ဆို ရေး ရှိ က – Nagging

ဇီဇီJuly 15, 20151min71638

လူပါးတုန်း ရေးချင်ရာ ရေးအူးမယ်လေ။

 

ခေါင်းစဉ်က လူရှိန်အောင် ပေးတာ ပါ။

 

:kwi:

ဆိုရေးရှိရှိ မရှိရှိ ခင်ဇော် တစ်ကောင်ဟာ ကိုယ်ပြောချင်ရာကို ရှေ့မကြည့် နောက်မကြည့်

အဲ … အလယ်လည်းမကြည့် ပြောတတ်တဲ့ အကောင်မှန်း ပိတ်သတ်ကြီးခန့်မှန်းမိလောက်ပါပြီ။

အဟိ။

:mrgreenn:

ဂလို ကာဗာ အရင် ယူထားမှ။

ပြီးရင် ပြောချင်ရာတွေကို ပျော်ပျော်ကြီး ဆက်ပြောလို့ရပါပြီ။

:mrgreen:

 

 

မိမိဂီ စကား ငှါးပြောရရင် “မိန်းမထဲ ခင်ညားလောက် အကြောတင်းတဲ့ မိန်းမ မတွေ့ဖူးပေါင်” ဆိုပဲ။ (ယဉ်ကျေးအောင် ဘာသာပြန်ပြောတာပါ)

:re:

ဟုတ်ချင်လည်း ဟုတ်မှာပေါ့။

ဘယ်သူ ဘာပြောပြော ကိုယ်လုပ်ချင်တာပဲ မျက်နှာပြောင်ပြောင် နဲ့ လုပ်ပစ်တာ။ (မိတ်ကပ်မလိမ်းပဲ လို့ ပြောတာဟုတ်ဘူး၊ ငိငိ)

ပြီးမှ ဘာရှင်းရရှင်းရ။

:loll:

 

အာ့ကြောင့်လားမသိ။

ဘေးက ပြောလို့ ကြောက်လန့်ပြီး ကိုယ့် ချစ်ခင်တဲ့ မိတ်ဆွေတို့ သူငယ်ချင်းတို့ကို အဆက်ဖြတ်တာတို့ စွန့်လွှတ်ပစ်တာတို့ မလုပ်ဖူးဘူးးး

 

တောက်လျှောက်ပေါင်းလာတဲ့သူငယ်ချင်းတွေထဲ….

ငပွေ

အရှုပ်

ပြသနာရှာသူ

အူကြောင်ကြောင် စသည်ဖြင့် လူတကာက သတ်မှတ်ပြီး မပေါင်းခိုင်းတဲ့ သူတွေလည်း အများကြီးပါ့။

ပေါင်းဖြစ်တာပဲ။ သူတို့ ဘယ်သူနဲ့ တည့်တည့် မတည့်တည့် ခင်ဇော်နဲ့တော့ ပြေလည်တာပဲ။

ခင်ဇော်မယ် အဲဒီ အချက်တွေ အကုန်ပါနေတာ ဖြစ်မယ်။

ဟေးဟေးဟေးးး

😳 😳  😳

 

မိတ်ဆွေ သူငယ်ချင်း ဆိုတာတော့ ကိုယ်က စ မစွန့်လွှတ်ဘူးဗျ။

ဘယ်လောက် ဆိုး တဲ့ သူမှာဖြစ်ဖြစ် ကောင်းတဲ့ အချက်လေး အတုယူစရာ သင်ယူစရာ အချက်လေး တွေ ရှိတယ် လို့ ခံယူထားလို့ပါ။

ကုန်ကုန် ပြောရရင် ကျနော့ အပေါ် လုံးဝ အကောင်းမမြင်ဘူး မကောင်းဘူး လို့ သိတဲ့ သူတွေတောင် မျက်နှာမပျက်တမ်း ကူညီ ဆက်ဆံနိုင်တဲ့ထိ ရင့်ကျက်အောင် ကြိုးစားနေတာပါ။

:loll:

အဲ။ စိတ်ထဲမတော့ အမြဲ ဆန်းဆန်းတင့်ပါတယ်။

၁) ဘယ်သူ ကိုယ့် အပေါ် စစ်မှန်တယ်၊ မစစ်မှန်ဘူး

၂) ကိုယ်က ဘယ်သူကို ချစ်တယ် မချစ်ဘူး

၃) ဘယ်သူ့ကို ယုံသင့်တယ်၊ မယုံသင့်ဘူး စတာတွေတော့ စိတ်ထဲမှာ အမြဲ တွက်နေတဲ့ သူပါ။

 

အပြင်က ဆက်ဆံပုံဆက်ဆံနည်းကတော့ အကုန် တသားတည်း နီးပါးပေါ့လေ။

အရေးကြုံမှသာ ခင်ဇော် ဘယ်သူ့ဘက် ပင်းတယ် ဆိုတာ ပေါ်ပါတယ်။

အရေးမကြုံရင်တော့ ရန်သူရော မိတ်ဆွေကို ရော ပြုံးပြတဲ့ အပြုံးက အတူတူမို့ မကျေနပ်သူတွေကလည်း မကျေနပ်ဘူးပေါ့လေ။

ငိငိငိ

:boss:

ဘယ် အချိန် တွေမှာ စွန့်လွှတ်ရလဲ ဆိုတော့…

သူတို့ ခင်ဇော်ကို ကန်ထုတ်တဲ့ အချိန်မှာ သူတို့ ဘဝထဲက ခင်ဇော် ထွက်ပါတယ်။

မဟုတ်ရင်တော့ စိုသော လက် ကို  ကိုယ်က စပြီး ဒရိုင်ယာ မမှုတ်ပါဘူးးး

:mrgreenn:

 

ဆိုတော့…

ဘယ်သူ့ကြောင့် …

ဘယ်ဝါ့ ကြောင့်…

ဘယ်သူ ပြောလို့…

ဘယ်ဝါ အထင်လွဲလို့ ဆိုပြီး ကိုယ့် မိတ်ဆွေ ကို လက်တွဲဖြုတ်တဲ့အထဲ ခင်ဇော် မပါဘူးလို့။

အဲဒါကိုမှ မကျေနပ်လည်း ခင်ဇော်လည်း မတတ်နိုင်ဘူးလို့။

:bb:

 

 

ဘဝ တစ်လျှောက်လုံး…

အမြင် မတူကြသူ တွေ ကြားမှာ ဘုံ မိတ်ဆွေ အဖြစ် အမြဲ ရပ် ခဲ့တယ်။

ဟိုဘက် ဒီဘက် ပါ တယ် ထင်လို့ ခင်ဇော် ကို  စွန့်သွား လည်း နေလိုက်တာပဲ။

 

I always put some give-ways in my friendships for their decisions whether to continue our friendship or stop it.

:mrgreenn:

 

မိတ်ဆွေ/သူငယ်ချင်း  ဆက်ဆံရေး “Friendship” ဆက်ရှိချင်တယ် (or) မရှိချင်ဘူး ဆုံးဖြတ်ချက်ကို ခင်ဇော် လက်ထဲ မယူထား ပဲ တဖက်ကို ပေးထားတဲ့  သဘောပေါ့…

:k:

 

ခင်ဇော် စိတ်ထဲ မှာ ကိုယ် စွန့်ခွါချင် စိတ် မရှိတဲ့ မိတ်ဆွေတွေကိုတော့ …

ဘေးလူ ပရောဂ နဲ့ အဆုံးရှုံးမခံဘူး ဆိုတာလေးးး ခင်ဇော် ရပ်တည်ချက်လေး လာ ကြေငြာတာပါ။

 

ခင်မှု ရေးရာ မိတ်သဟာ ကိစ္စတွေမှာ ရန်ငါ မပြတ်ဘူး ထင်ရင်တော့ ရန်သူ အဖြစ် စစ်ကျေညာ ကြည့်ကြပေါ့နော့။

:mrgreenn:

:mrgreenn:

:mrgreenn:

 

 

အဲ။

နိုင်ငံရေးမှာတော့ ရန်ငါပြတ်တယ်။ အဲဒါတော့ လာမပြောနဲ့။

:byee:

 

38 comments

  • တောင်ပေါ်သား

    July 15, 2015 at 12:38 pm

    ခီညားကို စစ်တော့ကျေညာချင်တယ်

    လက်နက်စုနေတုန်းမို့ ငြိမ်နေတာ

    ဟုတ်ပြီနော် ၊ ဘာပြောပြော ၁၂ မှတ်ရပြီ ၊ ဟဲ ဟဲ 🙂

    • ဇီဇီခင်ဇော်

      July 15, 2015 at 12:48 pm

      ရန်သူ အဖြစ် နေတော့မယ် ဆိုတဲ့ ဒဘော ပေါ့။
      ခိခိ

      :mrgreenn:

  • Wow

    July 15, 2015 at 1:14 pm

    ဘူနဲ့ရန်ဖစ်လို့ရဲဟင်င်င်င်

    • ဇီဇီခင်ဇော်

      July 15, 2015 at 1:22 pm

      ဘူနဲ့ မှ မဖြစ်ဘူးးး
      ခိခိ။
      သူများတွေကို ကိုယ် လို ရင့်ကျက်လာအောင် နဂ်ဂင်း လုပ်နေဒါ။

      အဟွတ်

      :kwi:

  • weiwei

    July 15, 2015 at 1:23 pm

    ခင်ဇော်ပြောလိုက်ရင် ကိုယ်ပြောချင်တာနဲ့ ကွက်တိချည်းဖြစ်နေလို့ …
    ဘယာကြော်ပါလို့ …

    • ဇီဇီခင်ဇော်

      July 15, 2015 at 1:26 pm

      အာ့ကြောင့် ပုံစံမတူပဲ ပေါင်းဖြစ်တာ။
      ခိခိ
      ဝေ့ ဆီ က ကောင်းတဲ့ အကျင့်တွေ သများ ဆီ မရောက်ပဲ သများရဲ့ အကျင့်ဇိုးတွေ ကူးကုန်ဘီလား မသိ

      :mrgreenn:

    • ဇီဇီခင်ဇော်

      July 15, 2015 at 1:40 pm

      ရေ လိုပဲ။ ထည့်တဲ့ ခွက် ပုံ အတိုင်းပဲ။
      ပေါင်းတဲ့သူနဲ့ ကိုက်ညီအောင် နေတာ။

      :k:

      • မွသဲ ( 17082011 )

        July 16, 2015 at 4:30 pm

        သများက အကွာရီယမ် ရေပေါ့နော်

        • ဇီဇီခင်ဇော်

          July 16, 2015 at 4:33 pm

          ရေတော့ရေပဲ။
          ယောက်ခမွသဲ က ရေနွေးးး
          ခိခိ။
          ပြေးဘီ

          :k:

  • Mike

    July 15, 2015 at 3:44 pm

    .ကိုယ့် ကို ကိုယ်ဖေါ်မသူတော်လုပ်တာလား…
    .သူတပါးကိုမုန်းရတာ ကိုယ်စိတ်ပင်ပန်းသတဲ့
    .အဲ့တော့ သူတပါးကိုပဲ ကိုယ့်ကိုမုန်းချင် မုန်းခွင့်ပေးထားလိုက်တော့တယ် :loll:

    • ဇီဇီခင်ဇော်

      July 15, 2015 at 3:49 pm

      မသူတော် ဆိုတာ နာမည်သာ ဆိုးတာ။
      ကိုယ့် ကို ကိုယ်ဖေါ် လို့ အချိန်မရွေးရတယ်လေ။
      ဟိ။ :k:

  • YE YINT HLAING

    July 15, 2015 at 7:09 pm

    တောက်လျှောက်ပေါင်းလာတဲ့ လေးမျိုးထဲမှာ ကျနော် ကောပါလားဟင်!

    • ဇီဇီခင်ဇော်

      July 15, 2015 at 7:47 pm

      အပြင် သူငယ်ချင်းတွေ ကို ဥမပါ အဲ ဥပမာ ပြောတာပါ။
      အွန်လိုင်း သူငယ်ချင်းတွေထဲတော့ ရှင်က ပေါ်တော်မူဂျီးးး

      :mrgreenn:

  • မြစပဲရိုး

    July 16, 2015 at 1:46 am

    ကျုပ် တူမ လူဆိုးမ လေး ဘာတွေဖစ်။
    တကယ်တော့ အပေါက်ဆိုး တဲ့ လူ ဆိုတာ စိတ် က မပုပ် ကြတာ များတယ်။
    ဆိုး ရေးရှိက ဆိုးသာဆိုး ဟေ့။
    :-)))))

    • ဇီဇီခင်ဇော်

      July 16, 2015 at 6:30 am

      စားးရေးး ရှိက စား အပ်လှ၏ also.
      စားနေတာပဲကောင်းပါတယ် အရီးးရယ်
      :k:

  • Swal Taw Ywet

    July 16, 2015 at 3:49 am

    ဒေါ်လေးကတော့ သူ့တူမတော်လေးကို ဂရုစိုက်ပါလို့ မှာရှာသားးး။
    ခုမှ ဆေးမှားသောက်မိခဲ့မှန်းသိတော့သယ်။
    ဟေ့ ငါ့တူမကို ဘော့တာ ဘယ်သူတွေလည်းကွ။
    ထွက်ခဲ့လိုက်စမ်းဘာာာာာ။ ခုထွက်ခဲ့ကွ။

    ကျေးဇူးတင်တယ်ပြောမလို့ပါခညာာာာာာ။
    With respect,
    Swal Taw Ywet.

    • ဇီဇီခင်ဇော်

      July 16, 2015 at 6:32 am

      အို
      ရပ်တည်ချက် ကို လာပြော တာပါဆို ကိုကိုစွယ် အဲ.. ဥဥစွယ်
      :mrgreenn:

  • nozomi

    July 16, 2015 at 8:56 am

    Bravo!


    Charlie , Delta

    ဘာမှ မဟုတ် စာတွေမေ့ မဆိုးလို့ ပြန်ဆိုနေတာ
    ဘယ်သုူဖြတ်ဖြတ် မပြတ်ကျေးနော်

    • ဇီဇီခင်ဇော်

      July 16, 2015 at 9:00 am

      စိတ်ချနော်။
      ကတိ နော်။

      :chit:

  • black chaw

    July 16, 2015 at 9:00 am

    ကြီးမြတ်သူ ဖြစ်ဖြစ်
    သာမာန်လူ ဖြစ်ဖြစ်
    အဆုံးသတ်ချိန်ကျတော့
    လူတွေ အားလုံး…မီးခိုးနဲ့ ပြာ

    မသေခင်
    လုပ်ချင်ရာသာ
    လုပ်ကြပါဗျာ…။

    • ဇီဇီခင်ဇော်

      July 16, 2015 at 9:07 am

      လုပ်ချင်တာ လုပ်တယ်။
      ထိချင်တဲ့သူ ထိကြကွယ်။
      :mrgreen:

  • ဦးကြောင်ကြီး

    July 16, 2015 at 9:18 am

    လူဒိုင် ဝါသနှာပါတဲ့ ကိစ္စ ဘော ်ဒါဖွဲ့ရအောင်…။ ဆိတ်မပါ မလိင်နဲ့နော ်… ကြောင်ပြာကြီး သိနေဒယ်..

    • ဇီဇီခင်ဇော်

      July 16, 2015 at 9:20 am

      ရတယ်လေ။
      ဆိတ်နဲ့ကြောင် လယ်ပြင်မှာတွေ့ဂျဒါပေါ့။
      😉

  • Alinsett @ Maung Thura

    July 16, 2015 at 9:26 am

    ခုတလော မမကြီးက ရဲရဲ ပြန်တောက်လာတယ်..
    :k:
    ”ရဲရဲတောက်ချွိ”လို့ ခေါ် ပါရစေ ။

    မမကြီးကို တွေ့ဆုံပွဲမှာ လူချင်း စတွေ့ဖူးတုန်းက
    ကျနော့် စိတ်ထဲ မှတ်ချက်ချမိတာက…
    မမဂျီးဟာ… လူတိုင်း (လူတော်တော်များများ)ကို လိုက်လျောညီထွေ ဆက်ဆံပေးနိုင်တဲ့သူ
    အဲဒီအရည်အချင်းရှိနေတဲ့သူလို့….

    😆

    • ဇီဇီခင်ဇော်

      July 16, 2015 at 9:27 am

      ငြိမ်နေတော့လည်း ပတနာတွေ ဟာ …
      နာ့ခြေရင်း လာကြွေဆင်းကြသကိုးးးး
      ဂလောက် လိုက်ရောညီထွေကို ကန့်လန့်ဖြစ်အောင် လုပ်နိုင်သူတွေကလည်း တော်ပါတယ်လို့။
      ဆိုတော့ ကိုယ့်ပလာကိုယ်ပဲ ပတနာ ပြန်ရှာတော့မယ်နော်လို့။
      ခိခိ

      :mrgreenn:

  • ဦးကျောက်ခဲ

    July 16, 2015 at 12:24 pm

    အဟိ… အဟိ… ခင်ဇော်ဂျီး ပြာဖုံးနေတာ…
    ဘယ်သူ လေမှုတ်ပေးလိုက်တယ်မသိ…
    ကျောက်စ်ကတော့ မီးပွါးမလွင့်ခင် ပြေးဘီ… ခွီး :k:

    • ဇီဇီခင်ဇော်

      July 16, 2015 at 12:50 pm

      ပေါဘာဒယ်
      အေးးအေးးနေဒါ မမြင်ဂျင်ဂျဘူးးး
      :mrgreenn:

  • မွသဲ ( 17082011 )

    July 16, 2015 at 12:48 pm

    ဘလာဗိုပါ ကိုခင်ဇော်။ အတူတူပါပဲ။ အဲ့ဒါအေသိတခုမတူဒါက သများက တော့ ကျိမြဒေါ့ရင် ဒရိုက်ယာမမှုတ်ဖူး တခါတည်းကန့်လန့်ကာ ကာပလိုက်တာပဲ။ အသွင်တူလို့ အိမ်သူဖြစ် အဲ့အဲ့ယောက်ခမွနဲ့ချွေးမွဖြစ်နေထင့် ခိခိ

    • ဇီဇီခင်ဇော်

      July 16, 2015 at 12:52 pm

      သများးကို ဒေါ့
      သူများးးတွေကချည်းး စွန့်သွားးဂျဒါ…
      😥

      • မွသဲ ( 17082011 )

        July 16, 2015 at 4:28 pm

        ယောက်ခမွ အပစ်ဝူးနော် ဘယ်တူခွဲခွဲဒို့မကွဲ အမြဲ ဖိုက်ကြမည် အဲ့ပြေးဘီ

  • aye.kk

    July 16, 2015 at 12:52 pm

    ငါ ,သူ ,တစ်ပါး အခြားမရှိပါ
    ချစ်ရပါသော တူမတော်,ဇီဇီရေ

    • ဇီဇီခင်ဇော်

      July 16, 2015 at 12:55 pm

      သမျာာ ရဲ့ ခင်မင်မှု မှာ လည်းး
      အဲလို မခွဲ ဘူးးးလို့စ်…
      တီအေးးးပြောမှ သတိရ
      ရုပ် နဲ့ နာမ်တွေ
      ငါ သူတပါးး ယောက်ကျားး မိန်းးမ မရှိ
      :mrgreenn:

    • ဇီဇီခင်ဇော်

      July 16, 2015 at 2:55 pm

      ရေးပါအူးအေ။
      ဖလှယ်ရအောင်။
      ဟိဟိ

      :mrgreenn:

      • မွသဲ ( 17082011 )

        July 16, 2015 at 4:27 pm

        ဟမြရေး အပစ်ခံဘွကို ဖလှယ်နေဂျဒယ်လား ခိခိ

  • ဝင့်ပြုံးမြင့်

    July 16, 2015 at 5:54 pm

    .ဒါဆို ဘာဖြစ်လို့ ဖဘ အကောင့်ပိတ်လိုက်တုန်း။ စကားပြောမလို့ဟာ ရှာကြည့်တော့ မတွေ့တော့ဘူး

    • ဇီဇီခင်ဇော်

      July 17, 2015 at 12:05 pm

      ပြန်လာပါ့မယ် အမဝင့်ရေ

Leave a Reply