နားဦးတည့်ရာ နှစ်ဆယ့်ခုနှစ် – Michael Learns (That’s Why – You Go Away)

မြစပဲရိုးJune 21, 20153min31020

ဒီတစ်ပါတ်အတွက် သီချင်းကို ဖော်ပေးသူက ဒေါ်ဇီလေးပါ။
သူ့ရဲ့ မျက်လုံးစိမ်းနဲ့ မင်းသား ကိုကြည့်ပြီး ကိုယ့်ရဲ့ ဖေးဘရိတ် မင်းသား တစ်ယောက် ကို ပြေးမြင်မိတယ်။
သူလဲ သိပ်မကျော်ကြားပါဘူး။ ဟောလိဝုဒ် မှာလဲ နေရာမရဘူးထင်ပါရဲ့။
သူ့ကို သိလိုက်တာက ခရစ်စမတ် ဆို အမြဲတမ်းပြ တဲ့ အင်္ဂလိပ်ရုပ်ရှင် “Love Actually ” မှာ ပါ။
လူတွေရဲ့ ကြားက အပြန်အလှန် ခင်တွယ်မှုလေးတွေ၊ ပျော်ရွှင်မှု နာကျင်မှု လေး တွေ ကို ခရစ်စမတ်အချိန် မှာ ခွင့်လွှတ်ခြင်း ၊ မေတ္တာထားခြင်း တွေ နဲ့ ဆုံးထားတဲ့ ကား။
လူတန်းစားစုံ ရဲ့ သာမာန် အဖြစ်အပျက် လေးတွေ ကို မင်းသား မင်းသမီး အများကြီး နဲ့ ရိုက်ပြထားတာ။
. ကြည့် ပျော်တဲ့ရုပ်ရှင်ကားလေး တစ်ကားလို့ ဆိုချင်ပါရဲ့။
. ဟောလိဝုဒ် အင်္ဂလိပ်မင်းသား Hugh Grant ၊ Colin Firth နဲ့ Andrew Lincoln တို့ပါတယ်။ Mr. Bean မင်းသား Rowan Atkinson လဲ ပါတယ်။
မင်းသမီး နာမယ်ကြီး ကတော့ Keira Knightley နဲ့ နာမည်ကြီး မော်ဒယ်လ်  Claudia Schiffer ပါတယ်။ သူကတော့ ဂျာမန် ပေါ့။
အဲဒီလို လူ တွေကြားထဲ မှာ ဘရာဇီလိယန် မင်းသား တစ်ယောက် ကိုးလို့ကန့်လန့်ပါနေပြီး နာမည်က Rodrigo Santoro တဲ့။
ဝီလီလေး ပါပါး ကျောက်စ် မကြိုက်တဲ့ ပျော့စိစိ ပုံပါဘဲ။ ဒီမှာ ကြည့်။ lol:-))

Rodrigo
Then & Now :-))
Rodrigo2
Love Actually

ရုပ်ရှင်ကြည့်ရင်း အဲဒီ မင်းသားကို မြင်လိုက်ချိန် အသိ တစ်ယောက်ယောက် နဲ့ ဆင်တယ်လို့ တွေးရင်း တစ်စုံတစ်ဦး ကို သတိတရ ရှိသွားခဲ့တာ မို့ အလိုအလျောက် ကိုယ့် ဖေးဘရိတ်မင်းသား ဖြစ်သွားခြင်းပါဘဲ။

ဟေး ……
စိတ်ဝင်စားကြလား။ ဆက်ပြောမယ်နော်။
ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကပေါ့။ :-))
အဖေ က ရန်ကုန် နေလိုက် နယ် ပြောင်းလိုက် လုပ်ရသူ မို့ အိမ်မှာ အမေ့မောင် က လာနေပေးတယ်။
အဲဒီချိန်မှာ ဦးလေးက ရန်ကုန်တက္ကသိုလ်မှာ ကျူတာပေါက်စ ဖြစ်နေပြီ။
သိတဲ့ အတိုင်းဘဲ ပါဘဲ။
ဆရာ လူလွတ်ဆို တပည့် ကာလသားများ နဲ့ အပေါင်းအသင်း ဖြစ် အဖွဲ့ကျ တာ ထုံးစံမို့ သူ့ဆီကိုလဲ သူ့တပည့်လေးများ လာလာလည်လေ့ရှိတယ်။
အမေ မရှိရင် အိမ်မှာက ကလေးတွေချည်းမို့ သူ့မှာ ကလေးထိန်းဖို့ ခြေချုပ်မိတာက လဲ တစ်ကြောင်းပေါ့။
တစ်နေ့ တော့ ညနေဘက် မောင်နှမ ၄ယောက် ဟိုဘက် ဒီ ဘက် နှစ်ယောက်ဆီ ခွဲပြီး ဘောလုံးကန် တုန်း ဦးလေး တပည့် တစ်ယောက် ရောက်လာတယ်။
ဒီတော့ ကိုယ်ကဘဲ အိမ်ထဲ ခေါ်သွားပြီး ဧည့်ကြိုလုပ်ရတာပေါ့။
ဦးလေးလဲ လာရော သူက “ဆရာ့ တူ တွေထဲ ဒီကောင် ကတော့ ခပ်ပိန်ပိန် နွဲ့နွဲ့ ပါလား” လို့ ပြောတယ်။
အသက် ၈နှစ် ၉နှစ် အရွယ် ပိန်ကပ်ကပ် ကြောင်ချေးရုပ် မျက်နှာ မှာ အစ်ကို့ အကျ ရှပ်အကျီင်္ ဖားဖား ဘောင်းဘီတို ဆံပင်တို နဲ့ ဘော်လုံးကန် နေသူကို ဘယ်သူက မိန်းကလေး မှတ်မှာလဲ။
. မောင်နှမ ၄ ယောက်ထဲ ကျန် ၃ယောက်က ခပ်ဝဝ တွေ ကိုး။
ဒီတော့ ဦးလေးက ရီ ပြီး သူက ကျားမ လေး ပါတဲ့။
အဲဒီတော့ သူက အားပါးတရ ရီပြီး “စောဒီး ချာတိတ်တဲ့”။
အဲဒီ ကစပြီး ဦးလေးရဲ့ တပည့်ပေါင်းများစွာထဲ အဲဒီ တစ်ယောက် ကို မှတ်မိသွားတယ်။
သူကလဲ လာတိုင်း ခပ်ပြုံးပြုံးလေး နှုတ်ဆက်တတ်တယ်။
အဲဒီ သူက အဲဒီ ဘရာဇီလိယန်မင်းသား ရဲ့ မျက်မှန်တပ်ထားတဲ့ ပုံနဲ့ အတော်လေး ကို တူတာပါဘဲ။

. ပြောချင်တာ ကို ဆက်ရရင် တကယ်တော့ ကိုယ့်ဇာတ်လမ်း မဟုတ်ပါဘူး။
သူ့ ဇာတ်လမ်းပါ။
. ဦးလေးဆီ ကို ကျောင်းသားများ သူတို့ ချစ်မှုရေးရာတွေ အကြောင်း လာရင်ဖွင့် ကြတာ ဇာတ်လမ်းစုံပါ။
အတော် ရီ ရတဲ့ လူတွေ။
သူတို့ ဧည့်ခန်းထဲစကားပြောရင် အပေါ်က ကြားရအောင် အာပြဲကြီး တွေ နဲ့ ရီလိုက် အော်လိုက် ကျွက်ကျွက် ညံဘဲ။
ကိုယ်ကလဲ စပ်စုချင်တာ ဆို နားထောင်တတ်တာမို့လဲ ဇာတ်လမ်းတွေ ကို တိတိကျကျ မဟုတ်ပေမဲ့ ဘာဆိုတာ သိလို့ရတယ်။
. နောက်ပိုင်းမှာ ရင်တွင်းဖြစ် ပြောသူ တွေထဲ အဲဒီ အစ်ကိုကြီး လဲ ပါလာတော့တယ်။
သူနဲ့ တွဲနေတဲ့ အစ်မကြီး က သူ့ ကို အဖြေပေးမလိုလို နဲ့ တစ်ခြားသူ နဲ့ လက်ထပ်တော့မယ်ဆိုလား။
အဲဒီ အစ်မကြီး က ဦးလေး နဲ့လဲ ခင်ပုံရတယ်။
“ကျွန်တော့ ကို သူဘာလို့ လက်မခံနိုင်တာလဲ။ ကျွန်တော့်မှာ ဘာများချို့ယွင်းချက်ရှိနေလို့ သူထားခဲ့တာလဲ မေးပေးပါ ဆရာရဲ့ ”
ဆိုပြီး အဲဒီ စကား အကြိမ်ကြိမ် ရွတ်နေသူ ကို ကျန်သူတွေ ဝိုင်းဖြောင်းဖျ နေကြတာ ကြည့်ပြီး နားမလည်နိုင်ခဲ့ဘူး။
ဟုတ်သားဘဲ။ဒီလောက် ချစ်ဖို့ကောင်းပြီး၊ ပညာတတ်၊ မိဘ အသိုင်းအဝိုင်း နဲ့ ဂုဏ် ရှိသူ ကို ဘယ်လို မိန်းမ က များ ထားခဲ့ပါလိမ့်ပေါ့။

. နောက်ပိုင်း မတော့ သူတို့ ကျောင်းပြီး သွားချိန် ပျောက်သွားကြပါတယ်။
သူ ဘာလုပ်နေလဲ လဲ စုံစမ်းရအောင်လဲ စိတ်မဝင်စားတော့ပါဘူး။
အခုချိန်လောက် ဆို သူ့ကို ထားခဲ့သူ ကို မေ့ပြီး အသစ်ထပ်တွေ့တဲ့ မိန်းကလေး နဲ့ ဇာတ်ပေါင်း၊ သားသမီး တင်မက မြေးပါ ရလောက် ရောပေါ့။
သက်ရှိ ထင်ရှားရှိချင်လဲရှိမယ်၊မရှိရင်လဲ မရှိတော့ဘူး။
ကိုယ့် ချစ်သောဦးလေး တောင် ဆုံးပါးသွားပြီဘဲ။

သူကတော့ တစ်ချိန်က ကောင်လေးလို့ ထင်လိုက်တဲ့  ကြောင်ချေးရုပ် စုတ်ဖတ်ဖတ် ဟာလေးကို နဲနဲလေးမှတောင် အမှတ်ရမှာ မဟုတ်တာ သေချာတယ်။
. နောက်ပြီး သူ တတွတ်တွတ် မေးခဲ့ တဲ့ “ကျွန်တော့ ကို သူဘာလို့ လက်မခံနိုင်တာလဲ” ဆိုတာကိုလဲ သူ အမှတ်ရချင်မှ ရတော့မယ်။

ဒီအချိန်မှာ ကာယကံရှင် တောင် အမှတ်ရတော့မှာ မဟုတ်တဲ့ မေးခွန်း ကို ကိုယ်က မဆီမဆိုင် စဉ်းစားပြီး အဖြေထုတ်နေတာတော့ ရီဖို့ အကောင်းသား။

ကိုယ့်အဖြေကလား ….
တစ်ချိန်က ဘယ်လောက်ဘဲ နီးခဲ့တဲ့ လူတွေဖြစ်ဖြစ် တစ်ချိန်မှာ ပြောစရာစကား တွေ မရှိတော့တဲ့ အခြေရောက်ခဲ့မယ် ဆိုရင် သူတို့ ဝေးသွားတော့တာပါဘဲ။
ရုပ်ရည်အရ၊ ပညာအရ၊ မိဘ အသိုင်းအဝိုင်းအရ အရာရာမှာ ပြည့်စုံပေမဲ့ ဘဝ ထဲ ခံယူချက်မတူရင် ရေရှည်လက်တွဲဖို့ မဖြစ်နိုင်တာ ကို အစ်မကြီး က ကြိုမှန်းနိုင်ခဲ့တာလား။
ဘယ်သူသိနိုင်ပါ့မလဲ။

သေချာတာ က အဲဒီအချိန်  Michael Learns မပေါ်သေးတာတော့ အမှန်ဘဲ။ lol:-))))

Michael Learns – “That’s Why (You Go Away)”
Baby won’t you tell me why there is sadness in your eyes
I don’t wanna say goodbye to you
Love is one big illusion I should try to forget
But there is something left in my head

You’re the one who set it up
Now you’re the one to make it stop
I’m the one who’s feeling lost right now
Now you want me to forget every little thing you said
But there is something left in my head

I won’t forget the way you’re kissing
The feelings so strong were lasting for so long
But I’m not the man your heart is missing
That’s why you go away I know

You were never satisfied no matter how I tried
Now you wanna say goodbye to me
Love is one big illusion I should try to forget
But there is something left in my head

I won’t forget the way you’re kissing
The feelings so strong were lasting for so long
But I’m not the man your heart is missing
That’s why you go away I know

Sitting here all alone in the middle of nowhere
Don’t know which way to go
There ain’t so much to say now between us
There ain’t so much for you
There ain’t so much for me anymore

I won’t forget the way you’re kissing
The feelings so strong were lasting for so long
But I’m not the man your heart is missing
That’s why you go away I know
That’s why you go away I know……

၁၉၉၆/ရ ဝန်းကျင်ထင်တယ်။ Michael Learns သီချင်း တွေကို အခွေလိုက် ကို ကော်ပီ လုပ်ဆိုကြတယ်။
ထူးအိမ်သင် ရေးပြီး ထွဏ်းထွဏ်း ဆိုခဲ့တဲ့ ၂၅မိနစ် က Michael Learns ရဲ့ 25 Minutes ရဲ့ ကော်ပီပါ။
(ထွဏ်းထွဏ်း – ၂၅မိနစ် )
(Michael Learns – 25 Minutes)
အခု သီချင်းကိုလဲ ဆိုထားတာ မျိုးကြီးလား၊ ဘိုဘိုလား မသိ (မသေချာ ရောကုန်ပြီ) ။ အတော်များများ က Iron Cross  နဲ့ ထင်ပါတယ်။

20 comments

  • မြစပဲရိုး

    June 21, 2015 at 4:58 am

    ဒီတစ်ခါ အသဲကွဲသီချင်းလေး မှာ နိုင်ငံရေး နဲ့ အဆုံးမသတ်ဘူး နော် ပြုံးမမ။ lol:-)))

    There ain’t so much to say now between us
    There ain’t so much for you
    There ain’t so much for me anymore
    But I’m not the man your heart is missing
    That’s why you go away I know
    That’s why you go away I know……
    https://www.youtube.com/watch?v=pMowafFtPuA

  • ဇီဇီခင်ဇော်

    June 21, 2015 at 7:52 am

    Rodrigo Santoro
    Actor
    Rodrigo Junqueira dos Reis Santoro is a Brazilian actor. He has appeared in many successful movies, including Brainstorm, Carandiru, Love Actually, Che, I Love You Phillip Morris, and Rio. Wikipedia
    Born: August 22, 1975 (age 39), Petrópolis, Rio de Janeiro, Brazil
    Height: 1.90 m
    Nationality: Brazilian
    Partner: Mel Fronckowiak (2013–)
    TV shows: Lost, Mulheres Apaixonadas, Explode Coração, Estrela-Guia

    ကျော် ပြော တဲ့ 300 ထဲမှာလည်းးပါတယ်တဲ့
    အာနိုးး မင်းသားးရဲ့ the last stand မှာ လည်းး ပါသတဲ့
    ကျနော် မသိသော မင်းးသားး
    —————-
    ဒီ သီချင်းးရဲ့ မြန်မာ ဗားးရှင်းးက မန်းးလေးးသားး ဘိုဘို ဆိုတာပါ
    (အဝေးးဆုံးးး သွားးတော့မလားး
    ချစ်သူ မင်းး ငါ့ကိုထားးခဲ့)

    တံခါးသစ်ဖွင့်လှစ်ခြင်းး တစ်ခွေလုံးးက MLTR ရဲ့ သီချင်းးချည်းးပါပဲ
    ကျော်တို့ သိတတ်စ အရွယ်ရဲ့ ဖေးးဘရိတ် သီချင်းးတွေပါ
    —————–
    ကျနော် ခံစားး ရ သလောက်တော့
    ခွဲခွာ ခြင်း မှာ အကြောင်းပြချက် ရှိကြေး ဆို
    ခွဲနိုင်လို့ ပဲ လို့ ထင်ပါတယ်
    ဘဝ အတွက် ကိုယ့် ခံစားချက် အတွက် မရှိမဖြစ် သူ မဟုတ်လို့ ပါ…

    • မြစပဲရိုး

      June 21, 2015 at 2:02 pm

      . ကျေးဇူးဇီကလေး။
      အချက်အလက်လေး တွေ အတွက် စိမ်းပြီ။ :-))
      မရှိမဖြစ်လို့ နှလုံးသားက လက်ခံချိန် …
      ရှိလိုက်ဖို့ မဖြစ် လို့ ဦးဏှောက် က ခေါင်းခါရင် …
      မခွဲရက် လဲ ခွဲလိုက်ဖို့ မသင့်ပေဘူးလား။
      တကယ်တော့ အဲဒီ တဒင်္ဂအသဲကွဲ လိုက်တာ က ဘဝ မနာတတ်ဘူး။
      မပေါင်းသင့်တာ ကို ခဏခံစားချက် နဲ့ ပေါင်းလိုက်တာ က ပြင်မရတတ်လို့ တစ်သက်စာ နာ တတ်တယ် (အထင်)။ 😉

      • sorrow

        June 21, 2015 at 3:35 pm

        ..မရှိမဖြစ်လို့ နှလုံးသားက လက်ခံချိန် …
        ..ရှိလိုက်ဖို့ မဖြစ် လို့ ဦးဏှောက် က ခေါင်းခါရင် …
        …မခွဲရက် လဲ ခွဲလိုက်ဖို့ မသင့်ပေဘူးလား။ လွှတ်မှန်သဗျ…. အဲ့တာလေး သဘောကျတယ်ခင်ဗျ…
        …အချစ်သည် ယဉ်ကျေးသည့်လူ့အဖွဲ့အစည်းကို ထိန်းကျောင်းသည့်အရာမှန်သော်လည်း ဘဝဆိုတာ တိုတိုလေး … ရဲရင့် ပြတ်သားသူသာ အောင်နိုင်ရာ …

        • မြစပဲရိုး

          June 21, 2015 at 7:23 pm

          . ဖြူဖွေးကို ဘယ်လို ရဲရင့် ပြတ်သားစွာ ရွေးခဲ့တုန်း ?
          Just curious & jk… မဖြေလဲ ကိစ္စမရှိပါလေ။ :-)))

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    June 21, 2015 at 7:39 pm

    တို့ဝေးရာ
    ဘိုဘိုဗျ…
    အမှတ်မမှားရင် လေးဇီး တီးခဲ့တာ…

  • Courage

    June 22, 2015 at 1:45 am

    ဘိုဘိုရဲ့ တို့ဝေးရာကို စကြားဖူးတုန်းက ကျွန်တော်ဆို ဒေါ်လေးပြောသလို ကြောင်ချေးရုပ်နဲ့အရွယ်ပဲရှိဦးမှာ။
    “တို့ဝေးရာ” “အတောင်ပံပါရင် မင်းဆီကို” “ဆေးဆိုးပန်းရိုက်မျက်နှာ” “ဝေးပြီဘေဘီ” တို့ဆိုတာ သီချင်းဆိုတာ ဘာမှန်းမသိခင် ကတည်းက ကျွန်တော့ကို ဂီတပိုး နှဲ့သွင်းပေးခဲ့တာတွေလို့ တောင်ဆိုချင်ရဲ့။
    That’s why you go away ကိုတော့ မျက်နှာဖြူစကားပြော သင်တန်းတွေ တက်ဖြစ်မှ ကြားဖူးတာပါ။
    ငယ်ဘဝက သီချင်းလေးတွေကို ပြန်အစ ဖေါ်ပေးလို့ ကျေးဇူးပါ ဒေါ်လေးမြ။

    • မြစပဲရိုး

      June 22, 2015 at 1:58 am

      . မောင်ကာကြီး ရယ်
      မင်းတို့ နှပ်ချီးတွဲလောင်း ကြောင်ချေးရုပ် အချိန်မှာ ဒေါ်လေး ခမျာ မြေးတောင် ယူ လို့ ရနေပါပေါ့ လား။
      မင်းက Generation Y အဖွဲ့ဝင်ပေါ့။
      . ဒေါ်လေးက Gen X. သူများတွေ မသိစေနဲ့နော်။ lol:-))))

      ဒါပေမဲ့ ပြောလို့ ပြောတာ မဟုတ်ဘူး။
      Gen X တွေ လက်ထဲ မှာ ကမ္ဘာ က အကြီးအကျယ် ပြောင်းလဲ သွားခဲ့တာ။
      အရာရာဘဲ။ :-)))

      • Courage

        June 22, 2015 at 7:34 pm

        Gen X လက်ထက်မှာ ကမာ္ဘကို ရွာဖြစ်အောင် လုပ်နိုင်ခဲ့တာတော့ အရမ်းအားရတာပဲ။ ကျွန်တော်တို့ လက်ထက်မှာတော့ ကမာ္ဘကို အိမ်တစ်လုံးထဲမှာ ထည့်ဦးမှ။

  • ဂျက်စပဲရိုး

    June 22, 2015 at 8:36 am

    အရီး ရဲ့ မိုက်ကယ်လန်းစ် က that’s why you go away, I know ဆိုပြီး သိလိုက်သေးတယ်
    ဒီ Linkin Park ရဲ့ သီချင်း Carousel မှာတော့ I never know just why you run so far away, far away from me တဲ့။
    ခမျာ သနားစရာ း)

    အဲဒီ MLTR သီချင်းတွေက ကျနော့် ပထမဆုံး ရင်းနှီးဖူးတော့ အင်္ဂလိပ် သီချင်းတွေပဲ။
    ဟိုး ငယ်ငယ်လေးထဲက ဗီစီဒီ တွေ မပေါ်ခင် တိတ်ခွေ ခေတ်မှာထဲက နားယဉ်နေတာ။

    သူတို့ရဲ့ greatest hits အခွေကို စနားထောင်ဖူးတာပဲ။
    https://www.youtube.com/watch?v=9hKILoz7gAA
    ၉၆ တုန်းက ဆိုတော့ ၈နှစ်သား ပေါ့ း)

  • ဦးကျောက်ခဲ

    June 22, 2015 at 10:02 am

    Love Actually မှာ ရော့ခ်ကာကြီးလုပ်တဲ့ Bill Nighy ကိုလည်းကြိုက်တယ်…
    အရယ်ရဆုံးက အိမ်ထောင်ရေးသစ္စာဖောက် Alan Rickman နဲ့ Mr. Bean …
    အဟမ်း… တိုးတိုးတိတ်တိတ် ရွာထဲဝင်အော်ရရင်…
    ဒုတိယအကြိမ် အသီးကွဲတော့ “That’s Why (You Go Away)” နဲ့ပေါ့ အရီးရယ်…

  • Mike

    June 22, 2015 at 10:20 am

    .အင်္ဂလိပ်သီခ ျင်းတွေသိပ်မသိဘူး…ဗမာသီခ ျင်းတွေလည်းသိပ်မသိဘူး…ဒါပေမဲ့…
    .ခ ျစ်ဖူးတယ် :))

    • ဝင့်ပြုံးမြင့်

      June 22, 2015 at 5:25 pm

      .ဆရာမိုက်က အလာကြီးပါလား။
      .အရီးရေ။ ဓာတ်ပုံလေးကြည့်ပြီး ကြွေသွားတယ်။ မျှစ်က အဲလို မိန်းမချော ချောတဲ့ နွဲ့နွဲ့လေးတွေဆို တအားကြိုက်။ ဗလကြီးတွေ လုံးဝကြည့်လို့မရ။

  • တောင်ပေါ်သား

    June 22, 2015 at 10:38 am

    အသဲကွဲတာလား ၊ တစ်ခါ နှစ်ခါတုန်းကတော့ အတော်အထိနာသဗျ ၊

    နောက်တော့လည်း စူပါဂလူးတန်ခိုးနဲ့ အသဲကွဲရမှာ ကြောက်စရာကို မရှိ ၊ 😛

    ( ..မရှိမဖြစ်လို့ နှလုံးသားက လက်ခံချိန် …
    ..ရှိလိုက်ဖို့ မဖြစ် လို့ ဦးဏှောက် က ခေါင်းခါရင် …
    …မခွဲရက် လဲ ခွဲလိုက်ဖို့ မသင့်ပေဘူးလား။ )

    အဲဒီလိုကို မတွေးနိူင်သေးတဲ့ ဆယ်ကျော်သက် ကလေးဆိုရင်ကော ဘယ်လိုဖြစ်လာမလဲ ?

    • Courage

      June 22, 2015 at 7:30 pm

      ကိုတောင်ပေါ်သားရေ။ ကျွန်တော်တို့တွေ ပူပေါင်းလို့ရပြီ ဗျို့။
      ကျွန်တော်လဲ လူကြားကောင်းအောင် ပြောရရင်တော့ ချစ်လို့အသဲကွဲတာဟုတ်ဘူး အသဲကွဲချင်လို့ချစ်ခဲ့တာ အကြိမ်ကြိမ်ဗျ။

  • ဦးကြောင်ကြီး

    June 22, 2015 at 12:44 pm

    မိုက်ကယ် ဘာလန်းနေတာရဲ…

  • Ma Ma

    June 22, 2015 at 2:24 pm

    “ဆရာ့ တူ တွေထဲ ဒီကောင် ကတော့ ခပ်ပိန်ပိန် နွဲ့နွဲ့ ပါလား”
    ဒီလောက်အကဲခပ်ညံ့မှတော့ ထားခဲ့တာ မဆန်းပါလေ…. 😉

  • အောင် မိုးသူ

    June 23, 2015 at 12:13 pm

    ကျွန်တော်ကတော့ မြန်မာပြည့် ပြန်ဆိုတေးတွေကြောင့် သူ့ကို ရင်းနှီးခဲ့တာ

Leave a Reply