“အလင်းပုံရိပ်တစ်ခုကိုဖန်တီးကြခြင်း” (ဓါတ်ပုံပိုစ်)

“အလင်းပုံရိပ်တစ်ခုကိုဖန်တီးကြခြင်း” (ဓါတ်ပုံပိုစ်)

 

အရင်ကတော့ နေရာဒေသတစ်ခုခုရောက်ရင် ကိုယ့်မျက်စေ့ ရှေ့ မြင်တာကို ဂွပ်ကနဲရိုက်ချလိုက်တာပါ။

အလျင်းသင့်လို့ အဆီအငေါ်တည့်ပြီး လှသွားတဲ့ပုံလဲရှိ သလို မလှတဲ့ ပုံလဲရှိပါတယ်။

အရင်ကတော့ ရူ့ခင်းပုံဘဲအရိုက်များပါတယ်။

လူပုံဆိုရင်လဲအလှပုံထက် သဘာဝ ပုံ လျှပ်တစ်ပျက်ပုံတွေဘဲရိုက်ဖြစ်ပါတယ်။

အခုနောက်ပိုင်းဓါတ်ဆရာတွေနဲ့ပေါင်းမိတဲ့အခါ  တစ်ခါတစ်ရံ မော်ဒယ် ရိုက်ဖြစ်သွားပါတယ်။

အလှပုံတွေပေါ့။

ဒါပေမယ့် ကျနော်ရှိတဲ့ဓါတ်ပုံပညာက သူတို့ လှတာကို မတောက်ပစေခဲ့တာအမှန်ပါဘဲ။

ဒီအချိန်မှသိလာတာ မော်ဒယ်အလှပုံရိုက်မယ်ဆိုရင်တစ်ယောက်ထဲနဲ့ရိုက်မရ။

မီးထိုးမှန်ထိုး ကအစ ပြင်ဆင်ပေးသူလိုတယ်ဆိုတာပါဘဲ။

ပြီးခဲ့တဲ့ သုံးလေးရက်လောက်က မော်ဒယ်ဆရာလေးတစ်ယောက်က

သူညပိုင်းမော်ဒယ်ထွက်ရိုက်မယ် လေးပေါက်အားရင်လာခဲ့ဆိုတာနဲ့ လိုက်သွားဖြစ်ပါတယ်။

ကဲ အဲ့ညက ပုံလေးတွေကြည့်လိုက်ကြရအောင်ပါ။

1 ကုန်ဆုံးလုဆဲ ဆည်းဆာနဲ့ အလှမယ်
1 ကုန်ဆုံးလုဆဲ ဆည်းဆာနဲ့ အလှမယ်
2လှမ်းလင့်
2လှမ်းလင့်
3 ပုံလေးရဘို့ ဒီလိုသင်
3 ပုံလေးရဘို့ ဒီလိုသင်
4 ဒီလိုပြင်
4 ဒီလိုပြင်
5 ဒီလိုဆင်
5 ဒီလိုဆင်
6 အဲတော့မှ ဒီပုံလေးရ
6 အဲတော့မှ ဒီပုံလေးရ
7 မပြုံးရဘူးနော်
7 မပြုံးရဘူးနော်
8 ဒီလိုကိုင်ထား အော်လိုက်ရင်အဝတ်စတွေကိုမြောက်လိုက်
8 ဒီလိုကိုင်ထား အော်လိုက်ရင်အဝတ်စတွေကိုမြောက်လိုက်
9 ပိုစ်ကတော့ မှန်တယ် မပြတ်သားဘူး
9 ပိုစ်ကတော့ မှန်တယ် မပြတ်သားဘူး ပြန်ရိုက်မယ်
10 အိုကေရဘီ
10 အိုကေရဘီ

ကျနော်တို့ ပထဆုံး ရေပိုက်လုံးတွေကြားသွားရိုက်ပါတယ်။

မိုးရွာထားတော့ အောက်က ရေစပ်စပ်နဲ့ပါ။

မှောင်မဲနေတော့ ခြင်ကလဲ ကိုက်ပါတယ်။

မော်ဒယ်ဆိုလဲ ဓါတ်ပုံမရိုက်တဲ့အချိန် တဖတ်ဖတ်နဲ့ခြင်ရိုက်နေရတာပါ။

ပိုက်လုံးနားပြီးတော့ လမ်း မပေါ်မှာ ပုဝါတွေလွင့်နေတဲ့ပုံရိုက်မယ်ဆို နေရာပြောင်း။

လမ်းမအလည်ဆိုတော့ ကားမတိုက်အောင် ဟိုဘက်ထိပ်ဒီဘက်ထိပ်က ကားတား ဘို့ လူနှစ်ယောက်ထား.။

မီးထိုးတာက တစ်ယောက်။

ပုဝါကိုင်ပြီးမြှောက်ပေးဘို့နှစ်ယောက်။

ရိုက်လိုက် စိတ်တိုင်းမကျ ပြန်ရိုက်လိုက်။

လူတွေက လဲ ဘာအတွက်လဲဆို မေးရင်းဝင်ကြည့်။

ဖုန်းနဲ့လူတွေကလဲ သူတို့ရိုက်လို့ရလားလို့မေးပြီး ရတယ်ဆိုတော့ ဝင်ရိုက်။

ပျော်စရာကောင်းတဲ့အချိန်လေးတစ်ခုပါဘဲ။

 

ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ

24-6-2015

 

11 comments

  • တောင်ပေါ်သား

    June 24, 2015 at 2:55 pm

    မော်ဒယ်လေးက ဘူလဲဟင် 🙂

  • Ma Ma

    June 24, 2015 at 4:58 pm

    ပုဝါတွေ အရောင်တောက်ပြီး စုံနေတာရယ် လွင့်နေတာလေးရယ်တွေ လှတယ်။
    အပြင်လူတွေကိုပါ ရိုက်ခွင့်ပေးတယ်ဆိုတော့ ဘာအတွက်ရိုက်ကြတာမို့လို့လဲ။

  • မမရေ

    ကျနော်ကိုလှမ်းခေါ်တဲ့မိတ်ဆွေက သူ့ အလုပ်အတွက်ရိုက်တာပါ။

    အချို့သော မော်ဒယ် အောက်ဒိုးရိုက်သူများက အပြင်လူကို ဝင်ရိုက်ခွင့်မပေးပါဘူး

    သူတို့ ကို ငွေအကုန်ခံပြီး စီးပွားရေးလုပ်တာကိုး

    သူကတော့ ရိုက်ချင်တဲ့သူ ဝင်ရိုက်ပါဆိုပြီး ခွင့်ပြုပါတယ်

    အများသူငါသွားနေတဲ့ လမ်းမပေါ်မှာည ရှစ်နာရီလောက် ရိုက်တာဆိုတော့ လူတွေဝိုင်းကြည့် ကြတာပေါ့။

    ပုဝါလေးလွင့်နေအောင်က အချိန်ကိုက်ပြိး လွှတ်ချ ချိန်မှာအမိအရ ရိုက်ရတာပါ

    ကျနော်ပုံတွေက သိပ်မသေသပ်ပါဘူး

    သူရိုက်ထားတာလေးတွေက ပိုလှတယ်

  • Alinsett @ Maung Thura

    June 25, 2015 at 10:11 am

    .ပေါ် ပေါ့် ပေါ် .. ပေါ် ပေါ့် ပေါ် .. . ပေါ် ပေါ့် ပေါ် မလုံ မလုံ…

    :mrgreenn:

  • အောင် မိုးသူ

    June 25, 2015 at 1:53 pm

    မိုက်တော့မိုက်တယ် အဝတ်အစား ကာလာတွေကို သဘောမကျဘူး။ ကျတော့်အမြင်သက်သကပါ။

  • မြစပဲရိုး

    June 25, 2015 at 3:25 pm

    ဒီ ပုံတွေကိုတော့ သိပ်မဝေဖန်လိုပါဘူး။

    . မြန်မာပြည် ထဲ မိန်းကလေး မော်ဒယ် တွေ ဖောချင်း သောချင်း ဖြစ်တာ ကို သဘောမကျပါ။
    တကယ်တော့ မော်ဒယ်လုပ်ဖို့ အတွက် အရည်အချင်းမပီပြင်ဘဲ အဝတ်အစား လှလှ လေး ဝတ်ပြီး ဓာတ်ပုံကို ကော့ကန်ကား အရိုက်ခံ လိုက်ရင်ဘဲ မော်ဒယ်ဖြစ်ပြီ မှတ်တာ ပိုဆိုးတယ်။

  • ဟုတ် ကိုလတ်ကြီး

    မြန်မာပြည်က မော်ဒယ် ဆိုတာ ကိုယ်ဟန်ပြမယ် အဆင့် ကို မရောက်သေးပါဘူး

    ဖော်မှ လှမယ်ထင်တဲ့အဆင့်မှာတင်ရပ်နေပါသေးတယ်

  • Mike

    June 26, 2015 at 9:01 am

    .က ျနော်တော့ခံစားလို့မရ…ဓါတ်ပုံကိုပြောတာမဟုတ်ပါဘူး…မော်ဒယ်လုပ်နေတဲ့အိုက်တင်ကိုပြောတာ

  • ကိုမိုက်ရေ

    အခုမော်ဒယ်တွေက အရင်လိုပြုံးမပြကြတော့ ဘူး

    ခပ်ထန်ထန်မျက်နှာပေး နဲ့ ခပ်မာမာ ပိုစ်ကို သဘောကျနေတြတာလေ

Leave a Reply