Credit & Reference –

.
.
.

(၁) ပြည်ပမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားများ အနက်ဘယ်သူတွေ ကြိုတင်မဲပေးခွင့်ရှိသလဲ။

•• ပြည်ပရောက် သံအဖွဲ့ဝင်များ နှင့် ၎င်းတို့၏ အိမ်ထောင်စုဝင်များ။

•• ပြည်ပရောက် သံရုံးအဖွဲ့ဝင်များ နှင့် ၎င်းတို့၏ အိမ်ထောင်စုဝင်များ။

•• ပြည်ပရောက် ပညာတော်သင်များ နှင့် ၎င်းတို၏ အိမ်ထောင်စုဝင်များ။

•• ပြည်ပရောက် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် ၎င်းတို၏ အိမ်ထောင်စုဝင်များ။

•• အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများနှင့် အိမ်ထောင်စုဝင်များ

.
နောက်ဆုံးအချက်က နိုင်ငံခြားမှာ တရားဝင်နေထိုင် အလုပ်လုပ်နေကြတဲ့ ကျနော်/ကျမတို့လို မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသား များကိုဆိုလိုပါတယ်။

.

.

.

(၂) ပြည်ပသို့တရားဝင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးခွင့်ရစေရန်။

•• အရေးအကြီးဆုံး နဲ့ အခုလက်ရှိလုပ်ရမှာက မဲပေးခွင့်ရှိသူအမည်စာရင်းမှာ မိမိနာမည်ပါအောင်လုပ်ရပါမယ်။
တနည်းက မိမိရဲ့အိမ်ထောင်စုဇယား တည်ရှိရာ ရပ်ကွက်/ မြို့နယ်ကော်မရှင်ရုံးက ထုတ်ပြန်ထားတဲ့မဲစားရင်းမှာ မိမိအမည်ပါမပါ အချက်အလက်မှန်မမှန် စစ်ဆေးရတာပါ။
နောက်တနည်းက online ကတဆင့် http://checkvoterlist.eucmyanmar.org/မှာ ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။ ဒါကတော့ Data base ရဲ့ အချက်အလက် ထည့်သွင်းမှု ပြီးမြောက်တဲ့ အဆင့်ပေါ်မှာ မူတည်ပါတယ်။

•• တကယ်လို့ သွားရောက်စစ်ဆေးပြီးလို့ မိမိအမည်ဟာ ကြေငြာထားတဲ့ အမည်စာရင်းမှာ မပါတာသေချာရင် မိမိအမည်ကို ထည့်သွင်းရန် တောင်းဆိုလွှာ ပုံစံ (၃) ဖြင့်၎င်း။

•• အချက်အလက်မှားယွင်းနေပါက ပြင်ဆင်ရန် ပြင်ဆင်လွှာ ပုံစ (၄) ဖြင့်၎င်း လျှောက်ထားရပါမယ်။

•• မြို့နယ်တခုထက်ပိုပြီး အခြားမြို့နယ်မှာ မိမိ အမည်စာရင်းပါနေရင် ပိုနေတဲ့မြို့နယ်မှာပယ်ဖျက်ဖို့ ပုံစံ (၄-က) နဲ့ ပယ်ဖျက်ဖို့လျှောက်ထားရပါမယ်။
ဒါတွေ သေချာအောင် လုပ်ပြီးရင် ရှေ့ဆက်ဖို့ ကော်မရှင်ရဲ့ရွေးကောက်ပွဲများကျင်းပမည့်နေ့ရက် ကြေငြာတာကို စောင့်မျှော်နေယုံပါ။

.

.

.

(၃) ပြည်ပသို့တရားဝင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးခွင့်ရစေရန်။

•• မိမိနာမည်မှန်ကန်စွာ မဲပေးခွင့်ရသူစာရင်းထဲမှာ ပါဝင်လုပ်ထားပြီးပြီ ဆိုရင် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမဲ့ရက် ကြေငြာတာကို စောင့်နေယုံပါ။

•• ရွေးကော်က ကြေငြာချက်ထွက်ပြီးပြီးချင်း ပုံစံ (၁၅) ကို နိုင်ငံခြားရေးဝန်ကြီးဌါန သို့ ပေးပို့ရပါမယ်။ ပုံစံ ၁၅ ကို ဒီမှာ http://d.pr/f/11I13လည်း ရယူနိုင်ပါတယ်။

•• နိုင်ငံခြားရေး ဝန်ကြီးဌါနက သက်ဆိုင်ရာ သံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံး၊ ကောင်စစ်ဝန်ရုံး အသီးသီးသို့ ပုံစံ (၁၅) ကို ဖြန့်ဝေပေးပို့ရပါမယ်။

•• ၎င်းသံရုံးတွေကတဆင့် အစိုးရ၏ခွင့်ပြုချက်ဖြင့် ပြည်ပရောက် မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသားများထံ ဖြန့်ဖြူးပြီး အရောက်ပြန်လည်ပေးပို့ရမည့် နေ့ရက်ကိုပါ တပါတည်း အသိပေးရပါမယ်။

•• ပြည်ပရောက်ကြိုတင်မဲပေးမည့်သူများမှ ၎င်း ပုံစံ (၁၅) ကိုဖြည့်စွက်ပြီး သက်ဆိုင်ရာသံရုံးသို့ သတ်မှတ်ရက်အရောက် ပြန်လည်ပေးပို့ရပါမယ်။

•• သံရုံးမှ နိုင်ငံခြားရေးဝန်ကြီးဌါနမှတဆင့် ဖြည့်သွင်းပြီး ပုံစံ (၁၅) ကို ရွေးကော်သို့ ပြန်လည်ပေးပို့ရပါမယ်။

•• ရွေးကော်မှ သက်ဆိုင်ရာ ရပ်ကွက် မြို့နယ်ရုံးများသို့ ပြန်လည်စီစစ်ရန်ပေးပို့ပါမယ်။
ဤအဆင့်ပြီးရင် ပြည်ပရောက်ကြိုတင်မဲပေးမည့်သူများ လွတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေငြာတာကို စောင့်နေယုံပါ။
(၄) ပြည်ပသို့တရားဝင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးခွင့်ရစေရန်။

•• ရွေးကော်က ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေငြာပြီးတဲ့အခါ သက်ဆိုင်ရာ ရပ်ကွက် မြို့နယ်ကော်မရှင်ရုံးခွဲများမှ စီစစ်ပြီး ပြည်ပရောက် ကြိုတင်မဲပေးခွင့်ရှိသူများရဲ့ မဲလက်မှတ်များကို ရွေးကော်သို့ ပို့ပေးရပါမယ်။

•• ရွေးကော်မှ ၎င်း ကြိုတင်ဆန္ဒမဲလက်မှတ် များကို နိုင်ငံခြားရေးဝန်ကြီး ဌါနမှတဆင့် သက်ဆိုင်ရာ သံရုံးများသို့ ပေးပို့ရပါမယ်။

•• သံရုံးအသီးသီးမှ ကြိုတင်မဲပေးခွင့်ရှိသူများ လျို့ဝှက်စွာ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ပေးရပါမယ်။

•• ကြိုတင် ဆန္ဒမဲလက်မှတ်များ၏ နောက်ကြောတွင် ကော်မရှင်အဖွဲခွဲ၏ တဆိပ်တုံး နှင့် တာဝန်ခံထုတ်ပေးသူလက်မှတ် ပါရပါမယ်။

•• မဲလက်မှတ်နှင့်အတူ ကိုယ်စားလှယ်လောင်း အမည်စာရင်း၊ သက်ဆိုင်ရာ မဲရုံအမည် နှင့် မဲရုံအမှတ်တို့ တပါတည်း ပါဝင်ရပါမယ်။

•• သံရုံးမှ ဆန္ဒပေးပြီးမဲလက်မှတ်ပါ စာအိပ်များကို နိုင်ငံခြားရေးဝန်ကြီးဌါနမှတဆင့် ရွေးကော်သို့ ပြန်လည်ပေးပို့ရမယ်။

•• ရွေးကော်မှ ကြိုတင်ဆန္ဒမဲများပါစာအိပ်ကို သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲသို့ ထပ်ဆင့်ပေးပို့ရပါမယ်။

Credit to မဲစာရင်းသွားကြည့်စို့ – Let’s Check Voter List
https://www.facebook.com/CheckVoterList

.

.

.

~~~~~~~

ပုံစံ (၁၅) Form  က ဒီ မှာပါ.။

.

.

.

 

Form (15)

Form (15)

.

.

.

~~~~~~~~~~~~~~~~

.

.

.

ပြည်တွင်းနေ ပြည်သူများ မဲစာရင်း စစ်ဖို့နဲ့ မဲပေးဖို့ အဆင့်ဆင့်ကို ဒီ Flow Chart  မှာ ကြည့်နိုင်ပါတယ်။
Photo Credit to  ကိုသာပို

.

.

.

 

Flow Chart

Flow Chart

.

.

.

~~~~~~~~~~~~~~~~~~~~

.

.

.

ဒါကတော့ ပြည်တွင်းပြည်ပ မဲ ပေးပုံ အဆင့်ဆင့်ကို ရှင်းပြထားတဲ့ Flow Chart ပါ။

Photo Credit to  ကိုသာပို

.

.

.

 

Flow Chart

Flow Chart

.

.

.

~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

ကျနော်တို့ စလုံး သံရုံးမှာတော့ ကြိုတင်မဲပေးဖို့ လျှောက်လွှာအရင် တင်ရပါသေးတယ်။

.

.

.

 

Election 2015 Announcement

Election 2015
Announcement

 

.

.

.

စလုံး က သူများ  သိလိုသည်များကို ဒီ ပေ့ချ တွင်သွားရောက် မေးမြန်းနိုင်ပါသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ

.

.

.

~~~~~~~~~~~~~~

.
တခြားနိုင်ငံများအနေနဲ့တော့ သက်ဆိုင်ရာနိုင်ငံက မြန်မာသံရုံးတွေမှာဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

Form 3

Form 3

 

Form 4 (ka)

Form 4

 

Form 4(ga)

Form 4(ga)

ဇီဇီ

About ဇီဇီ

ဇီဇီ has written 333 post in this Website..

CJ # 129120