ကျနော် နှင့် ဘောလုံး ( ၁ )

ဘောလုံးကို ကျနော် ဘယ်တုန်းက စ စိတ်ဝင်စားခဲ့တာလဲ ? သိပ်မမှတ်မိချင်တော့ ၊

ကျနော့ အဖေက ကချင်ပြည်နယ် လက်ရွေးစင် ဖြစ်ဘူးသလို အဖေ့ညီက အကောက်ခွန်အသင်း လက်ရွေးစင်ဗျ ၊

ဒီတော့ ကျနော့သွေးထဲမှာလည်း ဘောလုံးသွေးက ပါမပေါ့လေ ၊

ဘောလုံးသမား ဖြစ်ခဲ့သလား ? နိူး ၊ ဒါဆို ဘောလုံးကော ကန်ခဲ့ဘူးလား ? ရက်စ် ဘုရားစူး တစ်ခါကန်ဘူးတယ် ၊

ဆင်မလိုက်သင်္ဘောကျင်းဝန်ထမ်းဘဝ ၊ ဦးဆောင်ညွှန်ကြားရေးမှုးဒိုင်း ဆိုပြီး သင်္ဘောကျင်း ဌာနအသီးသီး နဲ့ အလုပ်ရုံတွေ ပြိုင်ကြတာ ၊

ကျနော်က စက်တပ်ဆင်ရေးအလုပ်ရုံအသင်းက အရန်ကစားသမား ၊  ဟီး ဟီး  အဲသလောက်ခြေစွမ်းရှိတာ ၊

အဲဒီပွဲမှာ ကျနော်တို့အသင်းက ဆီမီးဖိုင်နယ်အထိရောက်တယ် ၊ ကျနော်ကတော့ တစ်ခါမှကို ဝင်မကန်ရသေးဘူး ၊

ဘောကန်ဘိနပ် ဝယ်ပေးတဲ့ အမေကတောင် သူ့သားတော်ကြီးကို အတော် စိတ်ပျက်လောက်တဲ့အထိ ၊

အဲ ဖြစ်ချင်တော့ တည်ဆောက်ရေး ၁ အသင်းနဲ့ ကန်ရတဲ့ ဆီမီးပွဲက အကြိတ်အနယ်မို့ နာလို့ ထွက်ရသူတွေ ရှိလာရော ၊

အဲဒီမှာ အသင်းနည်းပြပေါ့ဗျာ ၊ အလုပ်ရုံအင်ဂျင်နီယာက ကဲ မျိုးသန့်ရေ သွေးပူလေ့ကျင့်ခန်း လုပ်ထား တဲ့ ၊

ကျနော်ကလည်း ပြည်နယ်တိုင်း ဘောလုံးပွဲတွေမှာ မြင်ထားဘူးသလို ကွင်းထဲမဝင်ခင် ဟိုပြေး ဒီပြေးပေါ့ဗျာ ၊

အဲ လူစားဝင်ရမှာက တိုက်စစ်မှုးနေရာ ၊ နင့်အမေလခွား ပြေးလိုက်ရတာ တယ်မောသဗျာ ၊

ဒူးယားစီးကရက် နဲ့ နှင်းဆီဆေးပေါ့လိပ် တန်ခိုးတွေပေါ့ ၊

အဲဒီအချိန်မှာ ပွဲက ဇီး ဇီး နဲ့ သရေကျနေတုန်း ၊ မိနစ် ၉ဝ ကလည်း ပြည့်တော့မယ် ၊

အားကောင်းမောင်းသန် ဟိုဘက်အသင်းက အတော်ဖိတာ ၊

ကျနော့ခမျာလည်း ရွှံ့အလူးလူးနဲ့ ၊ ယှဉ်လိုက်တိုင်း ပေါင် ၁၁ဝ ကျနော်ချည်း ပစ်လဲနေတာကိုး ၊

ဒိုင် ခရာမှုတ်ခါနီး ကျနော်တို့ဂိုးဘက်မှာ ဟိုဘက်ကစားသမာက ဘောလုံးရ ကျနော်က ဝင်အဖျက် ၊

တိုက်စစ်မှုးက နောက်တန်းဆင်းကူနေရတဲ့အဖြစ် ၊

အဲသမှာ ဟိုဘက်က လှမ်းအကန် ဂိုးသမားက ထွက်အပုတ် ၊ ပြေးလာတဲ့ ကျနော့ခြေထောက်ကို လာထိ ၊

အရှိန်နဲ့ဆိုတော့ ဘယ်လိုမှ မရှောင်နိူင်ပဲ ဂိုးထဲ ဝင်သွားတာ တန်းကနဲ ၊ ဆဲလိုက်ကြတာဗျာ ၊ ကျနော့မှာ မျက်နှာဘယ်နား ထားရမှန်းမသိ ၊

ကောင်းလိုက်တဲ့ တိုက်စစ်မှုး အေပေးတိုက်စစ်မှုး ၊ ကိုယ့်ဂိုးကိုယ် သွင်းရသလား ခွေးသားရဲ့   တဲ့ ၊

ကျနော်သွင်းတဲ့ဂိုးနဲ့ ကျနော်တို့ ထွက်လိုက်ရတယ် ၊ အဲဒီကတည်းက ဘောလုံးကန်ဖို့ စိတ်နာသွားတာ အခုထိပဲပေါ့ဗျာ ၊

ဪ ဘောလုံး ဘောလုံး ၊

ငါ နဲ့ အတော် ကံမစပ်ပါလားလို့ ထင်ခဲ့ပေမယ့် ကိုရွှေကံဇာတ်ဆရာက

ကျနော့ကို ဘောလုံးလောကထဲ ရောက်အောင် ပို့လိုက်ပါသေးတယ် ၊

ဘောလုံးဝက်ဘ်ဆိုက်အတွက် ဘောလုံးသတင်း ဘာသာပြန် တဲ့ ၊

ဪ   ကန်တာနဲ့ အကျိုးမပေးပေမယ့် ပြန်တာနဲ့တော့ အကျိုးပေးမှာပါလေ ဆိုပြီး

အဲဒီအလုပ်ကို ဝင်လိုက်တာ ၁၁ နှစ်ကြာ အခုထိ ဘောလုံးသတင်းတွေနဲ့ နပမ်းလုံးနေဆဲပေါ့ ၊

၂၀၀၅ နဲ့ ၂၀၀၆ မှာ ဘောလုံးပွဲကြေညာသူအဖြစ် MRTV 4 မှာ သွားလုပ်ခဲ့ရတာလည်း အမှတ်တရပါပဲ ၊

ဘောလုံးပွဲကြေညာရင် ဘာတွေရှောင်ရမယ်ဆိုတာ သင်ပေးခဲ့တဲ့

ကွယ်လွန်သူ အားကစားကလောင်ရှင် ဆရာကျောက်ဘီလူးတင်မောင်ဆွေ ၊

အပြောကောင်းတဲ့ ကိုနေမျိုးသူရ ( စာရေးဆရာမ လမင်းမိုမို အမျိုးသား ) တို့ကိုလည်း အမှတ်ရမိပါရဲ့   ၊

မြန်မာနိူင်ငံ ဘောလုံးအဖွဲ့ချုပ်ဝက်ဘ်ဆိုက်ကို တာဝန်ယူ လုပ်ပေးခဲ့ရတာတွေ ၊

ကွင်းထဲအထိဝင်ပြီး ဓါတ်ပုံရိုက် သတင်းယူ အင်တာဗျူး လုပ်ခဲ့ရတာတွေ သတိရစရာတွေက အများသားကိုး ၊

( အဲဒီတုန်းက အမှတ်ရစရာလေးတွေကို နောက်မှ ရေးပါဦးမယ် )

အခုတော့ ဘဝကစားပွဲမှာ ကိုယ့်ဂိုးကိုယ် မသွင်းမိအောင်

ကြိုးစားရုန်းကန်နေထိုင်ရင်း ဘောလုံးသတင်းတွေကြားမှာ ပျော်ပါးလို့ဖြင့် နေတုန်းပါ ၊

7

19 comments

  • ဇီဇီခင်ဇော်

    June 19, 2015 at 4:19 pm

    ဖတ်လို့ကောင်းတယ်။
    ရီရတာ။
    ဟီးဟီးးးး

    • တောင်ပေါ်သား

      June 19, 2015 at 4:23 pm

      😛 😛 😛

  • ဦးကျောက်ခဲ

    June 19, 2015 at 4:34 pm

    ဟီ ဟိ … ရယ်လိုက်ရတာ ၊ ကျောက်စ်ထက်ဆိုးသူတွေ့ပြီ…
    ကျောင်းသားဘဝ အောင်ကျော်ကျော်ကန်လိုက်တဲ့ ဘော… နားထင်မှန်လို့ ဂိသွားဖူးတယ်…
    အဖေကလည်း မျိုးချစ်စိတ်အပြည့်နဲ့ ဘောပွဲကြည့်လိုက်တာ အသက်ပါ ပါသွားလို့…
    ဘောဆို ဝေးဝေးကပဲ နေပါတော့တယ်ဗျား… :k:

    • တောင်ပေါ်သား

      June 20, 2015 at 11:48 am

      ကျနော်ကလည်း ကွင်းနဲ့ ဝေးဝေးမှာနေ နေသူပါ 🙂

    • မြစပဲရိုး

      June 20, 2015 at 1:02 pm

      . ကျောက်စ်
      တကယ်လား။ ကွင်းထဲ မှာ ဆုံးသွား တယ်လား။
      . ပြောသာပြော ရ။
      အဲဒီလို ဖြတ်ကနဲ ဘဝချုပ် သွားတာလောက် ကုသိုလ်ကံကောင်းတာ မရှိလို့ မှတ်တာဘဲ။
      ကျန်ခဲ့သူတွေအတွက်တော့ မကောင်းပေမဲ့ ကာယကံရှင် အတွက် နာခြင်း ဒုက္ခ မရှိတော့ဘူး။

      • ဦးကျောက်ခဲ

        June 20, 2015 at 3:37 pm

        အရီးရေ … အဖေဆုံးတဲ့အကြောင်းကို
        “ကောင်းကင်ပြိုတဲ့ နေ့” ဆိုပြီး ပို့စ်တင်ဖူးပါတယ်ခင်ဗျာ…
        http://myanmargazette.net/154398
        .
        အဟဲ… ကျောက်စ် ဘောမှန်ဖူးတဲ့ အကြောင်းကတော့….
        “ဘော ဒဏ္ဍာရီ ……. ” တဲ့…. ဟီး ဟီး
        http://myanmargazette.net/195668

    • kai

      June 20, 2015 at 2:32 pm

      ကောလိပ်ဂျင်နေဝင်းလည်း.. ဘောသမားဖြစ်ပြီး.. ကန်ချက်အရမ်းပြင်းတယ်လို့ကြားဖူးသဗျ..
      ဟုတ်မဟုတ်တော့.. မသိ..။

  • မြစပဲရိုး

    June 20, 2015 at 12:58 pm

    ကိုမျိုး ရဲ့
    ဒါဆို ကျွန်မ က သာ တယ်ဗျို့။
    ငယ်တုန်း က အိမ်က မျောက် တွေ နဲ့ ဘော်လုံး ကန် ပါတယ်။
    မောင်နှမ ၄ယောက်မှာ ၃ယောက် က ကျား မို့ ဘောလုံးကန် ရင် လူမျှ အောင် ကျွန်မ ကို ချော့ခေါ်ကြတာ။
    ကိုယ့်မှာ က လဲ သူတို့ နဲ့ မှ မကစား ရင် ကစားဖို့ လူမှ မရှိတာကို။
    အဲဒီချိန် ဘောလုံးပွဲ တွေ ကို ရေဒီယို က လွှင့်တာမဟုတ်လား။
    အဲဒီ ထဲ နာမည်ကြီး ဘောလုံးသမား နာမည် “ဟန်သိန်း” တဲ့။ အစ်ကို က ကျွန်မ ကို အဲဒီနာမည်ပေးတာ။
    သူ့ကျ “မဟာဒူး” တဲ့။
    အမေ ဆိုရင် ကျွန်မ ကို ယောကျာင်္းရှာ ဖြစ်ပြီ ကို မှတ်တော့တာ။

    ကိုမျိုး ရေးတဲ့ “ဘဝကစားပွဲမှာ ကိုယ့်ဂိုးကိုယ် မသွင်းမိအောင်” ဆိုတာဖတ်ပြီး ကိုယ့်ဂိုးကို ရှူး မိ တဲ့ ဂိုး တွေ ကို လက်ချိုး ရေတွက် နေမိနေတာ
    တကယ်တော့ အတော် မနည်း ဘူး ဗျ။ :-)))))

    • တောင်ပေါ်သား

      June 20, 2015 at 1:17 pm

      ကျနော်က ငယ်ငယ်ကတည်းက တစ်ယောက်ထဲနေတာ များတယ် ၊
      ကာတွန်းဖတ် ပုံဆွဲပေါ့ ၊ ၉တန်း၁ဝတန်း နောက်ပိုင်းကြတော့လည်း ကျောင်းပိတ်ရက်ဆို
      ရေနွေးကြမ်းတစ်အိုးနဲ့ ငြိမ်းကျော် တက္ကသိုလ်နန္ဒမိတ် မောင်မိုးသူ သိန်းဖေမြင့် မြသန်းတင့် တို့ရဲ့ စာအုပ်တွေနဲ့ပဲ နေခဲ့တာ ၊
      အားကစားဆိုလို့ ချက်စ်ထိုးတာရယ် ဟောလိဝုဒ်ရယ် ပိုကာဒေါင်းတာရယ်ပဲ တတ်တာ ၊ ဟီး ဟီး ၊ 🙂

      အဲ အဲ ကျနော်လည်း ဘဝမှာ ကိုယ့်ဂိုးကိုယ်သွင်းမိသပလေ ၊
      ဆင်မလိုက်မှာ ကန်တုန်းကအကြောင်း အမေ့ကိုပြောတော့
      ငါ့သားရယ် နာမည်ကျော်နိူင်ငံခြားသား ကစားသမားတွေလည်း ကိုယ့်ဂိုးကိုယ် သွင်းမိသူ ရှိတာပဲ၊ ဒါပေမယ့် ဆက်ကစားနေကြတာပဲ ၊ ပွဲတိုင်း ကိုယ့်ဂိုးကိုယ် သွင်းနေတာမှ မဟုတ်တာ တဲ့ ၊

      • မြစပဲရိုး

        June 20, 2015 at 1:27 pm

        ဟုတ်တယ်လေ ကိုမျိုး ရဲ့။
        . ဘော်လုံးဆိုတာ အလုံး ကြီး ဟာကို ။ သွသူ လည်ချင်သလို လည်သွားတာ။
        ဘာဖြစ်လဲ။ အခုဆို ပြောစရာလေး ကျန်ခဲ့တာ အမှတ်တရပေါ့။ မဟုတ်လား။
        အနည်းဆုံး တော့ ဂိုးသွင်းဘူး ခဲ့ပြီလေ။ lol:-))))

  • ဦးကြောင်ကြီး

    June 22, 2015 at 12:45 pm

    ပါပါမျိုး တာမီးလေး၂ယောက် ကံတာခန်ခြင်လိုက်ထှာ..

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    June 22, 2015 at 1:37 pm

    ကျနော်တော့ ယူ၂၃က ကျောနံပါတ်ခြောက် ရှိုင်းဘိုဘို ကိုသဘောကျသဗျ
    သူကငုတ်ကောင်….
    ဟိုပတ်တီးလေးတို့ ဂိုးသမားလေးတို့ မျိုးလှိုင်ဝင်းအမျိုးတို့သာ လူတွေကြားထင်ပေါ်နေတာ…
    ဒီဘဲလေးကစားတာကြည့်ရတာ…. ဇာဗီဟာနန်ဒက်ဇ် လို ဗို်လ်ချုပ်လိုမျိုး…..
    တကယ် ငြိမ်တဲ့ချာတိတ်….

    • တောင်ပေါ်သား

      June 22, 2015 at 1:45 pm

      ကျနော်က သန်းသန်းထွေးလေး သဘောကျသဗျ ၊ 🙂

      ဒီ ၂၀၁၅ထဲ ယူ – ၁၆ ၊ ယူ – ၁၉ ခြေစစ်ပွဲတွေရှိသေးလို့ အားပေးရဦးမယ် ၊

      ( ဇူလိုင် ၂ရ မှဩဂုတ်လ ၉ ရက်အထိကျင်းပမည့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲတွင် အုပ်စု A ၌မလေးရှား၊ ဗီယက်နမ်၊ လာအို၊ တီမော၊ ဘရူနိုင်း၊ ထိုင်း အုပ်စု B တွင်ဩစတြေးလျ၊ စင်င်္ကာပူ၊ ဖိလစ်ပိုင်၊ ကမော္ဘဒီးယား၊ မြန်မာတို့ပါဝင်သည်။

      ဩဂုတ်လ ၂၂ ရက်မှစက်တင်ဘာ ၄ ရက်အထိကျင်းပမည့် အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် အုပ်စု A ၌ ထိုင်း၊ ဩစတြေးလျ၊ ကမော္ဘဒီးယား၊ ဘရူနိုင်း၊ လာအို၊ ဖိလစ်ပိုင်၊

      အုပ်စု B တွင် မလေးရှား၊ မြန်မာ၊ စင်္ကာပူ၊ တီမော၊ ဗီယက်နမ်တို့ပါဝင်ကြသည်။ )

      • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

        June 22, 2015 at 1:50 pm

        ထွေးစ့် ကို မထိနဲ့…..ထွေးစ့် က အူးလေးတို့အရွယ်ဝတ် မဟုတ်…

        😛

        • တောင်ပေါ်သား

          June 22, 2015 at 2:12 pm

          ဦးဦးမှာလည်း အသည်းနဲ့ပါ ၊

          တစ်ခါတစ်လေ လူကြီးကို ဦးစားပေးပါလားကွယ် ၊

          🙂

  • Mike

    June 22, 2015 at 2:14 pm

    .ဖြစ်ရမယ်..ကိုမ ျိုးတို့ကတော့.. :))
    .က ျုပ်လည်းဘာအားကစားမှမယ်မယ်ရရမကစားတတ်ဘူးဗ ျို ့

  • manawphyulay

    June 22, 2015 at 2:25 pm

    ဘာပဲပြောပြော ဒါ ဘောလုံးနဲ့ အကျိုးပေးတယ် ခေါ်ရမှာပဲနော်… ဘောလုံးသမားတွေလိုတော့ ပိုက်ဆံ မရလောက်ဘူးပေါ့…. :mrgreen:

    • တောင်ပေါ်သား

      June 22, 2015 at 2:30 pm

      ကိုမိုက်ရေ
      ကျနော်က ကန်တာနဲ့ အကျိုးမပေးပေမယ့် ပြန်တာနဲ့ အကျိုးပေးလို့
      အခုထိ ဘောလုံးသတင်းတွေ ဘာသာပြန်နေရတုန်း 🙂

      မနောရေ
      ဘောလုံးသမားရဲ့ တစ်ညတာအဖြုန်းလောက်ပါပဲကွယ် ၊

  • အောင် မိုးသူ

    June 23, 2015 at 12:07 pm

    ဘောလုံးကတော့ ဝါသနာမပါဘူး ကြည့်ရတာကော ကန်ရတာကော ဒါပေမယ့် နိုင်ငံပွဲတွေ မြန်မာပွဲတွေကိုတော့ ကြည့်တယ်။

Leave a Reply