( ရွေးကောက်ပွဲသို့ လမ်းလေးသွယ် )

( ရွေးကောက်ပွဲသို့ လမ်းလေးသွယ်  )

ရွေးကောက်ပွဲ ဆိုတာကြီးကတော့ နီးသထက်နီးလာပါပြီ ၊ တကယ် လုပ်ဖြစ်ရင် ပြောပါတယ် ၊

အောင်ပွဲ တဲ့ ၊ အဲဒီ အောင်ပွဲဆိုတာ   ၂၀၁၅ ရွေးကောက်မှာ နိူင်မယ့်သူအတွက်ပါ ၊

အဲဒီအောင်ပွဲရှိရာကို ဦးတည်နေကြတဲ့လမ်းတွေထဲမှာ ကျနော့်အမြင်တော့ လမ်း ၄ လမ်းက လာနေတဲ့ အုပ်စု ၄ စု ရှိနေပါတယ် ၊

( ၁ ) လက်ရှိအာဏာရအုပ်စု
သူတို့ကတော့ ကိုယ်ကိုယ်တိုင် ဆက်မနေတော့ရင်တောင် သူတို့ရဲ့   နောက်လိုက်တွေ အမွေဆက်ခံစေနိူင်ဖို့ ကြိုးစားနေတဲ့ အဖွဲ့ပေါ့ ၊

တစ်ခြားပြိုင်ဘက်တွေအပေါ် အသာစီးရဖို့ နည်းပေါင်းစုံသုံးနေလေရဲ့  ၊

( ၂ ) ဒေါ်စုအုပ်စု
စုမှတစ်ပါး အခြားမရှိ လို့ဆိုရမယ့်အဖွဲ့ပါ ၊

ဒီတိုင်းပြည်ကို ကယ်တင်နိူင်မယ့် သံမဏိနှင်းဆီ ရယ်လို့တောင် ဂျာနယ်တစ်ခုထဲမှာ တင်စားထားပါတယ် ၊

သူနဲ့ပတ်သက်လာရင် ဆတ်ဆတ်ထိ မခံသူတွေလည်း ဒုနဲ့ဒေး ၊

မဝေးတော့တဲ့ ရွေးကောက်ပွဲအတွက် သူတို့လည်း မဲပေးဖို့ အားခဲနေကြတာပေါ့ ၊

( ၃ )အခြားပါတီများအုပ်စု
အန်ဒီအက်ဖ်အပါအဝင် တစ်ခြားပါတီတွေပေါ့ ၊

ပြည်မမှာ ဝင်ပြိုင်မယ့် ပါတီတွေ ပြည်နယ်တွေမှာ ဝင်ပြိုင်မယ့် တိုင်းရင်းသားပါတီတွေ ၊

အဲဒီပါတီတွေကလည်း သူတို့နည်းသူတို့ဟန်နဲ့ စည်းရုံးရေးဆင်းဖို့ ဟန်ပြင်နေပါပြီ ၊

တစ်ချို့ ပြည်နယ် နယ်မြေတွေမှာ သူတို့ပဲ မဲအများစုရနိူင်တာတွေလည်း ကြိုမြင်နေရပါတယ် ၊

ကျောင်းသားအဖွဲ့တွေနဲ့ တစ်ခြားအဖွဲ့ပေါင်းစုံကလည်း သူတို့ သန်ရာဘက်ဆွဲရင်း လှုပ်ရှားနေကြတုန်း ၊

လော်ဘီပေါင်းစုံကလည်း အလုပ်အရှုပ်ဆုံး အချိန်ပါပဲ ၊

( ၄ ) ဘာမှမသိတဲ့အုပ်စု
မရီ( ရယ် )နဲ့ဗျ ၊

အဲဒီဘာမှမသိတဲ့အုပ်စုဆိုတာ တကယ်ရှိတယ် ၊

ဘယ်ပါတီက ဘာတွေလုပ်နေလဲ ? မသိ ၊ သိဖို့ကြိုးစားမယ့်သူတွေလည်း မဟုတ် ၊

ကိုယ့်ဝမ်းတောင်အနိူင်နိူင် ရှာဖွေရုန်းကန် စားသောက်နေရသူတွေရယ် ၊၊

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာပါသလို သတင်းဆိုတာကို နားစွင့်ရမှန်း မသိသူတွေရယ်  ၊

တစ်ယောက်ယောက်ကပြောလိုက်ရင် ဝေဖန်ပိုင်းခြားဖို့ထက် အသေယုံတတ်လိုက်သူတွေရယ် ၊

အဲဒီလိုလူတွေ ဒီလိုလူတွေက ဘယ်သူ့မဲပေးမလဲ ? လျင်တဲ့ပါတီ စားသွားမှာပဲ ၊

ကဲ  အဲဒီအုပ်စုတွေထဲမှာ ကိုယ် ဘယ်အုပ်စုမှာ ပါနေသလဲဆိုတာ

 

 

 

၉ဝ ရွေးကောက်ပွဲမှာ မဲပေးပြီး ရင်ခုန်ခဲ့ဘူးတဲ့ ကျနော်ကတော့ ၂၀၁ဝ မှာကော ၂၀၁၂ မှာပါ မဲမပေးခဲ့သလို ရင်လည်း မခုန်ခဲ့ဘူး ၊

ဒီအကွက်တွေလောက်က ရိုးနေပြီလေ ၊

ဒါဖြင့် ၂၀၁၅ မှာကော   …………………………………………………………..

ကျုပ် မဲပေးရမယ့်သူကို ကျုပ်စောင့်ကြည့်နေတုန်းပါပဲ ၊

22 comments

    • တောင်ပေါ်သား

      June 23, 2015 at 1:19 pm

      ၁၉၉ဝ တုန်းက ကမာရွတ်အမတ်က ဆရာကြီး မင်းသုဝဏ် ၊

      သူ ရတဲ့မဲတွေထဲ ကျုပ် အသည်းကြားက မဲတစ်ပြားလည်း ပါခဲ့သပေါ့ ၊

      ဒါပေမယ့် သိကြတဲ့အတိုင်း ၁၉၉ဝ ဟာ ရာဇဝင်ရိုင်းသွားခဲ့တယ် ၊ 🙁

  • ဇီဇီခင်ဇော်

    June 23, 2015 at 12:48 pm

    ဪ။
    စောင့် ကြည့် တုန်း ကိုးးး

    :kwi:

    • တောင်ပေါ်သား

      June 23, 2015 at 12:56 pm

      ကျုပ်ပေးရမှာက ကမာရွတ်အမတ်ကိုလေ ၊

      ဘယ်လိုလူ လာမယ်မှန်းမှ မသိသေးတာ ၊

  • Alinsett @ Maung Thura

    June 23, 2015 at 12:54 pm

    .ရွေးကောက်ပွဲ နီးလာပြီ..
    အခုထိ ရက် အတိအကျ မသိရသေး…
    .အမေစုကလည်း… ရွေးကောက်ပွဲ ဝင်ဖြစ် မဝင်ဖြစ် အတိအကျ ထုတ်မပြောသေးပဲ..သို့လော သို့လော…လုပ်နေတယ်…
    တိုင်းပြည်ရဲ့ အနာဂတ်ဟာ… သို့လော သို့လောနဲ့…

  • ဦးကြောင်ကြီး

    June 23, 2015 at 1:09 pm

    ပါမ ျိုး မဲသွားပေးယဉ် အနော ် အိမ်စောင့်ပေးမဲ… ဆိတ်ခြလာဘ်ခြသွား..

    • တောင်ပေါ်သား

      June 23, 2015 at 1:22 pm

      အိမ်တံခါးဖွင့်ထားခဲ့ရင်တောင် ကိုကိုကြောင်ထက် စိတ်ချရမယ်ထင် 🙂

  • HMM

    June 23, 2015 at 1:35 pm

    ရီဘူး… ဘာလို့ဆို ၄ ထဲမှာကိုယ်ပါနေလို့။
    မဲပေးရမယ်ဆိုရင်ဖြင့် ၃ ကိုမပေးပါ။
    သန်ရာနယ်မြေ/အသိုင်းအဝိုင်းမှာ မဲအများစုရနိုင်သော်လဲ တစ်ပြည်လုံးအတိုင်းအတာနဲ့ဆို ၁ နဲ့ ၂ ကိုမယှဉ် နိုင်။ အလကားဖြစ်သွားနိုင်တဲ့ မဲမို့မပေး။
    အဓိကပြိုင်ကြမဲ့ ၁ နဲ့၂ မှာ ၁ကိုလုံးဝမပေး။ အယုံအကြည်(လုံးဝ)မရှိလို့။
    ရွေးချယ်စရာ ၂ မှတပါး အခြားမရှိ….

    • တောင်ပေါ်သား

      June 23, 2015 at 1:50 pm

      အဲဒီ ၄ ထဲမှာ ပါနေတဲ့အထဲက တစ်ချို့ဟာ နီးစပ်ရာ လျင်ရာပါတီ ဆွယ်တဲ့အထဲ ပါသွားမှာပါပဲ ၊

      နိူင်ငံရေးရာနဲ့ ဝေးလှတဲ့ လူတွေကိုမြင်တော့ ( တစ်ချို့က တကယ်မသိတာ )

      ဪ ငါလည်း သူတို့လိုဘဝဆို သူတို့လိုနေမှာပဲလေလို့တွေးမိတယ် ၊

      HMM က ကိုယ်ဘာကိုရွေးမယ်ဆိုတာ သိပြီးသားမို့ အုပ်စု ၄ ထဲ မပါပါဘူး ၊

      NLD က တစ်ပြည်လုံးဝင်မယ်ဆိုရင် တိုင်းရင်းသားနယ်တစ်ချို့မှာ အခက်တွေ့ပါလိမ့်မယ် ၊

  • ရွေးကောက်ပွဲ တစ်ပြည်လုံးအတိုင်းအတာဆိုပေမယ့်

    တကယ်ကို သိလဲ သိ စိတ်လဲ စိတ်ဝင်စားသူက မြို့နေ ပညာတတ်လူတန်းစားတွေနဲ့
    နိုင်ငံခြားရောက်နေသူ များသာ ရှိပါတယ်။

    ကမျိုး ပြောသလို နံပါတ်လေး အုပ်စုထဲမှာက လူ အများ ကြီးရှိနေပါတယ်။

    ခရိုနီခရိုပြာ လို အရောင်ပြောင်းတွေကတော့ သူတို့ ရင်ထဲဘာရှိတယ်ဆိုတာ အားလုံးအသိပါဘဲ။

    သေချာတဲ့တစ်ချက်ပြောရ ရင် အစိုးရနဲ့ ရင်းနှီးကျွမ်းဝင်မူ့ မရှိတဲ့ လူ တွေကတော့

    စု နိုင်မှ ဖြစ်မယ် လို့ ယုံကြည်ကြပါတယ်။

    အစိုးရနဲ့ရင်းနှီးကျွမ်းဝင်မူ့မရှိပေမယ့် စု ကိုယုံပေမယ့် သူ့နောက်လိုက်ကို မယုံ သူတွေလဲရှိပါတယ်.။

    တက်ချင်တဲ့သူတက် ဘယ်သူတက်တက် ကိုယ့် ထမင်း ကိုယ်ရှာစားရမှာ ဘဲ ဆိုတဲ့သူအများစုပါ။

    သူတို့ ကိုလဲ အဲလိုတွေးလို့အပြစ်မတင်ပါနဲ့။

    ဘဝတစ်လျောက်လုံး မသေထမင်း မသေထမင်းကို လူနဲ့ရင်းပြီး ရှာနေကြရတော့ ကျန်တာတွေမစဉ်းစားနိုင်တဲ့လူတန်းစားတွေပါ။

    ကျနော်အမြင် ဖြစ်သင့်တာကိုပြောရရင်။

    ဟိုဘက် ဒီဘက် မျှ ပြီး ရ သွားကြရင် အပြန်အလှန်ထိန်းပြီးသားဖြစ်သွားမယ်ထင်ပါတယ်။

    စိန့်ဘက်က နိုင်ရင် မဲလိမ်တယ်ဆို ပြီး ဆူကြမှာသေချာပေါက်ပါ။

    စု ဘက်က နိုင်ရင် ခြင်္သေ့လည်ပြန် မဖြစ်ဘူးလို့ ဘယ်သူမှ အာမ မခံနို်င်ပါဘူး။

    အဲတော့ ခြင်္သေတွေကို ထိန်းမယ့် ကြာပွတ်နဲ့တူ တဲ့ ဒေါင်း ကတော့ လွှတ်တော်ထဲမှာ အစောင့်ရှိဘို့ လိုနေပါပြီ.

    အဲတော့ သူတို့ လဲပါ ပါ စေ။

    ကိုယ်လဲ ပါ မယ် ဆိုရင် တော့ အသင့်တော်ဆုံးဖြစ်မယ်ထင်ပါတယ်။

    • တောင်ပေါ်သား

      June 24, 2015 at 9:11 am

      ဟုတ်ပ ကိုပေါက်ရေ ၊

      အဲဒီ အုပ်စု ၄ ထဲကလူမျိုးတွေ အများကြီးတွေ့ဘူးတယ် ၊ သူတို့အပြောနဲ့သူတို့လည်း ဟုတ်နေသားကလား ၊

  • Mike

    June 24, 2015 at 11:27 am

    .က ျုပ်ကတော့ ဘာဖြစ်ဖြစ် ၂ ပဲဗ ျ

  • kai

    June 24, 2015 at 12:07 pm

    ကျုပ်သိသလောက်တော့.. တော်တော်သေချာနေသလို.. ဟိုမှာဖက်ကလည်း..ပေးဖို့ပြင်ထားပြီးသားပါ..။
    ရှုံးရင်ဘာလုပ်မလည်း.. ပလန်င်ဘီ…စီ..ရှိပြီးသားပါ…။
    ပလန်င်စီကိုရောက်တဲ့အထိတော့.. မတွန်းစေလို…

    ယူအက်စ်မှာဆိုရင်တော့… မဲဆန္ဒရှင်တွေ .. သူတို့ဆန္ဒတွေသိပ်တွန်းမပြောကြဘူးဗျ..။
    နိုင်ငံရေးပေါ့..။ :k:

  • ဦးဦးပါလေရာ

    June 24, 2015 at 6:10 pm

    .ဗြောင်ကျကျနဲ့ ရှင်းရှင်းပဲပြောမယ်…
    .မဘသ ဘုန်းကြီးဆိုတာ ဘယ်သူတွေလဲ ဘယ်နှစ်ပါးလဲ သိကြပါသလား..
    .လွယ်အောင်ပြောရရင် မဘသဘုန်းကြီးဆိုတာ
    .မြန်မာပြည်က ဘုန်းကြီးအများစုပဲ…အကုန်နီးပါးပဲ…
    .မဘသအသိုင်းအဝိုင်းဆိုတာ ဘယ်ဟာလဲသိကြရဲ့လား…
    .မဘသအသိုင်းအဝိုင်းဆိုတာ အပေါ်ကပြောတဲ့ဘုန်းကြီးတွေနဲ့နီးစပ်သူ ကြည်ညိုသူ ပရိတ်သတ်အကုန်နီးပါးပဲ…
    ………
    …….ဆိုတော့ ……..
    .ဒေါ်စုနဲ့ NLD အပြတ်အသတ်အနိုင်ရဖို့ မဖြစ်နိုင်တော့ပါ….
    .အမှန်ကိုမြင်ဖို့
    .အမှန်ကိုလက်ခံဖို့
    .အမှန်အတွက် ကြိုမြင်ပြင်ဆင်ထားဖို့လိုပါပြီ…
    …………..
    .အိုကေပါ…
    .ဒီန်ိုင်ငံဟာ ဒါထက်ပိုမကောင်းန်ိုင်ပါဘူး…
    .ဆယ့်လေးငါးပိုင်း ကွဲမသွားမချင်း
    .ဒီလိုပဲ စုတ်ပြတ်နေဦးမှာပါ..

    • ကိုပါ ရေ

      မြန်မာနိုင်ငံအရေးကတော့ လူတွေဘဲ သန့်သန့်လေး လုပ်ကြ ဆောင်ရွက်ကြတာ အကောင်းဆုံးပါ။

      အင်္ဂလိပ် ဂျပန်လက်ထက်က လူမျိုးခြားလာအုပ်ချုပ်လို့ လူမျိုးဘာသာ သသနာကွယ်မှာစိုးလို့ ဝင်ပြီးကယ်တင်ခဲ့ကြတာက
      မှန်ပါတယ်။
      အခုအချိန်မှာ တော့ သာသနာဝန်ထမ်း ဘုရားသားတော်တွေက လောကီအရေးမှာ လိုတာထက်ပိုပြီး ပါဝင်စွက်ဖက်မူ့မရှိတာအကောင်းဆုံးပါဘဲ။
      ဘယ်ဘက်ကမှ မနေတဲ့ တရားမျှတစွာနေနိုင်အောင်သာ ဝိုင်း ပြိ၊း ဝန်းရံပေးနို်င်ရင်လုံ့လောက်ပြီလို့ ထင်ပါတယ်။

    • မြစပဲရိုး

      June 24, 2015 at 10:19 pm

      အသာပြောပါ ကိုပါရယ်။
      . ပြတ်လှချေလား။
      မဘသ ဆိုတာ နယ် တစ်ချို့မှာဘဲ ဗိုလ်ကျနေတယ်လို့ ထင်မိပါတယ် ကိုပါ။
      မဘသ ကြည်ညိုသူ တွေများ တကယ်များ ပြီး အားပေးသူတွေ ရှိလို့ ကတော့ ဝီတို့ လက်လည်မှာတောင် မဟုတ်ဘူး။
      ဆဲ တဲ့ သူတွေ များလွန်းလို့ ထွက်လိုက် ဝင်လိုက် လုပ်နေရတာ ဖြစ်ဖို့များပါတယ်။
      . မြန်မာပြည် ဘုန်းကြီး တွေ ထဲ ဝီတို့ ဝါဒ ကို မနှစ်ခြိုက်ပေမဲ့ ဘုန်းကြီးချင်း မို့ ပြောရခက်နေဟန်လဲ ရှိပါတယ်။

      Facebook ထဲ မတော့ မှတ်ချက် တွေဖတ်ရတာ ဒီ ဘုန်းကြီး တွေ ကြောင့် သံဃာင်္ ဆိုတာ ကို တောင် မလေးမစားဖြစ်နေကြတယ်။
      မဘသ ဆို ဆွမ်းမကပ် ဖို့ လှုံ့ဆော်နေတာလဲ ဖတ်ရတယ်။

      ဒါကြောင့်ပြောတာ ပါ။
      ကျန်ဘုန်းကြီး တွေ လဲ အလယ်ကနေ စကားဝဲ နေကြရင်တော့ မြန်မာပြည် မှာ ဗုဒ္ဓဝါဒ အစစ် ပျောက်ဖို့ လမ်းရှိပါတယ်။
      ဘာသာရေး နဲ့ ဆိုင်လာတာမို့ သမာသမတ်ကျပြီး အသိ ဉာဏ်ပညာနဲ့ ဟန့်တားကြဖို့ သင့်နေပြီ။
      ကိုယ့်သာသနာအမှန် အစော်ကားခံ နေရတာ ဒီအတိုင်း ရေငုံနှုတ်ဆိတ် ပြီး နေကြမယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်တာ မဖြစ်တာ နောက်ထားဦး။
      . မြန်မာပြည်ရဲ့ ဗုဒ္ဓသာသနာ ကတော့ နိုင်ငံရေး ဘုန်းကြီးတွေကြား ပျက်ပြီဘဲ။

      ဘုန်းကြီး တိုင်း ကိုယ့် ဘုန်းကြီး အလုပ် ကိုလုပ်ဖို့ဘဲ လိုတယ်။
      အပိုတွေ လျှောက်လုပ် နေရင် ပိုရှုပ်ကုန်မယ်။
      ပိုပြီး ရှုပ်အောင် လုပ်ဖို့ လုပ်နေတာ ဆိုရင် လုပ်ကြပေရော့။
      ဒါကို သိသိကြီး ငရဲကျမှာ ကြောက်ကြလဲ ခံကြပေရော့။

      အဲလို ဖြစ်လာရင်တော့ ကျွန်မ ဘာသာ မရှိ သူ အဖြစ်ဘဲ နေပါတော့မယ်။
      . လူမျိုး က မြန်မာ ဆိုတာဖြစ်နေတော့ မြန်မာပြည် က ဗုဒ္ဓဘာသာဝင် လို့ တော့ မဖြစ်ချင်တော့ပါ။
      အဲဒီ အတွက် ငရဲကြီး မယ် တဲ့လား။
      ဆယ်ခါပြန် အကြီးခံ လိုက်မယ်။
      မဟုတ်ရင် တစ်ခြားနေရာမှာ အဲဒီ သာသနာဖျက် တွေ နဲ့ ဆုံနေရ မစိုးလို့။

    • ဦးကြောင်ကြီး

      June 25, 2015 at 12:00 pm

      အနော ်အမြှင်ဂ မဘသတွထက် ဘွားဒေါ်ဂ ျီး ဘာမှ ပြောထားသလို အကောင်ထည်ဖော ်မပြနိုင်တာ တွေးဆိတ်ပူတယ်..။ ပွင့်ပွင့်လင်းလင်း ပြောလ ျင် ဘွားဒေါ် အမြင့်ဆုံးပွိုင့်ကနေ အောက်ကို free fall ဒလဟော က ျတာ လွှတ်တော ် နိုင်ငံရေး ဝံလှုပ်ချိန်ကထဲကပဲ..။ နိုင်ငံရေးသမား အဖြစ်ခံယူတယ်ပြောပီး ရေလိုက်လွဲနေတယ်။ ဘယ်လို လွဲသလဲဆို နိုင်ငံရေးသမားတယောက် ယူပြရမည့် ရလဒ်တွေ မရှိဘဲ… ကိုယ်မှားတာကို ဆင်ခြေပေး ဖုံးကွယ်တဲ့ အနေအထား ရောက်တယ်။ နိုင်ငံရေးတော ့ ဟုတ်ပါရဲ့ ကောင်းတဲ့ဖက်က မဟုတ် .။ ခုတော ့ သူလုပ်ခြင် တမ ျိုးပြောလိုက် မလုပ်ခြင်ရင် တမ ျိုးပြောလိုက်နဲ့ တန်ဖိုးက ျတယ်။ ကြာတော ့ လူတွေက သွေးအေးပြီး.. လုပ်လဲ ဖြစ်မှာ မဟုတ်ပါဘူးကွာ ဆိတ်ဝံသွားတော ့မှာ…

  • Ma Ma

    June 24, 2015 at 8:58 pm

    ဒေါ်စုရဲ့ ကိုင်တွယ်ပုံ သဘောကျတယ်။
    သူ့မှာ ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ ထိရောက်တဲ့နည်းစနစ်တွေ ရှိတယ်။
    အာဏာတောင် မရသေးပဲ အကျင့်ပျက်ခြစားမှုကို ကိုင်တွယ်နိုင်တာ ချီးကျူးတယ်။
    (မြင်းထိန်းငတာတော့ ဖြစ်နေပြီ။) :k:

  • မြစပဲရိုး

    June 24, 2015 at 9:59 pm

    ကိုမျိုး ကို တစ်ခုတော့ ပြောချင်ပါတယ်။
    ကျွန်မ သာဆိုရင်လေ
    ကိုယ်အင်မတန် လေးစားချစ်ခင် အထင်ကြီး တဲ့ ဆရာသမား တစ်ယောက် ရှိတယ်ဆိုကြပါစို့။
    သူက ဖွတ်ပါတီ ကနေ ဝင်ပြိုင်ရင် ကန်တော့ဆွမ်းပါဘဲ။
    သူ့ ကို လုံးဝ(လုံးဝ) မဲ မပေးပါ။
    ဘာကြောင့်လဲ ဆိုတော့ ဘယ်လောက် တော်တဲ့ တတ်တဲ့ ထက်မြက်ထူးချွန်တဲ့ သူ ဘဲဖြစ်ဖြစ် အဘ တို့ ရဲ့ သဘောထားအောက်မှာ ပြားပြားဝပ်ရတာမို့ သူ့ အရည်အချင်း က သုည ဖြစ်သွားရပါတယ်။
    ဒီတော့ မဲပေးမဲ့ သူဟာ အာဏာကိုမှီပြီး ကြီးပွါးနေသူ နဲ့ သူတို့ရဲ့ အဆွယ်အပွါး မဟုတ်ဘူး ဆိုရင်တော့ ဘယ်လောက် တော်သူ ဘဲ အရွေးခံ (၁) ကို ပယ် ကို ပယ်ကြပါ။

    ကျန်တာ က တော့ သဘောပါဘဲ။
    .ပြည်နယ်ဖက်က တိုင်းရင်းသား များ သူတို့ ပါတီသူတို့ ပေးလဲ ကောင်းပါတယ်။
    ကိုယ့်နယ်မြေ ကို တကယ်လုပ်ပေးနိုင်သူ ကို ရှာရမှာပါ။
    ဖွတ်သာ မဖြစ်စေနဲ့။

    အခု ဟာ က စနစ် တစ်ခု ကောင်းဖို့ အတွက် စနစ် ကို ပြင်ပေးမဲ့ လူ တွေ ကို ရွေးရမှာ။
    လူချည်းသက်သက် တော် နေပေမဲ့ စနစ်ကောင်း ကို ရအောင် လုပ်ပေးနိုင်မဲ့ ပါတီ မဟုတ်ရင် ဒုံရင်း နဲ့ လူတန်းစား ပိုကွာဖို့ ဘဲ ရှိတယ်။
    . တောင်အာဖရိက လို ချမ်းသာသူ တွေမှာ လုံခြုံမှု မရှိ ကြောက်နေရတဲ့ အဖြစ် ဖြစ်လာလိမ့်မယ်။

    NLD အတွက် သတိပေးချင်တာက တော့
    . ပြည်သူတွေက ဒီလောက် မျှော်လင့်ချက်ကြီးကြီးထားနေတာ ကို တကဲ့ လူတော်လူကောင်း ပြည်သူ ချစ်တဲ့ ပြည်သူ့ ဘက်တော်သား တွေ ရအောင် စည်းရုံး နိုင်ဖို့ကောင်းပါတယ်။

    ပညာရှင် တွေဘက်ကလဲ တိုင်းပြည်အတွက် ကိုယ့်အစွမ်းအစ တွေ ကို အမှန်တကယ် ထုတ်သုံးပေးမဲ့ သူ ဘက်ကို ပူးပေါင်းသင့်ပါတယ်။
    မဟုတ်ဘဲ “အလယ်ကလူ စကားဝဲ” နေရင်တော့ လဲ အဘ တို့ ကိုဘဲ ဆက်ပြီး ပျော်ပျော်ကြီး လက်စုံ မိုး၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ ကြပါတော့။

    ဒီပွဲ က လူတိုင်း တစ်ဘက် ကို ပြတ်ပြတ်ရပ်နိုင်မှ။
    မဟုတ်ရင်တော့ ဖွတ်များ ကို အားပေး တာ နဲ့ အတူတူပါဘဲ။

    မှန်းကြည့်ရတာ ဦးသိန်းစိန် တော့ ထွက်ချင်နေပြီလား မသိ။
    ဘသောင်း ပွဲကြမ်းနေတာ ကြည့်ပါလား။
    ဖွတ် တွေ ဆက်ရှိနေရင်တော့ ဘတောင်း သမ္မတ တက်လုပ်လိမ့်မယ်။
    မယုံဘူးလား။
    . ကြည့်လေ။ ကြည့်ပေါ့။

    • တောင်ပေါ်သား

      June 25, 2015 at 10:16 am

      အရီးရေ
      ၉ဝ တုန်းက NLD အမတ်ဝင်ချင်လှချည်ရဲ့ ဆိုတဲ့တစ်ယောက်
      စစ်ကိုင်းတိုင်း လဟယ်နယ်ကဝင်ဆိုတော့ တစ်ခါပဲသွားတယ် ၊ ပင်ပန်းလို့ တဲ့ ၊
      ရှုံးတာပါပဲ ၊
      ၂၀၁၂ မှာ မိတ္ထီလာအတွက် နယ်ခံကြိုက်တာက တစ်ယောက် ၊
      ဗဟိုက ချပေးတာက ဒေါ်စုလုံခြုံရေးတာဝန်ခံ ဝင်းထိန်
      မဲတွေ ပြန့်သွားလိုက်တာ ၊ ကံကောင်းလို့နိူင်တာ ၊
      ကျုပ်တို့ ကမာရွတ်နယ် လာမယ့်သူက စောက်သုံးမကျတဲ့ကောင် ဆိုရင်တော့ ကျုပ် အိပ်နေမှာပဲ ၊
      မဲစာရင်းထဲလည်း မပါသေးပါဘူး ၊

      • ဦးကြောင်ကြီး

        June 25, 2015 at 12:06 pm

        ရွာဓါး အန်ဒီဖွတ်ခံ့ကြော ် လော ်ဘီလှုပ်ဖူးတဲ့ ပီအာရ်စနစ် ဖြစ်ခဲ့ရင်တော ့ ကေအိုင်အေ အူးမ ျိုးပေါဒါ ဖြစ်နိုင်ခြေရှိတယ်… နိုင်သူအကုန်ဆား လာဘ်ရှိရွေးဂေါက်ပွဲစနစ်မှာတော ့ အန်အယ်လ်ဒီ ၁၉၉ဝ တုံးကလို အပြတ်သအသတ် အနိုင်ရအူးမှာပါ… စစ်တပ်မုန်း၊ ဖွတ်မုန်းတာနဲ့ကို နိုင်အူးမှာ…။ နိုင်ရင် ဘာဖြစ်မလဲ သိလား.. စစ်တပ်က ညစ်ရင်ညစ် မညစ်ရင် အာဏှာရပီး ဘွားဒေါ် ထင်ရာစိုင်းလိပ်အူးမဲ..။ အင်း.. ပိုတော ့ သက်သာမည် ထင်တာပဲ… စစ်တပ်ထက်တော ့…

        • မြစပဲရိုး

          June 25, 2015 at 12:32 pm

          {{{ အာဏှာရပီး ဘွားဒေါ် ထင်ရာစိုင်းလိပ်အူးမဲ..။ အင်း.. ပိုတော ့ သက်သာမည် ထင်တာပဲ… စစ်တပ်ထက်တော ့…}}}
          GOOD point Ko Ko Chit.
          Yes ….. whatever happens tomorrow we need BIG change today.
          Let’s face together after that. :-)))))

Leave a Reply