ကျနော် ထွန်းဝင်းလတ်မှ မေးပြီး ညီငယ် သီဟအောင်မှ ဖြေဆိုပါသည်

kotun winlattJune 24, 20152min22012

ကျနော် ထွန်းဝင်းလတ်မှ မေးပြီး ညီငယ် သီဟအောင်မှ ဖြေဆိုပါသည်။

 

11535792_962358693797837_3802881409363213194_n

~~~~~~~~~~~~~~~~~~~~

မေး ။ ။ ညီလေးရဲ့ နာမည်က ဘယ်လိုခေါ်သလဲ ?
ဖြေ။ ။ ကျွန်တော့်နာမည်က မောင်သီဟအောင်ပါ။

မေး။ ။ ညီလေးရဲ့ မိဘတွေအမည်နဲ့ အလုပ်အကိုင်လေးကို ပြောပြပါလား။
ဖြေ။ ။ အဖေအမည်ကတော့ ဦးရဲအောင်၊ အမေအမည်ကတော့ ဒေါ်အေးအေးမြင့်ပါ။
အလုပ်အကိုင်ကတော့ လက်လုပ်လက်စားတွေပါ။

မေး။ ။ ညီလေး သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့တဲ့ကျောင်းက…?
ဖြေ။ ။ ဟုတ်ကဲ့ပါ အစ်ကို သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ
မော်လူးအခြေခံပညာ အထက်တန်းကျောင်းမှာပဲ ပညာသင်ကြားခဲ့တာပါ။

မေး။ ။ ညီလေး တက္ကသိုလ်ဝင်တန်း ဖြေဆိုခဲ့တဲ့ ခုံအမှတ်က…?
ဖြေ။ ။ စမလ – ၇၆ ပါ။

မေး။ ။ ညီလေးက ငါးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာဆိုတော့ ဘယ်ဘာသာတွေ ဂုဏ်ထူးရခဲ့တာလဲ။ ပြီးတော့ ရရှိခဲ့တဲ့ အမှတ်စာရင်းလေးတွေကိုရော
ပြောပြပေးပါလား
ဖြေ။ ။ ကျွန်တော် ဂုဏ်ထူးရခဲ့တဲ့ဘာသာရပ်တွေကတော့ အင်္ဂလိပ်၊ သချာင်္၊ ဓာတု၊
ရူပ၊ ဇီဝပါ။ ရမှတ်တွေကတော့ မြန်မာစာ ၇၁၊ အင်္ဂလိပ် ၇၅၊ သချင်္ာ ၈၇၊ ဓါတု ၈၃၊
ရူပ ၈၃ နဲ့ ဇီဝ ၈ရ မှတ်ပါ။

မေး။ ။ ညီလေးကို တက္ကသိုလ်ဝင်တန်းမှာ ဂုဏ်ထူးတွေရရှိအောင် သင်ကြားပြသပေးခဲ့တဲ့ ဘာသာရပ် ကျောင်းကဆရာတွေရဲ့ အမည်ကို ပြောပြပေးပါလား။
ဖြေ။ ။ အစ်ကို ကျနော်က တစ်နှစ်ကျပါ။

မေး။ ။ ဪ …. ဒါဆို ညီလေးက မနှစ်က တက္ကသိုလ်ဝင်တန်းမှာ ကျရှုံးခဲ့တာပေါ့။ ဘယ်လိုဖြစ်လို့ ကျရှုံးခဲ့တာလဲ။ အစ်ကို ဆိုလိုတာက လိုချင်တဲ့ ရမှတ် မရနိုင်လို့ နောက်ဆုံးဖြေတဲ့ ဘာသာကို မဖြေပဲထားလိုက်တာမျိုးလား။ ဒါမှမဟုတ် ဘယ်လိုကြောင့် ကျရှုံးခဲ့ရတာလဲဆိုတာ ပြောပြပေးနိုင်မလား။
ဖြေ။ ။ ကိုယ်ကိုကိုယ်တော့ အောင်မယ်ထင်ထားခဲ့တာပါ။ အောင်စာရင်းထွက်လာတဲ့
အခါကျတော့ နာမည်က ပါမလာဘူးလေ။အမှတ်စာရင်းတောင်းကြည့်တဲ့အခါကျတော့
သချင်္ာကအောင်မှတ်မရပဲ လေးမှတ်လိုနဲ့ ကျရှုံးခဲ့တာပါ။
လိုချင်တဲ့အမှတ်မရနိုင်လို့ မဖြေပဲထားတာမျိုးတော့ မလုပ်ခဲ့ပါဘူး။

မေး။ ။ ဟုတ်ပါပြီ….။ ညီလေးက သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ အတန်းတိုင်းမှာရော ထူးချွန်ဆုတွေ ရတာမျိုးရှိခဲ့သလား။
ဖြေ။ ။ နှစ်စဉ်ဆုရပါတယ်။

မေး။ ။ ခဏက မေးခဲ့တဲ့မေးခွန်းလေးကို ပြန်ဖြေပေးပါဦး။ ပထမနှစ်ဖြေတာကျရှုံးပြီး ဒုတိယနှစ်ကိုက ကျောင်းတက်ပြီး ဖြေဆိုတာလား။ အပြင် ဘော်ဒါဆောင်နေပြီး ဖြေဆိုတာလား။ ပြီးတော့ ဘာသာရပ်တွေကို သင်ကြားပေးခဲ့တဲ့ ဆရာတွေရဲ့ အမည်လေးကိုရော ပြောပြပေးပါဦး။
ဖြေ။ ။ အခုနှစ်ကိုတော့ ကျောင်းမတက်တော့ပါဘူး။ အပြင် ဘော်ဒါဆောင်
“လင်းအိမ်သစ်”မှာနေပြီး ဝင်ရောက်ဖြေဆိုခဲ့တာပါ။ ဂုဏ်ထူးရတဲ့
ဘာသာရပ်သင်ကြားပေးတဲ့ ဆရာ/မတွေကတော့ အင်္ဂလိပ်စာ ဦးကျော်မင်းနိုင်၊ သချင်္ာ
ဦးဇော်ဝင်းထက်၊ ဓါတုဗေဒ ဦးမြင့်စိန်၊ ရူပဗေဒ ဦးဖုန်းမြင့်အေး၊ ဇီဝဗေဒ
ဦးကျော်မင်းနိုင်တို့ ဖြစ်ပါတယ်။

မေး။ ။ ညီလေးက တက္ကသိုလ်ဝင်တန်းကို ပထမအကြိမ် ကျဆုံးပြီး ဒုတိယအကြိမ်ဝင်ရောက်ဖြေဆိုခဲ့တာဆိုတော့ ဘယ်လိုခံယူချက်မျိုးနဲ့ ကြိုးစားခဲ့တာလဲ။
ဖြေ။ ။ ပထမနှစ်က ကျရှုံးမှုကို သင်ခန်းစာယူပြီး ဒုတိယနှစ်မှာ
အကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့လို အခုလို ထူးချွန်စွာအောင်မြင်တာလို့ပဲ
ထင်ပါတယ်။

မေး။ ။ ကြိုးစားအားထုတ်ရမှု အပိုင်းလေးလည်း ပြောပြပါဦး။
ဖြေ။ ။ ကြိုးစားအားထုတ်ရမှုအပိုင်းကတော့ ခက်ခဲတယ်လို့ ပြောလို့ရသလို
မခက်ခဲဘူးလို့လည်း ပြောလို့ရပါတယ်။ ဘာလိုလည်းဆိုတော့ ကျွန်တော်က မနှစ်က
သင်ပြီးသားတွေကို ဒီနှစ်ပြန်သင်ရတယ်ဆိုတော့လေ။ ဘယ်လိုဖြေရမလဲ အစ်ကို ….
ကြိုးတော့ ကြိုးစားခဲ့ရတာပေါ့နော်…( ရယ်လျှက်ဖြေ)

မေး။ ။ ညီလေးက တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့ပြီဆိုတော့ သိပ်မကြာခင်ကာလမှာ တက္ကသိုလ်ဆိုတာကြီးကို တက်ရောက်ပြီး ပညာသင်ကြားရတော့မယ်… ဒီလိုဆိုရင် ညီလေးက ဘယ်လို တက္ကသိုလ်မျိုးကို ရွေးချယ်မလဲ။
ဖြေ။ ။ ကျွန်တော် နည်းပညာတက္ကသိုလ်(စက်မှုတက္ကသိုလ်) တက်ချင်ပါတယ်။

မေး။ ။ နည်းပညာတက္ကသိုလ်(စက်မှုတက္ကသိုလ်)ဆိုတဲ့နေရာမှာက လိုင်းတွေအမျိုးမျိုးကွဲသွားသေးတာနော်။ ဥပမာ အဆောက်အဦးပိုင်း၊ လျှပ်စစ်ပိုင်း၊ ဆက်သွယ်ရေးပိုင်း အစရှိသဖြင့်ပေါ့…. ဒီလိုလိုင်းတွေထဲမှာမှ ညီလေးက ဘယ်လိုင်းကို စိတ်ဝင်စားပြီး တက်ရောက်ချင်တာလဲ။
ဖြေ။ ။ အဆောက်အဦးပိုင်းပေါ့ အစ်ကို။

မေး။ ။ ဟုတ်ပါပြီ….. ဒီလိုတက္ကသိုလ်တက်ရောက်ပြီး ထူးချွန်လို့ တစ်ယောက်ယောက်က ညီလေးကို နိုင်ငံခြားမှာ ပညာတော်သင်ဖို့ ခေါ်ယူမယ်ဆိုရင်ရော ညီလေး ဘယ်လိုဆုံးဖြတ်မလဲ။
ဖြေ။ ။ ကျွန်တော့်အနေနဲ့ ပြောရရင်တော့ သွားချင်တယ်။ ဒါပေမယ့်
ကျွန်တော့်မှာ မိဘတွေရှိသေးတယ်လေ။ သူတို့တွေရဲ့ သဘောထား သူတို့နဲ့
တိုင်ပင်ပြီးမှ ပြောလို့ရမှာပါ။

မေး။ ။ ဟုတ်ပါပြီ …။ ညီလေးရေ အခုလို တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးငါးဘာသာနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့တဲ့အတွက် ရင်ထဲက ဝမ်းသာစကား ကျေးဇူးတင်စကားလေးတွေကို ဘယ်လိုများ ပြောချင်ပါသလဲ။
ဖြေ။ ။ ပျော်တာပေါ့ အစ်ကို… တော်တော်လေးကို ပျော်ပါတယ်။ မနှစ်က ကျွန်တော်
စာမေးပွဲကျတော့ ကျောင်းထားပေးတဲ့ မိဘတွေ စိတ်ဆင်းရဲကြတယ်။ ဘယ်နှစ်မှာမှ
စာမေးပွဲဆိုတာကြီးကို မကျရှုံးဘူးခဲ့တဲ့ ကျွန်တော်ကိုယ်တိုင်လည်း
တော်တော်လေး ခံစားရပါတယ်။ ဒီလိုကျရှုံးခဲ့တာကို အပြစ်မတင်ပဲ
ဒုတိယနှစ်ဝင်ရောက်ဖြေဆိုဖို့ အခက်အခဲတွေကြားထဲကနေ အားပေးပြီး
အဆောင်ထားပေးခဲ့တဲ့ မိဘတွေကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး
စာမေးပွဲကျရှုံးမှုကို အားမငယ်ဖို့ စိတ်မပျက်ဖို့ အားပေးစကားပြောပေးကြတဲ့
ဆရာ/မများတွေ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ထိုက်သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

12 comments

  • Mike

    June 24, 2015 at 10:00 am

    .ကြည့်ရတာသိပ်တော့ဆင်းရဲပုံမပေါ်ပါဘူး
    .ဘော်ဒါတောင်ထားပေးနိုင်တာပဲ..
    .ဒါပေမဲ့ …ထူးချွန်သူကိုချီးမြှင့်တာဆိုတော့လည်း ချီးမြှင့်ထိုက်တာပါပဲဗျာ
    .ကေ ျးဇူးပါကိုထွန်းဝင်းလတ်ရေ

  • manawphyulay

    June 24, 2015 at 10:29 am

    အဆောင်ထားပေးတယ်ဆိုတော့ မိဘတွေက တောင့်တင်းပုံရပါတယ်။ ဒါပေမယ့် မိဘတွေက ဘယ်လောက်ထောက်ပံ့ ထောက်ပံ့ သားသမီး မကြိုးစားရင် အလကားပါပဲ။ ဒါကြောင့် ကြိုးစားမှုတော့ တကယ်ချီးကျူးမိပါတယ်ရှင်…..

  • kai

    June 24, 2015 at 12:02 pm

    ထူးချွန်လူငယ်ဆိုပြီး.. ဆုငွေရတာသူလား..။
    ဒါမှမဟုတ်.. ဘယ်သူရသွားသလည်း…
    အဲဒီဆုရသူကိုလည်း.. မေးခွန်းလေးတွေမေးပေးစေချင်ပါကြောင်း…။

    • Alinsett @ Maung Thura

      June 24, 2015 at 10:16 pm

      သချာင်္ တော်တဲ့သူ. . . တော်ရုံမက ထူးချွန်တဲ့သူ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်(အားကျ)မိပါကြောင်းးး

      တထောင့်တနေရာက ပါဝင် တွန်းအားပေးသူ အလှူရှင် ရွာသူားများအား ကျေးဇူးတင်ပါကြောင်းးး

      —–
      ဒါနဲ့. . .

      ဒါက . . .
      စာ သင်နိုင်
      သင်ခွင့်
      သင်ဖြစ်သူ
      ပံ့ပိုးမှုတွေ ရှိလို့ ပညာရေးကို ထွန်းတောက်အောင် ကြိုးစားခွင့် ရသူပေါ့. . .
      အဲ့လို ကလေးတွေကိုဆုတော်လာဘ်တော်တွေ ချီးမြှင့်တဲ့အနေနဲ့ ထောက်ပံ့ပေးတာ ကောင်းပါတယ်။

      တဆက်တည်း တွေးမိတာက
      ပညာ သင်ချင် တတ်ချင်ပါလျက်နဲ့
      သင်ဖို့ မဖြစ်နိုင်
      မတတ်နိုင်
      ကြိုးစားခွင့် မရနိုင်တဲ့ ကလေးတွေ မျက်မြင်ကြုံဖူးနေတော့. . . .

      ထူးချွန်အောင် ကြိုးစားချင်လျက်နဲ့ ခေါင်းငုံ့ကာ မျက်ရည်လေး မှိတ်တုတ်မှိတ်တုတ် လုပ်နေရတဲ့ ကလေးတွေ အတွက် ဘယ်သူများ
      ဘာများ
      ဘယ်တော့များ
      ဘယ်လိုများ
      ဘယ်လောက်များ

      အင်းးး
      ကျနော် အတွေး တွေ ချော်နေပြီထင့်

      • မြစပဲရိုး

        June 25, 2015 at 2:52 pm

        ဆက်ဆက်ရေ ။
        အဲဒီလို အခွင့်မရတဲ့ ကလေး တွေ အတွက် ပြန်လာချင်နေတာပါ။
        . တစ်နေ့ပေါ့။

    • ဦးကြောင်ကြီး

      June 25, 2015 at 12:19 pm

      တကောင်လုံး ပြတာတောင် အရိပ်မမြင်ဒဲ့ သဂ ျီးဇုတ်.. ဒါနဲ့မ ျား အယ်ဒီတာခ ျုပ်တဲ့.. အမ့်ဘ။

  • padonmar

    June 24, 2015 at 9:11 pm

    အဲဒါ ဆုရတဲ့ ထူးချွန်ကလေးလေ သူကြီးရဲ့။
    ဘော်ဒါနေပြီး အောင်ရုံရော ဂုဏ်ထူး ၁ခု နှစ်ခုပဲ ထွက်သူရော တွေ့ဖူးတော့ ၅ခုထွက်အောင် သူကြိုးစားရတာ ချီးကျုးဂုဏ်ပြုပါတယ်။
    ကျမတို့က နွမ်းပါးလို့ ထောက်ပံ့တာ မဟုတ်ပဲ ထူးချွန်မှုကိုပေးချင်ခဲ့တာပဲ။
    ခုလို အင်တာဗျူးပေးတာ အကျိုးဆောင်ပေးတာ ကျေးကျေးပါ ကထွင်းလတ်။

    • kai

      June 25, 2015 at 2:00 pm

      မှားတဲ့အခါလည်း..မှားပေမပေါ့..
      အင်ဂျင်နီယာလျှောက်လို့..ဂုဏ်ယူကြောင်းလေးပါပြောပေးနော… လို့..။

  • အောင် မိုးသူ

    June 25, 2015 at 1:50 pm

    ကိုယ်တွေတုန်းကတော့ ပထမနှစ်မှာ မေမေ့ရောဂါက ဆေးရုံစောင့်နေရတာနဲ့ တစ်နှစ်ကျခဲ့တယ်။ ဒုတိယနှစ်ကျတော့ အိမ်အဆင်မပြေတာနဲ့ အလုပ်လုပ်ရင်း တစ်လ(၅၀၀၀)နဲ့ ကျူရှင်ပဲတတ်ခဲ့ရတာ။ ဂုဏ်ထူးတော့ မပါခဲ့ဘူး။ 🙂

  • မြစပဲရိုး

    June 25, 2015 at 2:51 pm

    လူတိုင်း မှာ ဒုတိယ အကြိမ် ကြိုးစားနိုင်ခွင့် ရှိကြောင်း ပြနိုင်တဲ့ ဒီ ကလေး ကို ရွေးလိုက်တာ အင်မတန် သင့်မြတ်ပါတယ်။
    တစ်ခါလဲ ရုံ နဲ့ အပြီး ထိုင်ပြီးမနေ လိုက်ကြဖို့ အတွက် တိုက်တွန်းပြီး သား ဖြစ်ခဲ့ပါပြီ။
    တစ်ခါတစ်ခါ ရှုံးလိုက်တာ ကလဲ ပိုကောင်းဖို့ ဖြစ်တယ် ဆိုတာလဲ မြင်နိုင်တယ်။

    Many Congratulations ပါ ” မောင်သီဟအောင်”။
    ကျေးဇူးပါ ဆရာလေး။
    ကျေးဇူးပါ တစ်သိန်းမတည်သူ ( Whoever 😉 )။
    ကျေးဇူးပါ ပံ့ပိုးကူညီသူများ။
    :-))))

  • ​ဒေါ် လေး

    June 26, 2015 at 9:15 pm

    ဘာဘဲပြောပြော စိတ်ဓါတ်မကျဘဲကြိုးစားတာ
    တော်ပါတယ်

Leave a Reply