တောင်းယူဖက် ဟင်းစပ်များးး – KZ’s ထမင်းဆိုင်

ဇီဇီMarch 28, 20163min25426

 

ခြောက်ချွေဖက် ဟင်းစပ် – KZ’s ထမင်းဆိုင်

ခြေါက်ချွေဖက် ဟင်းစပ်တွေ အပြီးမှာ

ဟိုလူ ကို ဒီလူကို လှည့်ပတ်တောင်းယူပြီး ရထားတဲ့ အရာတွေနဲ့ ဟင်းချက်တော့မှာဖြစ်ပါတယ်။

ဟိဟိ

 

မိုးသူဆီက အာလူးဘာလချောင်ကြော်

မွသဲဆီက ကြက်သားနီကြော်, ငရုတ်သီးစိမ်းကြော်

ဇော်သန့် ယူလာသော် ဝက်အူချောင်း, တို့ဟူးခြေါက်, အာလူးကြော် ်တွေ ရအပြီးမှာ ခဲခန်းထဲဖွက် အဲလေ ထည့် ဟင်းသီးဟင်းရွက်လောက်ပဲ ဝယ်ပြီး နေ့စဉ်စားသုံးနေတာပါပဲ။

ခိခိ

(သည်းခံပါ ပလိတ်သတ်ကြီးး ဒီ ပို့(စ) ရေးမယ်ဆို ဒရပ်ထဲသိမ်းထားတာကြာပါပြီ။ ခုမှ အားလို့ ရေးလိုက်ပါတယ်။

မပြန်ခင်က ဆိုတော့ ခုပြန်လာပြီး ထပ်ရတာတွေနဲ့ ထပ်ရေးပါအူးမယ်။ နောက်တစ်ခေါက်မပြန်ခင်ပေါ့။ ဟေးဟေးဟေး)

 

 

 

ဝက်အူချောင်းကြော် ပုဇွန်ခြောက် ငရုတ်သီးကြော် သီးစုံချဉ်ရည်ဟင်း
ဝက်အူချောင်းကြော်
ပုဇွန်ခြောက် ငရုတ်သီးကြော်
သီးစုံချဉ်ရည်ဟင်း

1) တညားကတော့ ဝက်အူချောင်းကို လိုသလောက် တုံးပြီး ဆီနဲ့ ရေနဲ့ထည့်ပြီး မီးဖိုပေါ်တင်ထားလိုက်တယ်။
ရေခန်းခါနီးလောက်မှာ ခရုဆီလေး တစ်ဇွန်းထည့်ပြီး နည်းနည်းလေးနှံ့အောင် အိုးလေးလှုပ်ပါဟေ့၊ ဒယ်အိုးလေးလှုပ်ပါဟေ့။ (သိပ်မဝရှာဘူးဆိုတော့ ဝက်အူချောင်းကို ခရုဆီနဲ့ကြော်စားရတာ)

2) ပုဇွန်ခြောက်ငြုပ်သီးစိမ်းကြော်နည်းပေးမယ်။ (ခရက်ဒစ် တူ မွသဲ)

ပုဇွန်ခြောက် ငါးဆယ်သား ငရုတ်သီးစိမ်း အစိတ်သား ကြက်သွန်ဖြူ ငါးကျပ်သား။ တမျိုးစီကို ဘလန်ဒါနဲ့ ညက်နေအောင်ကျိတ်။ ဆီသုံးဆယ်သားခန့်ကို ပူအောင်တည် ကြက်သွန်ဖြူဆီသတ် ငြုပ်သီးစိမ်းထည့်ကြော် နှံရင် ပုဇွန်ခြောက်ထည့် ငံပြာရည် သကြားနည်းနည်း ထည့် မီးပြင်းပြင်းနဲ့ကျွတ်နေအောင်ကြော်။ ကျွတ်သွားရင် ဇကာထဲထည့်ဆီစစ်ထား။ ကောင်းမှကောင်း အရမ်းစားလို့ကောင်း။ သတိပြုရမှာကတော့ ကြော်နေရင် အိမ်ကရှိသမျှပန်ကာတွေစုထိုးထား ပါတ်ဝန်းကျင်နဲ့အိုက်ရက်ပိုင်းတည့်အောင်နေ။ လက်ကိုင်ပဝါဆောင်ထား ဟပ်ချိုးတအားချီလို့။ ဒါပေမဲ့ ထမင်းစားတဲ့အချိန်ကျရင်တော့ လက်မလည်ဘူးရယ်။

 

3) သီးစုံချဉ်ရည်ဟင်းကတော့ လွယ်ပါတယ်။ အရင်ဆုံး ပါချင်တဲ့ အသီးအနှံတွေ လှီးထား တုံးထား (ဘူးသီး၊ ခရမ်းသီး၊ ဂေါ်ဖီထုတ်၊ အာလူး၊ ရုံးပတီသီး၊ ဒန့်ဒလွန်သီး၊ ပဲတောင့်ရှည်) စသည်ဖြင့် ထဲက အကုန်တော့မဟုတ်၊ ဝယ်လို့ ရသလောက်နည်းနည်းလေးတွေ ရေဆေးပြီး စစ်ထားး၊
ကြက်သွန်နီနဲ့ ဆီနည်းနည်းလေး ဆီသတ်ပြီး အသီးအနှံတွေပါ ပစ်ထည့် လုံး၊ အရသာနည်းနည်းပြင်၊ အားလုံး နှံ့နပ်ပြီးရင် မန်ကျည်းရည်နဲ့ထပ်လုံးပြီးမှ ရေထည့်လိုက်တာပဲ။ နည်းနည်းအားနေရင် ကြက်ဥခေါက်ပြီး အချပ်ကြော်တာလေးထည့်ပြီး အချဉ်ရည်ဝင်နေတဲ့ ကြက်ဥကြော်လေး ဆယ်စား အရမ်းကောင်းး

 

 

 

အာလူးဗာလချောင်ကြော် ငါးဖယ်နဲ့ ခရမ်းချဉ်သီးချက် ငါးရိုးနဲ့ ခါချက်ဥ ဟင်းရည်တည်
အာလူးဗာလချောင်ကြော်
ငါးဖယ်နဲ့ ခရမ်းချဉ်သီးချက်
ငါးရိုးနဲ့ ခါချက်ဥ ဟင်းရည်တည်

1) အာလူးဘာလချောင်ကြော် (Credit to အောင်မိုးသူ)

အာလူး – ငါးဆယ်သား (အလတ်)

ငရုတ်သီးခွဲခြမ်း – ၂ဝ သား

ကြက်သွန်နီ – ၂၅ ကျပ်သား

ကြက်သွန်ဖြူ – ၂၅ ကျပ်သား

မြေပဲ – ၂၅ ကျပ်သား

ဦးစွာ အာလူးကို မထူးမပါး အဝိုင်းလေးတွေလှီးပါ။ အခွံနွှာစရာမလိုပါဘူး။ ပြီးရင် လှီးထားတဲ့ အဝိုင်းလေးတွေကို ထပ်ပြီး အချောင်းလေးတွေ ဖြစ်အောင် လှီးထားပါ။

ကြက်သွန်နီကို အ့ကျွတ်ကြော်ရပါမယ်။ အကြွတ်ညီအောင်လို့ အဆက်မပြတ် မွှေဖို့တော့လိုမှာပါ။ နည်းနည်းလောက် ရဲပြီဆိုရင် ဆီစစ်ပြီး ကာတစ်ခုထဲထည့်ထားရင်

သူ့အလိုလို ကြွတ်သွားမှာပါ။ ကြက်သွန်ဖြူ အသေးမဟုတ်ဘဲ ခပ်ကြီးကြီးကို လှီးပြီး အကြွတ်ကြော်ရင် ပိုကောင်းပါတယ်။ ကြက်သွန်ဖြူကိုလည်း အနည်းငယ်ဝါရုံသာ ကြော်ပြီး ဆီစစ်ထားရင် အေးရင် ကြွတ်သွားမှာပါ။ လှီးထားတဲ့ အာလူးအချောင်းလေးတွေကိုလည်း ဆီထဲမှာ ကြော်ရပါမယ်။ အာလူးချောင်းတွေကို ကပ်မသွားအောင် အမြဲမပြတ်မွှေနေဖို့ မလိုပါဘူး။ ထည့်ထည့်ချင်း ခဏသာ မွှေပြီး။ အနည်းငယ် အကြော်တင်းအောင် ထားပြီးမှ ပြန်လည်မွှေရပါမယ်။ အဲဒါမှ အာလူးချောင်းလေးတွေဟာ တစ်ခုနဲ့ တစ်ခုမကပ်ဘဲ တစ်ချောင်းချင်းစီးကြွတ်ကြွတ်လေးရမှာပါ။ အာလူးကိုလည်း ကြွတ်အောင်ကြော်ပြီးဆယ်ထားရပါမယ်။

အာလူးကို အချောင်းအကြီးကြီးတွေ ကြော်ဖို့မလိုပါဘူး။ အနေတော် အချောင်းလေးတွေဆိုရပါပြီ။ မြေပဲအစိမ်းကိုတော့ ညက်နေအောင်မထောင်းဘဲ မညက်တညတ်နဲ့ ရှစ်စိတ်ခွဲသာသာလောက်သာ ထောင်းထားရပါမယ်။ ပြီးရင်တော့ ဆီခပ်နွေးနွေးပေါ်မှာ ငရုတ်သီးခွဲခြမ်းကို ကြော်ပါ တူးသွားဆိုးတဲ့အတွက် ခပ်နွေးပေါ်မှာပဲ ကြော်ရပါမယ်။ ပြီးရင် ဟင်းခတ်မှုန့် ၊ ဆား ကို သင့်တော်သလောက်ထည့်ပါ။ ပြီးရင် ထောင်းထားတဲ့ မြေပဲနဲ့ ရောမွှေပါ။ မီးခပ်နွေးနွေးမှာ အားလုံး ကျက်ပြီဆိုရင် ငရုတ်သီးခွဲခြမ်းနဲ့ မြေပဲရောထားတာကို အေးအောင် ခဏတာထားလိုက်ပါ။ အားလုံးအေးပြီဆိုရင်တော့ အရင်က အကြွတ်ကြော်ထားတာတွေကို အားလုံးထည့်

ရောမွှေလို့ ရပါပြီ။ အားလုံးပြီးရင်တော့ အာလူးဘာလချောင်ကြော်ကိုရပါပြီ။ မြေပဲခပ်စိမ့်စိမ့် အရသာရယ် ၊ ကြက်သွန်ဖြူ ၊ နီကြော်နဲ့ အာလူးအကြွပ်ကြော်အရသာနဲ့ ငရုတ်သီးစပ်စပ် အရသာတို့ဧာ ဒီအတိုင်းစားလို့ကောင်းသလို ထမင်းလည်းမြိန်စေပါတယ်။

 

2) တညား ငါးဖယ်ချက်တာ အရမ်းလွယ်တယ်ကော။

ငါးဖယ်ကို ပေါက်ပြီး အဆင်သင့်ထားထားလိုက်။
ဒီက ခရမ်းချဉ်သီးတွေကမာလို့ ဘလန်ဒါနဲ့ အရင်မွှေပြီး ထားး၊ ငိငိငိ
ဆီအိုးတည်ပြီး ကြက်သွန်ဖြူနီချင်းထောင်းထားတာကိုဆီသတ်။
ကျက်ရင် ခရမ်းချဉ်သီး အနှစ်တွေ့ထည့် နာနာမွှေ
ရေထွက်ပြီး အနှစ်ပွက်လာရင် ငါးဖယ်ကို လက်နဲ့ အသာလေးတွေ ဖဲ့ယူပြီး ဟင်းအိုးထဲကို နှံ့အောင်ထည့်လိုက်တယ်။
ငါးဖယ်လေးတွေ ထည့်ကုန်သွားမှ နှံ့အောင် မွှေပြီး အဖုံးအုပ်ထားလိုက်တယ်။ ရေခန်းပြီး အနှစ်ကျန်ရင် ပိတ်ထားး စားခါနီးမှ ကြိုက်တတ်ရင် နံနံပင်အုပ်ပေါ့။

3) ရှိတဲ့ ငါးရိုးကို ဂျင်းနဲ့ ငါးငံပြါရည်နဲ့တည်။ ဆူတဲ့ အချိန် ကြိုက်တဲ့ အသီးအနှံနဲ့ ငရုတ်ကောင်းပစ်ထည့်။ တစ်ရည်ဆူရင် စားလို့ရပြီပဲ။

 

 

 

 

 

ငါးခူရဲယိုရွက်ထုတ် ချက် ပုဇွန်ကြော် ကြက်ဥကြော်
ငါးခူရဲယိုရွက်ထုတ် ချက်
ပုဇွန်ကြော်
ကြက်ဥကြော်

1) ငါးခူရဲယိုအနှီးထုတ် ဟင်း လို့ ပေးလိုက်တယ်။ (ခွက်ဒစ်တူ ဦးကျောက်ခဲ)

ချက်နည်းက လွယ်၏…
ရဲယိုရွက် မနုမရင့် အနာလွတ် အရွက်ကြီးကြီးကို ရေစင်စင်ဆေးထားပါ ။
အရွက်က အစိမ်းရောင် အတော်ရင့်ပြီး ခပ်ကြွပ်ကြွပ်ဆိုရင်တော့ ရေနွေးဖျောပြီး ဖြန့်ထားပါ ။
ငါးရံ့/ငါးခူအသားကို နုတ်နုတ်စင်းပြီး ငါးခြစ်သား (သို့) ငါးဖယ်ခြစ်နဲ့ရောပါ ၊
စုစုပေါင်း ၂၀-သားခန့် (ငါးခြစ်သားဆို ဆတူ ၊ ငါးဖယ်ဆို သုံးအချိုးတစ်) ။
ကြက်သွန်နီ ဥသေး (Shallot) ၃-ဥ ကို မထူမပါးလှီးပြီး ခပ်သေးသေးပြန်တုံး ၊
ကြက်သွန်ဖြူ ၃-မွှာ နဲ့ ဂျင်း လက်တစ်ဆစ်ကို ညက်အောင်ထောင်း
(စပါးလင်ကြိုက်တတ်ရင် ထည့်ပါ – ငါးရံ့နဲ့ဆို စပါးလင်ပါမှ ပိုကောင်းတယ်)၊ ငံပြာရည် ဆား ဟင်းခတ်မှုန့် (အသားမှုန့်နဲ့ မလိုက်ဘူး) နနွင်း အရောင်တင်မှုန့် တွေနဲ့ ငါးအသားတွေကို နှံ့အောင်နယ်ပါ ။
ပြီးမှ ဆန်မှုန့်အစိမ်း စားပွဲတင် ဇွန်း ၂-ဇွန်း ၊ ကောက်ညင်းမှုန့် စားပွဲတင် ဇွန်း ၁-ဇွန်း ၊ နှမ်းဆီ အချိုဇွန်း ၁-ဇွန်းနဲ့ သမသွားအောင် နာနာနယ်ပါ
(ကြိုက်တတ်ရင် ဘူးသီးစိမ်း ၊ ငှက်ပြောဖူး နုတ်နုတ်စင်းတွေ ထည့်နိုင်ပါတယ်) ။
ပြီးရင် သန့်ထားတဲ့ ရဲယိုရွက်ထဲမှာထည့်ထုပ်ပါ ၊
သင်အူကြိုး / နှီးကြိုးရှိရင် ကောက်ညှင်းထုပ်လိုစည်းပါ ၊ အစာတွေ ပေါက်ပြဲမထွက်ဖို့ သတိထားပါ ။
ဒယ်အိုးသို့မဟုတ် ထမင်းအိုးထဲမှာ ဆန်ကာခံပြီး မိနစ် ၂ဝ လောက်ပေါင်းရင် ရဲယိုရွက် ငါးပေါင်းထုတ်ရပါဘီ… ။
ပိုပြီးအရသာရှိရှိစားချင်ရင်တော့ ကြက်သွန်ဖြူနီ အရောင်တင်မှုန့်ဆီသတ်အိုးထဲ ငါးပေါင်းထုပ်ကိုထည့် ၊ ရေစွက်ပြီး ဆီပြန်ရင် ပိုကိတ်တာပေါ့ဗျား…
မောထှာ ချက်ရတာထက် ပင်ပန်းတယ် ။

2) ပုဇွန်ကြော်က ရိုးရိုးပဲ။ အရသာနယ်ထားတဲ့ ပုဇွန်ကို ဆီထဲထည့်ကြော်လိုက်တာ။

3) ကြက်ဥကြော်နည်းတော့ ပြောတော့ဘူးနော်။ ခုခိ

 

 

 

 

ငရုတ်သီးစိမ်းကြော် ကြက်သားပြုတ်ကြော် အာလူးချောင်းကြော် ခရမ်းချဉ်သီးပန်ထွေဖျော်
ငရုတ်သီးစိမ်းကြော်
ကြက်သားပြုတ်ကြော်
အာလူးချောင်းကြော်
ခရမ်းချဉ်သီးပန်ထွေဖျော်

 

1) ငါးကြင်းငါးပိ ငရုတ်သီးစိမ်းကြော်၊

ငရုတ်သီးစိမ်း ငပိကြော်၊

ငရုတ်သီးစိမ်း – ၁ဝ တောင့်

ငပိ – ထမင်းစားဇွန်းနဲ့ တစ်ဇွန်း

ငါးကြင်းဖြူ ဘိုက်သား – တစ်ကွင်း

ကြက်သွန်နီ – အကြီး ၂ လုံး

ကြက်သွန်ဖြူ – ၁ဝ မွှာ ဆီ – ၁ဝ မီလီလီတာ (များလေ ကောင်းလေ၊ ငပိဆီက နယ်စားလို့ ကောင်းတယ်၊ နောက်ပြီး ဆီများရင် ငပိနံ့မထွက်)

ငါးကြင်းဖြူ လေးများ ရလာရင် ငါး အသား တစ်ပိုင်းလောက် ချန်ထားပြီး ပြုတ်ပြီး အသားနွှင်ထားလိုက်ပါ။

ငရုတ်သီးစိမ်းသေးသေးလေးတွေကို အညှာချွေ ပြီး ဆေး ပြီး စစ်ထားပါ။

ငါး အသားတွေကို ဦးကင်းပူမှာ လှော်ပြီး တစ်နေရာဖယ်ထားး အိုးထဲကို ဆီထည့်ပြီး ငရုတ်သီးစိမ်းတွေ အရင်ထည့်ကြော် နောက်ကမှ ကြက်သွန်ဖြူ၊နီ ညက်အောင်ထောင်းထားတာကို လိုက်ထည့် ကြက်သွန်တွေကျက်ရင် ငပိစိမ်းစားကိုထည့်၊ နှံ့အောင်မွှေ၊

(ကြက်သွန်နဲ့ ငုတ်သီးစိမ်းကြော်နောက်မှာ ငပိနံ့ပျောက်သွားးတယ်လို့ ကွကိုယ်ထင်မြင်မိ၊ ဟိ အမှန်တော့ မပျောက်ပါဘူးး)

ပြီးမှ ငါး အသားတွေပါထည့်ပြီး အပေါ့အငန်မြည်းပြီး ချလိုက်ရင် ရပါပြီ ခင်ညာ။

 

2) ကြက်သားပြုတ်ကြော်ကတော့ လွယ်ပါတယ်။ ဟိ။
ကြက်သားကို ဆားရယ် ဆနွင်းနယ် နယ်ထားလိုက်။
ကြက်သွန်နီကို လေးစိတ်ထိုး
ကြက်သွန်ဖြူကို တစ်ပြါးရိုက်
ဂျင်းကို တစ်ချက်ထု။
အဟွာ … DOM အရက်လေး တစ်ဖုံး ထည့်လိုက်သေးတယ်။ အဟိ။
ပြီးတော့ ဆီရယ် ရေမြုပ်ရုံထည့်ပြီး အဖုံးနဲ့ အုပ် ပစ်ထားလိုက်တယ်။ ကြက်သွန်နီ မပျော်မချင်း ရေ နည်းနည်းချင်းထည့်တယ်တာပဲ။ ပိုစားကောင်းတယ်။

 

3) ပန်ထွေဖျော်လို့သာပြေါရတယ်။ မီးမှ ဖုတ်လို့မရပဲ။ ထုံးစံအတိုင်း ဘလန်ဒါနဲ့ ကြိတ်။
ကြက်သွန်ဖြူရော ငရုတ်သီးစိမ်းပါ ရောကြိတ်ပြီး လိုသလောက် အရည်နဲ့ ဆူအောင် တည်ပြီးမှ အရသာပြင်ပြီး စားတာပေါ့။

 

 

 

 

ပုဇွန်ပင်စိမ်းချက် ချဉ်ပေါင် နဲ့ ငါးရိုးချဉ်ရည် တို့ဟူးခြောက်ကြော်
ပုဇွန်ပင်စိမ်းချက်
ချဉ်ပေါင် နဲ့ ငါးရိုးချဉ်ရည်
တို့ဟူးခြောက်ကြော်

 

1) ပုဇွန်ကို ခေါင်းနဲ့အမြှီးဖြုတ် ရေဆေးစစ်ထားး
ကြက်သွန်ဖြူနီဂျင်း ညက်ညက်ကို ဆီအိုးထဲကို ထည့်ကြော်။
မွှေးလာရင် ပုဇွန်ထည့်ကြော်။ ရေခန်း ဆီပြန်တဲ့ထိ ကြော်။
ရေခန်းခါနီးမှ ပင်စိမ်းလေး ထည့်ကြော်ရင် မွှေးတာပေါ့။

2) ရှိတဲ့ ငါးရိုးကို ဖြူနီဂျင်းနဲ့ ဆီသတ် အရည်တည်
ဆူမှ ချဉ်ပေါင်လိပ်ပြီး ခဲယူထားတာ နည်းနည်းထည့်လိုက်တယ်။ အပေါ့အငံမြည်းး ငရုတ်သီးစိမ်းလေး ဖင်ခွဲထည့်ပေါ့။ ဟိ။
မြန်မာပြည်က ပြန်လာရင် ချဉ်ပေါင်ကို ဒီ တိုင်း လှိမ့်ပေးထားတဲ့ ဘူးကို ယူခဲ့တာ။

 

 

 

 

အကြော်စုံကြော် ဘဲသားဆီပြန်ချက် ငါးဖယ်သုပ်
အကြော်စုံကြော်
ဘဲသားဆီပြန်ချက်
ငါးဖယ်သုပ်

 

1) ကိုယ်စားချင်တဲ့ အကြော်တွေကို ရွှေလိပ်ပြါ အကြော်မှုန့်နဲ့ ကြော်တယ်။ ဟင်းချိုစီစဉ်တယ်။

2) ဘဲကို သင်း အဲလေ တုံးထား။ ဆားရယ် ပဲငံပြါရည် အကျဲရယ်ပဲနယ်ထားး။ တညားက နူးလွယ်အောင် အရက်ထည့်နယ်ထားတယ်။
ကြက်သွန်ဖြူနီဂျင်း ညက်ညက်ကို အရည်ညှစ်ချပြီး ဘဲနဲ့ နယ်ထားး
ထုံးစံအတိုင်း ဖြူနီဂျင်း ဆီသတ်
ပြီးရင် ဆီအိုးထဲကို အရည်ညှစ်ပြီး ကျန်တဲ့ ဖြူနီဂျင်းကို ထည့်ကြော်။ ကျက်ရင်ရေအရင်ထည့် အနှစ်ဖြစ်အောင်ဆက်မွှေထားး။
အနှစ်ဖြစ်မှ ဘဲကိုထည့် မွှေ။
ရေထည့် အဖုံးအုပ်တည်။ နူးတဲ့ထိ ရေတွေထပ်ထည့်လိုက်တာပဲ။   5 spice တို့ ဟင်းခပ် အမွှေးအကြိုင်တို့က မကြိုက်တတ်လို့ မထည့်ဘူး..

3) ကေဇီ ငါးဖယ်သုပ်လေး စီးကလက် ရီစပီးမှာ ဆီ နည်းနည်း အပူပေးပြီး ငပိကို ဆီသတ်ထားတော့ ငါးပိဆီရည်ရတယ်။
အဲဒါ ထည့်သုတ်တာပဲ။ မပျင်းရင် ငရုတ်သီးစိမ်း ကို ပြုတ်ပြီး ထောင်းထည့်လို့ ရတယ်။ ခိ။

ဂေါ်ဖီထုပ်
ကြက်သွန်နီ
သံပုယို အခွံပါနည်းနည်း
ရှောက်ရွက် အားလုံးမျှင်မျှင်လှီး
ငံပြာရည် နဲ့နယ်
ငါးဖယ်ညှပ်ထည့်သုပ်

တစ်ချို့ ကတော့ ကြိုက်တတ်တာတွေ
– ပဲသီးတောင့် လှီးပြီးဖြစ်ဖြစ်
– အော်စွန်းကို ခြစ်ပြီးဖြစ်ဖြစ်
– သခွါးသီးလေးတွေ သေးသေးတုံးပြီးဖြစ်ဖြစ်
– မြင်းခွါရွက် လေး ပါးပါးရိတ်ပြီး ဖြစ်ဖြစ် (ဂလု) အဲဒီ ဖြစ်ဖြစ် တွေ တစ်ခုမဟုတ်လည်း တစ်ခုလည်း ထည့်သုပ်စားတတ်ကြပါသေးတယ်။

 

 

 

 

ကြာဇံဟင်း တို့ဟူးသုပ် ပုဇွန်ဆိတ် အစပ်ကြော်
ကြာဇံဟင်း
တို့ဟူးသုပ်
ပုဇွန်ဆိတ် အစပ်ကြော်

 

1) ငရုတ်ကောင်းစေ့ရှိရင် လုံးကွဲလေးနဲ့
ဖြူ ဂျင်း ကို ထောင်းထည့်ပြီး ဟင်းရည်တည်။
ဟင်းရွက်ကြိုက်ရာခပ်။ ပြီးရင် ပဲကြာဇံထည့်တည်လိုက်တာပဲ။

2) တို့ဟူးသုတ်ကတော့ ဖွဘုတ်က အမတစ်ယောက်ပေးတဲ့နည်းကို စမ်းထားတာ။
မွှေး တို့ဟူးမှုန့်ကို ကျိုပြီး ခဲထားးး
တို့ဟူးတုံးလေးတွေ ရရင်
ကြက်သွန်ဖြူ အစိမ်းထောင်း ထဲဆားထည့်ဖျော်
မန်ကျီးရည် သို့ ရှာလကာရည်
နံနံ
ငြုပ်သီးဆီကြော်
ဆီချက်
ရှောက်ရွက် ပါးပါးလှီး ပြီး သုတ်လိုက်တာပဲ။

3) ပုဇွန်ဆိတ် ကို အမှီးသင်ခေါင်းသင် အနံ့ပျောက်အောင် အရက်နဲ့ ဗီနီဂါ တစ်ဇွန်းဆီထည့်
ဆား ဆနွင်း ထည့်ပြီး နယ်ထားလိုက်တာပဲ။
ပြီးရင် ဆီပူထဲ ထည့် ကြော်။ပုဇွန်က ထွက်တဲ့ အရည်ခန်းခါနီးမှ ငရုတ်သီးထောင်းထားတဲ့အမှုန့်ကို ထည့်ပြီး ငရုတ်သီးကျက်တဲ့ထိ မွှေနေလိုက်။
ဒါအလွယ်နည်းပဲ။ ကြော်နေတုန်းတော့    လေး အုပ်ထားပေါ့။ ငိငိ။

ပုဇွန်ဆိတ် ငရုတ်သီးကြော်ကိုပဲ အင်မတန် အလုပ်ရှုပ်တဲ့နည်းတွေ ရှိသေးတယ်။

 

 

 

 

26 comments

  • Tawwin Pan

    March 28, 2016 at 10:39 am

    တော်လိုက်တာ……..
    ဟင်းတွေအမျိုးစုံနေလို့ မဖတ်နိုင်လို့ ကျော်ဖတ်သွားတယ်ကော….
    အမေက အညာသူဆိုတော့ အမေ့ချက်သလိုပဲချက်တတ်တယ်ကော…
    ရေလုံးချက်တွေလေ…ဟိဟိ
    အပျင်းကြီးတာလည်းပါတာပေ့ါ…

    • ခင်ဇော်

      March 28, 2016 at 1:14 pm

      အမှန်တကယ်ကတော့ တလလောက် ချက်ထားတဲ့ထဲက
      တစ်ပတ်စာရအောင် စုထားရတာပါ။
      သများလည်း များသောအားဖြင့် လုံးချက်ပါတယ်။
      ဆီမသတ်ဘူးး
      အညာချက်နည်းပါပဲ။ အဟိ

      :k:

  • စမီးလည်း သိပ်မဝရှာဘူးဆိုတော့ အာလူးသိပ်ကြိုက်တယ်..

    ဒါနဲ့ပြောဦးမယ်.. ဆီရောင်းနေတယ်ဆိုတော့လေ.. ဆီနဲ့ချက်ရမယ့်ဟင်းတွေကို ဖဘတင်မို့ သိလား… စမီးကလေ.. ငါးကိုငံပြာရည်နဲ့ပြုတ်ဆိုရင်တောင် ရေအစား ငံပြာရည်ထည့်ရမှာလား မေးတဲ့သူဆိုတော့လေ… နောက်ဆုံး ဒီထမင်းဆိုင်ပဲ လာမွှေရမှာပဲ.. အာ့လာပြောတာ သက်လား..

    • ခင်ဇော်

      March 28, 2016 at 1:16 pm

      အာလူး လေးတွေ စားလို့များ အာလူးလေးတွေ များတာလားးး
      အာလူးလာမပေးနဲ့။ လေတွေနည်းနည်းလျှော့။
      ပြောချင်ရာပြော။ အာလူးကို မလျှော့နိုင်ဘူးး
      ဟင်းတိုင်းက ဆီနဲ့ချက်ရတာပဲဟုတ်ပုလားး
      ဟင်းချိုလောက်ကလွဲရင်။

      :k:

      • တိုင်းရင်းသားစာတွေကို ဆီမပါပုလေ… သများ ရခိုင်ဟင်းချက်ရင် လုံးဝဆီမထည့်ဘူး..

  • Thint Aye Yeik

    March 28, 2016 at 1:41 pm

    တကယ်အသုံးဝင်တဲ့ ဟင်းစပ် ပိုစ့်တွေ ဖြစ်နေပြီ။
    ကျနော်က အခု အဆောင်မှာ ကိုယ့်ဘာသာ ချက်စားနေတော့လေ. . .
    အလွယ်တကူချက်လို့ရမှာလေးတွေဆို မှတ်/ချက်/ရွှက် မယ်

    :k:

    • ခင်ဇော်

      March 28, 2016 at 1:47 pm

      မမဂျီးကို မေးပါ။
      လောက်ဇီးကွတ်ပါဆို။
      အဆင်ပြေစေရမယ်။
      :k:

  • kai

    March 28, 2016 at 2:37 pm

    ဖတ်ဖူးတာတွေပါနေတယ်…
    ဘာပဲဖြစ်ဖြစ်.. ထပ်ထပ်စားလည်း.. မရိုးတာတွေ…။
    ချဉ်ရည်ဟင်းကို. ရေခဲသေတ္တာထဲ.. ထည့်ခဲပြီးမှပြန်စားကြည့်…
    အကုန်ပျက်..။

    • ခင်ဇော်

      March 28, 2016 at 2:49 pm

      အေးလေ။
      မိုးသူနည်းနဲ့ မွသည်းနည်းတွေက အရင်ပို့(စ) နဲ့ ကော်မန့်ရှိဖူးသလေ။

      ကျနော် က အရည်သောက်ကို တနပ်စာပဲ ချိန်ချက်တယ်။
      အစားအသောက်လွှင့်ပစ်ရင် ပြစ်မှုနော်။
      ညင်းညင်းညင်း

      :k:

  • naywoon ni

    March 28, 2016 at 7:59 pm

    ပြုတ်​ ​လှော်​ ​ကြော်​ ချက်​ ကင်​ ဖုတ်​ အလုပ်​ ​တော်​​တော်​ ရှုပ်​တဲ့ ခင်​​ဇော်​ ခင်​သန္တာ သက်​ချိုြပြုံးရယ်​နဲ့ အလိုဗျာ ခြ​င်္သေ့ ြမြို့မှာဖြင်​့ တုြပြိုင်​ဖက်​ကင်​း 🙂

    • ခင်ဇော်

      March 28, 2016 at 8:21 pm

      ဪ ဥနီ ရယ်…
      ချိုးးချိုးးဖဲ့ဖဲ့ ပြောရက်လိုက်တာာာာာ
      ဥနီ တို့ အနုပညာ သမားးတွေ က ဒီလိုပဲလားး ဟင်…!!!
      တညားးတို့ က အခြေမမြစ်မရှိတဲ့ မက်နှာမွဲတေပါ..
      နှိမ်ပါ ဥနီ.. ဒီထက် မှိုချိုးမျှစ်ချိုးပြောလည်းးး
      ခေါင်းးငုံ့ ခံရမယ့် သူရယ်ပါ..
      စင်ပေါ်က လူတွေ ဟားးနေတာ ကို ပြန်မပြောဝံ့သူရယ်ပါ..
      😥

  • Crystalline

    March 31, 2016 at 11:58 pm

    အရင်ကလူတွေ ဒီက အသားတွေ အရသာမရှိဘူးပြောတော့ အပိုတွေထင်တာ… ကိုယ်ဒီရောက်ကတည်းက ဟင်းခက်တာ အပေါက်အလမ်းကို မတည့်သေးဘူး.. ကိုယ်က နှာခေါင်းက အရမ်းစမ်းစမ်းတင့်မို့ စိတ်ထဲ အသားကြီးတွေက ရေဘယ်လိုဆေးဆေးနံနေသလိုခံစားရတာ.. အမဲကင်ပဲအဆင်ပြေသေးတယ်…
    :)) ဆာရှိမိ အစိမ်းတွေကတော့ ကောင်းသား :loll: ကြက်ဆို ကြည့်ချင်စိတ်တောင်မရှိဘူး ရေခဲထဲ ပွစိစိ.. 😀 ကိုယ်က မြန်မာစာ မတောင့်တဘူးကြွေးကြော်ထားတာ.. ဟင်းစပ်လေးတွေမြင်တော့လည်း စားချင်သား..

    • ခင်ဇော်

      April 1, 2016 at 6:39 am

      နာကတော့ အစားးအစာ အကုန် စားသော်လည်းးး ထမင်း မရှိတဲ့ အရပ် မနေဘူးး တွေးးထားးတာ..
      ကြက်ကို ငရုတ်ကောင်း အနက်နဲ့ အရက်နဲ့နယ်.. ပွစိစိ အရသာ မရဘူးး
      🙂

  • အောင် မိုးသူ

    April 5, 2016 at 2:13 pm

    ပိတ်ရက်လေး မုန်းပျားသလက်နဲ့ ကီးမားလုပ်စားရမလား စဉ်းစားနေတာ။ ပင်လည်း ပင်ပန်းတော့ စဉ်းစားနေတုန်းပဲ။

    • ခင်ဇော်

      April 5, 2016 at 2:40 pm

      နာက ပိုဆိုးတယ်။
      စားချင်တာပဲရှိတာ မလုပ်တတ်။
      စမ်း မယ်ဆိုရင် ခက်တာမစမ်းချင်။

      :a:

  • Wow

    April 14, 2016 at 11:58 am

    သင်္ကြန်တွင်းတော့ကြက်ဥ အာလူး ပဲကြာဇံ ပဲနီလေး ငါးနီတူကိုပဲ အမျိုးမျိုးလုပ်စားနေရတယ် အိမ်မာဒါပဲရှိလို့

    • ခင်ဇော်

      April 14, 2016 at 2:37 pm

      ခေါက်ဆွဲရော ရှိဘူးလား

      • Wow

        April 14, 2016 at 8:05 pm

        ရှိလယ် ကိုသန့်စင်လဲရှိလယ်

    • kai

      April 14, 2016 at 2:48 pm

      စိတ်ထဲ.. ဝေါင်းမမရေးလိုက်တိုင်း.. ငါးနီတူဆိုတာ..တွေ့တွေ့နေသလိုပဲ..။
      တော်တော်ချစ်ပုံရဒယ်… :k:

      • Wow

        April 14, 2016 at 8:07 pm

        ယူပီးမတော့ မချစ်လို့မရဝူး ငါးနီတူပေါပါဒယ် နွေးတီးဆီက ၁ပိသာယူထားတာ :mrgreen:

  • kai

    April 23, 2016 at 11:56 am

    ဒီလ ဒါထည့်မယ်နော…။
    ဇီမမတယောက်ညလ်း ပျောက်လို့နေ..။

    • ခင်ဇော်

      April 23, 2016 at 6:36 pm

      ရုံးနေရာ အသစ်ရွေ့လို့
      ပြီးခဲ့တဲ့ တပတ်လုံးး အလုပ်များးးနေတာ..
      အိမ်ရောက်တော့ စမိထားးတဲ့ ကိုရီးးယားးစီးရီးတွေ ဖြတ်တာ မနက် ၃ နာရီ မှချည်းး အိပ်ရ..
      ဟီးးးးး
      ဟို ဝိတ်ဂိမ်း ဒိုင်ယာရီက တစ်ဝက် ကျန်သေးးတယ် ဟုတ်ဘုလားးး
      ???

      • kai

        April 24, 2016 at 3:08 am

        ဟုတ်တယ်…။ နဲနဲတိုနေပေမယ့်.. အဲဒါပဲထည့်လိုက်တယ်..။
        ကျေးကျေး..။

  • အောင် မိုးသူ

    July 20, 2016 at 4:31 pm

    ကော်ပီကူးသွားသည်။ ပရိုဂရမ်မှာ လိုအပ်ရင် သုံးမို့ ကျိုင်းဇူးပါ မကြီး

    • မမချွိ

      July 21, 2016 at 8:37 am

      ယူစေသတည်း

      :k:

Leave a Reply