“တိမ်များနှင့်ဆော့ကစားခြင်း”(ဓါတ်ပုံပိုစ့်)

“တိမ်များနှင့်ဆော့ကစားခြင်း”

AA စီးမိုးထားတဲ့တိမ်
AA စီးမိုးထားတဲ့တိမ်

ဒီကျယ်ခေါင် ရွှေလီက မိုးများပါတယ်။

ဒါပေမယ့် ရွာလိုက်တိတ်လိုက်။

မိုးရှိတော့ တိမ်လှပါတယ်။

အဲတော့ကြုံတိုင်းရိုက်မိပါတယ်။

BB မြိုျ့အဝင်
BB မြိုျ့အဝင်

ပထမတော့ ရွှေလီမြို့ အဝင်ကနေရိုက်ပါတယ် ။

အဲဒီအချိန်မိုးမရွာသေးတော့ရိုက်ကောင်းပါတယ်။

 

အနောက်ဘက်ကိုလှည့်ြကြည့်တော့ တိမ်တွေလှနေတာနဲ့ ကျယ်ခေါင်မြို့အပြင်ထွက်

မြန်မာပြည်ဘက်ခြမ်း မူဆယ် ကားကြီးဝင်းဘက်ကနေရိုက်မယ်ဆိုပြီးထွက်လာခဲ့ပါတယ်။

ကျနော်လိုချင်တဲ့ နေရာကိုလဲရောက်ရော

အစကကြည်လင်တောက်ပနေတဲ့ ကောင်းကင်ကချက်ခြင်းဘဲ မိုးတွေအုံ့မိူင်းလို့လာပါတယ်။

1 တိမ်တွေအုံ့မိူင်းနေတဲ့ကောင်းကင်
1 တိမ်တွေအုံ့မိူင်းနေတဲ့ကောင်းကင်
2 ရွာတော့မယ်လို့အချက်ပြ မဲမှောင်နေတဲ့ကောင်းကင်
2 ရွာတော့မယ်လို့အချက်ပြ မဲမှောင်နေတဲ့ကောင်းကင်

 

3 ပြိုမလို လို
3 ပြိုမလို လို

ဒါနဲ့ဘဲ ကမန်းကတန်း လေးငါးပုံလောက်ရိုက်ပြီး ပြန်လာခဲ့ပါတယ်။

နောက်နှစ်ရက်လောက်နေတတော့ မူဆယ်က ဓါတ်ပုံရိုက်ဘက် ကောင်လေးက  မော်ဒယ်ရိုက်မယ်

ဦးပေါက်ထွက်ခဲ့ဆိုတာနဲ့ ဓါတ်ပုံရိုက်ဘို့ ထွက်ခဲ့ပါတယ်။

သူနဲ့ချိန်းတာကလဲ ဟိုနေ့က ကျနော်သွားခဲ့တဲ့ လမ်းမှာပါဘဲ။

 

4 ညနေခင်းရဲ့တိမ်ရောင်စုံ
4 ညနေခင်းရဲ့တိမ်ရောင်စုံ
5 တိမ်မိူင်းညိုပြာ
5 တိမ်မိူင်းညိုပြာ
6တိမ်လှိုင်း
6တိမ်လှိုင်း

ကျနော် သူနဲ့ချိန်းတဲ့နေရာကိုသွားနေတုန်းမှာဘဲ ကောင်းကင်ကြီးက အရောင်တွေပြောင်းပြီးလှလို့လာပါတယ်။.

ဒီတော့ ………………………………………………………..

 

ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ

24-6-2015

16 comments

  • တောင်ပေါ်သား

    June 24, 2015 at 9:16 am

    နံပါတ် ၂ ပုံလေးကြိုက်တယ် ၊ တောင်တန်းတွေပါလို့

  • manawphyulay

    June 24, 2015 at 9:33 am

    နံပတ် ၄ ညနေခင်းရဲ့ တိမ်ရောင်စုံကို ပိုသဘောကျတယ် လေးပေါက်…..

    • မနောရေ ညနေခင်းရဲ့တိမ်ရောင်စုံလေး ကဗွက်တောထဲကြားထဲကနေဝင်ရိုက်ထားတာ

      တကယ်လဲလှတော့ ဗွက်ပေရကျိုးနပ်ပါတယ်

  • Mike

    June 24, 2015 at 10:14 am

    .AA, BB & 4 ကြိုက်တယ်ဗျာ

  • Ma Ei

    June 24, 2015 at 12:06 pm

    ဓာတ်ပုံတွေ အကုန်လှ AA, BB, 5 တိမ်မိူင်းညိုပြာ ပိုလှတယ်

  • မအိရေ
    ကျနော်ကံကောင်းတယ်ပြောရမယ်.
    ပြီးခဲ့တဲ့တစ်ခေါက်က ရွှေလီမှာ ရွာထဲကို ကွန်ပြူတာနဲ့ဝင်မရ။
    ဖုန်းနဲ့ကလဲ ပိုစ်မတင်တတ်။
    အဲတော့ နှစ်ဝက်နီးပါး ဘာမှ မတင်နိုင်။
    ကိုယ်တိုင်လဲပိုစ်တင်ပို့ သိပ်စိတ်အားမထက်သန်တာလဲပါမယ်။
    စာရေးချင်စိတ်မရှိတာလဲပါ ပါတယ်။
    အဲတော့ ဖေစ်ဘုတ်မှာဘဲ ကဗျာတင်လိုက် ဓါတ်ပုံတင်လိုက်ပေါ့။

    မန်းလေးမပြန်ခင်လေးမှာ မဝင်းပြုံးမြင့် မအိ ကိုနေဝန်းနီ ကိုထွန်းဝင်းလတ်တို့က စာပြန်ရေး ဘို့ တိုက်တွန်းကြပါတယ်။
    အဲတော့ စာပြန်ရေးဖြစ် ပုံလဲတင်ဖြစ်သွားပါတယ်။
    မပြန်ခင်မှာ ကိုထွန်းဝင်းလတ်က ဆောဖ်ဝဲလေးတစ်ခုထည့်ပေးသွားပါတယ်။
    ဖုန်းနဲ့ ပိုစ်တင်လို့ရအောင်။
    အဲမှာတင်ဖြစ်သွားပါတယ်။
    မနေ့ ည ကတော့ ဟိုထဲဝင် ဒီထဲဝင် လုပ်ရင်း မန်းလေးဂေဇက်ကို ကွန်ပြူတာနဲ့ဝင်လို့ရသွားပါတယ်။

    အဲတော့ အခု လို ဓါတ်ပုံပိုစ်တွေ တင်နိုင်ပြီဆိုပါတော့။

    ပုံလေးတွေ လှတယ်ပြောကြတော့ ကျေး ဇူးတင်ပါတယ်။

  • aye.kk

    June 24, 2015 at 2:05 pm

    တိမ်တွေကလှတယ်
    AA,BBတိမ်တောင်ကထင်းနေတာပါပဲ။
    တိမ်လှိုင်းပုံ6လဲလှတယ်၊တိမ်တွေဆိုတာ၊ဘယ်ခါကြည့်ကြည့်မရိုးသွားဘူး။။။။။။

  • ကျနော်က တိမ်ခရေဇီ

    မိတ်ဆွေ တစ်ယောက်က ကိုပေါက် တိမ် ပုံတွေများနေပြီုးဆိုတာနဲ့ တိမ်လုံးဝမရိုက်တာ ကြာပေါ့။
    အခုတော့ရေပြောင်းမြေပြောင်းမို့ တိမ်တွေပြန်ရိုက်ဖြစ်ပြန်ပါတယ်။

  • Ma Ma

    June 24, 2015 at 4:55 pm

    ကိုပေါက်လုပ်တာနဲ့ ကိုယ်လည်း တိမ်ခရေဇီထဲပါလာပြီ။

  • မမရေ

    သဘာဝအတိုင်းပြောင်းလဲနေတဲ့ တိမ်တွေရဲ့ပုံသဏ္ဍန်က အလွန်စိတ်ဝင်စားစရာကောင်းသလို

    နှစ်သက်ဘို့လဲကောင်းပါတယ်

    • အောက်ပြည်က တိမ်တွေက တစ်မျုးိလှပါတယ်

      ညနေခင်းအရောင်တွေက အောက်ပြည်က ပိုစုံ ပါတယ်

      ကိုအောင်မိုးသူရေ

  • မြစပဲရိုး

    June 25, 2015 at 3:20 pm

    သများ က တိမ်တွေလဲကြိုက်၊ သစ်ပင်တွေလဲကြိုက်၊ တောင်တွေ တောတွေ ရေတံခွန်တွေလဲ ကြိုက်၊ မြစ်ကမ်း လဲ ကြိုက်၊ ပင်လယ်လဲ ကြိုက်
    တကယ်တော့ အဲဒီ အလှတွေ အားလုံး မြန်မာပြည်မှာ စု ပြီး ရှိနေပါတယ်။
    မသုံးတတ်ကြလို့ အာရှမှာ ထိပ်မဖြစ်တာ။
    တကယ်က အာရှမှာ မြန်မာပြည် က နေရာ အကောင်းဆုံး ကို ရထားတာ။ :

  • ကိုလတ်ကြီးရေ

    ကျနော်မြန်မာပြည့် အနှံ့မရောက်ဘူးသေးဘူး

    တိမ်မြုတ်နေတဲ့ ရေတံခွန်တွေ ကို ရှာကြစေချင်တယ်

    သွားလို့လွယ်အောင်လုပ်စေချင်တယ်

    အခုတော့ မန်းလေးက နေ မိုင် 30လောက်ဝေးတဲ့

    ဒီးဒုတ်ရေ ပြာအိုင်ကိုတောင်မှတာင်မှ လူသွားလို့ လွယ်အောင် တက်လို့လွယ်အောင်လမ်းမခင်းပေးနို်င်သေးဘူး

Leave a Reply