တကေ ျာ့ပြန် ဗကသ သို့မဟုတ် တိုက်ပွဲခေါ်သံ ABFSU

ဒီနေ့ သစ်ထူးလွင်သတင်းမှာ အစိုးမရ၊ လွှတ်တော်၊ ဗကသနဲ့ NNER ၄ပွင့်ဆိုင် သဘောတူထားတဲ့ မူတွေကို လွှတ်တော်က ချိုးဖောက်ပြီး ပြောင်းလဲပြင်ဆင် အတည်ပြုလိုက်တဲ့အတွက် ကျောင်းသား သပိတ်တိုက်ပွဲ ပြန်ဆင်နွှဲတော့မည်ဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ် ပြောတာ ဖတ်ရတယ်။ တိုက်ပွဲကို ကြိုဆိုပါတယ်၊ တိုက်ပွဲရှိမှ သူရဲကောင်းထွက်မည်… အဲဒီကမှ ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာလိမ့်မည်။ နို့မို့လိုို့ကတော့ ဒီလူတွေပဲ ရန်ဖြစ်လိုက် ပြန်ခြစ်လိုက်… ဒုံရင်းက ဒုံရင်း..။

အပြောင်းအလဲကို ပြည်သူတွေ မွတ်သိပ်နေပီ၊ အောင်မြင်မှု ဂုဏ်သိက္ခာ အလွန်အမင်း တောင့်တနေတာ ယူ၂၀၊ ယူ၂၃ ဘောလုံးပွဲတွေမှာ မြင်ရတယ်။ ဘယ်သူ ဆောင်က ျဉ်းပေးနိုင်မည်လဲ….။ အသစ်အသစ်များ ထွက်လာဖို့ လိုနေတယ်။ ၁၉၈၈ အရေးတော်ပုံနဲ့အတူ ရိုက်ချိုးခံလိုက်ရတဲ့ ၈၈မျိုးဆက်များ လက်ရှိရေချိန်ထက် ပိုစွမ်းဆောင်နိုင်ဟန် မတူ။ ဒီချုပ်နဲ့ ဘွားဒေါ် သာ၍ဆိုးသည်။ အပြောင်းအလဲ တိုက်ပွဲကို ဦးတည်ပြောနေခြင်းဖြစ်ပါသည်။ သူတို့ရဲ့ ကြွတက်လှတဲ့ လူငယ်ဘဝ အားမာန် က ျဆင်းသွားခဲ့ပြီ။ ဒါဟာ ပကတိ အမှန်တရား၊ တနည်း အသက်အရွယ်အရ ကြုံတွေ့ရတဲ့ သဘာဝတရားပါပဲ။ လာမည့်တိုက်ပွဲကို မျိုးဆက်သစ် ကျောင်းသားလူငယ်များ ဦးဆောင်ရမည်။ တက်ကြွတဲ့ ကြက်ဖလေးများ ပုခုံးပြောင်းတာဝန်ယူပြီး အောင်မြင်မှု ရလဒ်ကို ရှေ့ကပြောတဲ့ ရင့်ကြက်အိုကြီးများကို လွှဲပေးနိုင်ရမည်။

စစ်တပိုင်းအဆိုးရ၏ ဖိနှိပ်တုံ့ပြန်မှုများကို အားသာချက်အဖြစ် မည်ကြည့်လ ျင်… ၂၀၁ဝ မဲခိုး ရွေးဂေါက်ပွဲနဲ့အတူ ဘောင်းဘီချွတ်အရပ်သား အစိုးမရ၊ စစ်တမတ်သားလွှတ်တော် ပေါ်လာသည်။ အတိုက်အခံများ လေးဖက်ထောက် ဝင်ကြသည်.. ဘာမှ မယ်မယ်ရရ ဖြစ်မလာ..။ ၎င်းတို့နှင့်အတူ တတိယအင်အားစုအမည်တပ် သပ်ချောင်ဝါဒီများစွာ ဝင်ရောက်လာသည်။ အချို့ကပြောသေးသည် ထောင်တန်းက ျမှ နိုင်ငံရေးလားတဲ့။ ဘပြောင်ဂျီး သဘောကောင်းစဉ် အာချောင်ကြ၏။ ဟိုက ပြူ းပြ ပြဲပြလိုက်တော ့ အတော ်များများ အမြီးကုပ်သွားသည်၊ တိုက်ပွဲရှိမှ အနစ်နာခံမှု ကိုယ်က ျိုးစွန့်မှု အရည်အချင်း မှတ်ကေ ျာက် အတင်ခံနိုင်မည်။

ပထမတန်းခေါင်းဆောင်ဖြစ်ဖို့ ဒုတိယတန်းခေါင်းဆောင် မြေပြင်တပ်မှူ းဘဝကို ကေ ျကေ ျပွန်ပွန် ထမ်းဆောင်ကြစို့။ နိုင်ငံကို ခေါင်းဆောင်ဖို့ မဟုတ်သေး.. နိုင်ငံကို ဦးဆောင်ထိုက်သူများ ဦးဆောင်ခွင့်ရှိဖို့ တံတာခင်းပေးနေခြင်းသာဖြစ်၏။ နောင်တက်လာမည့် ဒီမိုကရက်တစ် အစိုးရတွင် အရည်အခြင်းရှိ အတိုက်အခံများ မရှိလ ျင် ဘွားဒေါ်တက်လည်း ဘာမ ျှမထူး… သူထင်ရာ စိုင်းလိမ့်မည်။

စစ်တပ်အနေဖြင့် ကေ ျာင်းသားလှုပ်ရှားမှုကို နားလည်ပေးသင့်သည်၊ အကြောင်းမူဂါး ဘွားဒေါ်ဂျီးကို ထောက်ပြုရန် အကောင်းဆုံ အင်အားစု ဖြစ်သောကြောင့် ဖြစ်၏။ ၁၉၈၈တွင် စစ်တပ်က ဦးအောင်ကြီးကို မွေးခဲ့သည်.. အဖတ်မတင်၊ ၂၀၁၂တွင် အန်ဒီအက်ဖ်ကို မေ ျှှာ်လင့်ခဲ့သည်၊ ဖြစ်မလာ… ဖွတ်ပါတီကတော ့ငွေနှင့်အာဏာ ပုံမအောထားလ ျင် မနက်ဖြန် မသေခ ျာ။ နောက်ဆုံးကတော ့ မဘသအဖွဲ့.. ဒါကလည်း စစ်တပ် သဘာဝ အက ျင့်စရိုက်နဲ့ မတူညီ.. ဒီတော ့ ရေရှည်မဟာဗ ျူ ဟာတွင် အသုံးမဝင်..။

သမဒဘပြောင်သက်တမ်း အစောပိုင်းတွင် ပြည်ပရောက် အတိုက်အခံများကို အထက်ပါ မေ ျှာ်လင့်ချက်ဖြင့် ပြည်ဝင်ခွင့် ပြုခဲ့သည်။ ပြသနာက စစ်အစိုးမရ အနေဖြင့် လင်လည်းလိုခြင် အဝှာလည်းကြောက် ဆိုသလို ဒီမိုကရက်တစ် အတိုက်အခံများကို မမွေးတတ်။ ဒေါ်စုကို တိုက်ခိုက် အန်အယ်လ်ဒီကို ဆန့်က ျင်ဝေဖန်မှ ရည်မှန်းချက်အောင်မြည်သည် မှတ်သည်။ အရည်အခြင်းရှိ လူတော ်လူကောင်းများ နေရာရအောင် ကြံစောင်ပေးရမည့်အစား အန်အလယ်ဒီနဲ့ဘွားဒေါ် ယိုင်လဲသွားဖို့ နာမည်ပ ျက်ဖို့သာ အားပေးအားမြှောက်ပြုသည်။ လူထုနှင့် နီးစပ်ခွင့်မပေး၊ ပကတိ မြေပြင်ပြသနာများကို ဖြေရှင်းခွင့်မပြု။ တနည်းအားဖြင့် လင်သာလိုခြင်သည်.. အဝှာကိုကြောက်သည်။

ကေ ျာင်းသားကို ပြည်သူ ယုံသည်၊ ခြစ်သည်၊ အားကိုးသည်၊ နားလည်သည်။ သူတို့ထဲကမှ ဒီမိုကရက်တစ် အစိုးရအား ပြန်လည်စောင့်ကြည့်မည့် တိုးတက်သော အတိုက်အခံ ဖြစ်လာမည်။ အချို့လည်း အန်အယ်လ်ဒီ ဖြစ်သွားမည်။ စစ်ထဲဝင်သူများရော မရှိနိုင်ဘူးလား..။ ကေ ျာင်းသားနှင့် ဘွားဒေါ် သိပ်အစေးမကပ်..။ ဒါကို အခွင့်ယူတတ်ရမည်။ ဖမ်းဆီးကေ ျာင်းသားများ ပြန်လွှတ်ပါ၊ သူတို့ အလုပ် ဆက်လုပ်ပါစေ။

အန်အယ်လ်ဒီက လွှတ်တော် နိုင်ငံရေး လမ်းကြောင်းမှာ ပိတ်မိနေပြီ။ မလှုပ်နိုင်တော ့.. ရှစ်ပူးများကတော ့ အရိပ်ခိုရင်း အစွမ်းအစ ပေ ျာက်ကုန်သည်။ ရွေးဂေါက်ပွဲ ဆင့်ဟာမေ ျှာ်ရင်း ဒီအခြေအနေ ရောက်လာသည်။ သပ်ချောင်များ၊ ခိုနီများ၊ အလုပ်အကိုင်ခွင်ကောင်းသူများ၊ သားရေးသမီးရေးဖွမ်ရေး ရှိသူများက အန်အယ်လ်ဒီနိုင်မည့် ရွေးဂေါက်ပွဲ နှောင့်နေးမည်၊ အာရုံလွဲမည် ဆင်ခြေပြ တားဆီးမည်။ ၂၀၁၅ရွေးဂေါက်ပွဲ ဒီနှစ်အတွင်း ဒကယ်ဖြစ်မလား။မထင်ပါချေ… လက်ရှိဖွတ်အစိုးမရ ခွက်ခွက်လန် ရှုံးမှာ သေခြာနေမှတော ့ ကိုယ့်သေတွင်း ကိုယ်တူးပါ့မည်လော။ ဝတပ်ကို ဗုံးသွားကြဲလိုက်လ ျင် ဝကို မထိရဲဘူးထား ကေအိုင်အေကို သွားတိုက်လိုက်လ ျင် ပြည်တွင်းစစ် ပြန်ဖြစ်မည် ဒါမှမဟုတ် ရခိုင်မှာ ဘင်္ဂါလီတွေကို ဟပေးလိုက်လ ျင် လူမျိုးရေးအဓိကရုဏ်း ဖြစ်မည်။ အဲလို မလုပ်ခြင်လဲ ရွေးဂေါက်ပွဲ ကော်မရှင်အုတ်ကထကို သောက်သုံးမက ျ မဲစားရင်းမှားလို့ဆိုပီး ထိုးကျွေး ရွေးဂေါက်ပွဲရွှေ့ လို့ရသည်။ ထို့ကြောင့် ယခုနှစ်အတွင်း ရွေးဂေါက်ပွဲ မဖြစ်ရန် အကြောင်းပြချက်များစွာ ရှိသည်။ ရွှေ့လိုက်လည်း ဘွားဒေါ် မတရားဘူး အော်ယုံလွဲ၍ ဘာမှ မလုပ်တတ်။ အပြောသာရှိကြောင်း ယခင်ဖြစ်ရပ်များက သက်သေထူခဲ့ပြီးပြီ။ ဒီတော ့ဘယ်လောက်အော်အော် စစ်တပ်မလေးစား ဖွတ်ကလည်းမခန့်…။ အတိုက်အခံများလည်း ဆိတ်ပျက်ပြီ။

ဒီတော ့ ဒီချုပ်ကိုဖယ်ပြီး စစ်တပ်နဲ့ကေ ျာင်းသား Win Win ဖြစ်အောင် ကေ ျာင်းသားလှုပ်ရှားမှုကို လက်ခံဖို့ စဉ်းစားပါ။ ကိုယ်ပိုင်အရောင်နဲ့ ထွန်းလင်းတောက်ပမည့် စစ်မှန်သော အတိုက်အခံ ဒီမိုကရက်တစ် အင်အားစု အခြေခံတခုကို ခေါက်ရိုးက ျိုးနေတဲ့ အာဏာရှင် အတွေးအခေါ်ဟောင်းနဲ့ မဖျက်ဆီးပစ်ပါစေနဲ့..။ အန်အယ်လ်ဒီကို ၁၉၉ဝတုံးကလို တောင်ပြိုကမ်းပြို မနိုင်စေခြင်လ ျင် နိုုင်ငံရေးတကယ်နားလည်သော မှတ်က ျာက်အတင်ခံပြီးသော အတိုက်အခံများကို ပိတ်ဆို့ထား၍မရ၊ ဒီချုပ်နဲ့စစ်တပ်အကြား ကြားခံ buffer ဇုန်တခု ဖြစ်လာလို့ရတဲ့ ကေ ျာင်းသားသမဂ္ဂအပေါ် နားလည်မှုရှိပါလို့ စစ်နွားတွေကို ဤနေရာမှ ထောပတ်ပလာတာ ကျွေးလိုက်ပါသည်..။

 

ငါကွ ဦးကြောင်ကြီး..

 

14 comments

  • ဦးကြောင်ကြီး

    June 22, 2015 at 12:27 pm

    ကတိချိုးဖောက်တဲ့ လွှတ်တော်နဲ့ အစိုးရ ဖြစ်တယ်လို့ ဗကသ ဝေဖန်
    22 June 2015
    မြေလတ် နဲ့ ဧရာဝတီ စစ်ကြောင်း တွေ ဟာလည်း သပိတ် လှန် ခဲ့တာ မဟုတ် ပဲ စောင့်ကြည့် သပိတ် တွေ ဖြစ်ကြ တယ်။
    ပြည်ထောင်စု လွှတ်တော် ကနေ ပြင်ဆင် အတည်ပြု ပြီး သမ္မတ ဆီ ပေးပို့ ထား တဲ့ အမျိုးသား ပညာရေး ဥပဒေ ဟာ ၄ပွင့်ဆိုင် သဘောတူ မှု တွေ ကို မျက်ကွယ် ပြုထား တဲ့ အတွက် ကတိကဝတ် တွေ ကို ချိုး ဖောက်တဲ့ လွှတ်တော် နဲ့ အစိုးရ ဖြစ်တယ် ဆိုပြီး ဗကသများ အဖွဲ့ ချုပ် က စွပ်စွဲ ပြစ်တင် လိုက် ပါတယ်။

    လက်ပံတန်း မှာ ဒီမိုကရေစီ ပညာရေး သပိတ် အဖြိုခွဲ ခံခဲ့ ရပြီး သပိတ်မှောက် ကျောင်းသား တွေ နဲ့ ဝန်းရံသူ တွေ ဖမ်းဆီး ခံ ထား တဲ့ အခု အချိန် မှာ လမ်းပေါ် ထွက် ဆန္ဒ ပြ မှု တွေ လုပ်ဆောင် ဖို့ အခြေ အနေ မှာ မရှိ ပေမယ့် လွှတ်တော် နဲ့ အစိုးရ တို့ ဘက် က ၄ပွင့်ဆိုင် သဘောတူ ချက် တွေ အပေါ် ဘယ်လို ချိုး ဖောက် ခဲ့ တယ် ဆိုတာ ကို အများ ပြည်သူ ရှေ့မှောက် ဆက်လက် ဖွင့်ချ သွား မယ် လို့ ဗကသများ အဖွဲ့ချုပ် ရဲ့ ပြောခွင့်ရ ကိုအောင်နေပိုင် က ဘီဘီစီ ကို ပြောပါတယ်။

    ဒီမို ကရေစီ ပညာရေး သပိတ် ရဲ့ ပင်မ စစ်ကြောင်း သာမက မြေလတ် နဲ့ ဧရာဝတီ စစ်ကြောင်း တွေ ဟာလည်း သပိတ် လှန် ခဲ့တာ မဟုတ် ပဲ စောင့်ကြည့် သပိတ် တွေ ဖြစ်ကြ တယ်လို့ လည်း ကိုအောင်နေပိုင် က ဆိုပါတယ်။

    ၄ပွင့်ဆိုင် တုန်းက သဘောတူ ထား တဲ့ ကျောင်းသား တွေ ရဲ့ တောင်းဆို ချက် ၁၁ ချက် ကို တကယ် တမ်း အကောင်အထည် ဖော် လိုက် လျောခြင်း မရှိ ခဲ့တဲ့ တွက် ပညာရေး ဥပဒေ ကန့် ကွက် မှု တွေ ကို အခု စစ်ကြောင်း အားလုံး အနေနဲ့ ပြန်လည် ပူး ပေါင်း လှုပ်ရှား သွားမယ် လို့ လည်း ကိုအောင်နေပိုင် က ပြောပါတယ်။

    ပညာရေး ဥပဒေ ထဲ မှာ ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ် လို့ မသုံးနှုံး ပဲ ကျောင်းသား ကိုယ်စားလှယ် လို့ သာ သုံးနှုံး ထားတာ နဲ့ ပတ်သက် ပြီး ဗကသ များ အဖွဲ့ချုပ် အနေနဲ့ သမဂ္ဂ ဆိုတဲ့ အခေါ်အဝေါ် ပေါ် မှာ အခိုင်အမာ ရပ်တည် ပြီး ကျောင်းသား သမဂ္ဂ တွေ ကို တရားဝင် ရပ်တည် ခွင့် ရလာ တဲ့ အထိ တောင်းဆို လှုပ်ရှား သွားမယ် ဆိုပြီး ကိုအောင်နေပိုင် က ပြောပါတယ်။

    BBC Burmese
    http://www.bbc.com/burmese

  • တောင်ပေါ်သား

    June 22, 2015 at 1:00 pm

    ဪ ဪ ဒါမျိုးလည်း ရေးတတ်သကိုး ၊

    တချို့စာသားလေးတွေ သဘောကျ၏ ၊ ရဲဘော်ကြောင် ဆက်လုပ်

  • ဦးကျောက်ခဲ

    June 22, 2015 at 1:20 pm

    ဖွတ်အစိုးရက ဘယ့်နှယ်ညစ်မယ်မသိသေးဘူး …
    သမိုင်းတရားခံဖြစ်မည့် ကွန်မြူနစ်ဇာတ်ပျက်တွေတော့ ရှေ့ဆက်တိုးဖို့ပြင်လာပြီ …
    ဇာတ်တိုက်ထားသလိုလုပ်နေတာမို့ လက်ဝါးချင်းများရိုက်ထားသလားထင်ရ …
    နစ်ပျက်တွေများ တိုင်းပြည် မိုးထဲရေထဲဆို သင်းတို့က အတင်းနေရာဦးဖို့လုပ်တော့တာပဲ…
    မြန်တျန့် ကျိန်စာသင့်တဲ့အထဲမှာ သင်းတို့က ငှက်ဖျားလိုခိုနေတဲ့ ရောဂါ…
    ဒေါက်တာသန်းထွန်းပြောသလို ပုဂံကိုဘယ်သူတည်မှန်းမသိပေမည့် …
    ဖျက်တဲ့သူကတော့ ဒီမောင်တွေပဲဆိုတဲ့စကားကို တန်းမြင်ယောင်မိတယ် … ဝေါ့

  • surmi

    June 22, 2015 at 1:30 pm

    ကြောင်မြူနစ်နဲ့ ချောင်တူးဇော် ကတလေသံတည်းပါလား ဟရို့ :mrgreenn:

    ကောင်းတယ် ဆက်မြှောက်ပေးးး .……
    မျက်ဖြူဆိုက်လေ ဖွတ်ကြိုက်လေပေါ့ ဟားဟား
    ဖွတ်နဲ့ နစ်ပျက်တွေနဲ့ မပေးအယူများလုပ်ထားလေသလား ကွယ်တို့ 🙁

  • kai

    June 22, 2015 at 2:32 pm

    ဆြာ့နောက်က.. ဆြာ့…ဆြာတွေချည်း…
    အင်း..
    ဗမာကွန်မြူနစ်က.. စိန့်ပြည်မှာနေ.. အဲဒီကပေါ်လစီနဲ့..စိနသားမျက်နှာကြည့်ရတာ..။
    သူတို့တွေ.. ဒီခေတ်ဒီအခြေအနေနဲ့.. အရပ်မျက်နှာပေါင်းစုံ စစ်မျက်နှာဖွင့်မယ်တော့မထင်..။

    ဆိုတော့..
    အခုလှုပ်ကွက်က.. ဗကပနဲ့ဆိုင်တယ်ရယ်လို့တော့.. မထင်..။

  • ဦးဦးပါလေရာ

    June 22, 2015 at 11:50 pm

    ဒီရက်ပိုင်းမှာပဲ နယ်က မဘသနဲ့နီးစပ်တဲ့နေရာက လေသံတွေကြားရသလောက်တော့
    ဒေါ်စုကို အထင်လွဲအောင် အောင်မြင်စွာ လုပ်ထားနိုင်တာ တွေ့ရတယ်..
    ဒီအထဲ သပိတ်က မှေက်ဦးမယ်ဆိုရင် အာရုံများသွားဦးမယ်…
    ဒီအချိန်မှာ NLD မဲရဖို့ထက် တခြားဘာမှ အရေးမကြီး…
    အဲဒါလေး သဘောမပေါက်ကြဘူး…
    ဒေါ်စုပြောသလိုပဲ နောက်ရထားကို အကြာကြီး
    (၂၅ နှစ်လောက်) ထပ်စောင့်ရဦးမယ်ထင်ရဲ့….

    • မြစပဲရိုး

      June 23, 2015 at 2:23 am

      မနေ့က ဘီဘီစီ သတင်းထဲ ဖတ်လိုက်ရတယ်။
      . ဒေါ်အောင်ဆန်းစုကြည် က ရိုဟင်ဂျာ တွေ အရေးမှာ အဲဒီလူများ ဘက်ကမရပ် ဘဲ နှုတ်ဆိတ်နေတာ ရယ်၊ တရုတ် ကို သွားတာ ရယ် တွေ အတွက် လူ့အခွင့်အရေးသမား များ က ဝေဖန်ထားတာ။
      (အမှန်တော့ ယူကေ မှာလဲ ဒီလို တရားမဝင် ခိုးဝင်တဲ့ ကိစ္စ အတွက် အစိုးရ ခေါင်းခြောက်နေတာ ကို – သူတို့ နိုင်ငံထဲ ဝင်တာ တွေ ကို တား နေတာကျ ဘာမှ မပြော)
      . နိုင်ငံရေးထဲဝင်ပြီး က ထဲ က ဒေါ်အောင်ဆန်းစုကြည် က လူ့အခွင့်အရေးသမား တွေ အတွက် ဟီးရိုး မဟုတ်တော့ဘဲ သာမာန် လူသား တစ်ယောက်ဖြစ်သွားပြီ တဲ့။

      . ပြည်တွင်းမှာကျတော့ ကုလားတွေ အတွက် ရပ်သတဲ့။
      ဒီ ဆရာမနိုင် နှစ်ဆောင်ပြိုင် “သာသနာတု” ဘုန်းကြီး နဲ့ နောက်လိုက်များ က တစ်မျိုး။ မြန်မာ့အနောက်ကမ်း နဲ့ ကမ္ဘာ့အနောက်ကမ်းက အစွန်းရောက် များက တစ်ဖုံ၊
      အဘ တို့ နဲ့ သူတို့ ရဲ့ အောက်ဆွဲမြားက တနည်း ဟုတ်နေရော။

      ရီဖို့တောင်ကောင်းသေး။ သားအဖ နှစ်ယောက်နဲ့ မြည်းတစ်ကောင်ထဲ က လို ဝေဖန်နေကြတာ။
      . ဒေါ်အောင်ဆန်းစုကြည် လို မိန်းမမို့ သာ သူများယောင်တိုင်း လိုက် မယောင်တတ်တာ။
      သူ့သွားရမဲ့ လမ်း သူ့ဟာသူ မသွေမလွဲ သွားနေနိုင်တာ တော်ရုံ သမာဓိ နဲ့ မရဘူး။
      အဲဒီလို တွေ ကြားရ မြင်ရလေ ဟိုယိမ်းဒီယိုင် များလှတဲ့ တိုင်းပြည် အတွက် ဒီ လို ခေါင်းဆောင်က မှ လမ်းပြန်နိုင်တာ မြင်လေဘဲ။
      အချိန်လဲ သိပ်မရှိတော့။
      ဒီတစ်ပွဲ မှ ပွဲ မပြတ်နိုင်ရင် အဘ တို့ ကိုဘဲ ဆက်ပြီး ဖင်မ နေ ယပ်တော်ဆက်ပေး နေကြပေတော့။

  • မြစပဲရိုး

    June 23, 2015 at 2:06 am

    . ငြိမ်နေတာကြာလို့ စိတ်များကောက်သွားလား တွေးနေတာ ပြန်ပေါ်လာလို့ ဝမ်းသာလှပါတယ်။
    . ဘာရေးရေး ဒီမိန်းမကြီးက ဝင်ဝင်ရှုပ် ပြောနေရတာကို တော့ တကယ်ဘဲ အားနာပါတယ် ကြောင်ကြောင်။
    ဒါပေမဲ့ မနေနိုင်လွန်လွန်းလို့ ပြောပါရစေ။
    ချိုးနှိမ်ပြီး အထင်သေး တဲ့စိတ် နဲ့ ဘယ်သူ့ကို မှ ရည်ရွယ်ပြောမှာ မဟုတ်တာလဲ နားလည်ပါ။

    . ကြောင်ကြောင် ရဲ့ နိုင်ငံရေးကွက် စဉ်းစားပုံ တွေက အင်မတန် လမ်းသင့်ပါတယ်။
    ဒါပေမဲ့ အားလုံး အတွက် ကောင်းဖို့ လမ်းသင့် နေတာတော့ မဟုတ်ဘူး။
    လူတစ်စု အတွက် ကွက်ကွက် လေးဘဲ ဖြစ်နေတယ်။

    . နောက်ပြီး လက်ရှိ ဖြစ်နေတဲ့ အခြေအနေ တွေ ကို ထည့်စဉ်းစားမထားခဲ့တာ ကို က လမ်းလွဲ ရောက်သွားတာ လို့ ဆိုမယ်။

    ၈၈မှာ ဒေါ်အောင်ဆန်းစုကြည် ကို ထမ်းတင်ပေးခဲ့တဲ့ ကျောင်းသား တွေ ဆိုတာ အားလုံးတောထဲ ရောက်ကုန် တာမဟုတ်ဘူး။
    အားလုံး ဥရောပတိုင်းပြည်တွေ မှာ နိုင်ငံရေးခိုလှုံ နေကြတာမဟုတ်ဘူး။
    တပ်ထဲဝင်ပြီး စစ်သားဖြစ်နေသူ တွေရှိတယ်၊
    . မြန်မာပြည်ထဲ အောင်မြင်နေတဲ့ စီးပွါးရေးသမား တွေရှိတယ်။
    ကိုယ့်ပညာကို ဆက်သင်ပြီး နိုင်ငံအပြင်ထွက် အလုပ်လုပ်နေသူတွေ ရှိတယ်။
    ဒါကြောင့် ၈၈ မှာ အုံကြွ တဲ့ ကျောင်းသား ဆို ရှင်တို့ လူတစ်စု ထဲ လို့ တွေးပြီး ကိုယ်လိုရာအတွက် အဲဒီ ၈၈ကျောင်းသား လို့ နာမည် သုံးနေတာ ကို က မှားတယ်။

    . နောက်တစ်ချက် ရှင်တို့ မေ့နေတာက ကျွန်မတို့ အချိန်အခါက ကျောင်းသား တွေ ရဲ့ Role နဲ့ အခုခေတ် ကျောင်းသား တွေ ရဲ့ Role လုံးဝ ခြားနားနေတဲ့ အချက် ကိုဘဲ။
    ၈၈ မှာတုန်းက ၄ဝကျော်၊ ၅ဝတန်း ကျွန်မတို့ မိဘ များ ဟာ အများစု ပညာတတ် ဘွဲ့ရ တွေ မဟုတ်ရှာခဲ့ဘူး။
    တစ်ချို့ ၁ဝတန်း ရောက်ဖို့ မပြောနဲ့ ရတန်းအောင် ဆို ကျောင်းထွက်ရပြီ။
    သူတို့ ချိန် မှာ ဘွဲ့ရ တက္ကသိုလ် ကျောင်းသား အင်မတန်ရှားတယ်။
    . ပြည်ပ ဗဟုသုတ မပြောနဲ့ ပြည်တွင်းမှာတောင် အဖက်ဖက် တံခါးပိတ်ထားတာမို့ လူအများစု ဟာ “အ” တယ်တောင် ခေါ်နိုင်မယ်။
    ဒီတော့ သူတို့ သားသမီးတွေ ခေတ် ၁ဝတန်း အောင်လို့ တက္ကသိုလ်ရောက်လိုက်ပြီ ဆိုတာ နဲ့ ကို အထင်ကြီးခြင်း များစွာ ဖြစ်နေတော့တာမဆန်းတော့ဘူး။
    အဲဒီ ချိန်မှာ တက္ကသိုလ်ကျောင်းသား/သူ ဆိုတာ နဲ့ တကဲ့ ပညာတတ်/ပညာရှိ ကြီးများ လို အားကိုးကြတော့တာပါဘဲ။
    ဒီတော့ အဲဒီ တက္ကသိုလ်ကျောင်းသား တွေ ဘာလုပ်လုပ် နောက်က နေပြီး အားပေးနေမဲ့ လူထုကြီး ကို မြင်နိုင်ခဲ့မယ်။

    အခုခေတ်မှာ တော့ ကျောင်းသားတွေ လုပ်တာ ကို အထင်တကြီး ကြည့်ပြီး တစ်ညီတစ်ညွတ်တည်း အားပေးမဲ့ လူထုကြီး မရှိတော့ တာ သိပါ။
    ဒီနေ့ ၄ဝကျော်၊ ၅ဝတန်း တွေထဲ မှာ ဘာသာရပ်ပေါင်းစုံ ရဲ့ တတ်ကျွမ်းသူ ပညာရှင် တွေ အများကြီး ရှိနေခဲ့ပြီ။
    အရင်ချိန်က လို လက်တစ်ဆုပ်စာ ပညာတတ်တွေဘဲ ရှိနေတာ မဟုတ်တော့ဘူး။
    အဲဒီ လူ တွေထဲ မှာ အများစု က ၈၈တုန်းက ရပ်သင့်တဲ့ အချိန်မှာရပ်ခဲ့ သူ တွေ ဖြစ်ပြီး ဆက်ပြီး ဇွတ်တိုး တဲ့ သူ တွေ နဲ့ ဆန့်ကျင်ဘက် ဖြစ်သွားခဲ့တယ်။
    အဲဒီ နေရာ ဟာ ကျောင်းသား တစ်ချို့ နဲ့ အများစု ရဲ့ လမ်းခွဲပါဘဲ။
    ကျွန်မ မောင် တစ်ယောက် လူ့ဘောင်သစ် က ပါ။
    ရပ်သင့်ချိန် ရပ်ပြီး ဖြစ်သင့်တာ ကို လုပ်ဖို့ ပြောပါတယ်။
    နားမထောင်ပါ။
    သူက ကျောင်းစာ ကိုကြိုးစားဖို့ ထက် ဝေလေလေ ကို ကြိုက်ပါတယ်။
    တနည်း နိုင်ငံရေးနဲ့ ဖြတ်လမ်း က အချောင်ခို လိုက်ဖို့ အရသာ တွေ့သွားခြင်းပါဘဲ။
    နဂို ကလဲ ရည်မှန်းချက်မရှိ၊ စိတ်ဓာတ်တွေ ကလဲ မရင့်ကျက် တဲ့ လူငယ်များ ပေါင်းစုချိန် ကွဲကြ၊ ပြဲကြ၊ လည်သူ စားစတမ်း ပွဲကြီး ထဲ က သားကောင် တစ်ကောင် ရဲ့ တကဲ့ ပုံပြင်ပေါ့။
    အဲဒီ ထဲ အင်မတန် လည်တဲ့ သူ များ က ဘာတွေ ဖြစ်နေခဲ့ တယ် ပြောမနေတော့ပါဘူး။
    (ကိုယ့်ဟာ ကို ငါ ဘာကောင် လဲ ၊ ဘယ်လို စိတ်ရှိလဲ ရိုးရိုးသားသားလေး မြင်ကြည့်ကြပါ)

    . ပြောချင်တာက အတွေးအခေါ် ကောင်းကောင်း ရဖို့ စာပေါင်းများစွာ ဖတ်၊ အတွေ့အကြုံ ပေါင်း များစွာ နဲ့ ရင်း ပြီး အသက်ကြီးရင့် လာတဲ့ ဒီနေ့ လူလတ်ပိုင်း တွေ က
    ကိုယ့်မျက်စိ ရှေ့တင် စုတ်ပြတ် နိမ့်ကျ တဲ့ ပညာရေးစနစ် ထဲ ရှင်သန် ရခဲ့ တဲ့ ကျောင်းသားလေး များ ကို
    . နိုင်ငံရေး အပိုင်းမှာ technically အရ ဘယ်လို မှ အထင်မကြီး ဆရာတင် မှာ မဟုတ်ပါ။
    သူတို့ ကို သုံးပြီး နိုင်ငံရေးကစား မှာလဲ မဟုတ်ပါ။
    ဒီ အချိန် ဘုန်းကြီးများ ရော၊ ကျောင်းသားများရော၊ စစ်သား များပါ ကိုယ့်နေရာမှာ ကိုယ့်အလုပ် မှာဘဲ နေသင့်ပါတယ်။
    လိုလဲ မလိုပါ။ ပါရင် ပိုရှုပ် ပါလိမ့်မယ်။
    ကျွန်မ ကတော့ ရှင်ရဲ့ ကြက်ဖအိုကြီး တွေ ကို ဘယ်လိုမှ အထင်မကြီး တာမို့ သူတို့ မွေး တဲ့ ဒီ ကြက်ဖ လေး တွေ ကို ဘဲ သနား နေမိပါတယ်။

    ဒါကြောင့် ကြောင်ကြောင့် တို့ လူ များ ကို မေတ္တာရပ်ခံပါတယ်။
    အဲဒီ ကလေး များ ရဲ့ အနာဂါတ် ကိုလှစေချင်ရင် သမိုင်းထဲ လူဆိုးလေး တွေ ဖြစ်အောင် တွန်းမပို့ ကြပါ နဲ့။
    ဒီလိုလုပ်လို့ သူရဲကောင်း ဘယ်လို မှ မဖြစ်နိုင်တော့တာ သိကြပါ။
    အဲဒီ ကလေး တွေ ကို နိုင်ငံရေးလောက ထဲ ဝင်ပြီး ကစား စေချင်ရင် ရှင်တို့ ဆီ ကို ခေါ်လိုက်ပါ။
    . နိုင်ငံရေးပညာ ရပ်ပိုင်းကျောင်းတွေ မှာ ပညာတတ် ဖြစ်အောင် အရင်လုပ်ခိုင်း လိုက်ပါ။
    . ပြီးတော့မှ နိုင်ငံထဲ ကို စိတ်ပိုင်းဆိုင်ရာ မြင့်မြင့်မားမား ဘက်ပေါင်းစုံ က တွေးတတ်တဲ့ ရှူမြင်မှုများ နဲ့ ပြန်လာပြီး အကျိုးပြုကြပါစေ။

    တစ်ခုတော့ ရှိတယ်။
    အဲဒီလို မျိုးဆက်သစ်ကလေးတွေ နိုင်ငံရေးသမား တွေ အနေ နဲ့ ပြန်ဝင်လာမှာ သူတို့ ချည်း မဟုတ်တာ ကိုလဲ သတိပြုကြဖို့ ပြောလိုပါတယ်။
    အခု မြန်မာပြည်ထဲ က အောင်မြင်နေတဲ့ စီးပွါးရေးသမား များ ရဲ့ သားသမီး တစ်ချို့ အမေရိကား က နာမည်ကြီး တက္ကသိုလ် တွေမှာ နိုင်ငံရေးသိပ္ပံတက်နေကြတာ တစ်ချို့ ကျောင်းတောင်ပြီး တော့မယ်။
    ဘာဆက်လုပ်မယ်တော့ မသိ။
    သေချာတာ က သူတို့ မြန်မာပြည်ထဲ ပြန်ဝင်ကြမှာဘဲ။

    ဒီတော့ ကြောင်ကြောင်တို့ လူစုဟာဖြင့် ကိုယ့်ခေတ် အချိန်အခါ နဲ့ ဘာမှ မဆိုင်တော့ အောင်
    အများကြီး ပြောင်းလဲ သွားတဲ့ မြန်မာပြည် လူတန်းစား များ ရဲ့ အခြေအနေ တွေ ကို မစဉ်းစားဘဲ၊ ထည့် မတွက် ဘဲ ကိုယ့် လိုချင်တာ လေးဘဲ ကွက်ကြည့်ပြီး လုပ်နေတာ အင်မတန် အမြင်ကျဉ်းတဲ့ လုပ်ရပ် တွေပါ။
    ရှင်တို့ လုပ်နေတဲ့ နိုင်ငံရေး ကို ရှုဒေါင့်စုံ ဘက်စုံက စုံကြည့်ပြီး ပြန် Review လုပ်သင့်ပြီ။
    မဟုတ်ရင် ပြည်သူ့ချဉ်ပတ် မှ ရိုးရိုး မဟုတ် အနံ့တောင် မရတဲ့ ချဉ်ပတ် တွေ ဖြစ်တော့မယ်။

    တစ်ခုတော့ ရှိတယ်။
    တိုင်းပြည်ပျက်ဖို့ လိုရင်း ဘဲ လို့
    ဆိုရင်တော့ လဲ ……
    ဆက်သာလုပ် ရဲဘော် ရေ့။

    . ဪ ကျန်သေးတယ်။ သူများ တွေ ကြီးပွါး နေတာ ကို မရှုစိမ့် ဘဲ ပြည်ပျက်ရင် အချောင်နှိုက်ချင်တဲ့ တစ်ချို့သော ပြည်တွင်းနေ လူပျင်းများ သမဂ္ဂ ကလဲ ရှင်တို့ သမဂ္ဂ ကို ပူးပေါင်းဖို့ ရှိမှာပါ။
    . အဝေ မတည့်လို့ နောက်မှ အချင်းချင်း သတ်မနေကြနဲ့ ဦး။

    အရေးကြီးဆုံး တစ်ခု ကတော့ ဒီလို အဘက်ဘက် က အဖျက် တွေကြား ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက် လုံခြုံရေး က အရမ်းအရေးကြီး လာပြီ ထင်ပါတယ်။
    . နောက်ဆုံး လက်နက် က လူ ကို ရန်ပြုဖို့ ဖြစ်လာနိုင်တယ်။ မျက်နှာပြောင်တိုက်ပြီး လက်စဖျောက်နည်း မျိုးစုံ သူတို့ ဆီမှာ ရှိမှာပါ။
    အဲဒါလေး ကိုတော့ ဆိုင်ရာပုဂ္ဂိုလ်များ မပေါ့ဖို့ပါဘဲ။
    လူဆိုတာ အတ္တကြီးကြီး နဲ့ အမိုက်မှောင်ကျနေရင် ဘာကို မှ အမှန် မမြင်နိုင်တော့ဘူး။
    . လောလောဆယ် မှာတော့ လူထု(အစစ်) လူတန်းစားအားလုံး က လေးစားပြီး ဦးဆောင် မှု ကို ပြုနိုင်တာ ဒီ တစ်ယောက်ပါဘဲ။

  • ဇီဇီခင်ဇော်

    June 23, 2015 at 8:12 am

    ကျောင်းသားလှုပ်ရှားမှုကို လက်ခံ ဆိုတော့ ……..
    ပြီးခဲ့တဲ့ မတ် လ ကလို မျိုးပဲ ဖစ်အူးမှာလားးး???
    🙄

    🙄

    🙄

  • Ma Ma

    June 23, 2015 at 8:46 am

    Thorn Nay Soe
    15 hrs ·

    ကျောင်းသားတွေ
    လမ်းပေါ်ပြန်ထွက်ကြဦးမယ်လို့
    ဆိုပါတယ်။

    ဝေဖန်သံတွေလည်း မျိုးစုံပေါ့လေ။
    ဟော့ဒါလေးတွေတော့ သတိပြုပါဗျာ

    ၁။ ရည်ရွယ်ချက်ပန်းတိုင်ဟာ ဘာလဲ?
    ဘာအတွက်လမ်းပေါ်ထွက်မှာလဲ? အစိုးရဘက်ကတော့ ပထမတစ်ကြိမ်ကတောင် မလိုက်လျောခဲ့သေးရင် ခုလည်း လိုက်လျောမယ် မထင်။ ဒီလိုမြင်သာလျက်က ထပ်လုပ်မှာ ဘာကို ရည်ရွယ်သလဲ?

    ၂။ ဘယ်လိုတားဆီးရင် ဘယ်လိုတုန့်ပြန်မယ်၊
    ဘယ်လိုအရေးယူရင် ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ Plan သေချာ ချထားပြီးပြီလား?

    ၃။ လူ ဘယ်လောက်ပါလာမယ်လို့ ထင်သလဲ? စစ်ဆိုတာ နိုင်ချေရှိမှတိုက်တာကောင်းတယ်။ အင်အားအလဟဿ ဖြုန်းတီးသလို မဖြစ်စေဘူးလား?

    ၄။ ပထမအကြိမ်ဟာ ပုံရိပ်ကောင်းခဲ့တယ်။ လက်ပံတန်းအကြမ်းဖက်မှုအမှားကို အာဏာပိုင်တွေက ကျူးလွန်ခဲ့တဲ့အတွက် ပြည်သူတွေရဲ့ဂရုဏာကိုလည်း ရရှိခဲ့တယ်။

    ဒါပေမဲ့ ခုတစ်ကြိမ် ထပ်လုပ်ပြန်တဲ့အခါ သခွပ်ပင်က မီးတကျီကျီဆိုတဲ့ပုံစံမျိုး မမြင်လာစေဘူးလား? အားရင် လမ်းပေါ်ထွက်နေတာပဲကွာလို့ မြင်သွားရင် အထဲရောက်နှင့်နေသူတွေရဲ့ပုံရိပ်ပါ သွားမထိခိုက်စေဘူးလား?

    ၅။ သမိုင်းဆိုတာ သင်ခန်းစာယူဖို့ဖြစ်တယ်။
    ဆရာစံတော်လှန်ရေးလောက်တော့ အနည်းဆုံးဖြစ်သင့်တယ်။ မင်းလောင်းမောင်သန့်လောက်၊ ဗိုလ်စံဖဲလောက်လေးဆိုရင်တော့ ဘာလုပ်မလဲ?

    သေချာတာက ခုချိန်မှာ ‘သပိတ်စုံအကုန်ထ’ ဆိုတာမျိုးတော့ လုပ်လို့မရတော့ဘူး။ ခင်ဗျားတို့က အဲ့ဒီလောက် အင်အားမကြီးဘူးလေ။ ပိုဆိုးတာက ပထမတစ်ခေါက်တုန်းက ဝန်းရံခဲ့တာ NLD တွေချည်းပဲ။ အဲဒါကို ပါတီအနေနဲ့ မပါရကောင်းလား၊ တစ်ဦးတစ်ယောက်ချင်းပဲ ပါရလားတို့။ ဒေါ်စုကိုလည်း ဘာဖြစ်ညာဖြစ်တို့ ကန်ထားတယ်။ အဲဒါလေးလည်း သတိထားဦး။

    ၆။ ခင်ဗျားတို့ အခုလိုထွက်ရင် ဟိုနိုင်ဂျန်ဂါးက ဆြာဂျီးတွေကတော့ ပျော်မှာပဲ။ ‘လုပ်ကွ ချကွ၊ ရဲရဲတောက်တွေကွ၊ ဒါမျိုးမှ တော်လှန်ရေးကွ’ လုပ်မှာပဲ။ ဒါပေမဲ့ သူတို့ဆီက လေပဲလာမှာ။ ဆီမလာ ပဲမလာ။ လူကိုယ်တိုင်လည်း လာ ဝန်းရံမှာ မဟုတ်ဘူး။ အဝေးကြီးကနေ ချကွ ချကွအော်နေမှာ

    သူတို့နဲ့ ဟိုဘက်က လော်ဘီတွေနဲ့ တစ်နည်းအားဖြင့်တူတယ်။ ဟို အလိုတော်ရိတွေကလည်း စစ်ပွဲရှိရင် ကြိတ်ပျော်တယ်။ ချကွ နှက်ကွ ဘေးတီးပေးကြတယ်။ သေပုံကြေပုံတွေ ပူဆွေးပုံတွေ တင်ပြီး မျက်ရည်ခြူတယ်။ အခုစစ်ပွဲမရှိတာတောင် အရင်က ပူဆွေးပုံတွေ ထထတင်ပြီး ငိုချင်းချစားတုန်း။

    ဒီဘက် နိုင်ဂျန်ဂါးဆြာဂျီးတွေလည်း တူတူပဲ။ လမ်းပေါ်ထွက်ရင် သူတို့လည်း လှုပ်လာပြီ။ ဘေးတီးမယ် ဗိန်းဗောင်းဆင့်မယ်။ ဒါပေမဲ့ လေသက်သက်ပဲ။

    ၇။ တစ်ခုတော့ သတိပေးချင်တယ်။ လုပ်ရင်လည်း အပီလုပ်။ အပီဖြစ်နိုင်မှ လုပ်။ အာဏာရှင်ကို ကလိထိုးသလောက်လေးတော့ သွားသွားမလုပ်နဲ့။ ဟိုက အပျင်းပြေတယ်ဆိုပြီး သဘောတောင်ကျနေမှာ။

    * ဒါပေမဲ့လည်း ဒါတွေ ပြောသာပြောနေရတာပါ။ ဒီလိုတွေ စေတနာနဲ့သတိပေးလဲ ခင်ဗျားတို့က ကျုပ်တို့ကို လက်တွေ့နိုင်ငံရေးတိုက်ပွဲနဲ့ ကင်းကွာနေတဲ့ ရေပေါ်ဆီလျစ်ဗျဲတွေ ဘာညာနဲ့ ဆိုပြောပြီး ကျုပ်တို့ပြောလည်း နားဝင်မှာမဟုတ်ပါဘူူး။

    ဒီတော့ လုပ်ပါ လုပ်ပါ
    ဆက်သာလုပ်ကြပေါ့ ဟုတ်လား
    ခင်ဗျားတို့ပဲ တော်တယ်
    ခင်ဗျားတို့ပဲ တတ်တယ်
    အိုကေ။

  • ဦးကြောင်ကြီး

    June 23, 2015 at 10:50 am

    ကြောင်သား လှုပ်ရှားမှု ထပ်ဖြစ်မှာ ကြောက်တဲ့သူ ကြည့်လိုက်ရင် လှုပ်ငမ်းပိုင်ရှင်ဒွေ၊ လခကောင်းနေသူတွေ၊ ခွင်ရိုက်ဖို့ စောင့်နေသူတွေခ ျည်းပဲ…. ။ ဒီတော ့ ပြောပြီပေါ့ ကူမြူ နစ်တို့ ဘာတို့ ညှာဒို့ အားမနာ လ ှ ျာမက ျိုး….။ ဘွားဒေါ်ဂ ျီး နာမည် အသုံးခ ျပြီး သူဌေးတွေကလဲ ခ ျမ်းသာဖို့၊ ပိုခ ျမ်းသာဖို့.. ခ ျမ်းသာသထက် ခ ျမ်းသာဖို့….၊ လခလေး အဟုတ်မှတ်သူကလဲ ကိုယ့်နေရာလေး မပေ ျာက်ဖို့… ဟေ့ အမေစုကို ဝိုင်းရံကြကွ။

    • Ma Ma

      June 23, 2015 at 5:44 pm

      ဘယ်လူကိုမှ မထိခိုက် မနာကျင်ကြစေချင်ဘူး။
      မှတ်ချက်- ကြောင်မပါ။ 😉

  • အောင် မိုးသူ

    June 23, 2015 at 12:16 pm

    အူးကြောင်သဘော အူးကြောင်မနော အူးကြောင်စာသဘော ဖတ်ရှုသွားပါတယ်။

  • Alinsett @ Maung Thura

    June 23, 2015 at 1:23 pm

    ဒီအိပ်မက်ဆိုးကြီးတွေ… အေးအေးချမ်းချမ်းနဲ့သာ.. ပြီးသွားပါစေတော့လားကွယ်…

Leave a Reply