” ဒီမှာလေ တက်တယ် တက်တယ် “

“ဒီမှာလေ တက်  တယ်  တက်တယ်  ”

၁၉၆၂

အိမ်စောင့် အစိုးရ

တက်။

အရင်းရှင်စံနစ်

ချုပ်ငြိမ်းအောင်

ပြည်သူပိုင်တွေ

သိမ်းလိုက်တော့

ကုန်ဈေးနူန်းတွေ

ွတက်။

 

အဲဒီ ဆိုရှယ်လစ်ခေတ်မှာ

ကုန်သည်တွေကို

ဝိသမ

လောဘသား

အမည်ပေး

ဇူဇကာ

စစ်ဆင်ရေးနဲ့

ကျွေးထဲ့ လိုက်တဲ့အခါ

ဆန် တွေ  ဆီတွေ

လွယ် လွယ်

ဝယ်မရတော့

တက်။

 

” ပြည်တွင်းဖြစ်ကိုအားပေးပါ ”

နိုင်ငံတော်ကိုတံခါးပိတ်

ပြည်ပ

လုံးဝ

အားမကိုး

ကိုယ်ထူကိုယ်ထ

မာန်တွေကြွ

စက်ရုံဆောက်

သမ အသင်းတွေထောင်

တစ်ခုမှ

မအောင်မြင်တော့

ဟိုဟာမရှိ

ဒီဟာရှား

လိုချင်တာများရှိရင်

မှောင်ခိုဈေးကိုပြေး

ခိုးဝင်လာတာကိုဘဲ

အားပေးရတယ်ဆိုတော့

ရှိသမျှ  အကုန်

တက်။

 

၁၉၈၈

ချောက်ထဲကဆွဲတင်

ကယ်တင်ရှင်တို့ခေတ်။

၂၅ကျပ်အဆုံးခံလိုက်ရင်

လူရာဝင်တဲ့ခေတ်။

ဘာဖြစ်ဖြစ် ပါမစ်ခေတ်။

လက်သင့်ရာ စားတာ်ခေါ်တဲ့ခေတ်။

ဈေးကွက် စီးပွားရေးစံနစ်သစ်။

တံခါးတွေ အကုန်အဖွင့်မှာ

ပွင့်တဲ့သူကပွင့်

ပိတ်တဲ့သူကပိတ်

ဖိတ်ချင်းဖိတ်

ကိုယ့်အိတ်ထဲ ဖိတ်တဲ့ခေတ်။

ခေတ်မပျက်ဘဲ

သူဌေးဖြစ်တဲ့ခေတ်

 

ဟိုဘက်က

တက်

ဒီဘက်က

တက်

ဟိုဟာ

တက်

ဒီဟာ

တက်

တက်ချင်သလိုတက်

တက်ပြီးရင်း

တက်တဲ့ခေတ် ဆိုတော့

အေသင်ချိုဆွေလို

ဟစ်လိုက်ချင်

ဒီမှာလေ  တက်တယ်  တက်တယ်

တက်တယ်  တက်တယ် ရှင့်

…………………

 

 

 

ကိုပေါက်လက်ဆောင် အတွေးစဉ်

၂၈-  ၃ -၂၀၁၅

 

 

 

 

 

 

 

 

16 comments

  • တောင်ပေါ်သား

    June 20, 2015 at 2:12 pm

    သားသားတို့ကတော့ ကျတယ် ကျတယ် ကျတယ်ကျတယ်ဗျ ၊ ( စိတ်ဓါတ် )

    • kai

      June 21, 2015 at 4:24 am

      သူတို့ပျော်ရ/မပျော်ရ..
      လာမယ့်ရွေးကောက်ပွဲမှာ.. ကိုယ့်လက်ထဲရှိမှာဗျား..။

  • မြစပဲရိုး

    June 20, 2015 at 4:47 pm

    ကပေါက်ကြီး
    . စေတနာ နဲနဲ မှ မပါဘဲ ကိုယ့် အတွက် အာဏာကို ဆုပ်ထားကြတဲ့ ဖွတ် ဘီလူးတွေ က မင်းသားလို ဘယ်လို ဆက်ပြီး မျက်နှာပြောင် တိုက် ကြဦးမယ် ဆိုတာ ကြည့်ကြရအောင်။
    နဲနဲလေးမှ တောင် အရှက်မရှိတဲ့ မျက်ခွက်ကြီး တွေ နဲ့ လူကြားထဲ မနေရဲ တဲ့ သူတွေ ကို ထိပ်ပိုင်းနေရာ က ဖယ်ထုတ်နိုင်ဖို့ NLD ကို မဲ ဝိုင်းပေးဖို့ဘဲ ရှိတယ်။
    ဟို တစ်ခါ အဘနီ ပြောတာလေး သတိရ မိတယ်။
    ဖွတ် ကို မပေးဘဲ ခွေး ကို တောင် အမြီးဖြတ်ပေးမယ် ဆိုတာ။
    အဲဒီလို မဖြစ်အောင် ခွေး တွေကို ပေးစရာမလိုအောင် ဒေါ်အောင်ဆန်းစုကြည် က တကယ် ကို တော်တဲ့ ပြည်သူ ကို တကယ်စေတနာထားနိုင်မဲ့ သူ တွေ ကို ရွေးဖို့ လုပ်နေတယ် ထင်ရဲ့။
    အဲဒါကို လက်ရှိ ပါတီတွင်းလူများ အနေနဲ့သဘောထားကြီးပြီး သဘောပေါက်သင့်တယ်။
    အားလုံးညီ ရင် တက်သင့်တာတွေ တက်ပြီး ကျသင့်တာတွေ ကျ သွားမှာပါ။
    {{{
    သူတို့ပါတီကတော့ ရွေးကောက်ပွဲလွန်ကာလ တိုင်းပြည်အောင်နိုင်ရေးကို အဓိကထား စဉ်းစားတယ်လို့ ဆိုပါတယ်။
    ဒါ့ကြောင့် NLD ပါတီဝင်မဟုတ်တဲ့ အပြင်က တကယ်တော်တဲ့သူတွေကိုလည်း အမတ်လောင်းအဖြစ် ဖိတ်ခေါ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
    }}}

    +++++++++++++++++++++++++++++++++
    NLD အမတ်လောင်းတွေ ပိုင်ဆိုင်မှု အကုန်ချပြရမယ်…….
    =================================
    NLD ပါတီကနေ ဝင်ရောက်အရွေးခံမယ့် လွှတ်တော်အမတ်လောင်းတွေဟာ ကာယကံရှင်နဲ့ ခင်ပွန်းဇနီးသည်တို့ရဲ့ ပိုင်ဆိုင်မှု၊ ၁၈နှစ်အောက် သားသမီးတွေရဲ့ နာမည်နဲ့ရှိတဲ့ ပိုင်ဆိုင်မှုအပါအဝင် ဘဏ်စာရင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူကို ပွင့်ပွင့်လင်းလင်း ချပြရမယ်လို့ ၂ရက်ကြာ ကျင်းပနေတဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က ပြောလိုက်ပါတယ်။
    လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်ဟာ မိမိကိုယ်ကျိုးအတွက်မဟုတ်ဘဲ တိုင်းပြည်အကျိုးစီးပွားအတွက်လုပ်ရတာဆိုတာ အမတ်လောင်းတွေ သိဖို့လိုပြီး ပိုင်ဆိုင်မှုအပြောင်းအလဲတွေရှိလာလို့ NLD ပါတီက စစ်ဆေးတဲ့အခါမှာလည်း မှန်မှန်ကန်ကန် ပူးပေါင်းပါ့မယ်ဆိုတဲ့ ကတိလက်မှတ် ရေးထိုးရမှာဖြစ်ပြီး အမတ်လောင်းကိုတော့ တကယ်တော်ပြီး အလုပ်လုပ်တဲ့သူကိုသာ ရွေးမယ်လို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၅ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ဇွန်လ ၂ဝနဲ့ ၂၁ရက်တွေမှာ ကျင်းပနေတာဖြစ်ပြီး ပါတီဥက္ကဌက အဖွင့်မိန့်ခွန်း ပြောခဲ့ပါတယ်။
    အချို့တွေက ရွေးကောက်ပွဲအောင်နိုင်ရေး အမတ်လောင်းရွေးကြပေမယ့် သူတို့ပါတီကတော့ ရွေးကောက်ပွဲလွန်ကာလ တိုင်းပြည်အောင်နိုင်ရေးကို အဓိကထား စဉ်းစားတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် NLD ပါတီဝင်မဟုတ်တဲ့ အပြင်က တကယ်တော်တဲ့သူတွေကိုလည်း အမတ်လောင်းအဖြစ် ဖိတ်ခေါ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
    ရွေးကောက်ပွဲကာလ တည်ငြိမ်မှုအရေးကြီးတာမို့ မတည်ငြိမ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လမ်းကြောင်းပြောင်းတာမျိုး မဖြစ်စေချင်တဲ့အပြင် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန်ကာလ တည်ငြိမ်အေးချမ်းပြီး ပြည်သူ့မျှော်လင့်ချက်ကို ထုဆစ်ချင်ပါတယ်လို့ လူထုခေါင်းဆောင်က ဆိုပါတယ်။
    (Kamayut Media)
    20.6.2015

  • ဝင့်ပြုံးမြင့်

    June 21, 2015 at 1:53 am

    .ငွေကြေးဖောင်းပွတာကို စီးပွားရေးတိုးတက်မှုရဲ့ သင်္ကေတလို့ ပြောရင် ဘယ်လိုလုပ်မလဲ

    • kai

      June 21, 2015 at 3:25 am

      inflation ငွေကြေးဖောင်းပွ..
      deflation ငွေတွေကျစ်ကြုံ့…
      ကျပ်ငွေတန်ဖိုး တက်/ကျ..
      ဒေါ်လာငွေတန်ဖိုးတက်/ကျ

      အဲဒါတွေအဓိပ္ပါယ်ဖွင့်ရာမှာ.. မြန်မာတွေအတွက်.. စာအုပ်ကြီးအတိုင်းမရဘူးလို့ထင်မိတယ်…
      အသေးဆုံး.. အပ်ကနေ… အကြီးဆုံး လေယဉ်ပျံအထိ.. နိုင်ငံခြားကသွင်း/သုံးကြတာကိုး….
      တိုင်းပြည်ကိုယ်ပိုင်ကုန်ထုတ်လုပ်မှုရယ်လို့.. လောက်လောက်လားလား.. ဘာမှမရှိ..။
      ဘိန်းရယ်..။ သယံဇာတရယ်… ကအဓိက…။

      စနစ်ကြောင့်မဟုတ်..။ စနစ်ကြောင့်မဟုတ်..။

    • ၂၀၁၄ ဒီဇင်ဘာ တရုပ် တစ်ယွမ်ကို မြန်မာငွေ ၁၆၅ကျပ်နဲ့လဲရတယ်။
      ကျယ်ခေါင်မှာ ခေါက်ဆွဲတစ်ပွဲ ၆ယွမ်

      မနေ့က တရုပ်ငွေတစ်ယွမ်မြန်မာငွေ၁၇ရကျပ်
      ခေါက်ဆွဲကတော့ ၆ယွမ်ဘဲ။

      မပြုံးရေ မြန်မာငွေက ပမာဏများလာပေမယ့် တန်ဘိုးကျသွားတာပါ

  • Alinsett @ Maung Thura

    June 21, 2015 at 4:33 pm

    တက်စာတွေချည်း..စားနေကြရတယ်…
    ပလို့ တွေတော့ ဂျိ ကုန်တော့မှာပဲ…

  • aye.kk

    June 21, 2015 at 10:09 pm

    1962 ခုနှစ်ဆိုတာ
    အဖေမုန်းခဲ့တဲ့နှစ်တစ်နှစ်ပါပဲ။
    1988 ခုနှစ်ဦးနေဝင်းအာဏာကျဆုံးသွားပြီဆိုတာသိရတော့
    အဖေသေပျော်ပြီဆိုပြီးလောကကြီးကို အပြုံးနဲ ့နှုတ်ဆက်ထွက်ခွါသွားနိုင်ခဲ့တယ် ။
    2015ဆိုတဲ့ခုနှစ်မှာကိုယ့်အနေနဲ ့က အတုအတုတွေကျဆုံးတာကို အမြင်ချင်ဆုံးဖြစ်မိတယ်။
    အစစ်တွေ အစစ်တွေ ပိုင်ဆိုင်ခံစားပြီး မြင့်တက်လာမဲ့ လူနေမှုဘဝတစ်ခုကို ရရှိခံစားချင်မိပါတယ်။။။

  • aye.kk

    June 21, 2015 at 10:11 pm

    1986ခုနှစ်အစား 1988ခုနှစ်လို့ပြင်ဖတ်ပေးပါ။။

  • Mike

    June 22, 2015 at 9:57 am

    .တက်…တက်…တက်…အတက်တွေထဲ….သွေးတက် မသွားဖို့ကရုစိုက်နေရသဗ ျို ့

Leave a Reply