အဖေဆိုတာ

aye.kkJune 21, 20151min17619

အဖေဆိုတာ-

နားလည်တဲ့ အရွယ်ထဲကနေ အခုချိန်အထိ သိလာခဲ့တာက ကရုတစိုက် စောင့်ရှောက်တယ်။

အသိပညာ အတတ်ပညာ တွေ သူသိသမျှအားလုံးကို မချွင်းမချန် သင်ပေးတယ်။

ရာသီဥတုနဲ ့ညီမျှအောင် နေထိုင်စားသောက် တတ်အောင် ကျွေးမွေးပြုစု စောင့်ရှောက်ပေးပြီး

လူလားမြောက်စေခဲ့တယ်။

ငွေနှင့်လူကို နှိုင်းယဉ်ပြပြီး သက်မဲ့ငွေကို သက်ရှိလူအတွက် အသုံးချခံ ဒြပ်ဝထ္ထု ပစ္စည်းအဖြစ် တစ်ခုအနေနဲ့သာ

ခံယူခိုင်းတယ်။

“လူမသေ-ငွေမရှား”ဆိုတာ အဖေ့လက်သုံး စကါးဖြစ်ခဲ့ပါတယ်။

လူအသက်တစ်ချောင်း ကယ်ကေါင်းတယ်။

လူ့အသက်တစ်ချောင်းအတွက် ကယ်ဖို့လိုအပ်လာရင် ငွေကိုမနှောမြော မိစေဖို့အတွက် ဆိုဆုံးမထားတယ်။

အဖေဆုံးမတဲ့စကါး နားထဲဝင်အောင် သွန်သင်ပေးခဲ့လို့ ကိုယ်ပိုင်ရှာဖွေထားတဲ့ ပိုက်ဆံတွေနဲ ့အသက်တွေ

ကယ်ခဲ့ပေးမိတယ်။

ကယ်ခဲ့ပေးဘူးတာတွေ စဉ်းစားမိတိုင်း ပီတိဝမ်းသာ အမြဲပြန်ပြီးတော့ ခံစားရတယ်။

“ပညာရွှေအိုး-လူမခိုး”တဲ့။

အဲဒီစကါးပုံ အကြောင်းပြုပြီး အဖေဟာ သူတတ်သိသမျှ ပညာတွေအားလုံး သင်ကြားပေးခဲ့ပါတယ်။

အဘိုးအဘွားတွေက ငါးပိကုန်သည် ရောင်းဝယ်ဖောက်ကါးခဲ့ကြပြီး ရှာဖွေစားသောက် ချောင်လည်ခဲ့ကြလို့

ငါးပိလုပ်နည်း လုပ်စားတတ်အောင် သင်ပြပေးခဲ့တယ်။

အဖေသင်ပေးခဲ့တဲ့ အချိန်တုန်းက မိသားစုတွေ ငွေကြေးပြေလည်နေကြတဲ့ အချိန်ကါလပါ ။

အဖေက အသက်မွေးဝမ်းကြောင်း အနေနဲ ့သမာအာဇီဝဖြစ်ရင် ဘယ်အရာမဆို လုပ်စားတတ်ရင် အကေါင်းဆုံး

ဖြစ်ကြောင်း တတ်ထားသင့်ကြောင်း ပြောဆိုပြပြီး သင်ပြပေးခဲ့ပါတယ်။

ပညာတတ်ရင် သူတစ်ပါး ခိုးယူလို့ မရနိုင်တဲ့အကြောင်း နားလည်သဘောပေါက်အောင် သင်ကြားပြသ

ပေးထားပါတယ်။

အချုပ်အလုပ်မတတ်ထားရင် အိမ်တွင်းငွေယိုပေါက် ဖြစ်နိုင်တာမို့ အချုပ်အလုပ်ကို ချုပ်တတ်အောင်

ပြုလုပ်ဆောင်ရွက်တတ်စေဖို့ အတွက် အချိန်ကိုတန်ဖိုးရှိအောင် အသုံးချခိုင်းပါတယ် ။

ကိုယ့်ကိုကိုယ်အားကိုးပြီး ချုပ်တတ်အောင် လေ့ကျင့်ခိုင်းပါတယ်။

အဖေက ကုန်သည်လုပ်ပြီး ချမ်းသာကြွယ်ဝသူ ဖြစ်ခဲ့ဘူးလို့ ကုန်သည်ပညာ တတ်အောင် ကုန်စုံဆိုင်ဖွင့်ပြီး

အရောင်းအဝယ် ပညာတတ်အောင် သင်ကြားပြသပေးပါတယ် ။

ဈေးရောင်းစားတယ်ဆိုတာ မလွယ်ကူတာ လက်တွေ့သိအောင် သင်ကြားပြသပေးပါတယ်။

ဈေးရောင်းစားတယ်ဆိုတာက လက်လှုပ်မှ ပါးစပ်လှုပ်လို့ရပါတယ်။ ပင်ပန်းပါတယ် ။

တတ်စေချင်ခဲ့တဲ့ အဖေ့စေတနာ အဖေ့မေတ္တာတွေပါ ။

ချစ်တဲ့စိတ်နဲ ့အလိုမလိုက်ပါဘူး။ အလုပ်ကိုလုပ်တတ်အောင် သင်ပေးပါတယ် ။

ရာသီအလိုက်ထွက်တဲ့ အသီးအနှံတွေ အထားခံရအောင် မပုတ်မသိုးရအောင်

ထားတတ်မှုကလဲ ပညာတစ်ရပ်ပါပဲ။

အချိန်ကို တန်ဖိုးထားတတ်အောင် ပျင်းရိစိတ်မရှိရအောင် မဝင်ရအောင် အလုပ်လုပ်ခိုင်းပါတယ်။

မိသားစုတွေရဲ ့ပျော်ရွှင်မှုကိုလည်း ညချမ်းအချိန် ရာသီဥတုကေါင်းမွန်တဲ့ လသာရက် မျိုးတွေမှာ

အပန်းဖြေတတ်အောင် အချိန်ပေးပါတယ်။

ဘုရားဖူးခရီးထွက်တာ နာမည်ကြီး ရုပ်ရှင်ဇတ်လမ်းတွေ ရုံတင်လာတဲ့အခါ

ကိုယ်တိုင် လိုက်ပြပေးပါတယ်။

ရိုးရာဓလေ့ အမွေအနှစ်ကို ချစ်မြတ်နိုးတတ်စေဖို့အတွက် ရိုးရာမုန့်လုပ်တဲ့နည်းတွေကို ကန်တော့မဲ့လရာသီ

အချိန်ကျရောက်တိုင်း ကိုယ်တိုင်ပြုလုပ် ဆောင်ရွက်တတ်အောင် တတ်သိနားလည်တဲ့ အရွယ်ထဲကနေ

သင်ယူတတ်မြောက်စေခဲ့ပါတယ်။

နွေမိုးဆောင်း ရာသီဥတုတွေနဲ့အညီ နေထိုင်စားသောက်စေပါတယ်။

ဆောင်းရာသီလိုမျိုးမှာ ဝမ်းမီးငုတ်စေနိုင်တဲ့ အစားစာတွေ မစားခိုင်းပါဘူး။

မိုးရာသီမှာ ဝမ်းမီးညီညွတ်စေတဲ ့အစားစာတွေ စားခိုင်းပါတယ်။

နွေရာသီမှာ ဝမ်းမီးအေးစေတဲ့ အစားအသောက်တွေ စားတတ်အောင် ကိုယ်တိုင်လုပ်ကျွေးပါတယ်။

သင်ပေးပါတယ် ။

ဗဟုသုတနဲ ့နိုင်ငံရေးအမြင် ရှိစေဖို့အတွက် မူလတန်းပညာ စပြီးတက်ရတဲ့ အချိန်ကစလို့ အဖေက

သူနဲ့အတူတူ သတင်းနားထောင်တတ်အောင် သင်ပေးခဲ့ပါတယ်။

လေလှိုင်းကလွှင့်တဲ့ ရေဒီယို သတင်းတွေလာတဲ့အချိန်ဆို အဖေ့အနားမှာနေပြီး အဖေက နိုင်ငံခြားသတင်းတွေ

နားလည်အောင် အဖေက ဘာသာပြန်ပြောပြသမျှတွေ အားလုံးကို နားထောင်မှတ်သားရပါတယ်။

စာဖတ်တတ်တဲ့ ပထမတန်းပညာသင်ကြားတဲ့ အရွယ်ထဲကနေ အဖေက လစဉ်

တိုင်းမဂ္ဂဇင်းတွေ မှာယူပြီး ဖတ်သားစေခဲ့ပါတယ်။

ကမ္ဘာ့လက်ရှိ တိုးတက်ဖြစ်ထွန်းနေမှုတွေကို အချိန်နဲ ့တစ်ပြေးညီ သိရှိအောင် ပြုလုပ်ဆောင်ရွက်ပေးပါတယ်။

အဖေဟာ အင်ဂျင်နီယာ မဟုတ်ပါဘူး။

နေအိမ်တစ်လုံးကို ကျန်းမာရေးနဲ ့ညီညွတ်အောင် ဘယ်လိုဆောက်လုပ် နေထိုင်တယ် ဆိုတဲ့အကြောင်း

ပြောပြပြီး ဆောက်လုပ်နေထိုင်ခဲ့တာ အံ့မခန်းဖွယ်ရာ မှတ်သားရပါတယ် ။

မှတ်သားမိတဲ့မှတ်မှတ်ရရက အဖေနေတဲ့ အိမ်ကြမ်းခင်းက သစ်သားခင်းတွေ ဖြစ်နေတာပါ။

မြေကြီးနဲ့ထိတွေ့မှုများတဲ့ အိမ်ကြမ်းခင်းက သစ်သားခင်းရခြင်းဟာ ကျန်းမာရေးတွက် အင်မတန်

သင့်မြတ်တယ် ဆိုတာကိုပါ။

အိမ်ကြမ်းခင်းက အုတ်အင်္ဂတေ ခင်းထားရင် ပထဝီဓတ်မရရှိတဲ့အတွက် ကျန်းမာရေးအရ လေရောဂါ အများဆုံး

ခံစား ဖြစ်ပွားနိုင်စေတယ်လို့ အဖေပြောပြခဲ့တာ မှတ်သားစရာ မှတ်မှတ်ရရ ဖြစ်ခဲ့ရပါတယ် ။

အပူအအေး မညီမျှတဲ့အတွက် အအေးဓတ်လွန်ကဲရင် ကျန်းမာရေးအရ မသင့်လျှော်ဘူး ဆိုတာပါ။

ဓတ်ကြီးလေးပါး မညီညွတ်ရင် ကျန်းမာရေးမကေါင်း နိုင်ကြောင်းပါ ။

ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှု သက်လုံကေါင်းမှု အတွက် အားကစားလိုက်စားခိုင်းပါတယ် ။

အဖေ့ကျေးဇူးကြောင့် အားကစားလည်း တတ်ကျွမ်းခဲ့ပါတယ်။

သစ်ပင်တွေ ချစ်တတ်အောင် အဖေကိုယ်တိုင်က စိုက်ပျိုးရေး ဝါသနာပါအောင် စိုက်ပျိုးတတ်အောင်

သင်ကြားပေးခဲ့ပါတယ် ။

ရာသီအလိုက် စိုက်လို့ရတဲ့အပင် မြေအမျိုးအစား အစရှိသဖြင့်ပါ ။

အဖေသင်ပေးတဲ့အရာတွေ အားလုံးဟာ တန်ဖိုးရှိပါတယ် ။ ဘယ်အရာကမှ အလဟဿ မဖြစ်ပါဘူး။

အချိန်တွေတိုင်း တန်ဖိုးရှိနေခဲ့တာပါ ။

နှစ်ပေါင်းများစွာ ငယ်စဉ်တောင်ကျေး ကလေးဘဝကနေ လူလားမြောက်ပြီး ကြီးပျင်းလာတဲ့အထိ

အချိန်ကို တန်ဖိုးရှိအောင် အသုံးချတတ်အောင် လေ့ကျင့်ပေးခဲ့တာ အဖေပါ။

အဖေရဲ ဉာဏ်ပညာကြွယ်ဝမှု အသိပညာတွေအားလုံး မချွင်းမချန်တစ်နေ့ထက် တစ်နေ့အသိတွေ

တိုးပွားအောင် အပင်ပန်းခံပြီး သင်ကြားပေးခဲ့တာ အဖေပါ ။။

ဒီကနေ့ကျရောက်တဲ့ အဖေများနေ့မှာ အဖေ့ရဲ ့ဂုဏ်ကျေးဇူးတရားတွေ အားလုံး ဆင်ခြင်အောင်းမေ့မိပါတယ်။။။

အဖေဆိုတာ  ကြီးမြတ်တဲ့ပုဂ္ဂိုလ် ဖြစ်တယ်ဆိုတာ အားလုံးအတွက်တော့

ငြင်းနိုင်မယ်မထင်ပါဘူး။။။။။။

19 comments

  • Alinsett @ Maung Thura

    June 21, 2015 at 4:23 pm

    ကျနော့် အဖေကိုတော့ ကျနော် တူးတူးခါးခါး နာကျည်းဖူးတယ်…
    သူ ပေးတဲ့ ဒဏ်ရာတွေက …. ကျနော်တို့ မိသားစုမှာ နည်းမှ မနည်းပဲ…

    😥

  • aye.kk

    June 21, 2015 at 4:30 pm

    တကယ်စိတ်မကေါင်း
    ဖြစ်မိရပါတယ် ။ ထပ်တူခံစားဝမ်းနည်းမိရပါတယ် ။
    ကိုယ့်ကိုကိုယ်အားပေးပါလို့ အမ်တီမှာပါရစေ။။

  • မြစပဲရိုး

    June 21, 2015 at 7:41 pm

    ဒီနေ့ အဖေများနေ့ က တစ်ကမ္ဘာလုံး တစ်နေ့ထဲ တူတူ ကျတယ် ထင်တယ်။
    အမေများနေ့ က မတူဘူး။
    Messgae လေးအတွက် ကျေးဇူးပါ အစ်မအေး။

    ကျွန်မ လဲ ဆက်ဆက် ပြောတာလေးဖတ်ပြီး စိတ်မကောင်းဘူး။
    အဖေ ဆိုတာ လူတိုင်းဖြစ်ဖို့ လွယ်ပေမဲ့ သားသမီးများ အထူးပြုချစ်တဲ့ အဖေ ဖြစ်ဖို့ တော့ခက်ပါတယ်။
    တကယ်တော့ ကိုယ့်သွေးသား ဗီဇ ကို ပေးလိုက်တာ နဲ့ တာဝန်မပြီးဘူး။
    သူတို့ကို ဘဝ ထဲ ကစားနည်း တွေ ကို မှန်ကန် တဲ့ နည်းနဲ့ ကစားတတ်အောင် သင်ပေးနိုင်မှ အဖေ လို့ ခေါ်နိုင်မလားဘဲ။
    တစ်ချို့ရှိတယ်။
    တကဲ့ အဖေက ပစ်သွား ပြီး မွေးစား အဖေ က အသေအချာပျိုးထောင်ပေး လို့ အောင်မြင်ချိန်ကျမှ biological အဖေ က သား လာခေါ်တာမျိုး။
    အဲဒါကျ သား အနေ နဲ့ လှည့်ကြည့်ဖို့ မကောင်းဘူး ထင်ရဲ့။

    ဆက်ဆက် ရေ – ကိုယ့်အလှည့်ရောက်ခဲ့ချိန် အကောင်းဆုံးဖခင် ဖြစ်အောင် ကြိုးစားပေါ့။ နော။ :-))

    • Alinsett @ Maung Thura

      June 22, 2015 at 9:23 am

      ကျနော့်အလှည့်မှာ … အခု ကျနော် ခံစားနေရသလို…. ကျနော့် သားသမီးတွေ မခံစားစေရပါဘူးလို့ တွေးမိတာ..
      ဒီအဖေပေးတဲ့ သင်ခန်းစာ…
      ဒီဘဝအတွက်တော့ … ဒီအဖေနဲ့ပဲ တန်တယ်လို့… ကံ ပါလာပြီ… ရွေးချယ်ခွင့်မရှိ…
      .ရွေးချယ်ခွင့်မရှိတဲ့ သားသမီးတွေရဲ့ ဘဝမှာ … မိဘဆိုတာ ဘယ်လောက် အရေးကြီးလိုက်သလဲ…
      ကိုယ့်အဖေကို လေးစားချစ်ခင်ရတာမျိုးပဲ.. ဘယ်သူမဆို ဖြစ်ချင်မှာ…
      အခုတော့… အဖေဟာ အဖေပဲလေ… သူ ဘယ်လောက် ကိုယ့်အပေါ် မကောင်းသည် ဖြစ်စေ…
      အဖေဟာအဖေပဲလို့…
      အဲ့လို တစ်ဖက်ကတွေး…
      .နောက်တစ်ဖက်ကတော့…. ငါတို့အပေါ် ဒီလို လုပ်ရက်လေခြင်းဆိုပြီး.. အံ့ဩ နာကျင် နာကျည်း…ခံပြင်း…

      😥

      • ဇီဇီခင်ဇော်

        June 22, 2015 at 9:33 am

        အရင်ဘဝက ရန်သူတွေ ဆုတောင်းမှားရင်လည်း ဒီ ဘဝမှာ သိပ်မုန်းကြတဲ့ ဆွေမျိုးတွေဖြစ်တတ်ပါတယ်။
        ဒီ ဘဝမှာ ဒီလို တော်စပ်ပေမဲ့ သံသရာ မှာ ဘယ်လိုတွေ တော်ခဲ့ကြတယ် တော်ရအူးမလဲ မသိတာမို့ …
        😥

  • lu lu

    June 21, 2015 at 8:18 pm

    ကျနော့ ဘဝ မှာ လူဖြစ်လာတယ် ဆိုကတည်းက
    အဖေ ဆိုတာ ရှင်လျက်နဲ ့သေနေတဲ့ လူတစ်ယောက်ပဲ
    ကျန်းမာရေးကြောင့်မဟုတ်တဲ့ အဖေ စိတ်မရှိတဲ့ အဖေတစ်ယောက်
    😥

  • aye.kk

    June 21, 2015 at 10:46 pm

    မလတ်ရေ
    အဖေ့ကို ဆင်ခြင်အောင်းမေ့မိတာ၊အဖေ့ဆီက မေတ္တာတရားတွေ ခံစားရရှိခဲ့လို့ပါ။
    မေတ္တာတွေကွယ်ပျောက်ခဲ့ရင် မိဘမောင်နှမ သူငယ်ချင်းမိတ်ဆွေအားလုံးဟာ တစိမ်းတွေပဲ
    ဖြစ်သွားကြမှာပါ နာကျည်းတာတွေ မုန်းတီးတာတွေ ဖြစ်လာနိုင်ပါတယ်။
    မေတ္တာရှိမှ သာအရာရာကို ခွင့်လွတ်နိုင်မှာပါ ။
    စစ်မှန်တဲ့မေတ္တာပေမ အချစ်က လူသားအားလုံးအတွက် အနှိုင်းမဲ့စွမ်းအင် ပါပဲ။
    မေတ္တာကသာ အရာရာကို ကောင်းကျိုးချမ်းသာအဖြစ် မြင့်မြတ်တဲ့ လူသားအဖြစ်
    ပြောင်းလဲနိုင်စေတာလို့ ခံယူမိပါတယ်။။။

    lu lu
    အဆိုးဆုံးရလဒ်ကို ခံးစားရလို့
    ကိုယ့်အလှည့်မှာ အကေါင်းဆုံးရလဒ်တစ်ခုအဖြစ် ဆာင်ရွက်လုပ်ပြနိုင်မှာ အမှန်ပါလို့
    အမ်တီ ပြောပြချင်ပါတယ် ။
    အမ်တီဟာ မိခင်လို့ခံယူလို့ရတဲ့ ယောက္ခမကို အမေလို့သဘောထားခဲ့တာပါ ။
    အမ်တီဟာ ဘယ်လောက်ကံဆိုးလဲဆိုရင် ယောက္ခမ မေတ္တာကို မခံးစားခဲ့ရတာ အမှန်ပါ ။
    အဆိုးဆုံးသင်ခန်းစာက အမ်တီအတွက် အကေါင်းဆုံးရလဒ် ဖြစ်စေခဲ့ပါတယ် ။
    အခုသမီးချွေးမရတော့ အမ်တီ မေတ္တာ အပြည့်အဝထားရှိ နိုင်ခဲ့ပါတယ် ။
    ဒါဟာ အမ်တီခံစားရသလိုမျိုး သမီးချွေးမ အပေါ်မှာ မခံစားစေလိုတဲ့
    စေတနာမေတ္တာကြောင့် လို့ပြောရရင် မှားမယ်မထင်ပါဘူး။။။

  • Mike

    June 22, 2015 at 9:51 am

    .အဖေကောင်းနဲ့ မတွေ့ခဲ့ရသူတွေအတွက် တကယ်ပဲစိတ်မကောင်းဖြစ်မိပါတယ်…
    .ကံကောင်းလို့ အဖေကောင်းနဲ့နေခဲ့ရသလို ကိုယ်တိုင်လည်းအဖေဘဝရောက်နေပြီမို့
    .ကိုယ့်တုန်းကလိုပဲ သားသမီးတွေကိုပြုစုပ ျိုးထောင်ပေးနေပါတယ်…

  • ဦးကျောက်ခဲ

    June 22, 2015 at 9:52 am

    အန်တီအေးရေ ကျောက်စ်အတွက်တော့ အဖေက ကောင်းကင်ပါပဲ…
    အဆုံးအစမဲ့ကျယ်ဝန်းပြီး အတွေးသစ် အမြင်သစ်တွေကိုပေးတယ်လေ…
    အခုတော့ ပြန်မရနိုင်မဲ့ ကောင်းကင်ပြိုခဲ့တာ ၁၀-နှစ် ပြည့်တော့မယ်… :'(

  • တောင်ပေါ်သား

    June 22, 2015 at 10:12 am

    အင်းးးးး အဖေ တဲ့ ၊ ၈ လသားကတည်းက အဖေ နဲ့ ဝေးခဲ့လို့ အဖေ ဆိုတာ ဖြူတယ် မဲတယ် မသိခဲ့ရ ၊ ၉ တန်း ၁ဝ တန်းအရွယ်ကျမှ ဓါတ်ပုံပဲ မြင်ဘူးခဲ့တယ် ၊ အဖြူအမဲဓါတ်ပုံသေးသေးမို့ သိပ်မသဲကွဲလှ ၊

    အမေနဲ့အဖေကွဲကြမယ်ဆိုတော့ဧရာဝတီမြစ်ဘေး ရွှေကူသင်္ဘောဆိပ်က
    ပေါင်းနက်ချောင်းတံတားပေါ်မှာ ၈ လသား ကျနော့်ကို လုကြသတဲ့ ၊ အထက်တန်းပြဆရာမဖြစ်တဲ့အမေက ဒီမယ် ကိုတင်မောင်ဝင်း ရှင့်သားကို ရှင်နဲ့ထားရင် ရှင့်လိုလူမျိုးဖြစ်လာလိမ့်မယ် ၊ ရှင့်လို အရက်သမားဖြစ်စေချင်လို့လား လို့ ပြောလိုက်တဲ့အချိန်မှာ
    ဆွဲထားတဲ့ အဖေ့လက်တွေဟာ အားလျော့သွားပြီး လွှတ်လိုက်သတဲ့ ၊ အဒေါ်က ပြန်ပြောပြတာပါ ၊
    အဖေ ကျနော့်ကို ဘာလို့ လွှတ်လိုက်တာလဲ ? အဲဒီမေးခွန်းအတွက် အဖြေထဲမှာ သားအတွက် အဖေ့မေတ္တာဆိုတာ ပါနေလိမ့်မယ် လို့ ကျနော် အခုထိ ယုံကြည်ထားပါတယ် ၊
    မိဘမစုံတဲ့ သားသမီးတွေမှာ ရှိတတ်တဲ့ ခံစားမှုမျိုး နည်းနိူင်သမျှ နည်းအောင် အမေက ကြိုးစားခဲ့သလို လက်ရှိ အမေမရှိတဲ့ ကျနော့်သားသမီးတွေအတွက် ကျနော်ဟာ အဖေလိုတစ်မျိုး အမေလိုတစ်မျိုးသောပြုစုစောင့်ရှောက်မှုတွေ ပေးနိူင်ဖို့ ကြိုးစားနေပါတယ် ၊
    ကျနော့်အမြင်အရ အဖေဟာ ဆိုးဆိုး ကောင်းကောင်း အဖေဟာ အဖေပါပဲ လို့ သဘောထားလိုက်ရင် ကိုယ်ကိုယ်တိုင်လည်း အေးချမ်းသွားမယ် ထင်ပါတယ် ၊
    သူ့ကြောင့် ကိုယ် လူ့လောကထဲ ရောက်လာရတာကိုး ၊

  • aye.kk

    June 22, 2015 at 11:18 am

    Mike
    သားသမီးတွေအပေါ်ထားရှိတဲ့
    စိတ်ဆန္ဒမြင့်မြတ်မှုအတွက်ဝမ်းသာမိပါတယ်။

    တူတော်မောင်ကျောက်စ်ရေ…
    အခုတော့သားလေးအပေါ်မေတ္တာတွေပုံအပ်နိုင်ပါပြီ။
    မေ့မရနိုင်တဲ့အဖေကိုမိုးကေါင်းကင်ကြီးမြင်နေတွေ့နေသမျှသတိရနေမှာလို့ အမ်တီသိနေမိပါတယ်။။။

    တောင်ပေါ်သား
    အဖေဆိုတာဘယ်လောက်ချစ်မလဲနော်။
    သူ့ရင်ထဲမှာကိုယ်ဝင်ကြည့်လို့မရနိုင်ပေမဲ့စိတ်ထဲမှာတော့အမြဲခံစားနေရမှာအမှန်ပါ။
    အဖေပေါ်မှာမပြောင်းလဲတဲ့ချစ်မေတ္တာတရားတွေရှိနေတာကိုဝမ်းသာဂုဏ်ယူမိပါတယ်။

  • Ma Ma

    June 22, 2015 at 6:52 pm

    အဖေနဲ့အမေမရှိတော့တဲ့နောက်မှာ မိဘမေတ္တာဖွဲ့တွေ မဖတ်ချင်တော့ဘူး။ 😥

  • ကောင်းကင်မှာတိမ်တွေ အရောင်စုံ သလို

    ဘဝတွေမှာလဲ အဖြစ်တွေစုံကြပါမယ်။

    ရှေ့းရှေးဘဝက ကြောင့်ဖြစ်ဖြစ်

    ဘာကြောင့်ဖြစ်ဖြစ်

    ကောင်းသောမိဘနဲ့ မိစုံဘစုံ ရှည်ကြာစွာနေရသူ သည်ကံအကောင်းဆုံး

    ကောင်းသောမိဘပေမယ့် တစ်ယောက်ယောက်ဘက်ပဲ့နေသူက မိမစုံ ဘမစုံ က ဒုတိယအကောင်းဆုံး

    မိဘမဲ့ဖြစ်ပေမယ့်လည်း ဆိုး သော မိဘ နဲ့ မတွေ့ ခဲ့ရသူသည် တတိယ အကောင်းဆုံးလို့သတ်မှတ်ချင်ပါတယ်။

    ကျနော်က တော့ ဒုတိယအုပ်စုထဲမှာ ပါ ပါ တယ်။

    ကောင်းသော မိဘနဲ့ နီးကပ်စွာနေခွင့် မကြုံသူတွေရဲ့ စိတ်ကတော့ အားငယ်ဝမ်းနည်းစိတ်နဲ့ အတူ
    မာကျော ကြမ်းတမ်း တဲ့ စိတ် က အငုံ့စိတ်အဖြစ် ရှိနေတာ အမှန်ပါဘဲ

  • aye.kk

    June 24, 2015 at 12:26 pm

    မမရေ..
    မမရင်ထဲမှာအစဉ်ရှိနေပြီးသားမို့ပါ။။

    အောင်မိုးသူ
    အဖေဆုံးတာစောတာပေါ့နော်။။

    ကိုပေါက်
    မှန်ပါတယ်။
    အဖေကဘက်စုံထောင်စုံကနေ
    လိုလေသေးမရှိအောင်ဂရုစိုက်ခဲ့တာမို့
    အဖေဆိုတာရင်ထဲမှာအသက်နဲ့ထပ်တူရှင်သန်နေတဲ့မေတ္တာပန်းတစ်ပွင့်ပါပဲ။။

  • ဦးကြောင်ကြီး

    June 26, 2015 at 10:40 am

    အီနေရာဂနေ… ပါပါမ ျိုး၊ ပါပါမိုက်၊ ပါပါခေါင်၊ ပါပါမိ၊ ပါပါခိုမ် တို့ကို ဧကဓါတ်သမကြိမ်တိတိ အူးခြလှိုက်ပါအိ။ ကြဒဲ့အခြား ပါပါဒွေဂဒေါ့ အချိန်မရှိလို့ နောင်မြှားမှဘဲ…..

    • Ma Ma

      June 26, 2015 at 2:48 pm

      ( ကြံဒဲ့အခြား ပါပါဒွေဂဒေါ့ အချိန်မရှိလို့ နောင်မြှားမှဘဲ…..)
      ပါပါတွေ များလွန်းလို့ အရင်တခါလို ကျန်ခဲ့မှာ စိုးလို့ထင်တယ်။ :k:

      ကြောင်ကြီးမန့်တာဖတ်ပြီး ဘေးကလူတွေရှိနေတာတောင် အိန္ဒြေမဆယ်နိုင်ပဲ အသံထွက်ရီမိတယ်။
      တော်တော်ဆိုးတဲ့ကြောင်။ :p:

  • ​ဒေါ် လေး

    June 26, 2015 at 2:44 pm

    အန်​တီ​အေး​ရေ
    အ​ဖေများ​နေ့ အတွက်​​ရေးတဲ့စာကို ခုမှ ဖတ်​ဖြစ်​တယ်​
    ရနှစ်​ သမီး ကတည်​းက မရှိ​တော့ တဲ့ အ​ဖေကို
    အရွယ်​​လေးနဲနဲရ လာ​တော့ အ​ဖေကို အရမ်​လိုချင်​ခဲ့မိတယ်​
    အ​မေက အ​မေလို​ရော အ​ဖေလို​ရော ​မေတ္တာ ​တွေ​ပေးခဲ့လို့
    အရမ်​း ​ကျေနပ်ပါတယ်​ ဒီလိုမိခင်​မှာလူလာဖြစ်​ရတာ
    ကံ​ကောင်​းတယ်​လို့ ​တွေးမိပါတယ်​
    အရီးလတ်​ ​ရေးသလို ​အ​ဖေများ​နေ့က တကမ္ဘာ လုံးမတူးပါဘူး
    တိုင်​ဝမ်​ မှာ ၈ရက်​ ၈လ မှ အ​ဖေများ​နေ့ပါ
    သူတို့စကားအရ ၈ ကို ပါးလို့ အသံထွက်​တယ်​

  • aye.kk

    June 26, 2015 at 3:36 pm

    ကြီးသူအားလုံးအူးခြလှိုက်တော့
    ငရဲကြီးမသွားပါဘူးကြောင်ကြောင်အောင်ထွားရယ်။။။။

    မမရေ
    တော်တော်ဆိုးတယ်ဆိုတာထက်ပိုပါတယ်မမရယ်။

    ဒေါ်လေး
    ကျေးဇူးပါ၊အဖေမရှိပေမဲ့
    ပြည့်စုံလှပအောင်ဆောင်ရွက်ပေးနိုင်တဲ့အမေကိုရရှိတာ
    ထပ်တူခံစားဝမ်းသာမိပါတယ်။
    အမ်တီပြောပြချင်တာအမ်တီရဲ ့အမေပေါ့နော်
    အမ်တီကိုဘာသာရေးတရားနားလည်အောင်ငယ်ငယ်ထဲကနေ
    နှစ်စဉ်ဥပုသ်နေ့ရက်တွေ၊ဝါတွင်းကါလပတ်လုံးဘုရားကျောင်းကန်တွေဆီလက်ဆွဲခေါ်ပြီး
    အသိအလိမ္မာရှိအောင်လုပ်ပေးခဲ့တာ၊အမ်တီမေ့မရဘူး၊ငယ်စဉ်ထဲကနေ
    ကြီးပျင်းလာတဲ့အထိတိုင်အောင်အလှူအတန်းဝါသနာပါအောင်ပြုလုပ်ပေးခဲ့တာတွေ၊
    အလှူရေစက်လက်နဲ့မကွါခဲ့ဘဲလှူဒါန်းခဲ့တာတွေ၊ဆယ်ကျော်သက်အရွယ်ထဲကရိပ်သာမှာ
    တရားအားထုတ်တတ်အောင်ရည်ရွယ်ချက်ထားလို့ပို့ပေးခဲ့တဲ့အမေ့ကျေးဇူးတွေကြောင့်
    အမ်တီဟာဝိပဿနာ ဘာဝနာတရားကို၊ကျင့်ကြံပွားများအားထုတ်နိုင်ခဲ့ပါတယ်။
    အမေ့ကျေးဇူးကြောင့်အမ်တီဘဝဟာပိုမိုလှပပြည့်စုံသွားခဲ့ရပါတယ်။။။

Leave a Reply