ဗိုလ်ချုပ်ကြီး စမစ်ဒွန်းအိမ်သို့အလည်တစ်ခေါက်

manawphyulayJune 22, 20152min41320

တောင်ကြီးခရီးစဉ်မှာ ကလောမြို့သို့ အလည်တစ်ခေါက် ရောက်ဖြစ်ခဲ့ပါတယ်။ ကံကောင်းချင်ပြန်တော့ သွားဖြစ်ခဲ့တဲ့အိမ်ခြံနဲ့ ကပ်ရက်က ဗိုလ်ချုပ်ကြီး စမစ်ဒွန်း အိမ်ဖြစ်နေတဲ့အတွက် ဒီဘက်အိမ်က အိမ်ရှင်တွေက သွားချင်ရင် လိုက်ပို့ပေးမယ်ပြောလို့ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းအိမ်သို့ အလည်တစ်ခေါက် ရောက်ခဲ့ပါတယ်။ သူ့ခေတ်သူ့အခါက ရှမ်းပြည်မှာ ပထမဆုံး ဗိုလ်ချုပ်စဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းအကြောင်းကိုတော့ ရေးရေးမျှပဲ သိရတဲ့အတွက် အကျယ်တဝင့် သိသူများရှိရင် ပြန်လည်မျှဝေဖို့ ဒီနေရာကနေ မေတ္တာရပ်ခံချင်ပါတယ်ရှင်။

ဗိုလ်ချုပ်ကြီးစမစ်ဒွန်းအိမ်အဝင်လမ်းကလေး
ဗိုလ်ချုပ်ကြီးစမစ်ဒွန်းအိမ်အဝင်လမ်းကလေး

အိမ်ကြီးကိုရောက်တော့ မှောင်ရီပျိုးစအချိန်ဖြစ်နေပါပြီ။ အဲဒီအိမ်မှာ ဘယ်သူနေလဲ စပ်စုမိတော့ ဗိုလ်ချုပ်ကြီးရဲ့ မျိုးဆက် သမီးတစ်ဦးထဲ နေထိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ အသက်ကတော့ ၇ဝ ကျော်ကျော် ကရင် အမျိုးသမီးကြီးတစ်ဦးတည်း အိမ်အကြီးကြီးမှာ နေတယ်ဆိုလို့ အံ့ဩမိပါသေးတယ်။ အိမ်ထဲဝင်ဖို့ အဘွားကို ခွင့်တောင်းတော့ တံခါးသော့ခတ်ထားတာကို လာဖွင့်ပေးပါတယ်။ တံခါးတင်သော့ခတ်ထားတာမဟုတ်ပါဘူး။ အိမ်ထဲမှာ တချို့အခန်းတံခါးတွေလည်း ရှေးဟောင်းသော့ခလောက်ကြီးတွေနဲ့ ခတ်ထားတာ တွေ့ရတဲ့အပြင် ရှေးဟောင်းသေတ္တာတွေကလည်း တစ်အိမ်လုံးလိုလို သော့ခတ်ထားတာ တွေ့ရပါတယ်။ နံရံတွေမှာတော့ ရှေးဟောင်းစစ်သုံးသေနတ်များ၊ ဓားများနဲ့အတူ တိရိစ္ဆာန်အရိုးခေါင်းများလည်း ချိတ်ဆွဲထားတာ တွေ့ရတဲ့အပြင် သူ့အဖေလက်ထက်က ဓာတ်ပုံများလည်း နေရာအနှံ့မှာ ချိတ်ဆွဲထားပါတယ်။ ဒါ့အပြင် စန္ဒယားကြီးကိုလည်း သော့ခလောက်ကြီးနဲ့ သော့ခတ်ထားတာ တွေ့ရပါတယ်။ သော့တွဲအိတ်ကြီးတော့ အဘွားလည်မှာ အမြဲဆွဲထားပါတယ်တဲ့။ သူတစ်ယောက်ထဲဆိုတော့ ဘယ်သူထမင်းချက်ပေးလဲ မေးကြည့်တော့ သူ့ဘာသာချက်စားတယ်လို့ပြောပါတယ်။ ကျွန်မတို့ တစ်ခန်းဝင် တစ်ခန်းထွက် လေ့လာဖို့ သော့တွေပေးပေမယ့် နောက်ဖက်ခန်းတွေက အတော်မှောင်ပြီး လိုက်ဝင်တဲ့အခါ ကြက်သီးမွေးညင်း အတော်ထမိတဲ့အတွက် ဆက်လက် လိုက်မကြည့်တော့ပဲ ဧည့်ခန်းမှာပဲ ထိုင်နေမိပါတယ်။ အခန်းတစ်ခန်းကို ပြတော့ အဲဒီအခန်းကနေ မြေအောက်ခန်းဆင်းလို့ရတယ်ဆိုတဲ့ ဟိုဘက်ခြံက အစ်မက ရှင်းလင်းပြပါတယ်။ ဒါ့အပြင် ညဘက်တွေဆိုရင် ခြေချင်းသံတွေ အမြဲကြား ရတယ်လို့လည်း ပြောပါတယ်။
အံဩဖွယ်ရာကတော့ အခုလက်ရှိ ဗိုလ်ချုပ်တွေက ဒီအိမ်ကို ပြန်ဝယ်ချင်နေကြတဲ့အတွက် ပြန်ရောင်းဖို့ လာလာပြောကြတယ်လို့လည်း ပြောပါတယ်။
ပြန်ခါနီး အိမ်ပြင်ရောက်တော့ အိမ်ကြီးကို ဓာတ်ပုံရိုက်တဲ့အခါ ဘယ်လိုပဲ ရိုက်ရိုက် အိမ်အပြည့်မပေါ်ဘူးဖြစ်နေတဲ့အတွက် ရိုက်မိသလောက်ပဲ ရိုက်ယူခဲ့ရပါတယ်။

ဒီအိမ်ကြီးက ပြန်လာပြီးနောက် ဗိုလ်ချုပ်ကြီး စမစ်ဒွန်းအကြောင်းကို ပိုမို သိချင်နေမိပါတော့တယ်ရှင်။
IMG_20150101_173853

ဒီရှုခင်းလေးကတော့ အိမ်လေးရဲ့ မျက်နှာစာ မြင်ကွင်းလေးတစ်ခုပေါ့
ဒီရှုခင်းလေးကတော့ အိမ်လေးရဲ့ မျက်နှာစာ မြင်ကွင်းလေးတစ်ခုပေါ့

IMG_20150101_174053

ဗိုလ်ချုပ်ကြီးစမစ်ဒွန်းရဲ့ တစ်ဦးတည်းသော သမီးက အိမ်ကြီးထဲမှာ တစ်ယောက်ထဲနေပါတယ်။
ဗိုလ်ချုပ်ကြီးစမစ်ဒွန်းရဲ့ တစ်ဦးတည်းသော သမီးက အိမ်ကြီးထဲမှာ တစ်ယောက်ထဲနေပါတယ်။
ဗိုလ်ချုပ်ကြီးစမစ်ဒွန်းနှင့် ရတနာနတ်မယ်တို့ရဲ့ ခမ်းနားတဲ့ပုံတွေလည်း တွေ့ရှိခဲ့ရပါတယ်။
ဗိုလ်ချုပ်ကြီးစမစ်ဒွန်းနှင့် ရတနာနတ်မယ်တို့ရဲ့ ခမ်းနားတဲ့ပုံတွေလည်း တွေ့ရှိခဲ့ရပါတယ်။
ရှေးဟောင်းဓာတ်ပုံများလည်း အိမ်အပြည့် ချိတ်ဆွဲထားပါတယ်။
ရှေးဟောင်းဓာတ်ပုံများလည်း အိမ်အပြည့် ချိတ်ဆွဲထားပါတယ်။

IMG_20150101_174756

တစ်အိမ်လုံး လျှောက်ကြည့်ပြီးသကာလ ပြန်သောအခါ တစ်ဦးနေတဲ့ အဘွားက တံခါးသော့ပြန်ခတ်ပါတယ်။
တစ်အိမ်လုံး လျှောက်ကြည့်ပြီးသကာလ ပြန်သောအခါ တစ်ဦးနေတဲ့ အဘွားက တံခါးသော့ပြန်ခတ်ပါတယ်။

20 comments

  • Mike

    June 22, 2015 at 2:29 pm

    .စိတ်ဝင်စားစရာပဲ
    .အိမ်ကြီးကလည်းရှေးဟောင်းအမွေအနှစ်တွေပြည့်နေမှာပဲ…
    .အဖွားကို အင်တာလေးမဗ ျူ းခဲ့ဘူးလား..

  • Ma Ma

    June 22, 2015 at 3:06 pm

    ဗိုလ်ချုပ်ကြီးစမစ်ဒွန်းဆိုတာတောင် ခုမှကြားဖူးတယ်။

    စိတ်ဝင်စားစရာကောင်းသလို လွမ်းစရာလည်း ကောင်းနေသလိုပဲ။

    တချိန်တုန်းက ဒီအိမ်ကြီးမှာ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွနဲ့ ရယ်မောသံတွေပြည့်နေမှာပဲလို့ မြင်ယောင်မိပြီး ခုချိန်မှာတစ်ယောက်တည်းနေနေတဲ့ အိမ်ရှင်အမျိုးသမီးကြီးကို သနားနေမိတယ်။

  • ဦးကြောင်ကြီး

    June 22, 2015 at 3:17 pm

    လွတ်လပ်ရေးရအပြီး ဗမာ ့တပ်မဒေါ်မှာ တောင်ပိုင်းတိုင်းမှူ းလုပ်သွားသူ ဗိုလ်ချုပ်စမစ်ထွန်းဖြစ်ပါမည်။ ဗိုလ်ခ ျုပ်ကြီးအဆင့် မပေးလို့ ထင်ပါတယ်။ မြန်တ ျန့်ဖက်ဆစ်တပ်မှာ ကာချုပ် ဗိုလ်စုတ်ကြီး အဆင့်ရတာ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ခ ျုပ်ကြီးစန်းယု၊ ဗိုလ်ခ ျုပ်ကြီးတင်ဦး၊ ဗိုလ်ချုပ်ကြီးကေ ျာ ်ထင်၊ ဗိုလ်ခ ျုပ်ဗူးကြီးစောမောင်၊ ဗိုလ်ခ ျုပ်ဗူးကြီးသမ်းရွှေနဲ့ လက်ရှိ ကာချုပ် မအလ တို့ပဲရှိပါသည်။ အမှတ်မမှားရင် ဗိုုလ်ခ ျုပ်စမစ်ထွန်းက ကရင်သဗုံထလို့ အငြိမ်းစား ယူသွားရသူပါ။ သူ့လိုပဲ ကပြား သို့ အဖြူ ဗိုလ်ခ ျုပ်တဦး ရှိသေးတယ်၊ လေတပ် ဗိုလ်ချုပ် (ဗိုလ်မှူ းခ ျုပ်လားမသိ) တီကလစ်ပါ။ သူလည်း လွပ်လပ်ရေးရတော ့ ကွင်သဗုံထလို့ အငြိမ်းစားသွားရတယ် ထင်တယ်။

    • ဦးကျောက်ခဲ

      June 22, 2015 at 4:13 pm

      ဗိုလ်မှူးချုပ်တီကလစ်…
      သူက ဩစီမှာခေါင်းချသွားပြီ…

    • Courage

      June 22, 2015 at 7:26 pm

      ဦးဦးကြောင်ရာ မြန်ထျန့် မြန်ထျန့်နဲ့မပြောပါနဲ့ ဗျာ။ နားကလော လွန်းလို့။
      အခုတောင် နိုင်ငံ ၃ပုံ၂ပုံက တရုတ်လက်ထဲရောက်နေတာ တော်ကြာ ဓါတ်သက်ပါပြီ တစ်ကယ့် မြန်ထျန့်ဖြစ်သွားပါဦးမယ်။

  • ဇီဇီခင်ဇော်

    June 22, 2015 at 4:06 pm

    နေရာက သူ့ခေတ်သူ့ခါက သာယာခဲ့မှာပဲ။

  • တောင်ပေါ်သား

    June 22, 2015 at 4:12 pm

    ခြံဝင်းလေးက သဘောကျစရာ

  • ဝင့်ပြုံးမြင့်

    June 22, 2015 at 4:54 pm

    .စိတ်ဝင်စားစရာ နောက်ခံဇာတ်ကြောင်းတွေ ရှိမှာပဲ။ အဲဒီအန်တီကြီးကို သွားဗျူ းရင် စာအုပ်ထုတ်လို့ ရနိုင်တယ်နော်။

  • Courage

    June 22, 2015 at 7:23 pm

    ဗိုလ်ချုပ်ကြီး စမစ်ဒွန်းဆိုတာတော့ ကြားဖူးပေမယ့် ဘယ်သူမှန်းတော့ မသိရိုးအမှန်။ ရတနာနတ်မယ်နဲ့ ပုံတွေ့လိုက်မှာပဲ ဦးနေဝင်းတို့ခေတ်က မှန်းသိတော့တယ်။
    အခုဗိုလ်ချုပ်တွေက အိမ်ကြီးဝယ်ချင်တယ်ဆိုတာကတော့ မထူးဆန်းပါဘူး။ သူတို့က ထယ်ဝါချင်ကျတာမို့လား။ ငါနေတာ ဘယ်ခေတ်က ဘယ်သူ့အိမ်လေဆိုတာမျိုးပေါ့။

  • aye.kk

    June 22, 2015 at 8:22 pm

    စိတ်ဝင်စားဖို့ကေါင်းတယ်လို့ခံစားမိပါတယ်
    နေအိမ်ခြံဝန်းဒါ့ပုံရှုခင်းတွေနှစ်သက်စရာကေါင်းတယ်။။

  • surmi

    June 22, 2015 at 10:51 pm

    ဗိုလ်ချုပ်စမစ်ဒွန်းက အင်္ဂလိပ်စစ်တပ်ကနေ ကူးပြောင်းလာတာပါ ။
    ၁၉၄၆ ဘားမားရိုင်ဖယ်ခေတ်မှာ အင်္ဂလိပ်လက်အောက်ခံ တပ်အဖြစ်ဖွဲ့စည်းထားတာမို့ ဗိုလ်ချုပ်စမစ်ဒွန်းတို့ ဗိုလ်မှူးချုပ် စောကြာဒိုး တို့လို အင်္ဂလန်စစ်တက္ကသိုလ်တွေကနေ ကျောင်းဆင်းလာတဲ့သူတွေဟာ လွပ်လပ်ရေးရပြီးချိန်မှာ စစ်ရာထူးအမြင့်ဆုံးမှာရှိနေခဲ့ပါတယ် ။
    လွပ်လပ်ပြီးစ ၁၉၄၈ နောက်ပိုင်း KNDO အရေးအခင်းကာလအထိ စစ်ဦးစီးချုပ်အဖြစ်မြန်မာစစ်တပ်မှာ ရှိနေခဲ့ပါတယ် ။
    အဲ့ဒီအချိန်မှာ ဗိုလ်မှူးချုပ်စောကြာဒိုးလည်းရှိနေပါသေးတယ် ။
    အဲ့ဒီအချိန် တပ်ရဲ့ဖွဲစည်းပုံအရ စစ်ဦးစီးချုပ်က ဗိုလ်ချုပ်ဖြစ်လို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်း ရယ်လို့ခေါ်ကြပါတယ် ။
    KNDO အဖွဲ့တွေတောခိုပြီးနောက်ပိုင်းမှာ ဗိုလ်ချုပ်စမစ်ဒွန်း နှုတ်ထွက်ခဲ့တယ်လို့ ထင်ပါတယ် ။
    အဲ့ဒီအချိန်ကတည်းက ရှမ်းပြည်မှာဘဲ သေသည်အထိနေထိုင်သွားခဲ့တယ်လို့ သိရပါတယ် ။
    မြန်မာ့ နိုင်ငံရေးဇတ်ခုံမှာမတွေ့ရတော့ပါဘူး ။

    ဗိုလ်မှူးချုပ်စောကြာဒိုးကတော့ တောခိုပြီးမှ အလင်းဝင်ရောက်ပြီး ၁၉၉ဝ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်တောင်မှ ဆောင်ရွက်ခဲ့ပါသေးတယ် ။
    ဗိုလ်ချုပ် စမစ်ဒွန်း စစ်ဦးစီးချုပ်ဖြစ်နေစဉ်မှာ ဦးနေဝင်းဟာ ဗိုလ်မှူးကြီး နေဝင်း အဖြစ်သာရှိပါသေး တယ် ။
    နေုာက်မှ ဗိုလ်မှူးချုပ် ၊ ဗိုလ်ချုပ် ရယ်လို့ ဖြစ်ပြီး ဦးစီးချုပ်ဖြစ်လာတာပါ ။

    သူတို့တွေနဲ့ပါတ်သက်တဲ့ လှုပ်ရှားမှုပုံရိပ်တွေကို အကျယ်တဝင့်သ်ိချင်ရင်တော့ ……
    ဗိုလ်မှူးကြီး (ဟောင်း ) တင်မောင် (ဆရာမြတ်ထန်) ရေးခဲ့တဲ့
    “” တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် “” ကိုရှာဖတ်ကြည့်ပါလေ ။
    အွန်လိုင်းမှာ PDF လည်းရှိပါကြောင်းးးးး

    • manawphyulay

      June 24, 2015 at 9:23 am

      ဟုတ်ကဲ့ပါ အတော်စိတ်ဝင်စားပါတယ်။ အဘွားကိုလည်း မေးတော့ မေးလာခဲ့ပါတယ်။ အသက်ကြီးတော့ သိပ်ပြောချင်ပုံ မရပါဘူး။ ကရင်မကြီးကတော့ အသားဖြူဖြူ အေးအေးချမ်းချမ်းပါပဲ။ နောက်တစ်ခါ ရှမ်းပြည်တက်ရင် မနောရဲ့ အမျိုးသားက အဲဒီအိမ်ကို အတော်စိတ်ဝင်စားတဲ့အတွက် ညအိပ်ခွင့်တောင်းပြီး တစ်ညလောက်တော့ အိပ်လို့ရအောင် ပြောကြည့်ချင်တယ်တဲ့လေ… အိမ်ကြီးကတော့ အိမ်ထဲရောက်တာနဲ့ ကျောချမ်းပြီး အတော်စိတ်ဝင်စားစရာကောင်းတဲ့အတွက် မပြန်ချင်တောင် ဖြစ်မိတာပါပဲ။ နောက်တစ်ခုကြုံခဲ့ရတာက စန္ဒယားကို ပုံမှ တွေ့တဲ့ကလေး လျှောက်ဆော့တာမှန်ပေမယ့် မနောက စန္ဒယားကို နောက်ကျောဘက်ပေးထားပေမယ့် သာယာငြိမ့်ညောင်းတဲ့ ပညာရှင်တီးတဲ့ သံစဉ်မှန်တဲ့ တီးလုံးသံ ထွက်လာမိတဲ့အတွက် ကမန်းကတန်းလှည့်ကြည့်ပြီး ဓာတ်ပုံရိုက်လိုက်မိတာပါ။ အဘွားကတော့ ဓာတ်ပုံရိုက်တာ သိပ်ကြိုက်ပုံမပေါ်ပါဘူး။ နောက်တစ်ခါရောက်ရင်တော့ ထပ်မံသွားချင်မိပါသေးတယ်။

      • ဦးကျောက်ခဲ

        June 24, 2015 at 9:50 am

        ယုံချင်ယုံ မယုံချင်နေ…
        အဲ့ အိမ်ရယ်… နောက်ထပ် ဘိုတဲတစ်လုံးရယ်က …
        ကလောမှာ သရဲအတော်ခြောက်တယ်လို့ နာမည်ကြီးတယ်ဗျ…
        မနောအမျိုးသား သွားအိပ်ရင် Camcorder လေးပါထည့်ပေးလိုက်…

  • မြစပဲရိုး

    June 23, 2015 at 3:16 am

    ဝီကီ ထဲ မတော့ “Commander in Chief of the Burmese Army” ရာထူး ကို ဗိုလ်လယျာင်္ ဆီက ယူပြီး သူ့ဆီကတော့ ဗိုလ်နေဝင်း က ယူလိုက်တယ်လို့ ရေးထားတယ်။
    Memoirs of the Four-Foot Colonel စာအုပ်ကို ရေးခဲ့သတဲ့။
    ၁၂ကျပ်ရအောင် ရသလောက် ရွှီးပါသည်။

    အိမ်ကတော့ အတော်လေးအိုနေတာမို့ အတော်ပြင်ပြီး နေရမှာ။ ဒါမျိုး ကို ပြတိုက် လုပ်ထားဖို့ဘဲ ကောင်းပါတယ်။
    ခရစ်ယာန်မို့ သေတမ်းစာတော့ ချန်ခဲ့မယ်ထင်ရဲ့။

    • မောင်ဘလိူင်

      June 27, 2015 at 1:11 pm

      ဟုတ်ပ အဲဒီစာအုပ်ကလေး အီးဘွတ်အနေနဲ့ ကျွန်တော့်ဆီမှာ ရှိဘူးတယ်။ ဗမာပြန် ရှိလားတော့မသိဘူး။

  • Mike

    June 23, 2015 at 10:08 am

    .Commander in Chief of the Burmese Army
    In office
    4 January 1948 – 1 February 1949
    Preceded by Bo Let Ya
    Succeeded by Ne Win
    Personal details
    Born Po Yay
    November 11, 1906
    Irrawaddy delta, British Burma
    Died 1979 (aged 72)
    Kalaw, Shan State, Burma
    Nationality Burmese
    Alma mater Indian Military Academy
    Occupation Army officer
    Religion Christianity
    Awards Sword of Honour
    Military service
    Allegiance Burma
    Service/branch Burma Armed Forces
    Rank General
    Unit Karen Rifles
    https://en.wikipedia.org/wiki/Smith_Dun

  • အောင် မိုးသူ

    June 23, 2015 at 12:17 pm

    အဲ့သည်တော့ မရောက်ဖူးပေမယ့်။ သီပေါက သီပေါဟော်နန်းကိုတော့ ရောက်ဖူးခဲ့တယ်။ အဲသည်က မျိုးဆက်တွေ ခုထိရှိတုန်းပဲ အထဲလည်း လေ့လာခွင့်ပေးတယ်။ ခမ်းနားကြီးကျယ်ချက်ဆိုတာ။

  • Alinsett @ Maung Thura

    June 23, 2015 at 1:11 pm

    .နေရာ ဒေသ အနေအထားလေးကိုက…. သွားကြည့်ချင်စရာ ဆွဲဆောင်မှု တခုခု..ရှိနေတာ…

  • Ma Ei

    June 24, 2015 at 12:35 pm

    အိမ်ခြံ အနေထားက အတော်ကိုဟောင်းနွမ်း ယိုယွင်းနေပေမယ့်
    မိဘ အမွေနှစ်ကို ဂုဏ်ယူ ထိန်သိမ်းထားတဲ့ အဖွားကို လေးစားမိပါတယ်
    ကလော ဆိုတာ နေချင်စရာ နှစ်သက်ဖွယ် မြို့လေးတစ်မြို့ပါ
    ဘူတာအပေါ်ဖက်ပိုင်းမှာ့ ကေ ျာက်တုံးတွေနဲ့ဆောက်ထားတဲ့ ရွှေငါး ကေ ျာက်တိုက်လို့ခေါ်တဲ့ တိုက်အိမ်ကြီးကိုတော့ ရောက်ဖူးတယ် အတော်ရှေးဆန်တဲ့ အိမ်ကြီးပါဘဲ…

    • manawphyulay

      June 25, 2015 at 12:59 pm

      အဲဒီ ရွှေငါးကျောက်တိုက်ကိုလည်း မြင်ဖူးချင်လိုက်တာ ပုံရိုက်ခဲ့ရင် တင်ပေးပါလား….

Leave a Reply