်…။
    ပြီးတော့ ကိုရီးယား ဇာတ်လမ်းတွဲတွေ ဘက်ကို ကြည့်ပြန်ရင်လည်း
    ဗီလိန် တွေရဲ့ သရုပ်ဆောင်နိုင်မှု၊
    ပံ့ပိုးပေးနိုင်မှုတွေ ကြောင့်သာ
    ဇာတ်တွေက ပိုကြွလာပြီး ပရိသတ်ကို
    စွဲဆောင် နိုင်စွမ်းမြင့်မားလာကြတယ်လို့ ကျွန်တော် ယူဆမိပါတယ်…။
    ကိုရီးယား ကားတွေရဲ့ ဗီလိန်တွေဟာ ခေသူမဟုတ်တွေ ပဲ ပေါ့ဗျာ…။
    အဲဒီ အချက်ကို အစောဆုံးဖမ်းဆုတ် ခဲ့သူက ဦးဇင်းကြီး ကျော်ဟိန်း လို့ထင်တယ်ဗျ…။
    ရမက်ဇော တို့ အကြွေး တို့ ကို ပြန်ကြည့်ရင်
    သိနိုင်ပါတယ်…။
    ဆိုတော့ အခုနောက်ပိုင်း ရုပ်ရှင်လောကမှာ
    ဗီလိန် ရဲ့ အရေးပါမှုဟာ မြင့်တက်လာနေတယ်လို့
    အသားလွတ်ကြီး လေ ဝင်ဖေါ သွားပါတယ်ဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

    • ဇီဇီခင်ဇော်

      August 11, 2015 at 9:15 am

      အဟုတ်ပါ့ဗျာ။
      နောက်ပိုင်း ဗီလိန်ကို မြင်နေကျ တော်ရိ တော်ရိ သုံးထားရင်ကို မကြည့်ချင်တော့တာ အမှန်ပဲ။
      အားပြိုင်မှု မရှိကားက အသက်မဝင်ဘူးး

      🙂

  • အောင် မိုးသူ

    August 11, 2015 at 9:36 am

    အရမ်းကြိုက်ခဲ့ရတဲ့ ပုံပြင်ဇာတ်လမ်းတွေပေါ့။ ကျတော်တို့ ငယ်ငယ်တုန်းကလို ကမ္ဘာလိပ်မကြီးတို့ ကျော်ကြားတဲံ ပုံပြင်တွေကို ကောင်းကောင်းလေးရိုက်နိုင်ရင ်ကောင်းမယ်။

  • ဟေသီ

    August 14, 2015 at 4:03 pm

    အမှန်တိုင်းပြောရင် စနိုးဝှိုက်ကိုတော့ သိပ်မကြိုက်လှဘူး။ ငယ်ငယ်တည်းက ဘုကလန့်၊ ခေါင်းမာတတ်သူ ဆိုတော့ သူ့ကို လုံးဝကို မကြိုက်တာ။ စင်ဒရဲလားမှ နည်းနည်းကြိုက်သေးတယ်။ ခုတော့ Brave က Merida တို့ Frozen က Elsa တို့ကို ပိုကြိုက်တယ်။ ရဲရင့်ပြီး ဘဝကို ကိုယ့်အားကိုယ်ကိုးနိုင်တယ် ထင်လို့။ ကျွန်မ စိတ်ထဲမှာ ရှိတဲ့ မိန်းမတစ်ယောက်မှာ ရှိသင့်တဲ့ အသွင်သဏ္ဍာန်တွေနဲ့ ထပ်တူကျလို့ ပိုကြိုက်မိသွားတယ် ထင်တာပဲ။

    • ဇီဇီခင်ဇော်

      August 14, 2015 at 4:10 pm

      ဟုတ်။
      လာမယ်လေ။
      စောင့်ဖတ်နော်။
      ကျနော်က Merida ဆံပင်ကြိုက်လို့ လိုက်ကောက်လိုက်သေးးး
      ဟေးဟေး

      :k:

Leave a Reply